Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


WowDecember 19, 20171min71913
2nd Chance ရုပ်ရှင် Review တော့မဟုတ်ဘူး။ ကိုယ်က Lucifer နဲ့ Super Natural Fan ဆိုတော့ ဒီကားလေးတွေက တော်တော် အားထုတ် အချက်အလက်တွေတော်တော် စုဆောင်းပြီးမှ ရိုက်တာဆိုတာ သိသာတယ်။ သရုပ်ဆောင်တွေ ကောင်းတာပြောစရာမရှိ ဒိုင်ယာလော့တွေက တချို့ဆိုတော်တော် မှတ်မှတ်သားသားရှိတယ်။ Castiel ပြောသွားတဲ့ အိန်ဂျယ်တွေက မလိမ်တတ်ဘူး ဒါပေမဲ့ “Truth is situational.” ဆိုတာမျိုး… သူ့ကလေးကို သတ်သွားတဲ့ အိမ်ဂျယ်တွေနောက်ကို နှစ်ပေါင်းများစွာလိုက်နေတဲ့ အမျိုးသမီး နောက်ဆုံး အိမ်ဂျယ်တွေသုံးတဲ့ မန္တန်တွေသုံးပြီး အိမ်ဂျယ်တွေကို ပြန်သတ်လာနိုင်ပါတယ်။ ပြီးတော့ ဆမ် နဲ့ Dean Winchester ညီအကိုတွေနဲ့တွေ့ပြီး “Patient is the talent.” သည်းခံခြင်းဆိုတာ အရည်အချင်းပါပဲ […]


WowNovember 10, 20171min64310
WHAT IS SOUL LOSS? During my introduction to shamanism and the methods of ritualistic ‘soul retrieval‘, the basic understanding of Soul Loss that was expressed was that parts of our souls travel off into other realms, or alternate realities, sometimes being possessed by spirits. In the shamanistic perspective, when these parts of our souls are […]


WowOctober 8, 20151min119522
ကဲ တရားနာပိတ်သတ် မတွေ့ရတာလဲကြာဘီ… အဝှာအုပဒေအောင်ပွဲခြိမ့်ခြိမ့်သဲပီး သကာလ ကျောက်ဖြုံသီးစကပ်နဲ့ အုပ်… မိုးကြိုးလွှဲပါ တရားနာ ပိတ်သတ်ရဲ့…. အားလုံးဝိုင်းမဆဲခင်… လိုရင်းလေး ပြောရရင်…. တမြန်နေ့က ဂျီးဒေါ်တို့ရုံးကို ချင်ကျားပူနှစ်ယောက် ရောက်လာပြီး marketing ဆင်းသပေါ့ကွယ်… (အဲ့လို လူကြုံရှိမှန်းသိ ဂျီးဒေါ်ချွိဆီက 6+ လေး အလှူခံခိုင်းလိုက်ပါတယ်) လူမိုက်ခင်ဇော်သာ နာမည်ကြီးနေတာ အလှူအတန်းအင်မတန်ရက်ရောပြီး ရုပ်ချော သဘောကောင်းလေးဘာာာာာာာာ ရှိတာ အကုန်ချွတ်လှူ… အဲလေ… အကုန်တော့မချွတ်ဝူးပေါ့….. ကလေးတွေ ပြန်ဂျပြန်ဂျ.. တန်းစီကြည့်မနေနဲ့ . . ပိတ်သတ်ကြီး…. အဝှာလေးဆက်ရရင် အဲလေ.. လိုရင်းလေးဆက်ရရင်…. ဘစ်ဇနက်အကြောင်း ဆွေးနွေးကြရင်း နိုင်ငံရေးပါလာသပေါ့ကွယ်…. ချင်ကျားနှစ်ယောက်က ရွေးကောက်ပွဲပြီးမှပဲ စီးပွားရေးတွေ ရင်းနှီးမြုတ်နှံမှုတွေ ပိုမိုပွင့်လမ်းလာမယ်ထင်ကြောင်း ပြောရင်းနဲ့ နိတို့ တိုင်းပြည်မှာဘယ်လို နာတို့တိုင်းပြည်မှာဘယ်လို […]


WowApril 15, 20152min119051
ဒီနှစ်သင်္ကြန်တွင်းတော့ အိမ်မှာပဲအေးဆေးနားမယ် စိတ်ကူးထားတော့ အခွေလေးကျိလိုက်… သူများတွေပျော်နေတာ ထွက်ငေးလိုက်… စားလိုက်သောက်လိုက်ပေါ့… သာသာယာယာရှိနေတုံး TV တင်ထားတဲ့စင် ခလုပ်တိုက်မိပြီး… စာအုပ်တစ်အုပ် အောက်ပြုတ်ကျလာမှ… ဟယ်…. ငါဆတ်ဆော့ပြီး ငှားထားမိတဲ့ စာအုပ်ပါလား…. စာအုပ်စာပေ လူ့မိတ်ဆွေဆိုတော့ TV ကြည့်တိုင်း နေကြာစေ့စားရင် အခွံလေးတွေကို အဲ့စာအုပ်နဲ့ ခံစားနေကြ… ခံဇားရဒယ်ဗျာ…. အဲ့တော့… ကိုယ်ခလုပ်တိုက်မိတာလဲ အလဂါးမဖြစ်ရလေအောင်… နိ .. ငါ့စာအုပ်ငှားပြီး ဘာလုပ်လဲ မေးရင်လဲ အဖြေရှိရလေအောင်… ဝက်ခေါက်ကြော်လေးနဲ့ နွားနို့ပြစ်နေအောင်ကြိုထားတာလေး ဘေးချပြီး ဖတ်မယ် ရေးမယ်ပေါ့ဗျာ… အဟွာလေ.. ကြိုပီးပြောချင်တာကတော့ ကျနော်က အမြဲတမ်း ပဲကြီးမနိုင်ပဲ ချဉ်ဟင်းစားတတ်သူမို့ အများဂျီးတော့ မမျှော်လင့်ဂျပါနဲ့လို့စ်… နောက်ပြီး ကျနော့် specialization က Creative and Advertising […]


WowAugust 30, 20131min101045
မြတ်နိုးခြင်းကြောင့် စိုးရိမ်ခြင်းဖြစ်ရ၏ မြတ်နိုးခြင်းကြောင့် ကြောက်ခြင်းဖြစ်ရ၏ မြတ်နိုးခြင်း ကင်းလွတ်သောသူမှာ စိုးရိမ်ရခြင်းမရှိ။ ကြောက်ရခြင်း အဘယ်မှာ ရှိအံ့နည်း။ (ဓမ္မပဒ) From endearment springs grief, From endearment springs fear. For him who is wholly free from endearment There is no grief, Whence then fear? (Dhammapada) လူတစ်ယောက်ကို ခင်မင်ဆက်ဆံနေရာကနေ သံယောဇဉ်တွယ်လာပီ ဆိုရင် စပြီး ပူလောင်လာပါပြီ။ သူ့ကိုတွေ့ချင်တယ် မြင်ချင်တယ် အသံကြားချင်တယ်။ သူငြိုငြင်မှာကြောက်တယ်… သူကိုယ့်ကို ချစ်စေချင်တယ်.. ဂရုစိုက်စေချင်တယ်…. တွေးကြည့်လိုက်တော့လဲ ပူလောင်ရတာတွေပါပဲ…. တော်ဘီ ဂျီးဒေါ်တော့ ရိပ်သာပဲဝင်တော့မယ်ကွီ :kwi:


WowMarch 10, 20131min87236
အဖေဆုံးပြီ… 9 ရက် မတ်လ 2013 စနေနေ့ စနေနေ့မှာမွေးပြီး အသက် ၇၁ နှစ်တင်းတင်းပြည့်တဲ့ စနေနေ့မှာပဲ ဘုရားသခင်ကပြန်ခေါ်သွားပြီ သမီးရယ်တဲ့….. အဖေ့မိန်းမက သုသာန်မှာပြောတဲ့စကား… လာရာလမ်းတစ်လမ်းလုံး ပူလောင်လာသမျှ သုသာန်ထဲဝင်လိုက်တော့ အေးချမ်းသွားသလိုခံစားလိုက်ရသည်။ ကံ့ကော်ပင်တွေ ရေတမာပင်တွေ ထင်းရှူးပင်တွေ… အုတ်ဂူဖြူလေးတွေ အစီအရီနှင့် အေးချမ်းစွာ လှဲလျောင်းနေကြသူများ… အဖေ့ကိုမြေမမြုတ်ခင် တစ်ခေါက်လောက်တော့ ကြည့်ချင်သည်။ အိပ်ပျော်နေသလိုပါပဲ။ မျက်နှာမှာ ခံစားပူလောင်ရမှုတွေမတွေ့ရ။ လက်ကိုကိုင်ကြည့်လိုက်တော့ အေးစက်နေပေမဲ့ အဖေ့အငွေ့အသက်တွေ ခံစားလိုက်ရသလို…. အဖေ့ကိုယ်အောက်ကစောင်ကို ဆွဲဖယ်တော့ မောင်လေးနှင့် ကျမ အဖေနာသွားမှာစိုးသလို တစ်ယောက်က လက်ကိုမ တစ်ယောက်က ခေါင်းကိုပြေးမသည်… မနက် ၈နာရိလောက်မှာသမီးရယ် မနက်စာစားပြီးပြန်အိပ်နေတာထင်ပါတယ်… သွားစမ်းကြည့်လိုက်တော့မှ အေးစက်ပြီးနေလို့ ဆရာဝန်ပြေးခေါ်ရတယ်…. ဒါဆိုအဖေ ဝေဒနာမခံစားလိုက်ရဘူးပေါ့… သမီးရယ် အမေတို့သမီးအဖေကို […]


WowFebruary 26, 20131min99848
ပိသတ်ကြီးရယ် ဒီနေ့မနက်ရုံးရောက်တော့… ထမနဲတွေသူများလာပို့ထားတာနဲ့.. လက်ဘက်ရည် ကျဆိမ့်တစ်ခွက်နဲ့ အလုပ်လုပ်ရင်း စားမယ်ပေါ့..ဆိုပြီး… ရပ်ရွာထဲမလဲ လူကြီးသူမများက ရေနွေးကြမ်းသောက်ချင်းသီ ကျန်းမာရေးအတွက် ဘယ်လိုကောင်းဂျောင်း ပြောပြထားတော့.. ထမနဲလေးနဲ့ ကျစိမ့်လေးနဲ့.. ရေနွေးကြမ်းလေးနဲ့ ဆိုရင် ငါ့စည်းဇိမ် ဘယ်သူမှ မမှီဝူးဟဲ့ ဆိုပြီး.. ရေနွေး တစ်ခွက်ထဲ့… သောက်ခါနီး တငုံမြည်းကြည့်လိုက်တော့….. ဟီးးးးးးးးးး ပိုးသတ်ဆေးစော်ဂျီးနံတယ်… ရေနွေးကြမ်းက.. နာ့ပါးစပ်ထဲ တစ်ငုံဝင်သွားဘီ…. ပထမတော့… ရုံးထဲ ပိုးသတ်ဆေးများဖြန်းနေသလားပေါ့.. နောက်တော့ မဟုတ်ဝူး.. ရေနွေးကြမ်းကနံတာ… ရေနွေးသောက်ခိုင်းသူများ နာတစ်ခုခုဖစ်ရင် လျှော်ကြေးပေးရမယ်… ခွီး.. ဆိတ်စိုးဒယ်… 👿 :gee: အိုက်လော့.. မသေခင် ရုံးပိတ်ရက်တုံးက ဖုံးကင်မလာနဲ့လက်ဆော့ထားတာလေးတွေ တင်သွားအူးမှ…. ဆိုပီး… တိုက်ဘေးမှာ တိုက်အသစ်ဆောက်နေတာကြည့်မိတာ… ထူးထူးဆန်းဆန်း ကန်တော့ပွဲလေးတင်ထားတာ… အုန်းပွဲ ငှက်ပြောပွဲနဲ့… […]


WowFebruary 13, 20134min139364
‘ခင်ဗျားဒီကိစ္စဘယ်လိုရှင်းမလဲ ‘ ဒေါသပေါက်ကွဲနေသောမျက်နှာနှင့် တစ်ရုံးလုံးကြားလောက်သော အသံနှင့် အော်ဟစ်နေသော စီမံဌာနမန်နေဂျာ… ‘ဒီခရီးထွက်ရမယ်လို့ ကြိုပြီးလဲ ရီပို့တင်မထားဘူး။ အခုတက်လာတဲ့ အသုံးစရိတ်တွေကို ကျွန်တော် ဘယ်လိုအကြောင်းပြချက်နဲ့ ထုတ်ပေးရမှာလဲ..’ ‘ဒါ Head Office က special request ပါ…… သူမစကားမဆုံးခင်… ‘ခင်ဗျားတို့ လုပ်ချင်ရာလုပ်လာခဲ့ပြီးမှ ဒါပဲဆိုပြီးလာချပြတာမျိုး လုံးဝလာမလုပ်နဲ့… ဒါကျွန်တော့်ဘောင်ထဲမှာ…’ မျက်နှာကြီးမဲပြီး ပေါက်ကွဲနေသော စီမံမန်နေဂျာကို ကြည့်ပြီး.. စိတ်မထိမ်းနိုင်လိုက်တာဟု… ‘Calm down.. calm down…’ အသံကြားလို့ လှည့်ကြည့်လိုက်တော့… အခန်းထဲဝင်လာသော မြန်မာရုံး ဌာနေကိုယ်စားလှယ်… ‘ဘာဖြစ်ကြတာလဲ’ ‘You know what… ဒီ နိုင်ငံခြားရုံးချုပ်က special request, special project တွေ ချက်ချင်းလုပ်ဆို ငါ […]


WowAugust 20, 20122min99936
အပိုင်း (၇) ရန်ကုန်လေဆိပ်ဆိုက်ရောက်ရာ ရွှီ… ကနဲလေချွန်လိုက်လူလုပ်ကြီးဘက် ဘာရယ်မဟုတ်မျက်စိကစားလိုက်တော့ စက္ကူဖြူကိုင်ထားတဲ့ အလန်းစားတစ်ယောက်က မျက်စိထဲဝင်လာသည်။ Company ဝန်ထမ်းတစ်ယောက် အဲ့သည်လာကြိုတာထင်တယ်။ ဟဲ့… မြင်ဘူးသလိုပါလား… အသေအချာထပ်ကြည့်လိုက်တော့ …”ဂျီမ” အထက်တန်းကျောင်းတုံးက သူငယ်ချင်း၊ သူ့မိဘတွေက မြို့မျက်နှာဖုံးတွေ၊ အခု Company ဝန်ထမ်းလုပ်နေတာလား၊ ဘာလဲ စီးပွားပျက်သွားပြီလား.. ရယ်ဟဟ တွေးလိုက်ရင်း သူမဆီ အပြေးလေးသွားလိုက်သည်။ “Oh..my sexy!” သူမကိုတွေ့လိုက်တိုင်း ဘုန်းကျော်သွေးတွေ ဖျဉ်းကနဲ ဖြစ်သွားသလို… “ဟေး နင် ဂျီမ မဟုတ်လား” အူကြောင်ကြောင်မျက်လုံးလေးဖြင့် ပြန်ကြည့်ရင်း မှတ်မိသွားသလို ဂျီမ မျက်လုံးလေး ဝင်းသွားသည်။ “ဟဲ့…’၀’ … ဘုန်းကျော်” မိဘမဲ့ကျားကျောင်းက ‘၀’ ကလေး ဘုန်းကျော် အထက်တန်းကျောင်းတက်တုံးက ကျောင်းတွင် ဂျီမတို့ […]


WowJuly 28, 20121min95428
မန်းဂေဇက်ကိုတည်ထောင်ခဲ့တဲ့ အူးခိုင်ကိုလဲမုန်းတယ်… အုပ်စုဖွဲ့ပြီး ဗိုလ်ကျတတ်တဲ့ သူတွေကိုလဲမုန်းတယ်… လူမျိုး၊ဘာသာ အစွန်းကျလွန်းတဲ့ သူတွေကိုလဲမုန်းတယ်… စည်းကမ်းချက်တွေ လာရွတ်ပြတဲ့ သူတွေကိုလဲမုန်းတယ်… Civilization ဘောင်တွေ လာခတ်ချင်တဲ့ သူတွေကိုလဲမုန်းတယ်… စေတနာမပါ ဗလာ လောကွတ်စကားတွေကိုလဲ မုန်းတယ်… မမြင်ရတဲ့ အွန်လိုင်းပေါ်မှာ စကားကြီးကြီးရွတ်ပြတတ်တဲ့သူတွေဆို ပြေးဖားတတ်တဲ့ သူတွေကိုလဲမုန်းတယ်… ဘာမှလူကောင်မမြင်ရတဲ့အင်တာနက်မှာ ငါကဘာမို့ ငါ့ကိုလေးစားရမယ် ဆိုတဲ့သူတွေကိုလဲမုန်းတယ်… တော်ချင်ရောင်ဆောင်တဲ့သူတွေကိုလဲ မုန်းတယ်…. ဖေါ်ရွေချင်ရောင်ဆောင်တဲ့သူတွေကိုလဲ မုန်းတယ်….. မုန်းတယ်…မုန်းတယ်…မုန်းတယ်… မန်းဂေဇက်က မခွာနိုင်သေးတဲ့ ငါ့ကိုငါလဲမုန်းတယ်…. ဟီ…ဟိ… ပြောချင်ဒါဒွေပြောပြီး ပေါ့ပါးသွားလိုက်တာများ ဆေးနှစ်ထုတ်လောက်သောက်ပြီး ရေချိုးခန်းဝင် လိုက်ရသလိုပဲ….. အားလုံးဝိုင်းဆဲဂျစေသတည်း……..


WowJuly 27, 20121min67712
အပိုင်း(၆) အရာဝတ္တုတစ်ခု ကို မိမိကစွဲလမ်းတပ်မက်နေသောအခါ ထိုအရာဝတ္တု၏တန်ဖိုးမှာ မူလရှိရင်းစွဲတန်းဖိုးထက် မြင့်တက်နေသယောင် အဖိုးမဖြတ်နိုင်သယောင် ထင်ရသည်။ စွဲလမ်းတပ်မက်မှုကိုဖယ်ရှားလိုက်သောအခါ ထိုအရာဝတ္တုသည် သာမန်မျှသာ ဖြစ်သွားတော့သည်။ ရင့်ကျက်လာတဲ့တစ်နေ့တော့ ဦးခိုင်တို့ ဂျီမတို့ နားလည်သဘောပေါက်ပြီး ခံစားချက် ကိုထိမ်းညှိနေထိုင်သွားတတ်ကြမှာပါ။ ဒါပေမဲ့ သိဖို့လွယ်ပြီး ရှိဖို့ခက်တဲ့ အမှန်တရား တွေကို ဘယ်တော့များမှ…… At Myanmar Embassy in USA “မင်းတို့ကဘာကောင်တွေလဲကွ သမ္မတကြီးကိုယ်ကတိုင်က ပြန်လာပါဆိုလို့ ဒို့တွေက အနစ်နာခံ အခွင့်အရေးတွေစွန့်လွတ်ပြီး ပြန်ရမှာ… ” “ခင်ဗျားတို့ပြန်မယ်ဆိုတို်င်း တန်းပြီး စီစဉ်ပေးရလောက်အောင်မလွယ်ဘူးဗျ။ ခင်ဗျား တို့က ဒီမှာဘာလုပ်ခဲ့တယ် ရာဇဝတ်မှုတွေ မကျူးလွန်ခဲ့ဘူးလို့ ဘယ်သူအာမခံနိုင်လဲ ပြီးတော့ အကြမ်းဖက် ဖောက်ခွဲဖို့ အကြံတွေမပါဘူးလို့ကော…” “အဲဒါတွေပါမှတော့ ဒီလိုလမ်းနဲ့ကမ်းနဲ့မင်းတို့ဆီလာမလားကွ ဘယ်အပေါက်ကတိုး တိုး” […]


WowJuly 24, 20121min79330
အပိုင်း(၃) ဂီဂီ သို့ ဂျီမနဲ့ ဦးခိုင် အဲဒီတုံးက ဂျီမက နှစ်ဆယ်စွန်းစွန်း၊ နယ်ကောလိပ်မှာတက်နေရင်း ကျောင်းတွေ ပိတ်သွားတော့ အိမ်ကအဒေါ်တွေနဲ့ရန်ဖြစ် ရန်ကုန်က အဖေ့အမျိုးတွေအိမ်ကို ရောက်လာပြီး သင်တန်းများတက်ဖို့လုပ်နေချိန်။ ဦးခိုင်က ဒေါ်လေးအငယ်ဆုံးရဲ့ ကျောင်းနေဘက်သူငယ်ချင်း၊ ဂျီမထက် ၁ဝ နှစ်လောက်တော့ကြီးမှာပေါ့။ ကျောင်း အပြီး ရန်ကုန်မှာ အိမ်ထောင်ကျနေတဲ့ အမတစ်ယောက်အိမ်မှာကပ်နေရင်း နိုင်ငံခြား အလုပ်ထွက်လုပ်ဖို့ ကြိုးစားနေသူ။ ရန်ကုန်မှာမကျွမ်းသော ဂျီမကို သင်တန်းတွေ လိုက်အပ်ပေး၊ ဟိုဟိုဒီဒီသွားချင်ရင်လိုက်ပို့ပေးဖို့ နယ်က အဒေါ်က အပ်ထားတာပါ။ “ဦးခိုင် သမီးကို ဒီနေ့ ကွန်ပျူတာသင်တန်းအသစ်တစ်ခု လိုက်ပို့ပေးဦးနော်” “ဟိုနေ့က ပို့ပေးတဲ့သင်တန်းမှာ တက်နေပြီမဟုတ်လား ဂီဂီရယ်။ တစ်ခုပြီးမှ တစ်ခုတက်လေ။” “အဲဒါပြောတာ နောက်တစ်နေ့သွားတက်တော့ အဲဒီက စာရေးမက သိပ်အချိုးမပြေဘူး။ သမီးကို […]