နွေဥဩ (အပိုင်း-၅)

Foolish GirlAugust 10, 20161min1965

“တောက်ကွာ” ထွန်းကျော်၏ တောက်ခေါက်သံကြောင့် မင်းနိုင်တစ်ယောက်လန့်ဖြန့်သွားသည်။

“ဘာဖြစ်တာလဲထွန်းကျော်ရ”

“ဘာဖြစ်ရမှာလဲကွ နှင်းပေါ့ နှင်း ကောင်လေးတစ်ယောက်နဲ့ထွက်သွားတယ် ဆိုင်ကယ်ပေါ်မှာ ကားလည်းဖက်ထားလိုက်သေးတယ်”

“လူမှားတာနေမှာပါကွာ”

“မမှားဘူး လုံးဝမမှားဘူး ငါကမနက်ဆိုကျောင်းသွားဖို့ဝင်ခေါ်နေကျလေကွာ ဒီမနက် သူတို့အဆောင်ကနေအဲ့ကောင်နဲ့ထွက်လာတာ ငါ့မျက်လုံးနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ သူကလည်းပြုံးလို့ပျော်လို့”

“သူ့မောင်လေးရောမဖြစ်နိုင်ဘူးလား”

“မဖြစ်နိုင်ဘူး သူငါ့ကိုသက်သက်အပျော်ကြံတာ၊ အဲဒါငါ့ကို ချိုးလိုက်တာကွ ငါသူ့ကိုအရမ်းမုန်းတယ်ဟာ ဟောဟိုမှတွေ့လား သူတို့သူငယ်ချင်းတစ်သိုက်နဲ့ ရယ်ရယ်မောမော စကားပြောနေကြတာ”

ကိုယ်တိုင်တွေ့လိုက်ရပြီမို့ မင်းနိုင်လည်း မဖြေရှင်းပေးတတ် ပြီးတော့ သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်သွားသည်။ ကောင်လေးကခပ်ချောချောလေးပင် နှင်းနှင့်ပင်ခပ်ဆင်ဆင် ။ နှစ်ဦးသားကလည်းလိုက်ဖက်သည်။ ချစ်ချင်လည်းချစ်ချင်စရာ ကောင်လေးကချောသည်။ ယောကျာ်းချင်းမနာလိုစရာ ကောင်မလေးများကြွေချင်စရာ ဘော်ဒီလည်း ပိုင်ဆိုင်ထားသည်။ သို့ပေမယ့်သူငယ်ချင်းကိုအားပေးရပြန်ဦးမည်။

“ထွန်းကျော်မင်း နှင်းကို သေချာဆွေးနွေးသင့်တယ်လို့ငါထင်တယ်ကွာ”

“ဆွေးနွေးစရာ ဟုတ်လား မင်းနိုင် ဒီလောက်လက်ပူးလက်ကြပ်မိနေတဲ့ကိစ္စ ငါ ဘာဖြေရှင်းချက်နားမထောင်ချင်ဘူး အလိမ်အညာတွေပဲကြားနေရမှာ”

ပွဲကကြမ်းလွန်းနေပြီပေါ့ မင်းနိုင်တစ်ယောက်သူငယ်ချင်းနဲ့အတူအလိုက်အထိုက်နေလိုက်ရတော့သည်။ ဒီပုံအတိုင်းဆက်သွားရင် မင်းနိုင်မတွေးချင်တော့ လူကြီးတွေပြောခဲ့သောစကားကိုသာ ပြန်ကြားနေမိသည်။ အရမ်းမရယ်နဲ့ငိုရတတ်တယ်တဲ့ ။

××××××××××××××××××××××××××××××××××××××××××××××

“နှင်း အခုတလော ထွန်းကျော်နင့်ဆီမလာပါလား”

“မသိပါဘူးဟာ ငါ့ဆီမလာရုံတင်မဟုတ်ဘူး ဖြတ်ခနဲတွေ့လိုက်ရင်တောင် ဝေါင်ဝေါင်ရွှေးနေတာ ဘီလူးမကိုတွေ့တာကျနေတာပဲ”

“ကိုမင်းနိုင်တို့ကိုရောဘာပြောသေးလဲ”

“နှင်းဆီမသွားတာကျွန်တော်တို့မသိဘူး ဒါပေမယ့် နင်တို့ဆီသွားဖို့ခေါ်ရင်တော့ အကြောင်းပြချက်အမျိုးမျိုးနဲ့မလိုက်ဘဲချန်ချန်ခဲ့တာ ဒါနဲ့ဟိုနေ့ကပြသနာကမပြီးသေးဘူးလား”

“ဘာပြသနာလဲကို မင်းနိုင်ရဲ့”

“နှင်းကို သူဘာမှမမေးဘူးလား နင်တို့ပြောပြီးသွားပြီးစိတ်မပြေသေးလို့မခေါ်သေးဘူးထင်နေတာ”

“ပြောပါဆိုဘာလဲလို့”

“အရင်တပတ်သောကြာနေ့ကထင်တယ် နှင်းကို ကောင်လေးတစ်ယောက်နဲ့တွေ့လိုက်လို့ဆိုပြီး ဝုန်းဒိုင်းကြဲစိတ်တိုနေတာ ကျွန်တော်တောင်ပြောလိုက်သေးတယ် နှင်းကိုမေးကြည့်ပါဦးလို့”

“ဩ ဟုတ်ပြီ ဖြစ်ရမယ် နှင်းလည်းစကားမကြုံတာနဲ့မပြောဖြစ်ဘူး ချစ်သူဖြစ်တာလည်းမကြာသေးဘူး မိဘဆွေမျိုးတွေအကြောင်းက မပြောဖြစ်ကြဘူးလေ အဲဒါ နှင်းမောင်လေးပါ အမွှာလေ သူ့နာမည်ကနှင်းမာန်ဖြိုး ။ လေကြောင်းသိပ္ပံတက်နေတာ။ အဲဒီနေ့က အစ်မဆီမလာတာကြာပြီဆိုပြီးတော့ လာတာ။ ပြီးတော့ သူကျောင်းပြန်ရင်းနဲ့ အစ်မကိုကျောင်းလိုက်ပို့မယ်လုပ်နေတော့ ငြင်းလို့လည်းမရဘူးလေ။ ကိုထွန်းကျော်နဲ့ကိစ္စကလည်း သူသိရင်မိုးမီးလောင်တာထက်ပိုဆိုးမှာ ပြီးတော့ အိမ်ကကျောင်းတက်တုန်း ရည်းစားထားတာမကြိုက်ဘူး အဲတော့ ကျောင်းထွက်ရတဲ့ အခြေအနေအထိဖြစ်မှာလေ  ဒါဆိုထွန်းကျော်နဲ့ပိုဝေးမှာလေ။ ဒါနဲ့မောင်လေးနဲ့ အတူလိုက်သွားလိုက်တာ ကိုထွန်းကျော်အဆောင်လာရင် အကျိုးအကြောင်းပြောပြပေးဖို့ သူငယ်ချင်းတွေကို မှာ ထားပြီးသားပါ ဒါပေမယ့် သူအဲဒီနေ့ကရောက်မလာဘူးလေ”

“ကျွန်တော်တို့လည်းပြောပါသေးတယ် နှင်းကိုယ်တိုင်ပြောကြည့်ပါလား”

“ကိုယ့်အထင်နဲ့ကိုစွပ်စွဲထားတဲ့ကိစ္စ ကျွန်မမမှားတဲ့အတွက် ရှင်းပြရတာ လောက်မုန်းတာမရှိဘူး ။ ဒါပေမယ့် ချစ်နေမိတော့လည်းရှင်းပြရမှာပေါ့”

“ဟောပြောရင်းဆိုရင်း ဟိုမှာထွန်းကျော်လာနေပြီ”

နှင်းလည်းထွန်းကျော်ရှိရာသို့လျှောက်သွားသည်။ နှင်းကိုမြင်လိုက်တာနှင့် ထွန်းကျော်တစ်ယောက် နောက်ပြန်လှည့်သွားသည်။

နှင်းလည်းအနောက်မှအပြေးလိုက်ကာ ထွန်းကျော်လက်ကိုလှမ်းဖမ်းလိုက်သည်။

“လွှတ်နင့်လိုရည်းစားပြိုင်တွဲတတ်တဲ့မိန်းမကိုငါရွံတယ် ဟိုလူတွေရှေ့လည်းရယ်မောဒီလူတွေရှေ့လည်းရယ်မောနဲ့နင့်လိုလူကိုငါမုန်းတယ် ငါ့အချစ်ကို နင်တန်ဖိုးမထားဘူးငါသွားပါရစေဟာ နင့်ကိုဒီစကားတွေပြောနေရတာ ငါ့လေကုန်တယ်”

နှင်း ထွန်းကျော်ကိုဖမ်းဆုပ်ထားသောလက်များအလိုလိုပြေလျော့သွားသည်။ ပြီးတော့မျက်ဝန်းထဲမှမျက်ရည်များဝေ့တက်လာသည်။နှင်းဘာကိုမှမမြင်တော့ ခြေထောက်များလည်းမတ်မတ်ပင်မရပ်နိုင်တော့ ပဲအောက်သို့ထိုင်ချလိုက်တော့သည်။ အခြေအနေကိုအကဲခေတ်နေသောသူငယ်ချင်းတစ်သိုက် နှင်းအနားသို့အပြေးသွားကာ နှင်းကိုပွေ့ဖတ်လိုက်သည်။ နှင်းကိုပွေ့ထားသောရွက်သစ်ရင်ခွင်အတွင်းနှင်းတစ်ယောက်ကလေးလေးတစ်ယောက်လို ငိုကြွေးနေမိသည်။ ရွက်သစ်ရင်ခွင်တစ်ခုလုံး နှင်းမျက်ရည်များကပြည့် နေပြီ။“နှင်းရယ်ငိုလိုက်စမ်းပါ အားရပါးရငိုလိုက်စမ်းပါ နင်ငိုကြွေးဖို့အတွက် ငါ့ရင်ခွင်တစ်ခုလုံးစိုသွားပါစေငိုလိုက်စမ်းပါဟာ”

နှင်းအငိုတိတ်သွားကာမှ သူငယ်ချင်းများက

“နှင်း ဘာဖြစ်သွားတာလဲဟာ”

“ငါဘာမှမဖြစ်ပါဘူးဟာ သူ့အပေါ်ငါ့အချစ်တွေက ဘာကြောင့်မလွှမ်းမိုးနိုင်တာလဲ ငါ့အချစ်ကိုဘာကြောင့်မမြင်ရတာလဲဟာ”

ပြောရင်းနှင့် နှင်းတစ်ယောက်မျက်ရည်များမထိန်းနိုင်ဘဲ ငိုကြွေးနေပြန်တော့သည်။

“နှင်းနင့်အကြောင်းတွေပြောမပြလိုက်ဘူးလား”

ရွက်သစ်အားပေးရင်းသာပြောလိုက်ရသည် နှင်းမှာ စကားတစ်ခွန်းပင်ပြောဖို့ အချိန်မရခဲ့တာ ရွက်သစ်တို့တွေ့ခဲ့ရတာပဲလေ။………….

××××××××××××××××××××××××××××××××××××××××××××××

5 comments

  • မမချွိ

    August 11, 2016 at 8:32 am

    အို။
    အာ့လို ရှင်းပြမရတဲ့ တစ်ဖက်ပိတ်စိတ်ပိုင်ရှင်နဲ့ ဝေးတာပဲ ကံကောင်းတယ်ရယ်။

    :hint:

    • Foolish Girl

      August 11, 2016 at 9:22 am

      အင်းပေါ့ 😀

  • Thint Aye Yeik

    August 11, 2016 at 10:18 am

    အဲ… ဒီအပိုင်းမှာတော့… ငိုပြီနော်…

    😆

    အခုထိ လိုက် ဖတ်လာတုန်းပဲလို့… သံချောင်းခေါက်သွားပါကြောင်း။

    • Foolish Girl

      August 11, 2016 at 10:48 am

      ဟုတ်
      ရှဲရှဲနိ
      အရိဂသိုး
      သန့်ခယူ
      ခမ်စာမိသာ
      ကျေးဇူးပါ…….

  • Foolish Girl

    August 11, 2016 at 12:09 pm

    အပိုင်း (၆) ဇာတ်သိမ်းပိုင်းထိအောင်မြင်စွာတင်ပြီးသွားပါပြီလို့ အသိပေးပါတယ်နော်

Leave a Reply