Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မတုံ ့ပြန်လို။

aye.kkNovember 3, 20171min74012

ဒီမနက်

တန်ဆောင်မုန်းလပြည့်နေ ့ပါ။

မနက်အိပ်ရာထကတည်းကရေနွေးအိုးတည်၊ထမင်းအိုးတည်ပြီး

ဆွမ်းတော်ကပ်ရန်အတွက်ပြင်ဆင်၊သားတွေအတွက်မနက်စာပဲပြုတ်နဲ ့ထမင်းကျော်ပြီး

အမေဥပုသ်သွားရန်အတွက်၊ အချိန်မီပြင်ဆင်ပေးရသည်။

အမေကဥပုသ်ကျောင်းသွားကာ၊ ကုသိုလ်ယူသည်။

မနေ ့ထဲကအိမ်ရှေ ့တည့်တည့်၊လမ်းပေါ်မှာအမှိုက်တွေတွေ ့နေရလို ့မနေနိုင်တာနဲ ့ပဲ

ကိုယ်တိုင်တံမျက်စည်းယူပြီး လှည်းကျင်းသန် ့ရှင်းမိပါတယ်။

ဒီမနက်

ခပ်စောစောမှာ

အိမ်ရှေ ့တည့်တည့် လမ်းမပေါ်မှာ၊ခွေးစာပစ်ကျွေးထားတာညီမလေးကမြင်တော့၊လုပ်တဲ့သူတွေအပေါ်အပြစ်မြင်

ပြောဆိုနေတာ ကြားရပါတယ်။  ကြားရတဲ့စကားတွေက အကျိုးမရှိတဲ့စကားတွေဖြစ်နေလို ့မို ့ မနေနိုင်တာနဲ ့ဘဲ

ညီမလေးကိုပြောပြမိပါတော့တယ်။

ကိုယ်နေနေရတာက၊အိမ်ခန်းငှားနေရတာမို ့၊လူအမျိုးမျိုးစရိုက်မျိုးစုံတွေ ့ရမှာ။ သည်းမခံနိုင်ရင်တော့

အကျိုးမရှိတဲ့အပြင်၊ရန်ပိုလာမှာပဲကြိမ်းသေတယ်လို ့ပေါ့။ လုပ်တဲ့သူကတော့ အကြောင်း,အကျိုးမသိလို ့ပြုလုပ်မိတာပါ။

အခုနေနေတာအိမ်ခန်းငှားနေထိုင်တာဆိုတော့၊ကိုယ့်အိမ်ရှေ့တည့်တည့်မှာမှ ခွေးစာလာချကျွေးထားတော့လည်း ညီမလေးက

မခံနိုင်တာနဲ ့ပြောဆိုနေတာပါ ။ နောက်ပီးကိုယ့်အိမ်က ဆိုင်ကယ်အဆင်းတည့်တည့်ကြီးမှာဖြစ်နေတာ ဆိုတော့လဲ။

တမင်များလာလုပ်ထားသလို ညီမလေးက သူ ့စိတ်အထင်မှာ ဖြစ်နေပါတယ်။

ကိုယ့်အိမ်ရှေ့တည့်တည့်ဆိုပေမယ့်၊လမ်းပေါ်မှာဖြစ်နေတော့၊ကိုယ်လည်းမပိုင်။ပြောရင်ရန်ဖြစ်ရမယ်။

ကောင်းဘို ့မရှိတဲ့အပြင်၊ဒီအိမ်ကလူတွေက ဘယ်သူနဲ ့မှ မတည့်ဘူးလို ့လူအများရဲ ့ အမြင်မှာ

အထင်မြင်သေးခံရမှာ အသေအချာပါ။

အခုကိစ္စလေးကို သည်းခံလိုက်ရင် အကောင်းဆုံးပါပဲလို ့ညီမလေးကိုပြောပြမိပါတယ်။

ကျွန်မလည်း ကိုယ့်အိမ်ရှေ ့တည့်တည့်ဖြစ်နေလို ့

အမြင်မတော်တာနဲ ့ဘဲ ၊ တံမျက်စည်းယူပီး လှည်းကျင်း သန် ့ရှင်းပစ်လိုက်ရပါတယ်။

အခုကိစ္စနဲ ့ပတ်သက်ပြီး၊ ဟိုးအရင်က အတိတ်အကြောင်းဆီပြန်သတိရမိလို ့

ညီမလေးကို ပြောပြပါတယ်။ အခုကတော့ ကိုယ်နေနေရတာက၊ အခန်းငှား(တိုက်တန်းလျားမှာပါ)။

ကိုယ့်အိမ်ခြံဝန်းမဟုတ်တဲ့အပြင် လမ်းပေါ်မှာမှ ခွေးစာကို ချကျွေးထားတာဆိုတော့ မပြောသာပါ။

လမ်းသွားလမ်းလာသူတွေလည်း ခွေးစာကို တက်နင်းမိကြမှာပါဘဲ ။

လုပ်တဲ့သူက ဆင်ခြင်တုံတရားမရှိဘဲ ပြုလုပ်လိုက်တာပါ။

ကိုယ့်အိမ်ခြံဝန်းနဲ ့နေစဉ်အခါကာလတုန်းကလည်း ၊ အိမ်နီးချင်းကပ်ရက်အိမ်က တမင်တကာ

ထမင်းလုံးတွေနဲ ့အပက်ခံရတဲ့ကိစ္စဖြစ်ခဲ့ဘူးပါတယ် ။ ကျွန်မတို ့သည်းမခံနိုင်ရာကစလို ့ ရန်မီးပွားလာရင်း

အကျိုးတရားပျက်စီးဆုံးရှုံးမှုတွေ ကြီးမားခဲ့ပါတယ်။ ။ မိသားစုတွေ သောကအကြီးကျယ်ကြုံတွေ ့ရပြီး၊ရင်နာစရာ

တွေနဲ ့သာအဆုံးသတ်ခဲ့ကြရတဲ့အထိ ဖြစ်ပွားခဲ့ကြရတာမို ့။ ပြန်ပြီးဆင်ခြင်နိုင်အောင်လို ့ ညီမလေးကိုပြောပြမိပါတယ်။

ရန်ကိုရန်ခြင်းမတုံ ့ပြန်တာဟာ အကောင်းဆုံးပါပဲလို ့ ညီမလေးကို ပြောပြဆုံးမမိပါတယ်။

သည်းမခံနိုင်ခြင်းအကြောင်းတရားကြောင့် ၊ ပျက်စီးခြင်းတွေကြုံတွေ ့ခဲ့ကြရလို ့၊

ရန်လိုရင်,ရန်ပိုတယ်။

ရန်မလိုတော့ရန်ပြိုတယ်။

သည်းခံခြင်းဟာ အောင်မြင်စေတယ်လို ့၊  အဖေက ကျွန်မကို

မကြာ,ခဏပြောဆို ဆုံးမသွန်သင်ပါတယ်။

အဖေရဲ ့ဆုံးမစကားက ၊ကျွန်မနားထဲကမထွက်ပါဘူး။

ညီမလေးလည်း

ကျွန်မစကားကို လက်ခံနားလည်သွားပြီး၊ကုသိုလ်ရအောင်

ဘုရားရှိခိုးမေတ္တာပို ့သဖို ့အတွက်၊အိမ်ပေါ်ထပ်မှာရှိတဲ့၊ဘုရားကျောင်းဆောင်ဆီသို ့

သွားလိုက်ပါတယ်။။

 

 

 

 

12 comments

  • လုံမလေးမွန်မွန်

    November 3, 2017 at 10:50 pm

    ကိုယ့်အပေါ်တစ်ခုခုမကောင်းရင် အခွင့်သင့်ရင် ပြန်လုပ်ပစ်မယ်လို့ တေးတေးထားမိတာ.. မကောင်းဘူး အန်တီရယ် 🙁

  • aye.kk

    November 5, 2017 at 5:13 pm

    စိတ်ကိုနိုင်ဘို ့အတွက်
    အလေ့အကျင့်လိုပါတယ်။

  • Shar Thet Man

    November 8, 2017 at 3:27 pm

    တစ်ခါတစ်လေ သည်းခံလွန်းအားကြီးရင်လည်း ကိုယ့်ခေါင်းကိုနင်းသွားတတ်တာမျိုးကရှိသေးပြန်ရော

  • aye.kk

    November 10, 2017 at 1:12 pm

    ကိုယ့်ခေါင်းကိုနင်းမခံရအောင်
    အဲ့လိုလူကိုဝေးဝေးရှောင်တာအကောင်းဆုံးပါ။
    ကိုယ့်စေတနာမှသူနားမလည်ရင်
    ဥပေက္ခာပြုလိုက်တာကပိုကောင်းပါတယ်။

  • Thint Aye Yeik

    November 10, 2017 at 3:30 pm

    ကျနော်ဖြင့်
    သည်းခံခြင်းက ငြိမ်းချမ်းစေတယ် ဆိုတာ သိပေမယ့်….
    လူငယ်မို့ အရာရာကို သည်းခံမနေနိုင်တာ ဆိုးတယ် အန်တီရေ။
    အခုနောက်ပိုင်း ကိုယ့်ကို လာထိခိုက်ရင် ထိုက်တန်တဲ့ လက်တုန့်ပြန်မှုလေးတော့ ပြန်ပေးချင်နေတာရယ်
    ကိုယ့်ကို အဆိပ် မရှိဘူးလို့ထင်ပြီး သွေးတိုး လာစမ်းတာတွေကို လက်မခံနိုင်တော့တာ ထင်ပါရဲ့။
    ကိုယ့်ကို တမင်ရည်ရွယ်ပြီး ထိခိုက်အောင် မလုပ်သရွေ့တော့ ကိုယ်လည်း ဘယ်သူ့မှ မထိခိုက်အောင် နေတတ်ပါပြီ။

    စိတ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ နေတတ်ဖို့တော့ အတော် ကြိုးစားယူရအုန်းမယ်
    😆

  • aye.kk

    November 10, 2017 at 5:09 pm

    ကြိုးစားပါတူမောင်။
    အားပေးပါတယ်။
    အရင်ကအန်တီက
    နပမ်းသမားပါဘဲ။
    ရန်ဖြစ်ရင်လက်ပါ,ပါသွားတတ်လို ့။
    အဆောင်မှာနေတုန်းက၊အန်တီအသက်က၁၉နှစ်ပါ။
    အန်တီကိုမဟုတ်တာလာအပြောခံရတော့၊လက်ပါ,ပါသွားတာ။
    အဆောင်မှူးကအထင်လွဲမှားပီးဖြစ်ရတဲ့ကိစ္စမှန်း
    အသေအချာသိတော့၊ဖြန်ဖြေပေးခဲ့ရတယ်။
    ဘာမှမဟုတ်တဲ့ပြဿနာသေးသေးလေးကအစ
    ပြဿနာအကြီးကြီးဖြစ်တာထိကြုံရဘူးတယ်။
    ရန်လိုတာမကောင်းဘူးဆိုတာ၊စိတ်မှာအတိအကျလက်ခံနိုင်တဲ့အချိန်ကစလို ့
    တဖက်သားကရန်လိုလို ့ရန်စလည်း၊ကိုယ့်စိတ်ကလက်မခံတော့တာ။
    အေးချမ်းမှုကဘဝအတွက်အကောင်းဆုံးနေနည်းဆိုတာသိရှိသွားပြီ။။

  • aye.kk

    November 17, 2017 at 10:41 am

    ဦးကြီးမိုက်
    အရာရာတိုင်းကိုတော့ဖြင့်သည်းမခံနိုင်သေးဘူးဆိုရင်မှန်ပါတယ်။
    သောတာပန်အဆင့်တောင်ဒေါသ(အနုစား)မပယ်သတ်နိုင်သေးလို ့ပါ။
    အခုကိစ္စကဘာမှမဟုတ်စလောက်အသေးအဖွဲကိစ္စလေးဖြစ်နေလို့ပါ။
    ပြဿနာသေးသေးလေးဆိုပေမဲ့သည်းမခံနိုင်ရင်တော့အမှိုက်ကအစပြဿာဒ်အထိမီးလောင်နိုင်ပါတယ်။
    ဘာမှမဟုတ်တဲ့ကိစ္စလေးမှာဖြတ်ချလိုက်နိုင်ရင်ကိုယ့်အတွက်ရောသူ ့အတွက်ပါ အကျိုးရှိပါတယ်။
    ဘာလို ့ကျိုးရှိလည်းဆိုရင် သူ ့အနေနဲ့ရန်စကြည့်တာကို ကိုယ်က ဥပေက္ခာပြုလိုက်နိုင်တော့၊
    တဖက်သားအနေနဲ ့ငါကရန်စပေမယ့်သူကအဖက်တောင်မလုပ်ပါလားဆိုတာ
    သူ ့အသိစိတ်မှာလက်ခံခဲ့ရင်၊ နောက်ထပ်သူ ပြုလုပ်ချင်တာတောင် သူ ့အနေနဲ ့အဟန် ့အတားတော့ဖြစ်သွားမှာပါ။
    အမှန်ပါဘဲ။။ရန်စတာကိုမကြိုက်မှန်းဒေါသဖြစ်ပြနေရင်ကိုယ်ကအရင်ဦးဆုံးပူလောင်ရပြီ။သူကတော့
    ကြိတ်ပီးအားရလို ့နောက်ထပ်ထပ်လုပ်ရဖို ့အတွက်လည်းသူ ့မှာဝန်လေးမှာမဟုတ်ပါဘူး။
    တဖက်သားကိုဆင်းရဲလိုစိတ်ရှိနေတော့၊သူလည်းဆင်းရဲကိုယ်လည်းဆင်းရဲရလို ့အကျိုးမရှိပါဘူး။
    ကိုယ်ကမေတ္တာစိတ်နဲ ့ခွင့်လွှတ်ပြီးအေးချမ်းမှုပဲလိုလားလို ့သူ ့အပေါ်ခွင့်လွှတ်လိုက်ပါတယ်။
    သူလည်းနောက်ထပ်ရန်လာမစတော့ပါဘူး။အေးချမ်းမှုရသွားတာကတော့ကိုယ်ကိုယ်တိုင်ပါပဲ။

  • kai

    November 18, 2017 at 3:48 pm

    တုံ့မယူလို.. ဆိုတဲ့စာသားလေးက လှတယ်..။
    ဘာရယ်မဟုတ်.. အရီးအေးစာဖတ်ပြီး.. အနန္တသူရိယ အမတ်ကြီး မျက်ဖြေလင်္ကာကို သတိရမိလို့..။
    =
    မျက်ဖြေလင်္ကာ

    သူတည်းတစ်ယောက်
    ကောင်းဖို့ရောက်မူ၊
    သူတစ်ယောက်မှာ၊
    ပျက်လင့်ကာသာ၊
    ဓမ္မတာတည်း။

    ရွှေအိမ်နန်းနှင့်၊
    ကြငှန်းလည်းခံ၊
    မတ်ပေါင်းရံလျက်၊
    ပျော်စံရိပ်ငြိမ်၊
    စည်းစိမ်မကွာ၊
    မင်းချမ်းသာကား၊
    သမုဒ္ဒရာ၊
    ရေမျက်နှာထက်၊
    ခဏတက်သည့်၊
    ရေပွက်ပမာ၊
    တစ်သက်လျာတည်း။

    ကြင်နာသနား၊
    ငါ့အားမသတ်၊
    ယခုလွှတ်လည်း၊
    မလွတ်ကြမ္မာ၊
    လူတကာတို့၊
    ခန္ဓာခိုင်ကျည်၊
    အတည် မမြဲ၊
    ဖေါက်လွှဲတတ်သည်၊
    မချွတ်စသာ၊
    သတ္တဝါတည်း။

    ရှိခိုး ကော်ရော်၊
    ပူဇော်အကျွန်၊
    ပန်းခဲ့တုံ၏၊
    ခိုက်ကြုံ ဝိပါက်၊
    သံသာစက်၌၊
    ကြိုက်လတ်တုံမူ၊
    တုံ့မယူလို၊
    ကြည်ညိုစိတ်သန်၊
    သခင်မွန်ကို၊
    ချန်ဘိစင်စစ်၊
    အပြစ်မဲ့ရေး၊
    ခွင့်လျှင်ပေး၏၊
    သွေးသည် အနိစ္စာ၊
    ငါ့ခန္ဓာတည်း။

  • ပြောရ ရင်တော့
    ငယ်ငယ်လေး က စပြီး
    သူများကို မထိခိုက်အောင်
    နေတဲ့ နည်းကို သင်ကြားပေးခြင်းမခံရလို့ ဒီလို ကိစ္စတွေဖြစ်လာတာပါ

  • aye.kk

    November 19, 2017 at 2:47 pm

    သူကြီး
    ကျေးဇူးပါ။(တုံ ့မယူလို)
    စာသားလေးကပိုလှပြီးအသက်ဝင်လို ့ပါ။
    မျက်ဖြေလင်္ကာ
    ကဗျာလေးကိုဖော်ပြပေးတဲ့အတွက်လည်းကျေးဇူးပါ။
    သည်ကဗျာလေးက
    အတိတ်တစ်ခုမှာအမှတ်ရစရာဖြစ်ခဲ့ပါတယ်။
    သွားလေသူ(ကွယ်လွန်)ပညာရေးတက္ကသိုလ်ကပါမောက္ခဦးထွန်းမြိုင်ဟာ
    နိုင်ငံရေးမှာဝင်ပါခဲ့မိလို ့ရာထူးကျပြီး၊ကျိုက်ထိုမြို ့-မွန်ပြည်နယ်ကို
    အလယ်တန်းကျောင်းအုပ်ရာထူး(ရာထူးကျ)ပြောင်းရွေ ့လာခဲ့ရပါတယ်။
    ကျမအသက်ခပ်ငယ်ငယ်တုန်းကပါ။ (၁၉၇၅)ခုနှစ်နှောင်းပိုင်းမှာ
    အဖေကကျမကို၊ဆရာကြီးဦးထွန်းမြိုင်ဆီမှာနွေရာသီကျောင်းပိတ်ရက်တွေမှာ
    အချိန်ပိုင်းနဲ ့(သချာင်္)သင်ယူစေခဲ့ပါတယ်။စာသင်မှုူပြီးစီးရင်ဆရာကြီးကနိုင်ငံရေး
    စိတ်ဓတ်အခံမြင့်မားတော့၊မျက်ဖြေလင်္ကာလေးနဲ ့အဓိပါယ်ပေါ်လွင်အောင်
    ရှင်းပြပီး နောင်ကြီးပြင်းလာတဲ့အခါမှာ မင်းအစိုးရ အမှုထမ်းအရာထမ်းမလုပ်မိစေဖို ့နဲ ့
    နိုင်ငံကိုတကယ့်စေတနာအရင်းခံ အလုပ်အကျွေး
    ပြုလုပ်ဆောင်ရွက်နိုင်ဖို ့(စာပေပညာနဲ ့)အတွက်
    စာပေပညာသင်ယူတတ်မြောက်တတ်ထားဖို ့လိုအပ်တာကို
    သဘောပေါက်နားလည်အောင်၊ မျက်ဖြေလင်္ကာ(ကဗျာ)နဲ ့ရှင်းပြခဲ့ပါတယ်။
    နိုင်ငံရေးနဲ ့ပတ်သက်လာမှာကို မိဘတွေက သိသွားတဲ့အချိန်မှာ ဆရာကြီးဆီကို
    မလွှတ်တော့ပါဘူး။ မျက်ဖြေလင်္ကာလေးက ဘဝမှာအမှတ်တရ(ဇတ်လမ်း)လေးပါ။။
    မျက်ဖြေလင်္ကာလေးကိုပြန်ရေးပြပေးတဲ့အတွက်၊သူကြီးကိုအထူးကျေးဇူးတင်ပါတယ်။

  • aye.kk

    November 29, 2017 at 9:19 am

    ကိုပေါက်
    လက်ဦးဆရာမည်ထိုက်စွာဆိုတဲ့
    ဆိုရိုးစကားအရမိဘတွေပေါ်မှာလဲ
    မူတည်နေတာအမှန်ပါ။

Leave a Reply