အလုပ်က နားတော့မလို့လား..
” အဘရေ့.. ကျွန်တော်တော့ ဒီကောင်ကြီး နှစ်ကောင် နသတ်ရုံ ထုတ်လိုက်တော့မယ်ဗျာ.. ”
ကိုတိုးကြီး ပြောလိုက်တဲ့ စကားကြောင့် အဘ မောင်တင် တွေဝေသွားတော့တယ် ။
ခုတလော အသက်ကထောက် လာတော့ အလုပ်တွေကို သူ့သားကိုတိုးကြီးကို လွှဲတန်သလောက်လွှဲ နေပြီ..။
ဒီစပါးတရာသီ ကစလို့ သူ့သားကို ဦးစီးပြီး လုပ်ခိုင်းတော့မလို့ ပြောနေကြရာကနေ ကိုတိုးကြီး ပြောလိုက်တာပါ ။
” ဟေ… ဝန်ပေါ့တော့ ဆွဲခိုင်းလို့ရသေး မဟုတ်လား.. ”
” အဘရာ.. ခိုင်းရမှာနဲ့ ကျွေးထားရမှာ မကိုက်တော့ဘူးဗျ.. အဘ ကောင်ကြီးတွေက ကျနေပြီ. ခုနေ ပွဲစားလက်ထည့်ရင်တောင် ဈေးရမှာ မဟုတ်တော့ဘူး..”
” တို့နဲ့ အတူရုန်းလာတာ ကြာပြီလေ.. ”
” ဗြာတစ်ရှဉ်းက ဒီမိုး ခိုင်းရပြီလေ.. နနီတစုံကလဲ ဒီနွေဆို ထမ်းပိုးကျင့်လို့ရပြီ.. ”
အဘမောင်တင် တွေဝေနေဆဲပါ..အတူရုန်းလာတဲ့ ခြံပေါက်တွေမို့ ရုတ်ချည်းတော့ သံယောဇဉ် ဖြစ်မိသကိုး..
တကယ်တော့ အဘမောင်တင် အဖေတွေလက်ထက်ကထည်းက နွားတွေကို နွားတွေ ခိုင်းသလို ခိုင်းခဲ့ကြတာပါ။
ကောက်ရိုးလက်တပွေ့ ဖွဲနုရေ ကျဲကျဲနဲ့ မွေးခဲ့ကြတာပါ. ။
သူတကာပြောသလို ရုန်းဖေါ်ရုန်းဖက် ရဲဘော်ရဲဘက် စိတ် မထားခဲ့မိပါဘူး.။
ခိုင်းမရတဲ့နွား..ကျလာပြီဆိုရင် ပွဲစားလက်ထည့် ရောင်းပစ်ခဲ့တာချည်းပါဘဲ..။
ခုတော့ အဘ လည်း အသက်ကလေးရလာတော့ ဘာမှန်းမသိတဲ့ သံယောဇဉ်လိုမျိုးတွေ ဝင်လာတယ်ထင်ပါရဲ့ ။နွားနှစ်ကောင် ရောင်းထုတ်ဖို့ကို ဝေဝါးနေတယ် ။
” ဒီနှစ်ကောင် ခန ဒီတိုင်းထားပြီး သင်္ကြန်ပြီး နှစ်ဆန်းတရက်နေ့မှာ ဘေးမဲ့လွှတ်ရင် မကောင်းဘူးလားကွ.. ”
” အဘ ကောင်တွေ ဘေးမဲ့လွှတ်ပြီး ဘုရားဝင်းထဲ စားကျက်မှာ နေရင်း နွားသူခိုးတွေ ဖမ်းပြီး ပေါ် လိုက်မှာဘဲဟာ.. ”
” ဒါဆိုလဲ အိမ်မှာဘဲ ဘေးမဲ့ထားလိုက်ကွာ.. ”
” အင်း.. အဘသဘောဘဲဗျာ.. ကျုပ်ဆိုရင် တော့ အသားမကုန်ခင် နသတ်ရုံ ပို့လိုက်မှာ.. ” ကိုတိုးကြီး မကျေမနပ်နဲ့ စကားဖြတ်သွားတော့တယ် ။
အဘမောင်တင် ပြောစရာစကားမရှိတော့မှ တဖြည်းဖြည်း တွေးရင်း ကိုတိုးကြီး နွားစာထည့်နေတဲ့ နွားတင်းကုပ်နားက ကွပ်ပျက်မှာ ထိုင်နေရာက တခုတခုကို သတိရသွားပြီး သူ့သားကို လှမ်းအော်လိုက်တယ်..။
” ဟေ့ကောင် ငတိုးကြီး.. ”
” ဗျာ..အဘ.. အလန့်တကြား ဘာဖြစ်လို့တုန်း.. ”
“ငါ လဲ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့ဘူးကွ..”
“အေးလေ အဘ ကျုပ် လုပ်နိုင်နေပြီဘဲ.. အဘ အေးဆေး ထိုင်နေလို့ ရပြီလေ..”
“အေး တော်ကြာ ငါ့မကျွေးနိုင်လို့ဆို နသတ်ရုံ ပိုတော့ မခက်လား..”
“ဟားဟား.. အဘ ကရီစရာ ပြောနေပြန်ပြီ.. အဘကို နသတ်ရုံ ပို့စရာလား..”
အေး..ဒါပေမဲ့ အိမ်မှာ လူပိုကြီး ငုတ်တုတ် ဆို အနေခက်သကွ.. ”
“ဒါများ အဘရာ အဘ လှူထားတဲ့ ဇရပ်ရှိသားဘဲ ..အဲဒီရိပ်သာမှာ သွားနေပေါ့..”
“အေး..ဟုတ်ပါရဲ့ ငါ့ ဘေးမဲ့လွှတ်ဖို့ နေရာတော့ ရှိသေးသားပါလား..”
ခုတော့ အဘမောင်တင် လုပ်ဖေါ်ကိုင်ဖက် အတွက် စာနာတတ်လာပြီပေါ့..
သူ့သား ကိုတိုးကြီးကကော ဘယ်အချိန်မှာ ဒီလိုခံစားချက် ပေါ်လာမလဲ လို့ စောင့်ကြည့်ရမယ်..
…
….
…
နွေဦး ပင်စင်စားပါတော့မယ်.. ။
22 comments
ဦးကျောက်ခဲ
June 26, 2017 at 2:12 pm
အသက်ကြီးလာရင် ဘာမှ လုပ်စရာမရှိလို့ (ဝါ) မလုပ်နိုင်လို့…
ဘုရားကျောင်းကန်ရိပ်မှာခိုရင်း သေနေ့ကိုစောင့်နေရတာတော့ မနိပ်ပေါင် …
အူးနွေဦးလည်း ပင်စင်နာမစွဲအောင် … ကာရာအိုကေ မာဆတ်သွားပြီး …
ဖြစ်-ပျက် ကမ္မဋ္ဌာန်း ရှုပါလေ … တကယ် တကယ်…
အဲသည့်မှာ ဖြစ်ပြီး ပျက်ကုန်ကြတာ မြင်ရမှာမို့… တရားရဖို့ ပိုလွယ်တယ်… :k:
နွေဦး
June 26, 2017 at 2:18 pm
မဟေသီရဲ့ ခွင့်ပြုချက်ကလဲ အရေးကြီးသဗျ..
ဘာသာတရားနဲ့နီးစပ်တဲ့သူတွေက အဲဒါတွေက အကုသိုလ် အလုပ်လို့ မှတ်ကြတာ..
ဘာသာရေးကို ထဲထဲဝင်ဝင် သိသူတွေကတော့ ခန္ဓာရယ် စိတ်ရယ် ကျန်းမာဖို့ လိုတာကို တွေးနိုင်သဗျ..
နွေဦး
June 26, 2017 at 2:20 pm
ခက်တာက ကိုယ့်ကိုယ်ကို အာမမခံရဲတာဘဲ..
ဦးကျောက်ပြောသလို ဖြစ်ပျက် ဆိုတာ သင်းတို့နဲ့ ဖြစ်ပြီး ကိုယ်ကပျက်သွားတော့မှ ဟုတ်ပေ့ဖြစ်နေမယ်..
ဦးကျောက်ခဲ
June 26, 2017 at 3:43 pm
အဲသည့်တော့လည်း … “တရားရှာ ကိုယ်မှာတွေ့” ဆိုတာ …
တကယ်မှန်ကြောင်း သက်သေပြပြီးသား ဖြစ်တာပေါ့… အာ ဟိ :k:
သင့်အေးရိပ်
June 26, 2017 at 3:34 pm
စက်မှုလယ်ယာတစ်ခေတ် ဆန်းသစ်လာဖို့လည်း မျှော်လင့်အုန်းမှ။
:k:
အသက်ကြီးလို့ ပင်စင်စားရမယ့်အချိန် (၆၀)ကျော်ရင်
တောင်ကြီးဘက်က ရွာလေးတစ်ရွာမှာ သီးပင်စားပင် ပန်းပင်လေးတွေ စိုက်မယ်။ စာကြည့်တိုက်လို စာအုပ်ဆိုင်လို တစ်ခုခု ထူထောင်ထားပြီး ခွေးလေးတွေ ကြက်ကလေးတွေ မွေးမယ်။ စာအုပ်ဖတ်လိုက် ခြံစိုက်လိုက် ခွေးလေးတွေနဲ့ဆော့လိုက်နဲ့ပေါ့။
အဲ့လို နေနိုင်ဖို့ ကျနော်ဖြင့် အခုကတည်းက စီစဉ် စုဆောင်းရအုန်းမယ်။
😆
Shar Thet Man
June 26, 2017 at 6:07 pm
နွားလေးတွေသနားစရာ
kai
June 27, 2017 at 5:10 am
သနားရင်.. တန်ဖိုးတခုရှိသွားအောင်.. စားပေးရသတဲ့…။ ဒါမှမဟုတ်ရင်.. လောကအတွက် ဘာမှအကျိုးမရှိပဲ.. ဘဝဆုံးသွားမှာ..။
စားပေးတာကနေ ရှိလာတဲ့အားနဲ့.. မြောင်းတွေဖေါ်.. ယင်၊ခြင်တွေမပွားနိုင်အောင်လုပ်ပေါ့..။
ဒါဆို.. ခြင်၊ယင်က ဖြစ်တဲ့ ရောဂါတွေ (နည်းနည်းတော့) လျှော့သွားမှာပဲ..။
နောက်တာနော..။ တကယ်မဟုတ်ဖူးဆိုတာ ဟုတ်ပါကြောင်း..။ :k:
padonmar
June 26, 2017 at 9:42 pm
ပင်စင်ယူလို့ အားရင် စနေတနင်္ဂနွေမှာ အဘိဓမ္မာသင်တန်းတက်ဖို့ ဖိတ်ပါတယ်။
သူကြီးနဲ့ငြင်းလို့ရအောင်။
လေ့လာကြည့်ရင် သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
kai
June 27, 2017 at 5:08 am
ပင်စင်မယူခင်.. အခုလည်း ငြင်းလို့ရပါတယ်..။
အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။
ဘဝတွေကူးသွားတဲ့အခါမယ်.. အဲဒီသိမ်းထားတဲ့ မှတ်ဉာဏ်ဘယ်လိုသယ်သွားသလဲ ဆိုတာလည်း သိချင်လို့..။
စိတ်ကော၊ရုပ်ကော ဖြစ်ရပ်ပျက်ဆိုတော့..
နွေဦး
June 27, 2017 at 4:51 pm
“အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။”
ဆိုတာ နည်းနည်းတော့ရှင်းရခက်ပေမဲ့ အလွယ်ပြောရရင် မီးသီး တလုံး မှာ မီးလင်းအောင် လျှပ်စစ်ဓါတ် ဝင်တယ် ။ပြီး မီးပိတ်သွားတယ်. လျှပ်စစ်ဓါတ် က မကျန်ဘူး.. ဒါပေမဲ့ မီးသီးပူပြီး ကျန်နေတယ်..။
အဲလိုမျိုုးဘဲ လူတွေမှာ စိတ် နဲ့ စေတသိတ် ဆိုတာ ရှိတယ် စိတ်က လျှပ်စစ်ဓါတ်လို ဖြစ်ပြီး ပျက်တယ် ။စေတသိတ် က ပူပြီးကျန်တဲ့အပူလိုမျိုးလေ.. အဲဒါကို ဖြန့်ကျက်တွေးပါ.. မရှင်းက အဘိဓမ္မာ စာအုပ်ကြီး ကိုင်ရှင်းနိုင်တဲ့ အမတော်တို့နဲ့ ဆွေးနွေးပေတော့..
padonmar
June 27, 2017 at 10:05 pm
သူကြီးဆီက ပွိုင့်ရအောင် ပို့စ်တင်ထားတယ်။
လာငြင်းပေးကြပါ။
နွေဦး
June 27, 2017 at 4:34 pm
ကျွန်တော် မငြင်းပါ..
သူကြီး အမြဲမှန်ပါတယ်…
ဟိဟိ..
aye.kk
June 26, 2017 at 10:43 pm
ပင်စင်စားရင်
တာချီလိတ်မှာ
ရိပ်သာဝင်ဖို ့ဖိတ်ခေါ်ပါရစေ။
နွေဦး
June 27, 2017 at 4:36 pm
ဖိတ်ခေါ်လို့ ကျေးဇူးတင်ပါတယ်ခင်ဗျား.. ရိပ်သာမဝင်ခင် အဘိဓမ္မာကို အရင် သင်ယူပါ့မယ်.. နို့မို့ စကားပြန်မပါဘဲ ကုလားကားကြည့်သလိုဖြစ်နေမှာစိုးလို့ပါ..
လုံမလေးမွန်မွန်
June 27, 2017 at 10:49 am
အသက်ကြီးလာရင် ဘယ်သူ့ကိုမှ အားမကိုးရတဲ့သူဖြစ်ချင်တယ်.. အခုကတည်းက စုထားဆောင်းထား ပလန်ချထားမှ ထင်တယ်နော်.. (အပျိုကြီးဖြစ်ချင်လည်း ဖြစ်မှာဆိုတော့)
Kaung Kin Pyar
June 27, 2017 at 12:27 pm
စာအရေးအသားကောင်းလိုက်တာ ဆရာနွေရေ…
မနေ့က FB မှာ ဖတ်ရကတည်းက ပြောချင်နေတာ..။
ပင်စင်ယူဖြစ်တော့ စာများများဖတ်၊ စာများများရေးဖို့ အချိန်ပိုရတာပေါ့…။ မိသားစုအတွက်လဲ အချိန်ပိုပေးနိုင်သွားပြီ..
အာတီဒုံနဲ့ အန်တီအေးဆီလဲ တလှည့်ဆီသွားပါ…
နွေဦး
June 27, 2017 at 4:44 pm
ဟဲ့ ခလေးမ.. စကားပြောရင် အနှောင့်အသွားလွတ်ပါစေ..
ကျုပ် ပင်စင်ယူပြီး ဟိုနှစ်ယောက်ဆီ တလှည့်စီ သွားပေါ့ လို့ တိုက်တွန်းတာတော့ မကောင်းဘူးနော်.. 😀 😀
သူတို့ဆီမှာ အဘိဓမ္မာ တရားသွားလေံလာပါ လို့ ပြောဟာ.. 😛
Kaung Kin Pyar
June 27, 2017 at 5:10 pm
အဲ့ဒါပြောချင်တာပါ.. ဟီးးးး
အဘိဓမ္မာ အဘိဓမ္မာ :k:
အရင်ကကျော်စွာဦးကြီးမိုက်
June 27, 2017 at 3:56 pm
ကျုပ်ပင်စင်ယူပြီးရင်တော့ခရီးလျှောက်သွားမယ်တွေးထားတယ်..မြန်မာပြည်ထဲတင်မရောက်ဖူးတဲ့နေရာ
တပုံကြီးကျန်နေသေးလို့…နောက်တော့စာဖတ်ပေါ့…တရားအလုပ်လည်းလုပ်ရအုံးမှာပဲ
သူ့အချိန်နဲ့သူပေါ့… :k:
နွေဦး
June 27, 2017 at 4:55 pm
ကျန်းမာတဲ့အချိန် သွားနိုင်သမျှ သွားတာကောင်းပါတယ်..
စာဖတ်တာကို အချိန်များများပေးပြီး ပိုတဲ့အချိန်က တရားရှာရမှာ.. ခုထိ ကိုယ်မှာ တရားကမရှိသေး..
ဇီဇီ
June 30, 2017 at 1:21 pm
အမှန်က အသက် ၆ဝ ဆိုတာ ပင်စင်သက်လို့ ဘာလို့ ထားလည်းမသိ။
သတိကောင်းရင် တွေးခေါ်မှု စဉ်းစားနိုင်ချေ အတွေ့အကြုံတွေ အကြွယ်ဝဆုံး အရွယ် ဘာလို့ နားခိုင်းကြလည်းမသိ။
🙄
နွေဦး
July 1, 2017 at 1:26 pm
တန်ဖိုးမသိလို့ပေါ့ကွယ်..
မလုပ်နိုင်တော့ဘူးဆိုတာတခုထဲနဲ့ အဲလိုစဉ်းစားကြတာကိုး..
ခန္ဓာနဲ့ ရုန်းရတဲ့သူတွေအတွက်တော့ ဒီအရွယ် ထိဘဲ လုပ်နိုင်ပေမဲ့
ခေါင်းသုံးပြီးလုပ်တဲ့ အဘတို့ကတော့ ၇ဝကျော်ထိ အလုပ်လုပ်သွားကြတယ်မဟုတ်လား.
ခုထိ ပင်စင်မယူဘဲ ၇ဝကျော် လူငယ်လေးတွေလဲ လုပ်နေကြတုန်းဘဲလေ..