နွေဦးJuly 5, 20171min56413
ကျုပ် အရွယ် က ရှင်းရှင်းပြောရရင် သေဖို့ နီး ပြီ.. အို နာ သေ ဆိုတာ အမှန် ဖြစ်မယ်ဆိုရင် ကျုပ်က အိုတဲ့ အဆင့်မှာ.. ပြီး ရင် နာ.. သေ.. ဖို့ ဖြစ်နေပြီ.. တချို့က မအိုခင် မနာခင် မသေခင် ဘာတွေလုပ်သင့်တယ် ..ဘာတွေ ရှောင်ရမယ် ..အဲလိုတွေ ပြောကြတာပါဘဲ.. သူတို့ပြောတဲ့ ဟာတွေထဲက ကောင်းတာလေးတွေ စုပြီး လုပ်ကြည့်ရမှာဘဲ.. သူတို့ပြောသလို မအို မနာ မသေ  တော့ဖြစ်မှာ မဟုတ်ဘူး.. အိုမှာ နာမှာ သေမှာ ပါဘဲ.. အဲဒီတော့  အိုရင်း နာရင်း သေမဲ့အချိန်ကို အမြန်မရောက်အောင် လူပြောသူပြော နည်းလေးတွေ ရှာကြည့်တာဘဲ.. ။ တချို့က ရယ်သောသူ အသက်ရှည် ၏ တဲ့ .. အသက်ရှည်အောင် တနေ့လုံး ထိုင် ရီ နေရမယ် […]


နွေဦးJune 26, 20171min58022
” အဘရေ့.. ကျွန်တော်တော့ ဒီကောင်ကြီး  နှစ်ကောင် နသတ်ရုံ ထုတ်လိုက်တော့မယ်ဗျာ..   ” ကိုတိုးကြီး ပြောလိုက်တဲ့ စကားကြောင့် အဘ မောင်တင် တွေဝေသွားတော့တယ် ။ ခုတလော အသက်ကထောက် လာတော့ အလုပ်တွေကို သူ့သားကိုတိုးကြီးကို လွှဲတန်သလောက်လွှဲ နေပြီ..။ ဒီစပါးတရာသီ ကစလို့ သူ့သားကို ဦးစီးပြီး လုပ်ခိုင်းတော့မလို့ ပြောနေကြရာကနေ ကိုတိုးကြီး ပြောလိုက်တာပါ ။ ” ဟေ… ဝန်ပေါ့တော့ ဆွဲခိုင်းလို့ရသေး မဟုတ်လား..  ” ” အဘရာ.. ခိုင်းရမှာနဲ့ ကျွေးထားရမှာ မကိုက်တော့ဘူးဗျ.. အဘ ကောင်ကြီးတွေက  ကျနေပြီ. ခုနေ ပွဲစားလက်ထည့်ရင်တောင် ဈေးရမှာ မဟုတ်တော့ဘူး..” ” တို့နဲ့ အတူရုန်းလာတာ ကြာပြီလေ..  ” ” ဗြာတစ်ရှဉ်းက ဒီမိုး ခိုင်းရပြီလေ.. နနီတစုံကလဲ ဒီနွေဆို […]


နွေဦးJune 24, 20171min22514
ကိုယ်ချင်းစာ တရားမရှိတဲ့သူတွေ.. နည်းနည်းပါးပါး ကိုယ်ချင်းစာ တရားလဲ ထားကြပါအုံး.. မညှာမတာ ကိုယ်ချင်းမစာ ပြောရက်လိုက်ကြတာ.. ကြည့်ပါအုံး အလုပ်ဆိုလဲ  ပြောရက်လိုက်ကြတာ.. တနေ့တနေ့ လုပ်လိုက်ရတဲ့ အလုပ် တဲ့.. ရတာနဲ့ လုပ်ရတာနဲ့ တန်မှတန်သေးရဲ့လားမသိဘူးတဲ့.. တခါတခါ မြို့တမြို့လုံး တနေကုန်သွားနေရတာ နေပူမိုးရွာ မရှောင် ..ဆိုဘဲ.. ကျုပ်ကို  ကိုယ်ချင်းမှမစာဘဲ ပြောနေကြတာ.. ကျုပ်ဆို သူတို့တွေ အဲလို လုပ်နိုင်ဖို့ တတွတ်တွတ် ညွှန်ကြားနေရတာ.. သူတို့တွေ ပိုပိုသာသာ ရဖို့ ပိုက်ဆံတွေပိုပေးနိုင်ဖို့ ကျုပ်က အိုဗာတိုင်ကြေးမယူဘဲ လုပ်ပေးနေတာ.. တခါတခါ မီးပျက် လို့ အဲယားကွန်း က မအေးဘူးဆိုရင် ချွေးတလုံးလုံးနဲ့ အခန်းထဲ ပန်ကာဖွင့်ပြီးနေရတာကို သူတို့တွေက ကိုယ်ချင်းမစာဘဲ ပြောရက်ကြတယ်ဗျာ.. ကြည့်အုံးလေ..အစားအသောက်နဲ့ ပါတ်သက်ရင်လဲ ပြောရက်လိုက်ကြတာ.. ကိုယ်ချင်းစာစိတ်ကိုမရှိကြဘူး.. အိမ်က ထည့်လာတဲ့ ထမင်းဘူးလေး လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ […]


နွေဦးJune 17, 20171min20712
နွေဦး တယောက် သံဝေဂတွေ ရပြီးသကာလ ဖေ့ဘဇွတ် ပေါ်မှာ ဘယ်လို နေရင် စိတ်ချမ်းသာမလဲ လို့ နည်းလမ်းပေါင်းစုံ ဆရာပေါင်းစုံနဲ့ အကြံပေါင်းစုံ ထုတ် လိုက်တဲ့အခါ အောက်ပါ ဖေ့ဘဇွတ်ပေါ် ချမ်းသာစွာ နေနည်းနိသယျဉ်း ကို အောင်မြင်စွာ တွေ့ရှိပါတော့တယ်…။ ၁ ။  ။ မသိပါနဲ့ ။ ၂ ။  ။ မပြောပါနဲ့ ။ ၃ ။  ။ မတွေးပါနဲ့ ။ ၄ ။  ။ မမေးပါနဲ့ ။ ၅ ။  ။ မရေးပါနဲ့ ။ ၆ ။  ။ မနာပါနဲ့ ။ ရ ။  ။ မပါ ပါနဲ့ ။ ၈ ။  ။ […]


နွေဦးJune 9, 20171min29719
“ဟာ…. အပြောင်းလဲကြီးပြောင်းလဲနေပါလားဟ ငနွေရ…” ” ဘပွမ် ကလဲ.. ဒါ ဘာဟုတ်သေးလို့လဲ.. ဒါ့ထက် ဒါတာတွေတောင် ရှိသေး..” ” ဟေ.. ဒါကြီး ဒီလောက် ကောင်းနေတာတောင်..?   ” ” ဒါကြီးကသာ ကောင်းလာတာ ဘပွမ်ရ ဒီပေါ်ကကောင်တွေ အချိုးက မပြင်သေးဘူး..  ” တောကရောက်လာတဲ့ ကျွန်တော့်ဘကြီး ဘပွမ် ကို အဝေးပြေးကားဂိတ်ကနေ ကြိုခဲ့တာပါ ။ အဝေးပြေး လေအိတ်ကားကြီးပေါ်ကနေ ဘတ်စ်ကားပေါ်ပြောင်းပြီး စီးလာကထဲက တအံ့တဩနဲ့ ဘပွမ်ကို နားလည်ပေးထားပါတယ် ။ ရန်ကုန်မရောက်တာ အတော်ကြာနေပြီမို့ ဘုရားဖူးလာဖို့ နဲ့ ပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကြီးကိုလဲ လာကြည့်ပါလို့ခေါ်လိုက်တာပါ..။ ဘပွမ်ကလဲ ခေသူမဟုတ်ပါ.. ရွာမှာ လူကြီးမို့ မျက်စိကြီး နားကြီး ဖြစ်မှ လူအဟန့်ရှိမှာပေါ့ ဆိုပြီး ဟန်းဖုန်း နှစ်လုံး […]


နွေဦးJanuary 3, 20171min2056
ယာဉ်အိုတွေ စက်အဟောင်းတွေလို့ ကိုယ့်ကိုယ်ကို တင်စားပြီး ခရီးဆက်နေကြတဲ့ သူငယ်ချင်းတွေ အရွယ်တော်တဆိတ်ဟိုင်းပြီမို့ နှစ်ဆယ်ကျော် အစိတ် ပိုင်းကို သုံးလွန်းတင်နေကြပြီဘဲ.. ဒီအရွယ်မှာတော့ ခန္ဓာကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နဲ့ အသုံးချနိုင်မှ .. နို့မို့ဆို မောင်းနေရင်းနဲ့ ထိုးရပ်သွားတဲ့ စက်လို အပြင်ရ အနှိုးရခက်လိမ့်မယ် ။ စက်လို့ပြောနေတဲ့ ခန္ဓာ ကိုယ်ကလဲ စက်လိုလဲ ထိန်းသိမ်းရမယ်လေ..။ ရေ.. လေ.. လောင်စာ ဒါတွေ သင့်တင့်မျှတပါမှ ..။ အရင်ခေတ်က ဘတ်စ်ကားကြီးတွေမှာ ရေ လေ ဝိုင် ဆိုပြီးရေးထားတာတွေ မြင်ဖူးတယ်.. အဲဒီဘတ်စ်ကားကြီးတွေက စစ်ကြိုခေတ်က လိုင်းဆွဲတဲ့ ဗိုက်ပူကားလို့ ဒီကနေ့ခေတ်လူတွေသိကြတယ် ။ ဒီကားကြီးတွေ သက်ဆိုးရှည်တာ အဲဒီ ရေလေ ဝိုင် ကြောင့်လို့တောင် ပြောလို့ရတယ် […]


နွေဦးSeptember 28, 20161min1967
ဖြစ်ပေးနေတဲ့ အခြေအနေကို သုံးသပ်ပြီး ကျွန်တော်ရဲ့ ဖော်မြူလာမှာ ထည့်ကြည့်ရင်တော့ မကြာမီမှာ ကမာ္ဘပေါ်က ကိုးကွယ်နေတဲ့ ဘာသာကြီးတခုက ပျောက်သွားတော့မယ်..။ ကွန်မြူနစ်စနစ်နဲ့ အတူ ဆိုဗိယက် ပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီးသွားမှာကိုလဲ ၁ဝနှစ်လောက်ကြို တွက်လို့ရခဲ့တယ်..။ ခုလဲ တွက်ပြပါ့မယ်..။ ၁ ။ ။ ကမာ္ဘ့ခေါင်းဆောင်တွေထဲမှာ အမျိုးသမီး ခေါင်းဆောင်တွေ တဖြည်းဖြည်းနဲ့များလာပြီ.. ဒီအချက်က အမျိုးသမီး ထုရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင် တဲ့ ဘာသာရေးကို တိုက်ရိုက် ဖိအားပေးလိမ့်မယ်..။ ၂ ။ ။ နိုင်ငံတကာက အကြမ်းဖက်မှုတွေကို ကန့်ကွက်ရုံမက ပူပေါင်းတိုက်ခိုက်မှုတွေလုပ်လာပါပြီ..။ ဒီအချက်က အကြမ်းဖက်ဝါဒကို မွေးထုတ်ပေးတဲ့ ဘာသာရေးကို တိုက်ရိုက် ဖျက်ဆီးလိမ့်မယ်..။ ၃ ။ ။ ဘာသာဝင်အချင်းချင်း ဂိုဏ်းဂဏ […]


နွေဦးJanuary 2, 20141min22814
ငယ်ငယ်တုန်းက ကျောင်းတက်ရရင် ပျော်နေတာဘဲ.. အတန်းသစ်တက်ရတော့မယ်ဆို ရင်တွေတောင်တုန်ခဲ့ရတယ်.. ကျောက်တံ အသစ်ရမယ်ဆို ပျော်လိုက်တာ.. ကျောက်တံ အဟောင်းတုုံးတုံး ကြီးကို မလိုချင်တော့ဘူး… ကျောက်သင်ပုန်း အသစ်ရမယ်ဆိုလဲပျော်တာတွေ ဘယ်ထားရမှန်းမသိအောင်ဘဲ.. ကျောက်သင်ပုန်းအဟောင်း ဘောင်ပြုတ်နေတာ မလိုချင်တော့ဘူး.. အတန်းသစ်တက်ရမှာမို့ အင်္ကျီ အသစ်လေးဝတ်ရတယ်… ခတ်ကြွားကြွားလေးပေါ့..   အတန်းနဲနဲ ကြီးလာတော့ ကျောက်တံ ကျောက်သင်ပုန်းအစား ခဲတံ စာအုပ်တွေ အသစ် ကိုင်လာရတယ်… အဲဒီ့နောက် ဖောင်တိန်.. ပြီးတော့ ဘောပင် တခေတ်ပြောင်းတော့….. အသစ်ပြောင်းတိုင်းအသစ်ပြောင်းလို့ စိတ်ချမ်းသာခဲ့ ပျော်ခဲ့ရတယ်.. လူတိုင်း အသစ်တွေနဲ့ ပျော်ခဲ့စိတ်ချမ်းသာခဲ့ကြဘူးတယ်မလား…   ဒီတော့ အသစ်ဆိုရင် ကောင်းမှာဘဲလို့ .. မျှော်လင့်ပြီး အတင်းတောင်းကြတာ..     ခုတော့.. အသစ်တွေနဲ့ မပျော်နိုင်ကြတော့ဘူးမလား.. အသစ်တွေကြောင့် […]