Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပူပူနွေးနွေး ငါးပေါင်းထုပ်

တစ်နေ့က မိုးရာသီထဲပို့စ်ထဲမှာ တီဒုံလာမန့်ထားတဲ့စာလေးမြင်မှ ငါးပေါင်းထုပ်အကြောင်းသတိရတယ်။ တီဒုံလည်း တော်တော်စုံစုံလင်လင် မန့်သွားတော့ မိုးရာသီမှာ ငါးပေါင်းထုပ်ပူပူနွေးနွေးလေး စားရတာလည်း အရမ်းကောင်းတာပါပဲ။ ငါးပေါင်းထုပ်ဆိုတာနဲ့ ကျွန်တော်သိတာလေးက နည်းနည်းပါ။ စားဖူးတာလည်း အမျိုးမျိုးထဲက အများကြီးမစားဖူးခဲ့ပါဘူး။ နှစ်မျိုး သုံးမျိုးစားဖူးတာလေး ရေးချင်နေတာနဲ့ ငါးပေါင်းထုပ်အကြောင်းလေး ပြောလိုက်ပါဦးမယ်။

ခဲပတ်ငါးပေါင်းထုပ်

ဒါကတော့ ဘီယာဆိုင်မှာစားဖူးခဲ့တာ။ သူက ခဲပတ်ထဲမှာ လက်လေးလုံးစာလောက် ငါးဒန်ငါးကို တုံးပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ စပါးလင် ၊ ပူစီနံ ၊ ငရုတ်သီးစိမ်းတို့ကို ကြိတ်ပြီးထည့်ပြီးပေါင်းထားတာ။ အရသာက မဆိုးဘူး။ စားဖူးတဲ့အသိတွေကတော့ ကြိုက်ကြတယ်။ ကျွန်တော်ကတော့ ခဲပတ်ကြီးနဲ့ပေါင်းတာကို သိပ်မကြိုက်ချင်တာပါ။ နောက် ငါးဒါန်ကို သုံးလို့လည်း သိပ်မကြိုက်တာ။ သူက ပူပူလေးဆိုတော့လည်း မဆိုးဘူးပေါ့။

ငှက်ပျောဖတ်ငါးပေါင်းထုပ်

ဒါကတစ်နေရာမှာစားဖူးတာ ဘယ်မှာစားဖူးလဲမသိ။ သူကငှက်ပျောဖက်နဲ့ပေါင်းထားတာ ဆန်မှုန့် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆီ ၊ ဂျူးမြစ် ငရုတ်သီးလေးနဲ့ပေါင်းထားတာ ခဲပတ်ကြီးထက်စာရင်တော့ ပိုစားကောင်းတယ်။

ဂေါ်ဖီငါးပေါင်းထုပ်

ဂေါ်ဖီငါးပေါင်းထုပ်ကတော့ ဂေါ်ဖီနဲ့ထုပ်ပြီးပေါင်းတာ။ သူကတော့
ရွှေကြည်မှုန့် ၊ ကြက်သွန်နီ ခပ်လတ်လတ်လှီး ၊ ဂျင်းနည်းနည်း ၊ ကြက်သွန်ဖြူ ၊ ငါအတုံးလေးတွေတုံး ၊ ဆီ နဲ့ ဆား ၊ အချိုမှုန့်နဲ့ နယ်ထား။ ရေနွေးပွက်ပွက်ဆူထဲ ဂေါ်ဖီကိုအထုပ်လိုက် ပြုတ်လိုက် ခဏပဲထား ပြန်ဆယ်။ ဂေါ်ဖီအူတိုင်ကိုလှီးလိုက်ရင် ဂေါ်ဖီဖက်ပျော့်ပျော့လေးတွေကို အဖတ်လိုက်လေးတွေရပြီး အဲ့ဒါနဲ့ ထုပ်ပြီးပေါင်းထားတာ။ ဒါကတော့ ဂေါ်ဖီပါစားလို့ရတော့ ပိုကောင်းတယ်။

ရွဲယိုရွက်ငါးပေါင်းထုပ်

ဒါကတော့ ငါးပေါင်းထုပ်အထဲမှာ အကောင်းဆုံးအကြိုက်ဆုံး ငါးပေါင်းထုပ်။ ကျွန်တော့်အမြင်ပါ။ သူက အသားများတဲ့ငါးပေါ့ ကောင်းတဲ့ငါးတစ်မျိုးမျိုးကို အတုံးခပ်သေးသေးလေးတွေတုံး ၊ ရွှေကြည်မှုန့် ၊ ကြက်သွန်နီကို တစ်ခြမ်းကို ခြောက်တုံးလောက်ပဲ ခပ်ထူထူတုံး ၊ ကြက်သွန်ဖြူ နည်းနည်းထောင်းထည့် ၊ အစပ်ကြိုက်ရင် ငရုတ်သီးအစိမ်းမှုန့်လေးထည့် ၊ ပဲဆီထည့်ပြီး ဆား အချိုမှုန့်နဲ့ နယ် ဆီပိုထည့်ပေးရင် အိပြီးပိုကောင်းတယ်။ ရွဲယိုရွက်ခပ်ကြီးကြီးတွေကိုထူးပြီး ငါးအတုံးလေးတွေ ကြက်သွန်နီအတုံးလေးတွေနဲ့မျှအောင်ထည့် ဆီလေးပါ ပါအောင်ထည့်ပြီး ထုပ်ပြီးပေါင်း ရွဲယိုရွက်ရဲ့အမွှေ့နံ့နဲ့ ငါးပေါင်းထုပ်ထဲရောက်သွားတဲ့ ရွဲယိုရွက်အရသာက လွှတ်ကောင်း။ ပြောရင်းနဲ့စားချင်လို့ ပိတ်ရက် လုပ်စားဦးမှပါပဲ။

ဒါကတော့ ကျွန်တော်သိတဲ့ ငါးပေါင်းထုပ်တွေပါ။ မိုးအေးအေးမှာ စားလိုက်ကြရအောင်ဗျာ။

လေးစားစွာဖြင့်
အောင်မိုးသူ

19 comments

  • ဦးကျောက်ခဲ

    June 23, 2017 at 1:32 pm

    ငါးကြင်းဗိုက်သား အကွင်းလိုက် အတုံးကြီးကို ဆား အရသာမှုန့် နနွင်း စပါးလင် ဂျင်းနဲ့နယ် … ဗိုက်ထဲကို ရှမ်းနံနံ ကြက်သွန်မြိတ်တွေ အစာသွတ် … ငှက်ပြောဖက် ၂-လွှာလောက်နဲ့ လုံအောင်ထုပ်ပြီး မီးကင်စားကြည့် … ပေါင်းထားသလိုပဲ ကောင်းမှကောင်း … :k:
    ရဲယိုရွက် ငါးပေါင်းထုပ်ဆိုရင်တော့ ငါးကြင်းခြစ်သားနဲ့ ငါးရံ့ကို ရောပြီးသုံးတယ် … ဘူးသီးကို သေးသေးလေးတွေတုံးပြီးထည့်တယ် ။ ရဲယိုရွက်ကို သက်တာပေါ့ချင်ရင် ရေနွေးဖျော … သက်ဆိမ့်ကြိုက်ရင် မီးကင် … ထုပ်ရတာလည်း ပိုလွယ်၏ … :k:

    • အောင် မိုးသူ

      June 23, 2017 at 2:45 pm

      ဟုတ်တယ်။ ဘူးသီးရှားရင် ဂေါ်ရခါးသီးထည့်တယ်။ ငါးရံ့ကတော့ အရမ်းကောင်းတယ်နော်။ ရဲယိုရွက်ကို ရေနွေးဖျော်ရတာကို မသိသေးဘူး။ ခါးတာကို ကြိုက်တာ။

  • kai

    June 23, 2017 at 3:33 pm

    ရဲယိုရွက်မရှိတော့.. နီးနီးစပ်စပ် ဘာရွက်များ ရှိမယ်မသိ…။
    စားချင်တာ..။ 🙁

    • ဦးကျောက်ခဲ

      June 23, 2017 at 4:15 pm

      ရဲယိုရွက်မရရင် စလူဖက်ကိုသုံး … အဲဒါက ပိုရှားလိမ့်မယ်… :k:
      ငှက်ပျောရွက်ကို ရေနွေးဖျောပြီး ငါးပေါင်းထုပ် လုပ်လို့ရပါတယ် …
      အရသာကတော့ သက်ဆိမ့်လေးတော့ မထွက်ဘူးပေါ့ …
      သင်္ဘောရွက်နဲ့ စမ်းပြီး ထုပ်ဖူးတယ် … အတော်ဖန်တယ် … :k:

      • kai

        June 23, 2017 at 4:22 pm

        အဲဒီ သက်စိမ့်လေးကို ကြိုက်တာ..။
        ဆိုတော့.. မက်ဆီကန်တွေဆိုင်မှာ.. သဲကန္တာရပင်တွေ..အရွက်/ပင်စည်တွေရောင်းတာရှိတယ်..။
        ဝယ်ပြီး လက်တည့်စမ်းထည့်လိုက်မှနဲ့တူတယ်..။ 🙂

        • ဦးကျောက်ခဲ

          June 23, 2017 at 4:39 pm

          ရှာဖွေလေ တွေ့ရှိလေ … စမ်းကြည့်ပေါ့ဗျာ… :k:
          အဲသည့်မှာ ထိုင်းစားသောက်ကုန်ဆိုင်တွေရှိရင် ရှိတတ်ပါတယ်…
          ရဲယိုရွက်ကြိုက်ရင် အိမ်မှာစိုက်ထားပေါ့ သဂျီးရဲ့ …
          ငါးခူစင်းကော ရဲယိုရွက်လည်း ကောင်းမှကောင်း …
          ငါးဖယ်/ငါးခြစ်/ငါးအသားလုံး အုန်းနို့ ရဲယိုရွက်ဟင်းလည်း ဂွဒ်…

        • kai

          June 23, 2017 at 5:46 pm

          အုန်းနို့ဆိုလို့ ဝင်ရှုပ်လိုက်ဦးမယ်..။
          ခုတလော အမေရိကန်တွေ အုန်းရောဂါထနေတာ.. Costco မှာတောင် အုန်းဆီတွေ ပုလင်းလိုက်ချရောင်းနေတယ်အထိ..။
          ဝယ်တဲ့သူတွေကဝယ်.. များလွန်းလို့ ရှယ်တဲ့သူကရှယ်..။

          ပြီးခဲ့တဲ့လပိုင်းကတင်.. တီဗီသတင်းထဲထည့်.. အတင်းကျေညာရပါရောလား..။
          အုန်းဆီဟာ နှလုံးပိတ်စေကြောင်းပါကြောင်း..၊ မကောင်းတဲ့ ကိုလက်စရောဖြစ်ပါကြောင်း.. ဘာကြောင်း ညာကြောင်း..။
          ဆိုတော့.. မြန်မာပြည်မှနေစဉ်က.. အဘိုးအဘွားတွေပြောတာသတိရမိတယ်..။
          အသက်လေးများရပြီဆို.. အုန်းနို့ခေါက်ဆွဲလေးစား..။ နေပူထဲကပြန်လာ.. ရေမချိုးလိုက်လေနဲ့တဲ့..။
          ဒိုင်း ကနဲ့…တဲ့..။

          အမေရိကန်တွေ.. ဒါကိုမသိ…။

          Here’s What You Really Need to Know About Coconut Oil
          It was never a “health food”.
          SIGNE DEAN 19 JUN 2017
          You’ve probably seen headlines over the weekend that state coconut oil is worse for you than butter, lard, and beef drippings.

          Those claims have emerged following a new review paper from the American Heart Association (AHA), which talks about the role of dietary fats in reducing heart disease risk. Coconut oil got special notice in this review, and here’s why.

          “A recent survey reported that 72 percent of the American public rated coconut oil as a ‘healthy food’ compared with 37 percent of nutritionists,” states the AHA review.
          https://www.sciencealert.com/here-s-what-you-really-need-to-know-about-coconut-oil

        • ဦးကျောက်ခဲ

          June 23, 2017 at 7:48 pm

          အဲဂလိုပြောရင် ပြန်ပြောမှာ …
          အုန်းသီး အုန်းနို့ကြောင့် ဂန့်ရမယ်ဆို ယပက်လက်တွေ အမျိုးပြုတ်တာ ကြာဘီ ။ ဟင်းထဲရော မုန့်အချိုထဲရော အုန်းနို့က နေရာတကာ … ။ အိန္နိယ ကုသလတွေလည်းမထူး (အထူးသဖြင့် တောင်ပိုင်းသားတွေ) … အသားဟင်းချက်ရင် မညှီအောင် အနှစ်ရအောင် အုန်းသီးဆံနဲ့ ချက်တာဗျား… :k:

  • padonmar

    June 23, 2017 at 9:16 pm

    ဖွဘုတ်ထဲ ဒီပို့စ်တွေ့၊တီဒုံက မိုးရာသီထဲ မှာ ငါးပေါင်းထုပ်အကြောင်း မန့်တယ် ဆိုတော့ အတော် အံ့ဩမိ၊ ဒါနဲ့ ခြေရာကောက်လိုက်တော့ ……

    .
    .
    .
    .
    .
    .Aye KK မန့်ထားတာကြီးလေ ဘကြီးအောင်ရဲ့

  • တောတွင်းပျော်

    June 23, 2017 at 11:08 pm

    လာစား … အဲလေ လာဖတ်သွားဒယ်ဗျို ့
    ကျနော်က
    အစားအသောက်တွေ ဘာမှသာ မလုပ်တတ်တာ
    အသောက်အစားဆို ရဒယ် :k:

  • •*¨နန်းတော်ရာသူ •*¨

    June 24, 2017 at 9:59 am

    ဖတ်မှတ်လုပ်စားရန်

  • surmi

    June 24, 2017 at 10:33 am

    အလွယ်ကြိုက်ရင် ရဲယိုရွက်နဲ့ငါးဖယ်ခြစ်နဲ့ထုတ်ဗျာ ။
    ကြ်က်သွန်လေးနဲနဲထည့်ပေါ့
    အဲ့ဒါလည်းမဆိုးဘူး

  • weiwei

    June 26, 2017 at 11:10 am

    ငါးမကြိုက်ခဲ့လို့ ငါးပေါင်းထုပ်လုပ်မစားဖူးသေးဘူး ..
    အခုတော့ ငါးကြိုက်လာပြီမို့လို့ လုပ်စားကြည့်အုန်းမယ် ..
    အိမ်က အမေကတော့ ငါးရံ့နဲ့ရွက်ယိုရွက်ထုပ်လေ့ရှိတယ်

  • aye.kk

    June 26, 2017 at 1:28 pm

    ရဲယိုရွက်ငါးပေါင်းထုပ်
    နှစ်သက်ရာ
    အသားများတဲ့ငါးတစ်မျိုးမျိုးကို
    အရိုးမပါစေပဲ
    ငါးအသားလွှာပါတယ်၊ပြီးရင်
    အနေတော်အတုံးခပ်ရွယ်ရွယ်တုံးပြီး
    ဆား,ဆနွင်း,အသားမှုန် ့တို ့နဲ ့နယ်ပြီးခဏနှပ်ထားပါတယ်။
    ကြက်သွန်နီခပ်ရွယ်ရွယ်အလုံး(အလတ်)တွေကိုအခွံသင်ပြီး
    မထူမပါးအကွင်းလိုက်လှီးထားပါတယ်။
    စပါးလင်ခပ်ပါးပါးလှီး၊ဂျင်း,ကြက်သွန်ဖြူနဲ ့ညက်အောင်ထောင်းထားပါတယ်။
    ဆန်မှုန် ့(အစိမ်း)ကိုရေအနည်းငယ်ထည့်ပြီး၊လှီထားတဲ့ကြက်သွန်ီ၊နှပ်ထားတဲ့
    ငါးအသားတုန်းလေးတွေနဲ့ဆီအနေတော်(အနည်းငယ်)လောက်
    ထည့်ပြီးအားလုံးရောပြီးမှသမအောင်နယ်ပါတယ်။
    မီးအနည်းငယ်ကင်ထားတဲ့ငှက်ပျောဖက်ရွက်
    သန် ့စင်ပြီးသားကို၊အနေတော်ထုပ်လို့ရအောင်လှီးဖြတ်ပြီး၊
    ငှက်ပျောရွက်ပေါ်မှာရဲယိုရွက်၂ရွက်၊၃ရွက်ခင်းပြီး
    နယ်ထားတာတွေကို အနေတော်ထည့်ပြီးထုပ်ပါတယ်။
    ပေါင်းအိုးနဲ ့ပေါင်းပြီးအနံ ့မွှေးလာပြီ၊အနံ ့လှိုင်လှိုင်ရပြီဆိုချပါတယ်။

  • ဇီဇီ

    June 30, 2017 at 1:39 pm

    ငါးပေါင်းထုတ်ကို စိတ်ရှည်ရှည်လုပ်မစားဖူးဘူးး

    စားတော့ စားချင်စရာပဲ

    :chit:

Leave a Reply