လျှပ်စစ်ကျွမ်းကျင်(၆လ)သင်တန်း (သင်တန်းကြေး အခမဲ့)

manawphyulayJune 5, 20171min1410

လျှပ်စစ်ကျွမ်းကျင်(၆လ)သင်တန်းအတွက်သင်တန်းသားခေါ်ယူခြင်း
===========================
အခြေခံပညာ အထက်တန်းကျောင်းမှ ဆယ်တန်းအောင် (သို့) ဆယ်တန်းနှင့် ညီမျှသောပညာ သင်ယူခဲ့ပြီး၊ သက်မွေးပညာသင်တန်း တက်ရောက်လိုသော၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသော လူငယ်များအတွက် CVT Myanmar တွင် လျှပ်စစ်ကျွမ်းကျင်ပညာ (စာတွေ့၊လက်တွေ့) တဆက်တည်းသင်ယူနိုင်မည့် ကာလတိုသင်တန်းကို စတင်လျှောက်ထားနိင်ပါပြီ။
လျှပ်စစ်ပစ္စည်း သွယ်တန်းတပ်ဆင်ခြင်းများကို CVT Myanmar မှ စာတွေ့နှင့်လက်တွေ့ ကျွမ်းကျင်ဆရာများနှင့် ဇူလိုင်လမှ ဇန်နဝါရီလ (၆လ) အထိ သင်ယူပြီး၊ NSSA-level 1,2 စာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်းဖြင့် အောင်မြင်ပါက ကျွမ်းကျင်မှု လက်မှတ်များကိုပါ ရရှိနိုုင်မည် ဖြစ်ပါသည်။
ဤသင်တန်းအတွက် May Bank မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ CVT Myanmar အနေနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သင်တန်းကြေးပေးသွင်းစရာမလိုပါ။ သင်တန်းကာလ အတွင်း ခရီးစရိတ်ကို ထောက်ပံ့ပေးပါမည်။
သင်တန်းပြီးဆုံးပြီး စာမေးပွဲဖြေဆိုအောင်မြင်ပါက Center for Vocational Training (CVT) နှင့် National Skill Standard Authority (NSSA) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်အား ရရှိမည်ဖြစ်ပါသည်။
သင်တန်းချိန်- (8:00am-4:45pm)
• အသက်ကန့်သတ်ချက်- ၁၆ နှစ်မှ ၂၂ နှစ်
• သင်တန်းနေရာ- CVT Myanmar
• လျှောက်လွှာပိတ်ရက်- 24th June 2017 (ညနေ ၅နာရီ)
• လျှောက်လွှာလက်ခံရက်- 5th June 2017 မှ 24th June 2017 အထိ
• သင်တန်းကာလ- July 2017-January 2018 (တနင်္လာ၊အင်္ဂါ၊ကြာသာပတေး၊သောကြာ- တစ်ပတ် ၄ရက်)

သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်းတွင် “ဝင်ခွင့်လျှောက်လွှာ” အား အောက်ဖော်ပြပါရုံး၌ လာရောက်ထုတ်ယူ၍ လျှောက်ထားနိုင်ပါသည်။ (အခြေခံပညာရေး ဆယ်တန်း(သို့) ဆယ်တန်းနှင့် ညီမျှသော ပညာရေးအဆင့်သို့ တက်ရောက်ခဲ့ဖူးကြောင်း ထောက်ခံစာတစ်ခုခု ကို လူတွေ့ ဖြေဆိုချိန်တွင် တပါတည်း ယူဆောင်လာ ရပါမည်။)
ဤသင်တန်းသည် CVT နှင့် May Bank တို့မှဖွင့်လှစ်သောကာလတိုအထူးသင်တန်းဖြစ်ပါသည်။
လျှောက်လွှာပေးပို့ရန် နှင့် အသေးစိတ် မေးမြန်းရန် လိပ်စာ –
အမှတ် (၄၂)၊ ကမ်းနားလမ်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံး၊ တတိယထပ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ရန်ကုန်။
ဖုန်း – ဝ၁၃၈၃၆၇၆၊ ဝ၉၇၃၁၆၆၂၀၆
Email – publicrelationscvt@gmail.com
Website – www.cvt-myanmar.com