Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဥယျာဉ်မှူး တော့ ဥယျာဉ်မှူးပါပဲ

ေမာင္ရိုးOctober 26, 20171min375612

#ဥယျာဉ်မှူး

 

 

အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ပုံပြင်မျှသာဖြစ်ပါသည် ။
ပုံပြင်ကို စကားပြောအဖြစ်ရေးရပါလျှင် အဖိုးကြီးတစ်ယောက်အသွင်ပြောဆိုရမည်ဖြစ်သဖြင့် မိမိ၏ အသက်အရွယ်အား မေ့လျော့နေစေခြင်းအလို့ငှါ ဝတ္ထုဇတ်လမ်းသဖွယ် ရေးသားလိုက်ရပါတော့သည် ။
အကယ်၍ . . .
ဖေါ်ပြပါ အကြောင်းအရာတို့သည် တစ်စုံတစ်ဦး တစ်စုံတစ်ရာနှင့် အခြေအနေတစ်ချို့တိုက်ဆိုင်ခဲ့မည်ဆိုပါက ကြံကြံဖန်ဖန်တိုက်ဆိုင်မှုမျှသာ သဘောထားစေလိုပါကြောင်းးးးး . . .
မိမိစိတ်သဘောဖြင့် ဖတ်ရှုရင်းခံစားဒေါသထွက်မည်ဆိုပါကလည်း လွတ်လပ်စွာ ဒေါသကြီးနိုင်ပါကြောင်းးးး . . .
ဖတ်ရှုပြီးသော ပုံဝတ္ထုအား ဒေါသအလျောက်ဆဲမည်ဆိုပါကလည်း လွတ်လပ်စွာဆဲဆိုနိုင်ပါကြောင်းးး . .
.
.
အောက်ဖေါ်ပြပါ ပုံဝတ္ထုအား ကျနော်မောင်ရိုးသည် ခရစ်သက္ကရဇ် 2007 ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအပြီးတွင် သီတဂူဆရာတော်ဘုရားကြီးဟောကြားတော်မူသော ” ဧကရဇ်မင်း၏ နောက်ဆုးံဆန္ဒ ” ဟူသော တရားခွေ ၌ ကြားနာခဲ့ဖူးသော ဥပမာပြ ပုံဝတ္ထုအား
ပြန်လည်ရေးသားမျှဝေခြင်းသာဖြစ်ပေတော့သည် ။

ဤသို့လျှင် . . .
.
.
.
.
~~~~~~~~~~~~~~~~~~~~~~~

ဆောင်းဥတု အခါသမယ၏နှင်းငွေ့ဆမ်းသော မြောက်ပြန်လေသည် “မဟာသီရိခေတ္တရဝါသ” ဥယျာဉ်တော်ကြီးအား တို့ထိ ကြည်စယ်လျှက်ရှိလေတော့သည် ။
ဥယျာဉ်တော်အတွင်းပွင့်လန်းလျှက်ရှိသော ပန်းပေါင်းစုံရနံ့တို့မှာလည်း လေယူရာတိမ်း၍ ဥယျာဉ်အနှံ့ သင်းပျံ့ပျံ့မွှေးနေလေပြီ ။
သီးပင်စားပင်တို့မှ ရာသီအလိုက်သီးနှံများလည်း ဆွတ်ချွေသူလာမည့်လမ်းကို မျှော်မှန်းနေသယောင် . . . .။
အေးမြသောအရိပ်အာဝါသပေးစွမ်းသည့် နှစ်ရှည်အပင်ကြီးများကလည်း အနားယူုမှေးစက်မည့် ဧည့်သည်တော်အားမျှော်တလင့်လင့် . . . . ။
သံစုံနှော၍ တေးသီကျူးကြသော ကျေးငှက်ပေါင်းစုံသည်လည်း ဥယျာဉ်တော်အတွင်း ဟိုမှဒီမှ ပျံသန်းကြလျှက် ကြင်ဖေါ်ရှာနေသယောင် . . . .။
ဥယျာဉ်တော်အတွင်း နေ့နေ့ညည အရိပ်တကြည့်ကြည့်ဖြင့် ပြုစုပျိုးထောင်သူဥယျာဉ်မှူးကြီးမှာလည်း သူ့ဥယျာဉ်ကြီးအား ကျေနပ်အားရလျှက် . . . .

ဤသို့သော အခြေအနေဖြင့် တင့်တောင့်တင့်တယ် သာယာလှသောဥယျာဉ်ကြီးထံသို့ တနေ့သောအခါသမယ၌ နေပြည်တော် ထီးဘုရားဆီမှ အမိန့်တော်တစ်ရပ်ရောက်လာခဲ့လေတော့သည် ။
အမိန့်တော်ပြန်တမ်းအရ လက်ရှိဥယျာဉ်မှူးသည် ဥယျာဉ်တော်အား ရေလောင်းပေါင်းသင်မည့်သူကိုယ်စားလှယ်ထားပြီးလျှင် နေပြည်တော်သို့ အမြန်လာရောက်ရန်ဖြစ်လေ၏ ။
ဥယျာဉ်မှူးကြီးမှာ ကိုယ်စားထားခဲ့ရန် မည်သူတစ်ဦးတစ်ယောက်မှမရှိသဖြင့် အတော်လေး အခက်တွေ့လျှက်ရှိသည် ။
ဤတွင် ရွာသူ ရပ်သားများ၏အကြံပြုထောက်ခံမှုဖြင့် ဥယျာဉ်တော်အတွင်း နေထိုင်ပျော်မြူးလျှက်ရှိသော မျောက်အုပ်စုတစ်စုအား သူပြန်မရောက်မှီအတွင်း ရေမှန်မှန်လောင်းပေးထားရန် အပ်နှံလျှက် ထားခဲ့ရလေတော့သည်. . . . ။

ထိုနေ့မှစတင်၍ ဥယျာဉ်တော်အတွင်းတွင် မျောက်ဥယျာဉ်မှူးတို့ အလုပ်များလျှက်ရှိသည် ။
ရေလောင်းရန် ပြောခဲ့သော်လည်း မည်သို့အပင်ကိုဘယ်လိုလောင်းရမည်မသိဖြစ်နေသဖြင့်အငြင်းပွါးနေလေတော့၏ ။
ဤသို့လျှင် . . .
မျောက်ဆန္ဒခံယူပွဲ လို့ပဲဆိုဆို မျောက် သဘင်အစည်းဝေးကြီး ကျင်းပရင်း အဆိုတင်သွင်း ကန့်ကွက် ထောက်ခံရလေတော့သည် ။
အဆိုတင်ဆွေးနွေးရသည့် ခေါင်းစဉ်သည်ကားးးးး
” ဘယ်အပင် ရေဘယ်လောက်လောင်းသင့်သလဲ ” ဟု . . . . .

ဦးစွာပထမ မျောက်သဘင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားရသည် ။
“” မင်္ဂလာပါ မျောက်ဥယျာဉ်မှူးအပေါင်းတို့ . . . ကျွန်ုတို့ ယနေ့အစည်းအဝေးကျင်းပပြီး ဆွေးနွေးရတဲ့အကြောင်းကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း သစ်ပင်ရေလောင်းခြင်းကိစ္စပါဘဲ ။
ဒီနေရာမှာအထူးပြောလိုတာကတော့ ကျုပ်တို့ မျောက်ဆိုတာဟာ လူသားအစပထမဘဝဖြစ်ခဲ့သူမို့ လူသားတွေစီမံတာထက်ပိုပြီး ကောင်းမွန်အောင်ဆောင်ရွက်နိုင်တယ်ဆိုတာမမေ့ဖို့ပါဘဲ ။
ဒါကြောင့် ကျုပ်တို့ကိုယုံမှတ်ပြီးပုံအပ်ခဲ့တဲ့ဥယျာဉ်ကြီးကို လူသားတွေထက်သာအောင်ပြုစုပျိုးထောင်ပေးဖို့လိုပါတယ် ။
စေတနာဇောဟာ အဓိကဖြစ်သမို့ စေတနာကောင်းရင် ဘာလုပ်လုပ်အောင်မြင်မှာမလွဲပါဘူး ။
ဒါကြောင့် ယနေ့အဆိုတင်သွင်းဆွေးနွေးမယ့်အကြောင်းအရာကို လွတ်လပ်စွာ ဆွးနွေးွပေးကြပါ ။
အားလုံးကိုကျေးဇူးတင်ပါတယ် “”

“ရွှီးးးးးး ဖြောင်းးးးး ဖြောင်းးးးးး ဖြောင်းးးးးးး ”
မျောက်သဘင်အစည်းအဝေးမှ ကိုယ်စားလျှယ်များမှ လက်ခုတ်တီးအားပေးလေတော့သည် ။

” ပထမဆုံး အဆိုတင်သွင်းဆွေးနွေးမယ့်သူကတော့ တောင်ဖက်ဥယျာဉ်တော်ဒေသကို တာဝန်ယူကွပ်ကဲရတဲ့ မျောက်ဥယျာဉ်မှူး မျောက်ဖင်နီမ ဘဲဖြစ်ပါတယ် . . . “”

” ဖြောင်းးးး ဖြောင်းးးးးဖြောင်းးးးးဖြောင်းးးးးး ”

” ကြွရောက်လာကြသော သဘာပတိကြီးနှင့်တကွ ဥယျာဉ်တော်မျက်နှာစာအသီးသီးမှ ကိုယ်စားလှယ်များရှင့် . .
ကျမ ဖင်နီမအနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရင်း ယခုလို တင်ပြခွင့်ရတာကိုအထူးကျေးဇူးတင်ကြောင်းပြောပါရစေ . . . ကျမအမြင်အရပြောရမယ်ဆိုရင် သစ်ပင်တွေကိုရေလောင်းရာမှာ သေခြာတိကျပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဦးစားပေးလုပ်ဆောင်ရမယ်လို့မြင်ပါတယ် . . . “”

” ဖြောင်းးး ဖြောင်းးးး ဖြောင်းးးး ”
လက်ခုတ်သံများ တခဲနက် ထွက်ပေါ်လာလေသည် ။
မျောက်ဖင်နီမလည်း ခေါင်းကိုမော့ရင်ကိုကော့ပြီးလျှင် . . .

“” ဒါကြောင့် သစ်ပင်တိုင်းကို ရေပမာဏတူတူလောင်းလို့မဖြစ်နိုင်ပါဘူး ရေသောက်မြစ်ပမာဏအလိုက် အမြစ်တွေကို နေ့စဉ်လေ့လာကြည့်ရှုပြီး သင့်တော်သလောက် တွက်ချက် ရေလောင်းပေးဖို့ အဆိုတင်သွင်းပါတယ်ရှင့် . . . ”

မျောက်ကိုယ်စားလှယ်များမှာ ရုပ်တရက်တိတ်ဆိတ်သွားပြီးလျှင် အခြင်းခြင်း တီးတိုး တီးတိုးအသံများ ထွက်ပေါ်လာလေ၏ ။
ထိုစဉ် . . . ဥယျာဉ်တော် အရှေ့ဖက်ဒေသ ကိုယ်စားလှယ်တော်ကြီး မျောက်လွှဲကျော်မှ ဆတ်ကနဲ မတ်တပ်ရပ်လျှက် . . .

“သဘာပတိကြီးခင်ဗျားးးး ဖင်နီမ အဆိုတင်သွင်းသွားသလို ရေသောက်မြစ်ပမာဏအလိုက်ရေလောင်းမယ်ဆိုပါက အသေးစိတ်မည်သို့မည်ပုံ လုပ်ဆောင်ရမလဲဆိုတဲ့ အစီအမံလေးသိချင်ပါတယ်ခင်ဗျာ “”

ဖင်နီမ မှာမျောက်ငါးခူပြုံးလေး ပြုံးပြီးလျှင် . .

” ဒီလိုရှိပါတယ်ကိုယ်စားလှယ်တော်ကြီးများရှင့် . . ကျမတို့ဟာ လုပ်ရိုးလုပ်စဉ် ရှေးကျတဲ့အတွေးအခေါ်တွေကနေဖေါက်ထွက်ပြီး အတွေးသစ်အမြင်သစ်နဲ့ဆောက်ရွက်ရမှာဖြစ်ပါတယ် ။ ဒါကြောင့် ရေသောက်မြစ်ဘယ်လောက်ရှိလည်း သိချင်ရင် အပင်ကိုနှုတ်ပြီး အမြစ်ကိုတူးထုတ်ရပါမယ်ရှန့် . . .””

” ဟာာာာ !!!! ဟင်င်င် ¡¡¡¡ ¿¿ တောက်စ်စ်စ် !!!¡¡¡¡ ကျွတ်စ် !!!???? ”

ဟူသောတခဲနက်အသံများထွက်ပေါ်လာလျှက် . . . မျောက်ပရိပ်သပ်ကြီးထံမှ ဆူညံသောအသံများထွက်လာလေတော့သည် ။

” တစ်ခုလောက်မေးခွင့်ပြုပါ ဖင်နီမခင်ဗျာ . . ကျနော်ကတော့ ဥယျာဉ်တော်အနောက်ဖက်ဒေသကိုယ်စားလှယ် မျောက်ပုတီး ဖြစ်ပါတယ် အခုဖင်နီမပြောသလိုအမြစ်နှုတ်ပြီးရေလောင်းတာမျိုး လူသားဥယျာဉ်မှူးတွေ လုပ်ဆောင်တာမတွေ့ဖူးပါဘူူး . . ဒါကြောင့် ကျနော်တို့မျောက်များဥယျာဉ်မှူးဖြစ်မှ လုပ်မယ်ဆိုတာသင့်လျှော်ပါ့မလားခင်ဗျာ . . .”

” ဒီလိုရှိပါတယ် မျောက်ပုတီးရှန့် . . လူသားတွေဟာ လူလိုပဲလုပ်တတ်ပါတယ် ကျမတို့ဟာမျောက်တွေဖြစ်လို့ မျောက်နည်းမျောက်ဟန်နဲ့ မျောက်စံနစ်ကိုဖေါ်ဆောင်ရမှာပါ . . . ဒါကြောင့် ရှေးကျတဲ့ အယူအဆတွေကို တော်လှန်ပြီး မျောက်စံနစ် ကိုပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ် . . . စံနစ်သစ်ကိုရဲရဲဝံ့ဝံ့ မပြောင်းလဲရဲရင်တော့ ကျမတို့ဥယျာဉ်ကြီးတိုးတက်ဖို့မဖြစ်နိုင်ပါဘူးရှန့် . . ”

” ဟာာာာ !! ဟုတ်တယ် ”
” ပြောင်းရမှာပေါ့ ‘”
“အမြန်ဆုံးပြောင်းပါဗျို့ ”
“” ဖင်နီမကို ထောက်ခံပါတယ်ဗျိုးးး ရွှီးးးး ဖြောင်း ဖြောင်းးးဖြောင်းးး . . ”

ကန့်ကွက်သံမကြားရ ။တခဲနက်ထောက်ခံကြသော မျောက်ကိုယ်စားလှယ်မျာူ၏ညီညွတ်မှုဖြင့် အောက်ပါအချက်များကိုသဘောတူဆုံးဖြတ်ခဲ့လေတော့သည် . . ။

၁။ မည်သည့်အပင်ဖြစ်စေ ရေမလောင်းမှီ အမြစ်အားနှုတ်ယူစစ်ဆေးကြည့်ရှုရန် ။
၂။ နေ့စဉ် အမြစ်၏တိုးတက်မှုမှတ်တမ်းပြုစုနိုင်ရန်အတွက် ရေသောက်မြစ်အား နှုတ်ကြည့်စစ်ဆေးရန် ။
၃။ အမြစ်၏အရှည်အတို အနည်းအများပမာဏအလိုက်ရေလောင်းရန် ။

.
.
.
.
.
.
.
~~~~~~~~~~~~~~~~~~~~~~~

ဤသို့လျှင် . . . .
မျောက်များကို ဥယျာဉ်မှူးခန့်အပ်ထားမိသည့် ” မဟာသီရိခေတ္တရဝါသ ” ဥယျာဉ်တော်ကြီးသည်ကားးးး ညဏ်မရှိ ကံရှိတိုင်းမွဲဆိုသလိုပင် အရိုးအပြိုင်းပြိုင်းထလျှက် ပျက်သုန်းခဲ့ရလေတော့သတည်းးးးးးးး . . . . ။

သာဓု × 100000   :mrgreenn:

 

 

 

 

12 comments

  • ကျော်လွင်ဖြိုး

    October 26, 2017 at 1:26 pm

    မျောက်တေ များ နေတော့
    ဘယ် မျောက် ကို ပြောရမယ် မှန်းတောင် မသိတော့ဘူးရယ်။ 😛 😛 😛

    • မောင်ရိုး

      October 26, 2017 at 2:16 pm

      ဘာဘာ ဘာမှမပြောဘူးနော်

  • ဦးကျောက်ခဲ

    October 26, 2017 at 4:22 pm

    အိမ်း … ကိုယ်တွေဘွလည်း မျောက်လက်ထဲရောက်တဲ့ အပင်တွေလိုပဲ …
    ဘယ်အချက် စေတနာကောင်းနဲ့ အမြစ်နှုတ်ပြီး ရေလောင်းခံရမလဲ …
    စိုးရိမ်မိတယ် … စိုးထိတ်မိတော့တယ် … အဲ့ငှယ် :k:

    • ကထူးဆန်း

      November 4, 2017 at 9:40 am

      စိုးရိမ်မိတယ် … စိုးထိတ်မိတော့တယ် … အဲ့ငှယ် :k:

      တော် ပါ သေး ရဲ့ … အဲ့ ငှယ် …. ယသတ် ဖြစ်လို့ … ကသတ် ဆိုရင်တော့ ….

      ကိုယ့် အတွေ း နဲ့ ကိုယ် ပါ … :k: :k:

  • Shar Thet Man

    October 26, 2017 at 4:22 pm

    မျောက်ပုံပြင်ပေါ့နော်

    • မောင်ရိုး

      October 26, 2017 at 5:01 pm

      ပုံပြင်လို့သာ မှတ်ပါလေ 🙂

  • kai

    October 26, 2017 at 4:26 pm

    မျောက်ဖင်နီမတကောင်ထဲ အဆိုတင်တာလေး(လေး)နဲ့ ပွဲပြတ်…အားလုံးထောက်ခံ.. အတည်ပြုဆိုတာတော့.. သိပ်မဟုတ်သေးဘူး.။
    ဖင်ပြ၊ ဖင်ပြာ၊ဖင်ညို ၃ကောင်လောက်ထပ်ထည့်ပြီး… ပတ်လည်ဆွဲခိုင်းလိုက်ပါ့လား..။ :k:

    • မောင်ရိုး

      October 26, 2017 at 5:04 pm

      ရေးကျင့်မရှိတော့ လက်ညောင်းတယ်သဂျီး 🙂
      ပြီးတော့ အခုချိန်က အပြောအဆိုဆင်ချင်နိုင်မှ သက်သာရရမယ်လေ :mrgreen:

  • CharTooLan

    October 26, 2017 at 6:49 pm

    ​ကျော်​တို့က​ထောက်​ခံ​ရေးတလိုင်​း ​ထောက်​ခံတယ်​​နော်​ လာမစဲနက်​ 😛

  • Thint Aye Yeik

    October 26, 2017 at 7:43 pm

    မျောက်တို့၏ မာယာလို့ ခေါ်ရမလား
    ကြာတော့သည်လည်း မျောက်အလကားလို့ ခေါ်ရမလား
    မျောက်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ အကောင်လေးတွေ လို့ ခေါ်ရမလား
    မျောက်နဲ့ချည်တဲ့ကြိုး လို့ ခေါ်ရမလား
    ဘယ်လို ခေါ်ရမှန်းကို မသိတော့ပါဘူးဗျာ
    :k:

  • နွေဦး

    October 27, 2017 at 1:12 pm

    တော်သေးတာပေါ့.. ဥယျာဉ်ထဲ ရေလောင်းခိုင်းလို့သာပ..
    ရပ်ကွက်ထဲ အခွန်ကောက်ခိုင်းလို့ကတော့… ဟင်း…. တွေးဝံ့ပေါင်ဗျာ..

  • manawphyulay

    November 2, 2017 at 2:46 pm

    ကောင်းရောပဲ မျောက်ဖင်နီမတစ်ကောင်ထဲ စီစဉ်ပွဲပြတ်သွားတာအဲ ပွဲပြီးသွားတာကိုပြောတာပါ။

Leave a Reply