အပြုံး၏နောက်ကွယ် အမုန်း၏အခြားတစ်ဖက် (အပိုင်း-၂)

Foolish GirlOctober 13, 20161min942

နှိုးစက်၏ ဆူညံစွာလှုပ်နှိုးသံကြောင့် ဆောင်းတစ်ယောက် မထချင်ထချင်ဖြင် ထကာ အိမ်ယာပေါ်တွင်ငုတ်တုတ်ထိုင်ခဲ့သည်။

မေဦးပြောသလိုပင် ဆောင်းပျော်နေမိပါတယ်အမှန်ပင်ဖြစ်သည်။ သူတိတ်တခိုးသဘောကျနေသော ဆောင်းဦးမောင်ထံမှ မမျှော်လင့်သောဆက်ဆံမှုကြောင့်အရမ်းပျော်နေမိသည်။

သို့သော် ထိုပျော်ရွှင်မှုကို မည်သူ့ကိုမှ ချမပြချင်ခဲ့ ဒဏ္ဍာရီထက်မှာသာ ရင်ဖွင့်ထားလိုက်သည်။

“ဟဲ့ ဆောင်း အိပ်ယာပေါ်မှာ ငုတ်တုတ်ကြီး ဘာလုပ်နေတာလဲ။ အိပ်ယာထတုန်းကအားလုံးအတူတူထတာ အခုငါတို့က ပြင်ဆင်လို့တောင်ပြီးတော့မယ်

နင်ကခုထိမျက်နှာသစ်ဖို့မပြောနဲ့ အိပ်ယာပေါ်ကတောင်မဆင်းသေးဘူး။ နေမကောင်းဘူးလား”

“နေမကောင်းတာမဟုတ်ဘူး အကြွယ်ရေ့ ပီတိတွေဖြာ နေတာ”

“မေဦးကောင်မစုတ် ဘာတွေလျှောက်ပြောနေမှန်းမသိဘူး”

“တွေ့လားအကြွယ် အိုးမလုံအုံပွင့်တာ”

မနက်ခင်းတစ်ခုကတော့ဖြင့် ဆောင်းတစ်ယောက် သူငယ်ချင်းများ၏စနောက်မှုဖြင့် ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့ပြန်ပါသည်။ ဆောင်းစိတ်ကိုပြေလျော့စေသော သူငယ်ချင်းများကို ကျေးဇူးတင်မိတယ်။

“ဟိတ်ကောင်တွေ ဆော့မနေကြနဲ့ အကျီမြန်မြန်လဲကြ။ မနက်စာစားရဦးမယ် ဖယ်ရီမမှီဘဲနေဦးမယ်”

“ဟုတ်ကဲ့ပါ မေမေသဲနုရယ်”

သုံးယောက်သား သဲနုမောင်ကို ရွဲ့ကာပြောဆိုရင်း ပြင်ဆင်ကာ မနက်စာစားရန်ထွက်ခဲ့ကြတော့သည်။

“ကျောင်းကလည်းတက်ရတာပျင်းလာပြီကွာ ကြာရင် ငါတို့လည်းဈာန်ရတော့မယ်”

“အကြွယ့်လို စာကြမ်းပိုးကတောင် ဒီလိုပြောနေတာ ငါတို့ဆိုပြောမနေနဲ့တော့”

ဆောင်းပြောသောစကားကို မေဦးနှင့် သဲနုကလည်း ထောက်ခံလေသည်။

“ဆောင်း”

“ဘာလဲ သဲနု”

“နင့်ကိုစာရှင်းပြတဲ့အကိုကြီးကလေ”

“အင်းဘာဖြစ်လို့လဲသဲနုရဲ့”

“သူက 3rd year externalနော်”

“အင်းလေ ဘာဖြစ်”

“သူ့အသက် က၂၆ လောက်ရှိလောက်ပြီပေါ့နော် ဒါပေမယ့် အဲဒီလောက်လို့မထင်ရဘူး”

“ဘယ်ကလာနုရမှာလဲ Rဇာနည် ဆေးစွဲရုပ်ကို”

“မေဦးပြောမှ အကြွယ်လည်းကွက်ကွက်ကွင်းကွင်းမြင်တော့တယ်”

“တော်ကြပါတော့ဟာ ဟိုမှာ ဆောင်းတစ်ယောက်သူ့လူကြီးကိုပြောရပါ့မလားဆိုပြီး စိတ်တိုပြီး မျက်ထောင့်နီကြီးနဲ့ကြည့်နေပြီ”

“ဘာလို့စိတ်တိုရမှာလဲ သဲနုရ ငါနဲ့လည်းမဆိုင်ပါဘူး”

သူငယ်ချင်းတို့ရေ တကယ်တော့ငါသူ့ကိုချစ်တယ်။ သူကိုမချစ်ပါဘူးလို့အတွင်တွင်ငြင်းနေတဲ့ ငါ့ကို နင်တို့ယုံမှာမဟုတ်မှန်းလည်းသိပါတယ်။ ဒါပေမယ့် ငါဆက်ပြီးတော့ ငြင်းနေဦးမှာပါဘဲ။

“ဒီမှာ ဒီမှာ”

“အမလေးလန့်လိုက်တာ ကိုဆောင်းဦးမောင်ရယ်”

“ကျွန်တော်ကသူရဲမှမဟုတ်တာ မသဲနုရာမလန့်ပါနဲ့ဗျာ။ ဆောင်းကျွန်တော့်ကိုစာရှင်းပြပေးပါဦးလား”

“ရပါတယ် ပြောပါဘယ်အပိုင်းနားမလည်တာလဲကိုဆောင်းဦးမောင်”

“ဟုတ် ပြောရရင်တော့ အကုန်လုံးဘဲ ဒါပေမယ့် အရေးကြီးမယ်ထင်တာတွေပဲရှင်းပြပေးပါ။ ပြီးတော့ ကိုဆောင်းဦးမောင်လို့မခေါ်ပါနဲ့လား ကြားရတာထောက်နေလို့ သူငယ်ချင်းတွေခေါ်သလို ကိုဦးလို့ပဲခေါ်ပါလား”

“ဘယ်လိုခေါ်ခေါ်ပေါ့ မရဘူးလား ကဲစာရှင်းရမှာလား နာမည်ခေါ်နည်းသင်နေရမှာလား ကိုဆောင်းဦးမောင်”

“ဟုတ် အဆင်ပြေသလိုခေါ်ပါ။ စာပဲရှင်းပြပါ ဆောင်း”

ဆောင်းတစ်ယောက် မာနနှင့်မျက်နှာတည်တည်ထားနေသော်လည်း ချစ်ရသူနှင့်နီးနီးကပ်ကပ် စာရှင်းပြခွင့်ရသည်ကိုပင် ဆောင်းပျော်ရွှင်မိသည်။ အသံတွေလည်းမသိမသာတုန်နေသည်။

ချစ်ရသူကိုစာရှင်းပြနိုင်အောင်လည်း သေသေချာချာ ပြင်ဆင်ထားမိသည်။ ထိုအရာသည် မှားယွင်းနေစေကာမူ ဆောင်းနောင်တရနေမည်မဟုတ်ပါ။ မိမိကိုယ်ကိုလည်း မှားယွင်းနေသည်ဟုလည်းမထင်မိပါ။

“ကျေးဇူးတင်ပါတယ်နော်ဆောင်း”

“ရပါတယ်”

 

ချစ်ရသူရယ်မင်းငါ့နာမည်တစ်ခါခေါ်တိုင်း

ငါရင်တွေဘယ်လောက်ခုန်နေလည်းသိစေချင်လိုက်တာ။

မျှော်လင့်ချက်ဆိုတာကို မုန်းတဲ့ငါက မင်းနဲ့ကျမှ မျှော်လင့်နေမိတာလဲ

စဉ်းစားမရနိုင်တော့ဘူးကွယ်

 

“ဆောင်းကန်တင်းသွားရအောင်”

“ငါမလိုက်တော့ဘူး မေဦး”

“ဟာနင်ကလည်း လိုက်ခဲ့ပါ”

“အေးပါပြီးတာပါပဲ”

လိုက်ခဲ့မိတဲ့ ဆောင်းပဲမှားသလား။ အတင်းခေါ်တဲ့သူငယ်ချင်းတွေပဲမှားသလား ဆောင်းမသိပါ။ ချစ်ရသူက ကောင်မလေးတစ်ယောက်ကို ပုခုံးဖတ်၍ လမ်းလျှောက်သွားနေသည်။

သူငယ်ချင်းတွေက လည်းဆောင်းကို စူးစမ်းအားနာ သောအကြည့်နှင့်ဆောင်းကိုအကဲခတ်ကြသည်။ ဆောင်းဟန်ဆောင်နိုင်ခဲ့ပါသည်။

“တွေ့လား အဲဒါကြောင့်ငါ့ကိုမစနဲ့ပြောတာတော်ကြာငါရန်လုပ်ခံနေရမှာ”

သူငယ်ချင်းများလည်း ဆက်၍မစတော့ဘဲ အခြား ရောက်တတ်ရာရာများကို ဆက်လက်ပြောဆိုနေကြတော့သည်။

 

နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်အနေနဲ့

ရင့်ကျက်မှု ရှိနေပေမယ့် အချစ်ရေးတွင် မရင့်ကျက်သေးတဲ့ငါ့အတွက်

မင်းကို တိတ်တခိုးချစ်နေရတဲ့ ငါခံစားချက်ကို

မင်းနဲနဲလောက်လေးမြင်ရင်သိပ်ကောင်းမှာဘဲ

 

“ဖယ်ရီကလည်း ခုထိမလာသေးဘူး အရမ်းနောက်ကျတာပဲ ပြန်ချင်နေပါပြီဆို တစ်နေ့တစ်နေ့ဖယ်ရီစောင့်ရတယ စိတ်ကုန်တယ်”

“သဲနုရေ ဖယ်ရီကြီးတော့အသက်ရှည်ဦးမယ် ဟိုမှာလာနေပြီ”

ဆောင်းစကားကြောင့် လေးယောက်သားနေရာဦးရန် အဆင်သင့်အနေအထားမှာနေလိုက်သည်။ ဤကဲ့သို့ ဖယ်ရီနောက်ကျသည့်နေ့မျိုးတွင် ခုံနေရာကောင်းမရတတ်၍ နေရာဦးမှအဆင်ပြေသည်။

“ဟူး…..အကြွယ်ရေ နေရာရမှဘဲ စိတ်အေးရတော့တယ်”

“ဆောင်း ဟိုမှာကြည့်စမ်း” ဟုသဲနုအသံကြောင့် ဆောင်းတစ်ယောက် သဲနုပြသောနေရာကို လှမ်းကြည့်လိုက်သောအခါ ချစ်ရသူနှင့် ကောင်မလေးတစ်ယောက်နှင့်အတူ

ဆိုင်ကယ်စီးကာဖယ်ရီနောက်တွင် ကပ်ပါလာခြင်းဖြစ်သည်။ ချစ်ရသူပြုံးရွှင်နေသည်။ ထိုစဉ်

“ဟေ့ဟိုမှာ သူဇာ့ရှေ့က အကိုကြီးကဘယ်သူလဲ မိုက်တယ်ဟ”

“အဲဒါ သူ့အကိုဝမ်းကွဲလေ”

ကားပေါ်မှစကားသံအချို့ကြောင့် ဆောင်းပျော်သွားသည်။ ရင်တွင်းအပျော်ကြောင့် နှုတ်ခမ်းပေါ်တွင် အပြုံးရိပ်ထင်ဟပ် သွားသည်။ သို့သော် ဆောင်းအားတင်းကာ မျက်နှာကို တင်းနိုင်သမျှတင်းအောင် ကြိုးစားလိုက်ပါသည်။

#################################

2 comments

  • Thint Aye Yeik

    October 13, 2016 at 4:05 pm

    ကိုယ်ချစ်တဲ့သူမှာ ကိုယ်မဟုတ်တဲ့အခြား ချစ်သူရှိတယ် ဆိုတဲ့အဖြစ်ဟာ သိပ်တော့ ကဗျာမဆန်ဘူး။
    အင်းးးး တနည်းအားဖြင့်တော့ ကဗျာ ဆန်ပါတယ်လေ

    • Foolish Girl

      October 13, 2016 at 4:47 pm

      crush လေ crush
      ကိုယ်ကြိတ်ကြွေနေတဲ့ crush ကို ချစ်ရသူလို့ ပြောထားတာ 😀

Leave a Reply