အိမ်မက်မမက်တတ်သူ

WowNovember 10, 20171min45310

WHAT IS SOUL LOSS? During my introduction to shamanism and the methods of ritualistic ‘soul retrieval‘, the basic understanding of Soul Loss that was expressed was that parts of our souls travel off into other realms, or alternate realities, sometimes being possessed by spirits. In the shamanistic perspective, when these parts of our souls are not recovered, we can’t seem to find inner completion or wholeness.

မြောက်အမေရိကနဲ့ အာရှမြောက်ပိုင်းဒေသက တစ်ချို့တွေမှာ ရှားမန်း (Sharman) ဘာသာအယူဝါဒ ယုံကြည်မှုမှာဆိုရင် လူတစ်ယောက်က (ရိုးရာနတ်ဆရာလိုမျိုး) အကောင်း၊ အဆိုး ဝိဉာဏ်တွေကို ထိမ်းချုပ် လွှမ်းမိုးနိုင်ပြီး၊ ကံမကောင်းမှုတွေ နာမကျန်းဖျားနာမှုတွေကို အကြောင်းရင်းရှာပျောက်ကင်းနိုင်မယ်လို့ ယူဆကြပါတယ်။

အဲ့မှာ ဝိဉာဏ်ပျောက်ဆုံးတယ်ဆိုတာ ဝိဉာဏ်ခရီးသွားနေတုံးဖြစ်ဖြစ်၊ အမှောင့်ဝိဉာဏ် ပူးကပ်ခံရရင်ဖြစ်ဖြစ် ကိုယ်ပိုင်ဝိဉာဏ်တစ်စိတ်တပိုင်းက ပြန်ပါမလာတော့ပဲ စိတ်ဝိဉာဏ် ပြည့်ဝမှုကို ရှာမရနိုင်တော့ဘူးလို့ ထင်ရပါတယ်။

Movie တစ်ခုထဲမှာတော့ ကြေးစားလူသတ်သမားတစ်ယောက်ကို လူတွေသတ်နေရတာ ပျော်လို့လား လို့မေးတော့၊ လူတစ်ယောက်သတ်ပြီးတိုင်း ဝိဉာဏ်တစ်ချို့တစ်ဝက် ပျောက်ဆုံးသွားတယ်..တဲ့။ သူအရမ်းချစ်တဲ့ ဆုံးသွားတဲ့ သူ့သမီးလေးအကြောင်း အိမ်မက်မက်ချင် တာတောင် မက်လို့မရတော့ဘူး… တဲ့။

အိမ်မက်နဲ့ ဝိဉာဏ် ဆက်စပ်နေတာမျိုးဖြစ်မှာပါ….

ဆိုတော့ သိပ္ပံနည်းကျပြန်စဉ်းစားကြည့်ရင်…

လူတွေမှာ Left brain က Rational ကျကျ ကြောင်းကျိုးဆီလျော်စဉ်းစားပြီး၊ Right brain က စိတ်ကူးတွေးခေါ် ဉာဏ်ကွန့်မြူးတာတွေ လုပ်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့သူတွေ Apple က စတိဗ်ဂျော့ တို့လိုလူမျိုးတွေက right brain ကို အကျိုးရှိတဲ့နေရာမှာ ကောင်းကောင်း အသုံးပြုနိုင်စွမ်းရှိသူတွေပါ။

ကဗျာဆရာတွေ အနုပညာသမားတွေကလည်း right brain အသုံးချမှုများသူတွေပါ။

သာမန်သူလိုငါလို သူတွေထဲမှာတော့ right brain ကိုအကျိုးရှိရှိအသုံးမချနိုင်ရင် ခံစားမှု၊ လိုချင်တပ်မက်မှု၊ အချစ်၊ အမုန်းတွေကြားမှာ တော်တော်ဒုက္ခရောက်ပါတယ်။

အမှန်တော့ ဒီပိုစ်က ကိုယ့်အကြောင်း ကိုယ်ရေးတာပါ… ဒါပေမယ့် ဝါသနာအရ research data ကနဲနဲ ပါသွားဒေ… :mrgreen: :mrgreen:

“အိမ်မက်မမက်တတ်သူ”

ငယ်ထဲကတော့ သိပ်ရည်မှန်းချက် ကြီးကြီးတွေမထားတတ်ဘူး။ ဧရာဝတီတိုင်းထဲက နယ်မြို့မှာ မြို့သူမြို့သားတွေကလည်း တော်တော်နယ်ဆန်တဲ့ နေထိုင်တွေးခေါ်မှုပုံစံတွေနဲ့ နေကြတာမှ၊ ကိုယ်က တောသူအဖွားနဲ့ အနေများတော့ ခေတ်နဲ့အမှီ လူရာမဝင်ဘူးပေါ့။ ရန်ကုန်မှာ ကျောင်းတက်ရင်း အလုပ်လုပ်တော့ အလုပ်အတူလုပ်တဲ့ အမတစ်ယောက်က ပြောပြတာ သူ့အမေက ဆုံးမတာ ပညာမတတ်ရင်နေ လူရည်လည်ရင်ထမင်းမငတ်ဘူးတဲ့။ တောသူ အဘွားလက်မှာ ကြီးခဲ့တော့ ကျနော်က လူရည်မလည်ပါဘူး။
စစ်သူနာပြုတွေ ခေတ်စားရင် စစ်သူနာပြုဖြစ်ချင်လိုက်၊ လေယဉ်မယ်ခေတ်စားရင် လေယဉ်မယ် ဖြစ်ချင်လိုက်၊ ကျောင်းဆရာမ အဒေါ်က ဆရာဝန်ဖြစ်အောင်လုပ်ဆို ဖြစ်ချင်လိုက် စသည်ဖြင့်ပေါ့။

ပြောရမယ်ဆိုရင် ဘာဖြစ်ချင်မှန်းမသိပေမဲ့ ဘာဖြစ်ချင်မှန်းမသိတာကို ဖြစ်ချင်ရင်း အကြိမ်ကြိမ် ရှုံးနိမ့်ရင်း…..

ရှုံးနိမ့်ရာက ပြန်ရုံးထဖို့ဆိုတာ တော်ရုံအားအင်နဲ့မရပါဘူး။ စိတ်ဓာတ်ကျတာတွေ နာကျင်ရတာ တွေကို recovery ဖြစ်ဖို့ဆိုတာ အချိန်ယူရတာပေါ့…

ခုနောက်ပိုင်း ရှုံးနိမ့်မှုတွေ၊ အောင်မြင်မှုတွေ နဲ့ အသားကျလာတဲ့ အခါကြ… survival ဖြစ်ဖို့ ရုန်းကန်ရမှာက all living things တွေရဲ့သမိုင်းပေးဆိုတာ နဲနဲသဘောပေါက်လာသလို…

Chance in a Million, Still a Chance… အပုံတစ်သန်းပုံ တစ်ပုံပဲ အခွင့်အရေးရှိဦးတော့ ရအောင်ကြိုးစားရမှာပဲဆိုတာကိုလက်ခံချင်လာတယ်…

ဒီအထိ… ဟုတ်သေးတယ်…

ဆိုတော့… ကိုယ့်ဘွကိုယ်ပြန် Analyze လုပ်ကြည့်တဲ့အခါကျ… အားနည်းချက်တွေ ဘာတွေ့လဲဆိုတော့.. ပြောရမယ်ဆို လူရာမဝင်တာ တစ်နည်းအားဖြင့် လူရည်မလည်တာ၊ rational ကျကျ မစဉ်းစားပဲ ခံစားချက်ဦးစားပေး စဉ်းစားတာ.. စသည်ဖြင့်ပေါ့…
ခုတော့ အသစ်တစ်ဖန်ပြန်စတဲ့ ပတ်ဝန်းကျင်မှာ Stress တွေနဲလာတယ်။ သိပ်လွယ်ကူ အေးဆေးတဲ့ လမ်းကြောင်းပေါ်ရောက်နေပလားဆိုတော့လဲ မဟုတ်ဘူး။ ဒါပေမဲ့… ပြသနာတစ်ခုကို ရင်ဆိုင်ပုံ ရင်ဆိုင်နည်း နဲနဲကွာလာတာပေါ့….

တစ်ခုခုပြသနာကြုံရပြီဆို…. အရင်လို စိတ်ညစ်ပြီး ကွကိုယ်ဒရမ်မာခင်း သနားတာတွေ၊ အခန်းအောင်း ဆွေးတာတွေ သိပ်မလုပ်ဖြစ်တော့ဘူး…..

အိုကေ… ဒါတော့ ဖြစ်နေပြီ…ဘာ action လုပ်မလဲပေါ့…

ဆိုတော့ ဖြစ်နိုင်ခြေထဲက လုပ်နိုင်တာ ၂ ခု ၃ ခုစဉ်းစားပြီး လုပ်ကြည့်တယ်။ Anyway တစ်ခုကတော့ အဆင်ပြေသွားတာပဲလေ…
ဘာမှလုပ်စရာမရှိရင် ငါဘာလုပ်သင့်လဲစဉ်းစားလိုက်တယ်…

လုပ်သင့်တာကိုလုပ်ပြီးရင်.. ကျန်တာက ကိုယ့်တာဝန်မဟုတ်တော့ဘူး ကံခေါ်မလား ကြမ္မာခေါ်မလား…. ဂျီ-အို-ဒီ အလိုအတိုင်းလား….
ဘာလုပ်လုပ် ငါဘာဖြစ်သင့်လဲ ဘာလုပ်သင့်လဲ ကိုယ်လုပ်နိုင်တဲ့ဘောင်ထဲကပေါ့ စဉ်းစားတယ်.. လုပ်တယ်… နောက်ပိုင်း ဖြစ်လာမဲ့ကိစ္စတွေ သိတ်ခေါင်းထဲမထဲ့တော့ဘူး…

အားနာတာ… နောင်တရတာ… တွေလည်းနည်းလာတယ်….

ကိုယ့် daily routine တွေကို ကြောင်းကျိုးဆီလျော်စဉ်းစား လုပ်သင့်တာတွေလုပ်နေရင်း လည်ပတ်လာလိုက်တာ… သောက တော့ အတော်နည်းလာတယ်…

မကောင်းဘူးလား…

ကောင်းတယ်ပေါ့…

ဒါပေမဲ့.. တဆက်တည်း သတိထားလိုက်မိတာ… အိမ်မက်တွေ မမက်တာကြာပြီပဲ….

ဝိဉာဏ်ပျောက်ဆုံးသွားတဲ့သူဟာ အိမ်မက် မမက်တတ်တော့ဘူး…တဲ့…


If you’re losing your soul and you know it. Then you’ve still got a soul to lose.

10 comments

  • ဇီဇီ

    November 10, 2017 at 3:38 pm

    ဒီ အတိုင်းပဲ ဆက်နေ။
    ကိုယ့် ဘဝမှာ ကိုယ်တိုင်က အရေးကြီးဆုံးပဲ။
    အဲဒီ ကိုယ်တိုင်ကို ဘယ်လို သက်သာအောင် အန္တရယ်ကင်းအောင် နေရမယ် ဆိုတာပဲ စဉ်းစားး

    🙂

    Cheers!!!
    <3

    • Wow

      November 10, 2017 at 3:57 pm

      အေးတော့အေးချမ်းငွားတေဟ ဒါပေမဲ့ ကွကိုယ်ပျောက်ဆုံးသွားသလိုဖဲ

    • ဦးကြောင်ကြီး

      November 11, 2017 at 11:56 am

      နီတို့လာဘ်နှာယောက် ဘယ်သော့ယူဂျမှာရဲ <3

      • Wow

        November 11, 2017 at 5:56 pm

        ကြောင်သတ် အရပ်ဝေပြီးမှ မင်ဂါဆောင်မယ်ဟက် 🙂 🙂 🙂

  • Thint Aye Yeik

    November 10, 2017 at 10:38 pm

    မမဝိုး ပြောတာလေးတွေ ဖတ်ပြီးနောက်မှာ…
    စာဖတ်သူ- ကျနော် တွေးမိတာလေးတွေ ပြောရရင်ဖြင့်….

    ကိုယ့်ဘာသာတော့ ကိုယ် right brain အသုံးချမှုများသူလို့ သတ်မှတ်ထားပါတယ်။
    ဒါမယ့် ခံစားမှု၊ လိုချင်တပ်မက်မှု၊ အချစ်၊ အမုန်းတွေကြားမှာ တော်တော်ဒုက္ခရောက်တတ်သူလို့တော့
    ကိုယ့်ကိုယ်ကို ကိုယ် မသတ်မှတ်ရေးချ မသတ်မှတ်!
    :k:

    အဘယ်ကြောင့် ဆိုသော်….
    အခုနောက်ပိုင်း ၃ဝ နားနီးချိန်မှာ ခံယူထားတဲ့ စိတ်ခံစားမှု သဘောထားက….
    …..

    (၁)ကိုယ်တိုင်က နေရာတစ်ခုကို မထိုက်တန်သူ ဆိုတာ လွင့်မျောရမှာပဲ
    (၂)အဲ့နေရာကို ကိုယ်တိုင်က မနှစ်သက်ရင် ကိုယ့်ဘာသာကိုယ် လွင့်မျောသွားမှာပဲ…. လို့
    ခံယူထားသူမို့….
    အဲ့ ”နေရာ”ဆိုတာလေးဟာ ကိုယ့်စိတ်နေသဘောထားနဲ့
    ကိုယ့်စိတ်နေသဘာထားရဲ့ ရလဒ် သို့မဟုတ် ကိုယ့်အရည်အချင်း ပေါ်မှာ တနည်းအားဖြင့် မူတည်တာမို့….
    ကိုယ့်စိတ်သာ ကိုယ် စစ်ရင်း….
    ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်(သုံးယောက် လေးယောက်ပဲ ဖြစ်ပါစေအုန်း)အတွက်
    ကိုယ့်ကိုယ်ကို ကိုယ်ပြင်ရင်း အကောင်းဆုံး နေခဲ့လိုက်ရတာက နေပျော်တယ်ထင်တာပဲ။

    အဲ့ ”နေရာ”ဆိုတာလေးဆီက လွင့်မျောလိုက်ရရင်လည်း အဲ့နေရာဟာ
    ူကိုယ်နဲ့
    (၁)အဲ့နေရာက သဟဇာတမဖြစ်လို့ ကိုယ့်ဘက်က တမင် လွင့်မျောခဲ့တာလား ?
    (၂)အဲ့နေရာက ကိုယ့်ကို မလိုအပ်တော့လို့ “လွှင့်” “မျှော”ခံလိုက်ရတာလား? ဆိုတာ ပြန်ဆန်းစစ်တယ်။
    ဆန်းစစ်ပြီး ကိုယ့်ဘက်က ပြင်သင့်တာဆိုရင် သဘောထားမှန်မှန်နဲ့ ပြင်လိုက်တယ်။
    ———-

    ငါက သူ့ထက်သာနေသလားတို့
    ငါ့ထက်သူက သာသွားသလားတို့ မတွေးတော့ဘဲ
    ပြိုင်ပွဲထဲက ထွက်ပစ်လိုက်တယ်။
    အဲ့တော့ ဘယ်သူက ပြိုင်ပွဲထဲ-ဆက်ပြိုင်နေသလဲ-ဆိုတာရော
    ဘယ်သူက ပြိုင်ပွဲမှာ မောပန်းနွမ်းနယ်လို့ လက်လျှော့ လက်ပြ နှုတ်ဆက်သွားရတယ်ဆိုတာရော….
    ကွဲပြားစွာာ…..တွေ့လိုက်ရ။
    ကိုယ်က ပြိုင်ပွဲ ပြင်ပ ရောက်နေသူမို့ မြင်ရရော။
    (အဲ့ဒါ အမြတ်)

    ကိုယ်က ပြိုင်ပွဲထဲကနေ ထွက်လိုက်တဲ့ စိတ် ဆိုတာဟာ တော်တော် ငြိမ်းချမ်းတယ်။
    ဘယ်လောက်ထိအောင်လဲ ဆိုရင်….
    အဲ့ပြိုင်ပွဲထဲကနေ … သူ… အရှုံးနဲ့ ထွက်သွားတာလား
    အနိုင်နဲ့ ထွက်သွားတာလား ဆိုတာကို-
    ဝမ်းသာ ဝမ်းနည်း ဖြစ်ပေးဖို့ ကိုယ့်မှာ အချိန်မပေးတော့တဲ့အထိ…..
    သူနဲ့ကိုယ် အတော် ကွာသွားတာ။

    သူ့ကို ကိုယ့်ဘဝထဲက ဘယ်လောက် ဝေးဝေး ထုတ်ထားနိုင်သလဲ ဆိုတာ——–
    သူ့ပြိုင်ပွဲနဲ့ကိုယ် ဘယ်လောက် ဝေးနေပြီလဲဆိုတာပဲ တွေးတော့တဲ့အထိ….
    😆

    အမှန်တော့လည်း
    သူကသူ….
    ကိုယ်က ကိုယ်ပါပဲ။

    ကိုယ့် စိတ်နေသဘောထားကို ကိုယ် အများနဲ့ လိုက်လျောညီထွေအောင်ရယ်
    ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဆန့်ကျင်မနေအောင်ရယ်
    ထိန်းနိုင်ရင်ကို အတော် ဟုတ်ပါပြီလေ

    😆

    (စာကြွင်း။
    အပုံတစ်သန်းပုံ တစ်ပုံပဲ အခွင့်အရေးရှိဦးတော့ ရအောင်ကြိုးစားရမှာပဲဆိုတဲ့…. ကြိုးစားချင်စိတ်ကို
    လက်ခံရမှာဆိုပေမဲ့….
    အပုံတစ်သန်းကြီးများ ကြုံ ပြီးတာတောင် ကိုယ်က ထပ် ကြိုးစားပြနေရအုန်းမှာကတော့…
    များတယ်။
    ”ဒီခေတ်ဟာ မှားပြီးမှ ပညာရ- ရမယ့်ခေတ်တော့ မဟုတ်ရေးချ မဟုတ်။”)
    :k:

    • Wow

      November 11, 2017 at 12:16 am

      နိ ခံစားချက် နိပြောတာမို့ ဝေဖန်စရာမရှိပါ… :p
      ကိုယ့်ဘွကိုယ်သာလျှင် ပဲ့ကိုင်ရှင်မို့ Good တယ်ထင်ရင် Do သာ Do ပေါ့….. :p

      • Thint Aye Yeik

        November 11, 2017 at 5:50 pm

        ကိုယ့်ဘွကိုယ်သာလျှင် ပဲ့ကိုင်ရှင် ဆိုပြီး ထင်ရာ စိုင်းရင်တော့
        ငါ့မြင်း ငါစိုင်းတာ စစ်ကျုင်စရောက်ရောက် စြဖ်တော့မပေါ့။
        ကြုံဖူးခဲ့င်္ပြ။
        သူ့မြင်း သူ စိုင်းသွားတာ စစ်ကိုင်စရောက်ပြီး သူ့အမှားဒဏ် သူခံနေရတုန်းတွေ များပေါ့။
        :k:
        haha

        အမှန်တော့ ကိုယ်လျှောက်ခဲ့တဲ့ ြခေရာဆိုတာဟကိုယ့်ဘဝ သမိုင်းမှာ ကျန်ခဲ့တာချည်းပါပဲ။
        ဖျောက်ဖျက်လို့ မရရေးချ မရ။
        ဆိုတော့ လိုရင်း ပြန် ချုပ်ရရင်
        ကိုယ်သာလျှင် ကိုယ့်ဘွရဲ့ ပဲ့ကိုင်ရှင်။
        ဒါမဲ့ အများနဲ့တစ်ယောက်
        လိုက်လျောညီထွေမှ ပဲ့ မကိုင်တန်ရင် ဒီဘဝဟာ
        ပဲ့ကိုင်ရှင်ကောင်း မဟုတ်ခဲ့။
        မဟုတ်မဲ့ အခြေအနေမျိုးတွေလည်း ကြုံဖူးလှပြီ။

        ဒါမယ့် ဟုတ်ပါတယ်။ ကိုယ့် ဉာဏ်ရည်နဲ့ကိုယ် ဂွတ်တယ်ထင်ရင် ဒူးသာဒူး။
        ဒူးရကျိုးနပ် မနပ်က လုပ်ရပ်ရဲ့နောက်မှာမှ လုပ်သင့် မလုပ်သင့် တွေးတောဟဆုံးဖြတ်သူနွေ အလုပ်။

        လူဖြစ်ကျိုး နပ် မနပ် ဆိုတာ ဘာနဲ့ တိုင်းမလဲ
        အဲ့ဒါပဲ မေးချင်မိတာ။
        :k:

  • ko six

    November 12, 2017 at 6:58 pm

    ဝိညဉ် မပျောက်သေးဘူး။
    မက်နေတုန်း

  • Shar Thet Man

    November 14, 2017 at 4:35 pm

    မိုက်တယ်ကွာ

Leave a Reply