Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပေါ်တင်ပဲဟေ့

alinsettFebruary 15, 20173min8719

ပေါ်တင်ပဲဟေ့ ဆိုတာ မဲဆွယ်မလို့

:k:

 

မဲ မဆွယ်ခင် ဝတ္ထုတိုလေးတစ်ပုဒ် အရင် ဖတ်ပေးပါခင်ဗျ

 

———————————————-

 

 

 

“တောက်… မီး ဖို မရလို့ ချမ်းရတဲ့အထဲ
ဒီကျောက်ခဲကြီးကလည်း အေးစက်စက်နဲ့… သွားကွာ… ”

ထိုသူက သူ့နံဘေး မြေပြင်မှ ကျောက်ခဲကြီးကို ဆွဲယူ လွှင့်ပစ်ရန် ပြင်လိုက်သည်။

“ဟာ … မလုပ်နဲ့လေ”

အဖော်ဖြစ်သူက တား၏။ ပြန်မေးလိုက်သည်။
“ဒီ ကျောက်ခဲ အေးအေးကြီးက မီးခတ်ကျောက် ဖြစ်မလာနိုင်ဘူးလို့ ခင်ဗျား ပြောမလား”

တောချောက်သံများပင် ခေတ္တ ငြိမ်သက်သွားလေသည်။


(ဝတ္ထုတို အမည် – ခရီးသည်များ
ဝတ္ထု ရေးသားဖန်တီးသူ – တာရာမင်းဝေ
၁၉၉၇၊ နိုဝင်ဘာလထုတ်၊ “ကျွန်တော် တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ စာအုပ်မှ)


ထုံးစံအတိုင်းပါပဲ။
ဝတ္ထုတိုလေးကို ဖတ်ပြီးတာနဲ့ မောင်သူရကြီးဆီမှာ ကွန့်စရာ ညွန့်စရာ ပြောဆို ပွားများစရာတွေ
ရှိလာပြန်တယ်။
(တစ်ခုတော့ ရှိတယ်။ ကျွန်တော်က ဆရာ တာရာမင်းဝေရဲ့ ဝတ္ထုကို ဝေဖန်ပြီး နငယ် အမြီးလေး
တိုကြောင်းတွေ ရှည်ကြောင်းတွေ ပြောနေမှာ မဟုတ်ပါဘူး။ ဆရာ တာရာမင်းဝေရဲ့ နငယ်ကို ရှည်တယ်/
တိုတယ် ခန့်မှန်း ဝေဖန်နိုင်ဖို့တောင်မှ ကျွန်တော့်ဆီမှ အနုပညာ ပါဝါ မရှိသေး။ ဒါ ထားတော့ )

ဒီဝတ္ထုတိုလေးကို ဖတ်အပြီးမှာ ကျွန်တော် ပြောချင်တဲ့အကြောင်းကတော့
နိုင်ငံရေးပါပဲ။

အခုတလော ဗမာပြည်နိုင်ငံရေးကို ကိုယ့်ဉာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ့
နည်းနည်း တို့ထိချင်နေတာ… ဉာဏ်ယားနေတယ်ဆိုပါတော့။ ဉာဏ်ယားတာနဲ့
လက်ကပါ လိုက်ယားပြီး ချရေးမိရော ဆိုပါတော့။
မြင်ရ ကြားရတာ ………….
မျက်စိတို့ နားတို့တော့ ယားမသွားကြစေလို။
————————————————————–

ကြားဖြတ် ရွေးကောက်ပွဲ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အားလုံး သိတော်မူကြတဲ့အတိုင်း …
မကြာခင် ကြားဖြတ် ရွေးကောက်ပွဲကြီး ကျင်းပကြတော့မယ်။
အထိုက်အလျောက် အရေးပါတဲ့ ပွဲကြီးမို့ တကယ် ဖြစ်သင့် ဖြစ်ထိုက်တာလေးတွေ
ဖြစ်သွားစေချင်မိပါတယ်။

NLD ပါတီနဲ့ အဓိက အတိုက်အခံပါတီ ကြံ့/ဖွံ့တို့ အကြိတ်အနယ် မဲဆွယ် စည်းရုံးပြီး
ယှဉ်ပြိုင်ကြပါပြီ။ ပြောချင်တာကို တည့်(ဒဲ့)ပြောရရင်တော့ NLD ပါတီကိုပဲ ဆက်လက်
ထောက်ခံကြဖို့ပါ။

အခုနောက်ပိုင်း NLD ရဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ လုပ်ရပ်တွေကို ပြည်သူတချို့
နှစ်သက်လက်ခံမှု မရှိတော့တာ၊ စိတ်ပျက် အားလျော့လာတာတွေ တွေ့နေရတယ် မဟုတ်လား။
(ဥပမာ YBS ကိစ္စ အစိုးရ လုပ်ပုံ ပုံစံမကျဘူးလို့… ဝိုင်း ဝေဖန်ပြစ်တင်ကြတာမျိုး) ။

အပြစ်တင်ချင်လည်း တင်စရာကောင်းလောက်အောင် လက်ရှိ အစိုးရအနေနဲ့ ပြည်သူတွေ
စိတ်ကျေနပ်အောင် စီစဉ်မပေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိ အစိုးရဘက် ကြည့်ရင် … ……
တို့လို့ ထိလို့ မရတဲ့ အပိုင်းတွေ၊ ခက်ခဲနေတဲ့ ညှိမရသော ကဏ္ဍတွေ ရှိနေလို့ ပြည်သူတွေကို
ပဒေသာပင် ပေါက်မပြနိုင်တာပါဆိုတဲ့ အတွေးကို ဆက်တွေးစေလိုပါတယ်။

ဒီ NLD အစိုးရ၊ ခိုးသလား၊ ဝှက်သလား၊ တိုင်းသူပြည်သားတွေကို မတရား ညှင်းပန်းနှိပ်စက်သလား၊
(စစ်အာဏာရှင်တွေလို တိုင်းပြည်ရဲ့ အနာဂတ် ကောင်းစားဖို့ကို မကြည့်ဘဲ ) အစိုးရ အာဏာနဲ့ ကိုယ်ကျိုးရှာသလား၊
တိုင်းပြည်ကို တိုးတက်စေချင်ပုံ ရလား၊ ဆုတ်ယုတ်ပျက်စီးသွားလည်း ငါတို့အရေး မဟုတ်ဘူးဆိုပြီး ထင်တိုင်း ကြဲသလား။
တိုင်းပြည်နဲ့ လူထု နစ်နာအောင် ဆိုပြီး ရည်ရွယ်နေသလား…. စတဲ့ မေးခွန်းတွေကို မေးကြည့်၊ ဖြေကြည့်ကြရင် … သိပါပြီ။

အတတ်နိုင်ဆုံး ရိုးသားစွာ ကြိုးစားပြီး အနစ်နာခံပြီး တိုင်းပြည် အနာဂတ်အတွက်
တည်ဆောက်ပေးနေကြတာ မြင်သာပါတယ်။ ကိုယ်ကျိုး မဖက်ဘဲ၊ မလိမ် မခိုးဘဲ၊
အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာစွာ ရပ်တည်လာတဲ့ အစိုးရ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစိုးရက ဘယ်လောက် တိုင်းပြည်ကို စေတနာ ထားပါစေ…၊
အဲဒီ စေတနာ ပမာဏကို အလုံးအထည်နဲ့ မြင်အောင် ပြလို့ မရတဲ့အပိုင်းတွေ၊
စေတနာ ရှိပေမဲ့ ကောင်းစေချင်ပေမဲ့ ကောင်းအောင် လုပ်ပေးလို့ မရလို့ လက်ပိုက်ကြည့်နေလိုက်ရတဲ့ အပိုင်းတွေ
ရှိနေပါတယ်။

အစိုးရ လို့သာ အမည် ခံထားရပေမဲ့ တိုင်းပြည်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲပစ်နိုင်တဲ့
အခွင့်အာဏာဟာ NLD လက်ထဲမှာ (%) ပြည့် မရှိပါဘူး။

သွားထိလို့ ကိုင်လို့ မရဘဲ လက်ရှောင်နေရတဲ့ အပိုင်းတွေ ရှိနေတာ အားလုံးအသိပါ။
အဲဒီအပိုင်းတွေ ပပျောက်သွားအောင် အရင် ပြုပြင်ဖို့တောင် မလွယ်ပါဘူး။

ဒီလို ခက်ခဲနေတဲ့ အပိုင်းတွေ ရှိနေလို့…
တိုင်းသူပြည်သားတွေ လိုတရအောင် ပဒေသာပင် ပေါက်မပြနိုင်သေးတဲ့ အခြေအနေမှာ …
ငါတို့ကို ကောင်းအောင် လုပ်ပေးနိုင်မယ် ထင်လို့ တင်လိုက်တာ… အခုတော့ သုံးစား မရပါလားဆိုပြီး…
လွှင့်ပစ်လိုက်ဖို့ရာ မတွေးကြပါနဲ့ဦး။ စောပါသေးတယ်။

ဒီအစိုးရ ဘာတွေ ဆက်လုပ်နိုင်မလဲ…
အနာဂတ်တိုင်းပြည်အတွက် ဘယ်လိုတွေများ ကြိုတင် စီမံခဲ့နိုင်မလဲ ဆိုတာကို မျှော်လင့်ရင်း
ဆက်လက် ထောက်ခံ အားပေးလို့ ရပါသေးတယ်။

မောင်သူရတော့ ဒီလိုပဲ ယူဆပါတယ်။
မောင်သူရ သဘော ပြောရရင်တော့ … ရူးဆေးတိုက်ပြီး လာမေးရင်လည်း …
NLD ကိုပဲ မဲပေး ထောက်ခံအုံးမှာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသ၍ …
ဒီ အစိုးရဟာ ပြည်သူလူထုကို ကောက်ကျစ်ယုတ်မာမယ့် အစိုးရ မဟုတ်ဘူးဆိုတာ ယုံကြည်လို့…
သေအံ့မူးမူး ဖြစ်အောင် လုပ်ပြီး မေးရင်တောင်
သေအံ့မူးမူးကြားကပဲ အားတင်းပြီး NLD ကို ထောက်ခံတယ် လို့ပဲ ဖြေမှာပါ။

ကောင်းအောင် လုပ်မပေးနိုင်တဲ့ အချက် သုံးလေးချက်လောက်ကို ငြှိုးပြီးတော့၊
အပြစ်ထောက်ပြီးတော့ ဒီအစိုးရကို မထောက်ခံတော့ဘူး ဆိုတာမျိုးတော့ မလုပ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုမှ မထောက်ခံရင် ….
တိုင်းပြည်နဲ့ လူထုမျက်နှာကို လုံးဝ မကြည့်တဲ့သူတွေ၊
ကိုယ်ကျိုးရှာချင်လို့ အာဏာလိုချင်တဲ့ လူ့ဘီလူးတွေ၊
တိုင်းပြည်နဲ့ လူထုကို ခွေးတွေ နွားတွေ ကျွန်တွေလို သဘောထားပြီး
အာဏာ လက်ဝယ်ပိုက် သခင်ဘုရား ဖြစ်ချင်တဲ့ လောဘသားတွေကိုပဲ
ထောက်ခံရတော့မလို ဖြစ်နေပါတယ်။

သမိုင်းအဆက်ဆက်…
NLD အစိုးရလောက် ရိုးဖြောင့်စွာ တိုင်းပြည်ကို စေတနာ ထားခဲ့တဲ့ အစိုးရမျိုး…
တခြား ရှိသလား…လို့… ပြန် လေ့လာကြည့်နိုင်တာပါပဲ။

NLD လက်ထဲ အာဏာ ထည့်ပေးထားရတာထက် ပိုစိတ်ချရမယ့်သူ
လောက်လောက် လားလား မရှိသေးဘူးဆိုရင်တော့ … ဒီတစ်ခါလည်း ကျန်တာ ဘာမှ တွေးမနေနဲ့ ၊
NLD အလံကိုသာ ကြည့်ပြီး မဲပေးလိုက်ပေတော့လို့ ပြောချင်တယ်။

တစ်ဖက်က ၅၁ နဲ့ နောက်တစ်ဖက်က ၄၉ ဆိုရင်
၅၁ ဘက်က နိုင်ရမယ်ဆိုတဲ့ သိက္ခာရှိတဲ့ ယှဉ်ပြိုင်မှုလို
မဟုတ်ဘဲ…
စစ်အာဏာရှင်ဘက်ကို အသားစီး ပေးထားရပြီးမှ ယှဉ်ပြိုင်ရတဲ့ ပွဲပါ။
အလိုလို အားနည်းအောင် လုပ်ထားခံရတဲ့ကြားက ပြည်သူ့ ထောက်ခံမှုပါ နည်းသွားမယ်ဆိုရင်….
အာဏာမက်တဲ့ လူ့ဘီလူးတွေ လက်ထဲ အာဏာ ပြန်အပ်လိုက်တာနဲ့ အတူတူပါပဲ။

ဆိုတော့
ဟိုဝတ္ထုထဲက …ကျောက်ခဲကို လွှင့်ပစ်မယ် ကြံသူလိုမျိုး… မတွေးပါနဲ့။
အေးစက်စက်ကြီး ဖြစ်နေတာလောက်နဲ့တော့ လွှင့်ပစ်ဖို့ မကြံပါနဲ့။
ကိုယ်က အလင်းကို လိုချင်လွန်း အားကြီးနေတော့ …
ဆက် မှောင်နေရတာ သည်းမခံနိုင်တော့တဲ့ စိတ်အခံနဲ့…. လွှင့်ပစ်ဖို့ မဆုံးဖြတ်လိုက်ပါနဲ့ဦး။

အေးစက်စက် ကျောက်ခဲမို့… သုံးစားမရဘူးထင်ပြီး…
စမ်းသပ်မကြည့်သေးဘဲ လွှင့်ပစ်တာတော့ … မကောင်းပါဘူး။
အရင်ဆုံး စမ်းကြည့်ပါဦး။ တစ်ခါ…နှစ်ခါတင်မက… သုံးလေးခါလောက် စမ်းကြည့်ပါဦး။
မီးခတ်ကျောက် ဖြစ်နေရင်… အလင်း ပေးပါလိမ့်မယ်။

မီးခတ်ကျောက်ဆိုတာ သေချာ ပိုင်ပို်င်နိုင်နိုင် သိတဲ့
တခြား ကျောက်ခဲတွေ မတွေ့သေးသ၍ ……………
ရှားပါးလှစွာ တွေ့ခဲလှသော ဒီ အေးစက်စက် ကျောက်ခဲကလေးကိုပဲ ….
ယုံကြည်စွာနဲ့…. တာဝန်ပေးကြည့်ပါအုန်း။
အကြိမ်ကြိမ် စမ်းကြည့်လို့မှ အလင်းနဲ့ အနွေးဓါတ် မပေးနိုင်တဲ့ ကျောက်ခဲဆိုတာ
သေချာသွားရင်တော့ … အချိန်မဆိုင်းဘဲ လွှင့်ပစ်လို်က်ပိုင်ခွင့် ရတာပါပဲ။

လောလောဆယ်တော့ ဒီကျောက်ခဲကလေးဟာ …
အလင်းနဲ့ အနွေးဓါတ် ပေးနိုင်ချေ ရှိတဲ့ တစ်ခုထဲသော ကျောက်ခဲကလေးပါ။
မာကျောတယ်။ အသုံးဝင် နိုင်ချေ ရှိတယ်။ ပြီးတော့ ကိုယ့်ကို ဒုက္ခ ပေးနိုင်တဲ့ အလားအလာ မရှိဘူး။
ဒီလောက်ဆို … လက်ထဲမှာ ကိုင်ထားနိုင်ပြီ။ ပြီးတော့ အကြိမ်ကြိမ် စမ်းသပ်ကြည့်သင့်ပါပြီ။

တောချောက်သံများ…. ငြိမ်သက် သွားပါစေလေ….

 

စဉ်ဆက်မပြတ် ယုံကြည်လို့/NLD ကို မဲပေးစို့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ NLD ကို မဲပေးစို့

 

 
——————————————————

 

သင့်အေးရိပ်
၂၀၁၇၊ ဖေဖော်ဝါရီလ ၁၅ ရက်

 


တာရာမင်းဝေ
ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
၁၉၉ရ / နိုဝင်ဘာလထုတ်

#####################################

မော်ဒန်ပန်းချီမှာ …..
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ် ။
အင်ပရင်ရှင်နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဆောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…
ဆရာတာရာမင်းဝေ…
တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ….
ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွိုင့် ( Point ) သဘောကို..ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဝတ္ထုတိုလေးတွေက အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..
ဆရာတာရာရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးကိုပါ….. ပူးတွဲပြီး… ၁၆ ပုဒ်လောက် … ရေးသား တင်ပြဖူးပါတယ် ။ အောက်ပါ link ကတော့ အရင်က ကျွန်တော် ပြန်လည် တူးဖော်ပေးခဲ့တဲ့ ဆရာတာရာမင်းဝေရဲ့ မြေစိုင်မြေခဲများအကြောင်း ဆောင်းပါးတွေပါ။

https://myanmargazette.net/?s=%E1%80%B1%E1%80%BB%E1%80%99%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%81%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8&x=0&y=0

 

 

 

9 comments

  • ဇီဇီ

    February 16, 2017 at 9:10 am

    ဒါမှ နာ့ မောင်လေးး!! <3
    တခြားဘာမှ လောဘမတက်ပါဘူးး
    ဘီလူးဆိုးလို အစိုးရနဲ့ နေဖူးပြီးတာတောင် လူအစိုးရ ရထားတဲ့ အနေအထားကို မသိသေးဘူးဆိုရင်တော့
    အဲလို လူမျိုးဟာ ကိုယ်တိုင် ဘီလူးဖြစ်ရင်ဖြစ် မဟုတ်ရင် အူးနှောက်မရှိတဲ့သူမျိုးပဲ ဖြစ်မှာပဲ။

    🙂

    • Thint Aye Yeik

      February 16, 2017 at 9:59 am

      ဒါမှ အနော့်မမဂျီးးး :k:

      ”ဘီလူးဆိုးလို အစိုးရနဲ့ နေဖူးပြီးတာတောင် လူအစိုးရ ရထားတဲ့ အနေအထားကို မသိသေးဘူးဆိုရင်တော့. . .အဲလို လူမျိုးဟာ ကိုယ်တိုင် ဘီလူးဖြစ်ရင်ဖြစ် မဟုတ်ရင် အူးနှောက်မရှိတဲ့သူမျိုးပဲ ဖြစ်မှာပဲ။”

      အဲ့လိုကို ပြောရတော့မှာပဲ

    • Thint Aye Yeik

      February 16, 2017 at 11:09 am

      ရပ်ထဲ ရွာထဲက ချက်ချင်းကြီး ပဒေသာပင် မပေါက်ရကောင်းလားဆိုပြီး မကျေမနပ် ဖြစ်နေတဲ့လူတွေကို…
      ပြောပြပေးကြပါ ဦးကြီးတို့ရယ်..
      😆

  • ဝင့်ပြုံးမြင့်

    February 16, 2017 at 3:16 pm

    တခြား အသေးလေးတွေ မရှိတော့ဘူးလား။ အင်အားမျှတအောင် ပေးတာကော။ ပြည်သူက နည်းနည်းတော့ ပြန်ခြိမ်းခြောက်နိုင်မှ။

  • ဝင့်ပြုံးမြင့်

    February 17, 2017 at 3:27 pm

    ပေါ်တင်ပဲ ပြောရရင်တော့ အီမယ်ဒါ မားကို့စ်က အမေခေါ်ရတော့မယ်

    • Thint Aye Yeik

      February 22, 2017 at 3:08 pm

      မြန်မာပြည်သိန်းတန်ကို ဗုတ်သလို အားရပါးရ ဗုတ်လိုက်ပါ….

Leave a Reply