ကဗျာလေး မူးနေပြီ
(၁) Starkle, starkle, little twink = Twinkle Twinkle little star
(၂) The alcofluence of incohol = The influence of alcohol
(၃) slort of sheep = short of sleep
(၄) thinkle peep = people think
(၅) fink to drill = drink to fill
မြန်မာစကားမှာ ဆိုရင် ဥပမာ “လောကဓံ” ကို စကားလိမ်နဲ့ ပြောရင် “လံကဓော” ဆိုတာမျိုးပါ။ သူတို့ရဲ့ စကားလိမ် (spoonerism) တွေပဲ ဖြစ်ပါတယ်။ အထက်ပါ စကားလိမ်ထဲက နံပါတ် ၂ နှင့် ၄ က အသုံးတွင်ဆုံး စကားလိမ်တွေလို့ ထင်မိပါတယ်။ အဲဒီအသုံး မကြာခဏ တွေ့ရလို့ပါ။ မူးနေတဲ့ ကဗျာလေး ကို မြည်းစမ်းကြည့်ရအောင်။
Starkle, starkle, little twink,
Who the hell are you I think.
I’m not under what you call
The alcofluence of incohol
I’m just a little slort of sheep,
I’m not drunk like thinkle peep.
I don’t know who is me yet,
But the drunker I stand here the longer I get.
So just give me one more fink to drill my cup,
‘Cause I got all day sober to Sunday up.
————————
ကဗျာက Twinkle Twinkle little star ကဗျာ အလိုက်အတိုင်း ရေးထားတာပါ။ ကလေးတွေ အကြိုက် ကဗျာကိုတောင် ယမကာဘုရင်တွေ အလွတ်မပေးဘူးလေ။ အဲဒါကြောင့်ပဲ အနုပညာမြောက်သွားတာလား မသိဘူး။ တဆက်တည်း ကလေးကဗျာလေးကို လည်း အောက်မေ့သတိရမယ် ထင်လို့ တင်ပေးလိုက်ပါတယ်။
Twinkle, twinkle, little star,
How I wonder what you are!
Up above the world so high,
Like a diamond in the sky.
In the dark blue sky you keep,
And often through my curtains peep,
For you never shut your eye
Till the sun is in the sky.
——
အထက်က မူးနေတဲ့ကဗျာ ကို သဘောလောက် စကားပြေပြန်ပါမယ်။ စကားလိမ်နဲ့ ရေးတာဆိုတော့ အတိအကျ ပြန်လို့ မရပါဘူး။ အပေါ်ဆုံးတစ်ကြောင်း လွှတ်ပါမယ်။
— မင်းငါ့ကို ဘာထင်နေသလဲကွ။
မင်းပြောသလို အရက်ဟာ ငါ့အပေါ် ဩဇာညောင်းနေတာ မဟုတ်ဘူး။
— ငါအိပ်ရေး နည်းနည်းပျက်နေတာ။
လူတွေပြောသလို ငါ မူးရူးနေတာ မဟုတ်ဘူး။
ခုထိတော့ ငါဘယ်သူလဲ မသိသေးဘူး။
ဒါပေမယ့် ငါ ကြာကြာရပ်လေ မူးလေပဲ။
( the drunker I stand here the longer I get = the longer I stand here the drunker I get)
— ဒါကြောင့် ခွက်ထဲ ဖြည့်လို့ရအောင် ငါထပ်သောက်ပါရစေ။
တနင်္ဂနွေနေ့အထိ ငါအမူးပြေနေတာကွ။
——-
နောက်ထပ် ကဗျာတစ်ပုဒ်ကတော့ ၂ဝ ရာစုခေတ်ရဲ့ အကျော်ဇေယျ ကဗျာဆရာ W.B.Yeats စပ်ခဲ့တဲ့ အင်မတန် ကျော်ကြားတဲ့ အချစ်ကဗျာလို့ ပြောရမလား၊ အရက်ကဗျာ လို့ပြောရမလား မသိတဲ့ကဗျာပါ။
W.B.Yeats ဟာ အင်္ဂလန်မှာ အခြေချခဲ့ပေမယ့် အိုင်းရစ်စ်လူမျိုး ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်မှာ စာပေနဲ့ နိုဗယ်ဆု ချီးမြှင့်ခြင်း ခံရပါတယ်။ ကဗျာကတော့ တိုတိုလေး။
I look at you, and I sigh.
—
သိသွားရမှာ ဒါအကုန်ပါပဲ။
လူတွေပါမူးနေကြသလားမသိ..။
ကောမန့်မတွေ့ရ..။
Was this answer helpful?
LikeDislikeDec 31 ညကို မမူးပဲ ဖြတ်သန်းတဲ့ အမျိုးသားနဲ့
မူးပြီး ဖြတ်သန်းတဲ့အမျိုးသား
ဘယ်သင်းက ပိုများမယ် ထင်တုန်းဗျို့။
ရန်ကုန်မှာတော့ အရက်ပုလင်းတွေ ရောင်းကောင်းလွန်းတဲ့ည. . .
Was this answer helpful?
LikeDislikeယမကာ ယဉ်ကျေး မှုလေ။ အရာရာကို ထိုးခွဲတော့မှာ။
Was this answer helpful?
LikeDislikeဆောရီးပါ..ရွာထဲမရောက်ဖြစ်တာကြာလို့ဒီနေ့မှဖတ်ရတယ်…
“ယမကာဘုရင်များအား ဂုဏ်ပြုလျက်” ဆိုတော့ ကိုယ့်ကိုဂုဏ်ပြုတယ်လို့ပဲမှတ်ပါတယ်..ဟဲဟဲဟဲ :))
Twinkle, twinkle, little star, ကိုတော့မသိသူမရှိလောက်ဖူးမှတ်ပါတယ်..
ကဗျာပထမအပိုဒ်ကိုပိုကြိုက်သဗျာ..
“Starkle, starkle, little twink,
Who the hell are you I think.
I’m not under what you call
The alcofluence of incohol”
ဘာသာမပြန်ပဲ ရွတ်ရတာပိုအရသာရှိသဗျ…..ဂုဏ်ပြုတဲ့အတွက်ကျေးဇူးပါ မပြုံး :))
Was this answer helpful?
LikeDislikeဟုတ်တယ်နော်။ ဦးကြီးမိုက်ရေ ကဗျာဆိုတာ နဂိုဘာသာစကားအတိုင်းပဲ ကောင်းတာပါ။
Was this answer helpful?
LikeDislikeအရက်ဟာ ငါ့ပေါ်ဩဇာညောင်းနေတာ
မဟုတ်ဘူး
အဲဒီအသုံးအနှုံးလေးကို
သဘောကျနှစ်ခြိုက်မိပါတယ်။
Was this answer helpful?
LikeDislikeအမအေး သဘောကျတယ်ဆိုလို့ ကျေးကျေးပါ
Was this answer helpful?
LikeDislike