နေနှင့်ဆင်တူသည့် ကြယ်တစ်လုံး နက္ခတ်ဗေဒ ပညာရှင်များ ရှာဖွေတွေ့ရှိ
နေနှင့် ဆင်တူသော ကြယ်တစ်လုံးကို ဂြိုဟ်ပေါင်း ၇ လုံးက ဝန်းရံလှည့်ပတ်နေသည့် နေအဖွဲ့အစည်းတစ်ခုအား နက္ခတ်ဗေဒ ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။
က မ႓ာမှ အလင်းနှစ် ၁၂၇ အကွာတွင် တည်ရှိသော အဆိုပါ နေအဖွဲ့အစည်းသည် နေကိုကျော်လွန်ပြီး ရှာဖွေတွေ့ရှိသမျှ နေအဖွဲ့အစည်း အားလုံးတို့တွင် အကြီးမားဆုံးဟု ယုံကြည်ရဖွယ် ရှိနေသည်။ ပညာရှင်များက ယင်းနေအဖွဲ့အစည်းတွင် ဂြိုဟ် ၅ လုံး သေချာပေါက် ရှိနေပြီး နောက်ထပ် ၂ လုံး တည်ရှိနေသည်ဟု ယုံကြည်ရဖွယ် အထောက်အထားများ တွေ့ရှိထားကြောင်း ပြောကြားခဲ့သည်။ ဥရောပတောင်ပိုင်း နက္ခတ်တာရာ လေ့လာရေးစခန်းမှ ဒေါက်တာခရစ်စတိုဖာလိုဗစ်က မိမိတို့ ရှာဖွေတွေ့ရှိသမျှအနက် ဂြိုဟ်အများဆုံး ပါဝင်သည့် နေအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း က နေအဖွဲ့အစည်းနှင့် ဂြိုဟ်များကြား အပြန်အလှန် ဆွဲငင်နေမှုများကို ခြေရာခံကာ ဂြိုဟ်များ၏ အရေအတွက်ကို တွက်ချက်ဖော်ထုတ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ Neptuneဂြိုဟ်၏ အရွယ်မျှရှိသော အစိုင်အခဲ ၅ ခုတို့မှ ထင်ထင်ရှားရှား တုန့်ပြန်မှုများကို ဖမ်းယူနိုင်ခဲ့ပြီး နောက်ထပ် အစိုင်အခဲကြီး ၂ ခုတို့မှ ထွက်ပေါ်လာသည်ဟု ယူဆရသော မြေဆွဲအားများကိုလည်း ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့ကြာင်း လိုဗစ်ကဆိုသည်။
ကြယ်နှင့် အနီးဆုံးဂြိုဟ်မှာ နေနှင့်ကမ႓ာကြား အကွာအဝေး၏ ၀.၀၆ ရာခိုင်နှုန်းမျှ အကွာဖြင့် လှည့်ပတ်နေပြီး အဝေးဆုံးဂြိုဟ်မှာမူ နေနှင့်ကမ႓ာကြား ကွာဟချက်ထက် ၁.၄ ရာခိုင်နှုန်း ပိုများသည်ဟု ယူဆရကြောင်းလည်း သိရှိရသည်။
3 comments
မန်း ရိပ်
August 31, 2010 at 8:39 am
အသစ်အသစ်တွေ အမြဲတမ်းပေါ်နေပါလားနော်
ဘယ်တော့မှ ဆုံးမှာလဲ
kai
August 31, 2010 at 9:44 pm
စင်္ကြာဝဌာက ဘယ်တော့မှ ဆုံးမယ်တော့မထင်မိဘူး။
အခုဟာက နေနဲ့ဆင်တူပြီး ဂြိုလ်တွေလည်းရှိတယ်ဆိုတော့..ကမ်ဘာအသစ်ဖြစ်နိုင်လို့နေမှာပါ။
ကမ်ဘာအသစ်ဆိုတော့..လူအသစ်တွေရှိမှာပေါ့နော..။
သယံဇာတ အသစ်တွေလည်း ရှိမပေါ့..
သူတို့ရှာနေတာ..အဲဒါ..အဲဒါ….
etone
September 1, 2010 at 6:29 am
အကျိုးပြုမဲ့ဟာလေးဘာလေးရှာကြပါလားဗျို့ ။ ကမာ္ဘလိုဂြိုလ်မျိုးနောက်တလုံးတွေ့ရင်တောင် ဒီမှာလူဦးရေများလာလို့ သွားနေဖို့ အဆင်ပြေတာမဟုတ်ဘူး ။ အတောင်ပါလို့ ပျံတတ်ရင်တော့ တမျိုးပေါ့ ။ 😀 😛 😛