တွယ်ညိတတ်သော (အပိုင်း ၄)

WowAugust 20, 20122min70336

အပိုင်း (၇)

ရန်ကုန်လေဆိပ်ဆိုက်ရောက်ရာ

ရွှီ… ကနဲလေချွန်လိုက်လူလုပ်ကြီးဘက် ဘာရယ်မဟုတ်မျက်စိကစားလိုက်တော့ စက္ကူဖြူကိုင်ထားတဲ့ အလန်းစားတစ်ယောက်က မျက်စိထဲဝင်လာသည်။ Company ဝန်ထမ်းတစ်ယောက် အဲ့သည်လာကြိုတာထင်တယ်။ ဟဲ့… မြင်ဘူးသလိုပါလား…
အသေအချာထပ်ကြည့်လိုက်တော့ …”ဂျီမ”

အထက်တန်းကျောင်းတုံးက သူငယ်ချင်း၊ သူ့မိဘတွေက မြို့မျက်နှာဖုံးတွေ၊ အခု Company ဝန်ထမ်းလုပ်နေတာလား၊ ဘာလဲ စီးပွားပျက်သွားပြီလား.. ရယ်ဟဟ တွေးလိုက်ရင်း သူမဆီ အပြေးလေးသွားလိုက်သည်။

“Oh..my sexy!”
သူမကိုတွေ့လိုက်တိုင်း ဘုန်းကျော်သွေးတွေ ဖျဉ်းကနဲ ဖြစ်သွားသလို…

“ဟေး နင် ဂျီမ မဟုတ်လား”
အူကြောင်ကြောင်မျက်လုံးလေးဖြင့် ပြန်ကြည့်ရင်း မှတ်မိသွားသလို ဂျီမ မျက်လုံးလေး ဝင်းသွားသည်။

“ဟဲ့…’၀’ … ဘုန်းကျော်”

မိဘမဲ့ကျားကျောင်းက ‘၀’ ကလေး ဘုန်းကျော် အထက်တန်းကျောင်းတက်တုံးက ကျောင်းတွင် ဂျီမတို့ သူငယ်ချင်းတစ်စု ခိုင်းဖတ်။
ဘဘုန်းကြီးထောက်ပံ့မှုဖြင့် မိဘမဲ့ကျောင်းမှ ကျောင်းလာတက်ရသော ဘုန်းကျော်ကို သူတို့မြို့လေးရဲ့ စတား ဂျီမက ခိုင်းယုံကလွဲပြီး ရင်ခုံသံကို အသိအမှတ်ပြုဖေါ်မရ။

ဒါတွေက အတိတ်မှာပါကွယ်… အခုမင်းကိုယ့်လက်က ဘယ်ပြေးမလဲ … ငွေ..တိုက်.. ကား .. ဖုန်း ကိုယ်ကအကုန်ဖန်ဆင်းပေးမယ်…
ဂျီမကို ခြေဆုံးခေါင်းဆုံး အားမနာတမ်း ရွှမ်းရွှမ်းစားစားကြည့်လိုက်သည်။

ငယ်စဉ်ကခိုင်းသမျှ မငြီးမငြူ လုပ်ပေးလွန်းတဲ့ ခင်ရ၊ သနားရတဲ့ သူငယ်ချင်း ‘၀’ ကလေးရဲ့ စူးစူးရှရှအကြည့်က ဂျီမရင်ထဲ ငလျင်တစ်ခုလို သိမ့်သိမ့်လေးခါသည်။ မသိချင်ယောင်ဆောင်ပြီး…

“ဟဲ့ နင်ဘယ်ကပြန်လာတာလဲ ကြည့်စမ်း ကြီးပွားနေတယ်ပေါ့၊ ငါတို့တောင် ဘာသတင်းမှ မကြားဘူး၊ ကျောင်းတွေပိတ်ထဲက ပျောက်သွားလိုက်တာ”

“အေး ကျောင်းပိတ်တုံး US ကိုဈေးဝယ်ထွက်တာလေ၊ အခုနင့်ကို တွေ့ဖို့ပြန်လာတာ”

ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့် ရဲတင်းစူးရှသောအကြည့်များနဲ့ ဘုန်းကျော်ကို ဂျီမ တအံ့တဩကြည့်သည်။

“နင်ပြောင်းလဲသွားလိုက်တာ”

“ဘာပြောင်းလဲတာလဲ”
ဘုန်းကျော်က ဟန်ပါပါပခုံးတွန့်ရင်းမေးလိုက်သည်။

ဂျီမ မျက်စောင်းတစ်ချက်ထိုးပြီး…

“ပဲတွေပိုများလာတာပေါ့”

“ဟာ…ဟာ့”
မထိတထိရယ်လိုက်ရင်း… “နင့်အပေါ်တော့ မပြောင်းလဲပါဘူး”

စူးရှသောမျက်လုံးများက ဂျီမ တစ်ကိုယ်လုံးဝါးစားမတတ်။ ရင်တုန်ပန်းတုန်နှင့် မသိချင်ရောင်ဆောင်ရင်း ..

“အရင်လိုခိုင်းသမျှလုပ်ပေးမယ်ပေါ့”

“ရတယ်လေ.. ကြေးတော့ကြီးတယ်နော်”

ဘုန်းကျော်အကြည့်များအောက်မှ အနိုင်နိုင်လွဲဖယ်ရင်း လာရင်းကိစ္စကို သတိရလာသည်။

“ဟဲ့ ငါအဲ့သည်လာကြိုတာ ဒုက္ခပါပဲ ထွက်သွားပြီလားမသိဘူး”

ကယောင်ကတန်းနှင့် လက်ထဲက အဲ့သည် နာမယ်ရေးထားသော A4 စာရွက်ကို ငုံကြည့်သည်။

“ထားလိုက်စမ်းပါ.. လာ ငါနဲ့လိုက်ခဲ့”

ဘုန်းကျော် ဂျီမလက်ကို တရွတ်တိုက်ဆွဲခေါ်ပြီး အထွက်ဝက Taxi တစ်စီးကို တားလိုက်သည်။

“ဟဲ့.. နင်ဘာလုပ်တာလဲ၊ ဘယ်ဖြစ်မလဲ၊ အဲ့သည်မကြိုပဲ ပြန်သွားရင် Company မှာ ငါ ပြသနာတက်မှာပေါ့”

အသံညောင်စိစိလေးနှင့် တရစပ်ပြောနေသော ဂျီမ အသံကို လုံးဝ မကြားသလိုလုပ် ရင်း ကားပေါ်တွန်းတင်လိုက်သည်။ သူပါကားနောက်ခန်းတက်ရင်း…

“Sedona ကိုမောင်း”

ကားဆရာကို အမိန့်ပေးသလိုပြောလိုက်သည်။ သူ့ luggage များကို ကားပေါ်လာတင်ပေးသော ကောင်လေးကို လှည့်မကြည့်ဘဲ အိတ်ထဲက ဒေါ်လာတစ်ရွက်ထုတ်ပေးလိုက်သည်။ ၂ဝ တန်လား ၅ဝ တန်လား သေချာမသဲကွဲ လိုက်သည့် ဂျီမက …

“ဟဲ့ ဘယ်လောက်တွေတောင်ပေးနေတာလဲ”

ကြားထဲက နှမြောလိုက်သေးသည်။

“နေပါစေ.. အပေါဆုံးက ပိုက်ဆံပဲ”

ပြုံးစစနဲ့ ဂျီမကို ကြည့်ပြီး ပြန်ပြောလိုက်သည်။

“ငါရုံးကိုပြန်ရမှာ”
“မပြန်နဲ့”
“ဟဲ့ ဘယ်ဖြစ်မလဲ”
“ဘာကိုမဖြစ်တာလဲ”
“ငါက အဲ့သယ်ကြိုဖို့လာတာ မကြိုဘဲ ရုံးလဲ ပြန်မရောက်ဆိုရင်”
“အေးလေ အဲဒါဆိုဘာဖြစ်မလဲလို့”
ဂျီမ ဘုန်းကျော်ကို စိတ်မရှည်စွာ မျက်စောင်းထိုးရင်း…
“အလုပ်ပြုတ်မှာပေါ့ဟဲ့”
“ပြုတ်ပစေပေါ့”
ဂျီမ စိတ်မရှည်တော့ပဲ ဘုန်းကျော်ကို လက်သီးဆုတ်များနဲ့ထူတော့သည်။
ဂျီမလက်နှစ်ဘက်ကို သိမ်းကြုံးဆွဲယူလိုက်ရင်း…

“နင်မပြုတ်ရင်တောင် ငါက ထွက်ခိုင်းမလို့ ၊ ငါဒီကို အလုပ်လုပ်ဖို့ ပြန်လာတာ၊ နင့်အကူအညီ အများကြီးလိုတယ်”
ဇဝေဇဝါနှင့် ဘုန်းကျော်စကားကို ယုံရမလို မယုံရမလို…

Senoda ရောက်တော့ ဘုန်းကျော် ဘွတ်ကင်တင်ထားတဲ့ အခန်းကို သူ့ပစ္စည်းများ ပို့ခိုင်းလိုက်ပြီး ဂျီမနဲ့အတူ ကော်ဖီသောက်ရင်း စကားပြောကြသည်။

“တကယ်ပြောတာဟ Company တစ်ခုလောက်ဖွင့်မလားလို့ ဆန်ရှင်တွေလဲ ပြန်ဖွင့်ကုန်ပြီဆိုတော့လေ”
“နင်က ဘာCompany ဖွင့်မှာလဲ”
“အချစ် Company လေ”
“စကားအကောင်းပြောရင်းဖောက်လာပြီ”
“ဟုတ်တယ်လေ.. ကုန်ပစ္စည်းကမှ သုံးတဲ့သူ မသုံးတဲ့သူရှိသေးတယ်၊ အချစ်က ကင်းတဲ့သူမရှိဘူးလေ၊ ငါ အချစ် Company ဖွင့်မယ်”

“ဘုန်းကျော်ရယ်နင်ကတော့ ရောက်ရောက်ခြင်း ငါ့ကို ‘မ’ တော့တာပဲ၊ ငါက အရင် ကျောင်းတုံးကလိုမဟုတ်ဘူးဟဲ့၊ ကိုယ့်ဟာကိုယ်ရှာစားနေရတာ၊ ခဏပြန်လာပြီး အဲ လိုတွေ မနောက်ပါနဲ့ ဟယ်။ ငါ့မှာ ဒီအလုပ်ပြုတ်ရင် နောက်အလုပ်မရခင်စပ်ကြား ဘယ်လိုနေရမလဲ”

အထက်တန်းကျောင်းတုံးက မင်းသမီးလေး ဂျီမရဲ့ မျက်နှာညိုညိုနဲ့ မရှက်မကြောက် ဝန်ခံစကားကို ဘုန်းကျော်စိတ်မကောင်းဖြစ်သွားပြီး မျက်နှာပိုးပြန်သပ်လိုက်သည်။

“ဂျီမရယ် ငါက ငါ့သူငယ်ချင်းကိုဒုက္ခပေးပါ့မလား၊ ငါတကယ် အလုပ်လုပ်ဖို့ လာတာပါ”
ဒါပေမဲ့ နင့်ကို ပြောသလို Company တော့မဟုတ်ဘူး ဟု စိတ်ထဲက သာပြောလိုက်သည်။
“ဘာအလုပ်လဲ”

ငယ်ငယ်တုံးက နိမ့်ပါးလွမ်းလို့ သနားစိတ်တဝက်၊ အနိုင်ကျင့်ချင်စိတ်တဝက်နဲ့ ဂျီမကို သည်းညည်းခံလွန်းသော ဘုန်းကျော်။ အခုအချိန်မှာတော့ သူကမြင့်မားပြီး ကိုယ်က နိမ့်ကျလေတော့ အားငယ်စိတ်တဝက်နဲ့ ဂျီမပြန်မေးသည်။

“အဲဒါကတော့ ငါ့ US ဘက်က ငွေထုတ်ပေးမဲ့ ရှယ်ယာရှင်တွေနဲ့ အသေးစိတ် တိုင်ပင် ရမှာပေါ့ဟာ၊ လောလောဆယ်တော့ ငါနေဖို့ အခန်းတစ်ခန်းလောက် ရှာရမယ်၊ နင်က ငါ့မန်နေဂျာအနေနဲ့ ကူညီပေးလေ”

ထိုနေ့က ဂျီမတို့ကျောင်းတုံးက အကြောင်းတွေပြန်ပြောရင်း ညနေအတော်စောင်းမှာ Hotel က Taxi နှင့် ဘုန်းကျော် ဂျီမကို အိမ်ပြန်ပို့ပေးသည်။

အတူငှားနေကြသော တိုက်ခန်းအရောက် ရ ထပ်ကိုအမောဆို့အောင်တက်ပြီး တံခါး ဖွင့်ဝင်လာတော့ မနောနဲ့ မယ်ပုက မိမိကိုစိုက်ကြည့်နေသည်။ မောနေသည့် ဂျီမက ဘာလဲဟုမေးဆတ်လိုက်သည်…

“ဦးခိုင်ပြန်ရောက်နေပြီ နင်သိလား”
“ဘာ”
မနောရဲ့ အပြောကြောင့် ဂျီမ မယုံသလို ထူးဆန်းသွားသည်။ တဆက်ထဲ တိုက်ဆိုင်လှချည်လား ကျောင်းတုံးက သူငယ်ချင်း ဘုန်းကျော်လဲပြန်ရောက်၊ အခု ဦးခိုင်လဲရောက်နေပြီတဲ့..

“ဦးခိုင်က ယူအက်စ်မှာအိမ်ထောင်ကျပြီး ခလေးတောင်ရနေပြီဆို ဒီကို မိသားစုလာ လည်တာလား”

“အေး လာလယ်တာလို့တော့ပြောတယ် ဒါပေမဲ့သူတစ်ယောက်ထဲလာတာ မိသားစု မပါဘူး”

“ငါအိပ်တော့မယ်ဟာ… လာတော့လဲ နောက်တွေ့ချင်တွေ့မှာပေါ့”

မွန်းကြပ်မှုများနဲ့အတူ ရေပင်မချိုးဖြစ်တော့ပဲ ခြေလက်ဆေးကာ ဂျီမ အိပ်ယာထဲ ဝင်ခွေနေလိုက်သည်။

ငယ်သူငယ်ချင်းကလဲ တင့်တယ်သော အခြေအနေတခုနှင့် ၊ ဦးခိုင်ကလဲ တည်ငြိမ်သော မိသားစုဘဝကို ပိုင်ဆိုင်နေပြီ… မိမိမှာသာ….

ထိုညက မနောနဲ့မယ်ပုတို့ တချက်တချက်ကြားရသော ရှိုက်သံလေးကို စိတ်မကောင်းရင်း.. သုံးယောက်လုံးကောင်းကောင်းအိပ်မပျော်ကြ။

—————————–
နောက်တစ်နေ့ရုံးရောက်တော့လဲ စိတ်နဲ့ကိုယ်မကပ်သလို ကိုယ့်ရှေ့မှာ ဆူပူနေသော မန်နေဂျာကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတော့ နံရံနဲ့ဖက်ပြောရသလိုဖြစ်နေသည့် မန်နေဂျာက နောက်ဆုံး ဂျီမကို လက်လျှော့ထွက်သွားတော့သည်။

“ဂျီမ ဖုန်းလာနေတယ်”

ဂျီမဖုန်းထကိုင်လိုက်သည်။

“ဂျီမ… ဦးခိုင်ပါ”
“အော် ..ဦးခိုင် ဘယ်တုံးကပြန်ရောက်လဲ”

အသက်မပါသောလေသံနှင့်ပြန်ပြောလိုက်သည်…

“သုံးလေးရက်လောက်တော့ရှိပြီ၊ ဂျီမတို့က အိမ်ပြောင်းသွားတော့ တော်တော်နဲ့ ရှာမတွေ့ဘူး၊ မနောဦးလေးနဲ့ မိတ်ဆုံစားပွဲတစ်ခုမှာ တွေ့တော့မှာ ဂျီမတို့ Contact တွေရတာ၊ အဆင်ပြေရဲ့လား ကလေး…”

ဦးခိုင်ရဲ့ကြင်နာသံက ဂျီမကို ငိုချင်ရက်လက်တို့ဖြစ်သွားကာ တအင့်အင့် ရှိုက်လိုက်သည်။

“ဂျီမ.. ဂျီမ ဘာဖြစ်တာလဲ မငိုနဲ့လေ.. ဦးခိုင် အခု အဲဒီ့ရုံးကိုထွက်လာပြီ ခဏစောင့်”

ဖုန်းချပြီး အပြေးအလွားထွက် တွေ့ရာ တက်စီ ပေါ်ပြေးတက်ရင်း… အင်း… နှစ်တွေ အတော်ကြာပေမဲ့ ဂျီမ ရှိုက်သံက ယနေ့တိုင် မိမိကို လှုပ်ခါနိုင်ဆဲပါလားဟု ဦးခိုင် မသက်မသာတွေးသည်။

ရုံးရောက်တော့ ငိုမဲ့မဲ့နဲ့ စိတ်နဲ့ကိုယ်ကောင်းကောင်းကပ်ပုံမရတဲ့ ဂျီမအခြေအနေကို ကြည့်ပြီး ရုံးမှာခွင့်တိုင်ကာ ဦးခိုင်တည်းနေတဲ့ အမတို့ မိသားစု အိမ်ကိုခေါ်လာလိုက်တော့သည်။

ဂျီမကို အဲ့ခန်းထဲမှာထားခဲ့ပြီး နောက်ဖေးဝင်လာကာ အမကို ဂျီမစားဖို့ တစ်ခုခု စီစဉ် ခိုင်းရသည်။

ပြန်ထွက်လာတော့ အမသားငယ်နှစ်ယောက်နှင့်အတူ ကာတွန်းကားကြည့်ရင်း ရယ်မောနေသော ဂျီမကိုတွေ့တော့ သက်ပြင်းချလိုက်သည်။

ဦးခိုင်ပါလာတဲ့ လက်ဆောင်လေးတွေပေးတော့ ခလေးတယောက်လို ရယ်မောသ ဘောကျနေတဲ့ ဂျီမကိုကြည့်ရင်း ဦးခိုင်ရင်ထဲ နွေးနွေးလေးလှုပ်လာသည်။ ဘဝမှာ နေပျော်တဲ့ အချိန်လေးတစ်ခုဟု တွေးမိသည်။

ညနေ ယောက်ဖရုံးကပြန်ရောက်တော့ ဂျီမကို တစ်မိသားစုလုံး အိမ်လိုက် ပို့ကြသည်။

ဦးခိုင်ကို လက်ပြနှုတ်ဆက်ရင်း အပေါ်ရောက်တော့ အဲ့ခန်းမှာ အခန့်သား ခြေပေါ်ခြေချိတ်ထိုင်နေသော ဘုန်းကျော် နှင့် ဘုန်းကျော်ကို မကြည်ကြည့်နှင့် စောင် ပေပေလုပ်နေသော မနောနဲ့ မယ်ပု…

“ဂျီမ နင့်သူငယ်ချင်းတဲ့ဟေ့၊ ဒါးမြကျနေတာပဲ တံခါးခေါက်တာလဲ အိမ်ပြိုမတတ်၊ တစ်တိုက်လုံးထွက်ကြည့်တယ်၊ နင့်ကိုစောင့်မယ်ဆိုပြီး အိမ်ထဲအတင်းဝင်ထိုင်၊ ငါတို့ကိုလဲ နင်ဘယ်သွားလဲ၊ ဘယ်အချိန်ပြန်ရောက်မလဲ၊ နဲ့စစ်လိုက်ဆေးလိုက်တာ များ ငါတို့စစ်ကြောရေးရောက်နေသလိုပဲ။ နင့်ဟာကိုနင်ကြည့်လုပ်ဦး”

မယ်ပု တရစပ်အပြောကို ဂျီမ ပါးစပ်အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းမသိ…

ဘုန်းကျော်က ဘုရင်တပါးလို အဲ့ခန်းမှာ အခန့်သားထိုင်နေရာက ထလာပြီး…

“ပြန်မယ်…နောက်မှ ဖုန်းဆက်လိုက်မယ်”

သွားကြားမှထွက်သောလေသံဖြင့်ပြောရင်း ဂျီမလက်ကိုဆွဲ တစ်စုံတစ်ခုထဲ့ပေးပြီး တံခါးဆောင့်ပိတ်ကာ ပြန်ဆင်းသွားသည်။
လက်ထဲကြည့်လိုက်တော့ ဖုန်းပြားပြားလေးတစ်ခု…

ည ၁၁ နာရီ အားလုံးအိပ်ပျော်စအချိန် ကျယ်လောင်သော အသံကြောင့် သုံးယောက်လုံးလန့်နိုးတော့ ဘုန်းကျော်ပေးခဲ့တဲ့ ဖုန်းပြားလေးကမြည်သံ….
မနောနဲ့ မယ်ပုရဲ့ မြည်တွန်တောက်တည်းသံနှင့်အတူ အိပ်မှုံစုံဝါးနဲ့ ကမန်းကတန်း ဖုန်းကိုင်ရသည်။

“ဟယ်လို”

“ဂျီမ ငါအိမ်ခြံမြေ အကျိုးဆောင်တစ်ခုနဲ့ စကားပြောထားပြီးပြီ။ မနက်ဖန်သူတို့ ၃ နေရာလောက် လိုက်ပြမယ်ပြောတယ်၊ နင်ရုံးမတက်နဲ့တော့၊ အိမ်မှာပဲစောင့်နေ၊ Breakfast အတူတူစားမယ် ငါ ၈နာရီလောက်နင့်ကိုလာခေါ်မယ်”

အိမ်ချင်မူးတူးသောဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်သေးခင်…

“ဒါပဲ အိပ်တော့” ဆိုကာ ဖုန်းချသွားတော့သည်။
ပြန်ကောင်းကောင်းအိပ်မပျော်တော့သော ဂျီမမှာတော့ နောက်ဆုံးစားပွဲပေါ်က ဆေးပြားလေး နှစ်ပြားကိုရေနဲ့ မြောချပြီး ပျော်အောင်အိပ်လိုက်ရတော့သည်။

——————————-

“နင့်သူငယ်ချင်းတွေပြောတော့ နင် NLD မှာလုပ်အားပေးနေတယ်ဆို”

မနက်ပိုင်း Breakfast အတူစား၊ အိမ်ခြံမြေ ၂ နေရာလောက်လိုက်ကြည့် အပြီး နေ့လည်စာ အတူစားရင်း ဘုန်းကျော် ဂျီမကိုမေးလိုက်သည်။

“အေး အားတဲ့ရက်တွေမှာ လုပ်အားပေးတာပါဟာ၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ် တတ်နိုင်သလောက်ပေါ့..”
“တိုင်းပြည်အတွက်တဲ့ ကြီးကြီးကျယ်ကျယ်”

ဘုန်းကျော် နှုတ်ခမ်းကိုမဲ့ပြီးပြောလိုက်သည်။

ဂျီမ သဘောကျသလိုရီလိုက်ရင်း…

“အေးပေါ့ဟ NLD ကတိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ ပါတီတခုပဲ၊ ကိုယ်ကူညီတာ တိုင်းပြည် အကျိုးလုပ်တာပေါ့”
“ကောင်းတယ်… ဆက်လုပ်၊ အဖွားကြီး ပီအေ ဖြစ်အောင်လုပ်”
ဘုန်းကျော် အတည်လိုလို ခနဲ့သလိုပြောသည်…

“လုပ်မှာ ဆက်လုပ်မှာ”
ဂျီမကလဲ အားကျမခံ ပြန်ရွဲ့သည်…

“ဒါနဲ့ နင်ဘယ်အိမ်သဘောကျလဲ ဂျီမ”
“နင်နေမဲ့အိမ်ပဲ နင်စိတ်ကြိုက်ရွေးပေါ့ ဘုန်းကျော်ရဲ့”

“ငါက နင်နဲ့နေမှာလေ နင်လဲကြိုက်မှဖြစ်မှာပေါ့”

ဂျီမ မျက်စောင်းထိုးလိုက်ရင်း ကျောင်းတုံးက အမြဲအားငယ် သလို ဂျောင်ကပ်နေ တတ်တဲ့ သူငယ်ချင်းရဲ့ ပြောင်းလဲမှုကို အံ့ဩရမလို ရင်ခုန်ရမလို…

“နောက်တစ်အိမ်က အင်းယျားလမ်းမှာဆိုတော့ ပိုတော့ကောင်းမှာပဲ၊ အဲဒီ့အိမ် သဘောကျရင် နက်ဖန်တစ်ခါထဲ စာချုပ်ချုပ်လိုက်မယ်”

“ဟဲ့ အင်းယျားလမ်းက အိမ်ဆို ဈေးတအားကြီးမှာ”

“အော် အပေါဆုံးက ပိုက်ဆံပါဆို”

ဘုန်းကျော် ဂျီမကို မျက်စိတဘက်မှတ်ပြရင်းပြောလိုက်သည်။

“အော် ဒါနဲ့ နင်ဘယ်လို ယူအက်စ်ရောက်သွားလဲ ငါ့ကိုပြောပြဦးလေ”

“ထားလိုက်ပါဟာ… စာမဖွဲ့လောက်ပါဘူး… လာသွားမယ် အင်းယျားလမ်းက အိမ် သွားကြည့်မယ်”

ထိုနေ့က အင်းယျားလမ်းအိမ်ကို ဘုန်းကျော်အကြိုက်တွေ့ပြီး နောက်နေ့စာချုပ်ချုပ် ဆိုရန်ချိန်းကာ ဂျီမကို အိမ်ပြန်လိုက်ပို့သည်။

————————-

နေပြည်တော်သို့ သူငယ်ချင်း အမတ်မင်းနဲ့အတူလိုက်သွားပြီး ရန်ကုန်ပြန်အရောက် နောက်တနေ့ ဂျီမတို့ရုံးကို ဦးခိုင်ဖုန်းဆက်တော့ ဂျီမ ရုံးမတက်၊ မနောဆီ ဖုန်းဆက် တော့ မနောက အခုတလော ဂျီမကို ခေါ်ခေါ်သွားသည့် သူငယ်ချင်း လူ့ကန့်လန့် အတင်းကိုချတော့သည်….

“အဲဒါပါပဲ ဦးခိုင်ရယ်.. ယူအက်စ် ကနေ ကိုယ်စားလှယ်အဖြစ် Company ဖွင့်ဖို့ ရောက်နေတာတဲ့၊ ဂျီမကို သူ့မန်နေဂျာဆိုပြီး၊ ရုံးခန်းရှာဖို့ စာချုပ်ချုပ်ဖို့ ဆိုပြီး ခေါ်ခေါ် သွားတာ၊ တစ်စက်မှလဲ အချိုးမပြေဘူး”

ဦးခိုင်ခေါင်းထဲ အန္တရယ်အချက်ပေးခေါင်းလောင်းသံများ ဆူညံသွားပြီး မနေ့က ယူအက်စ်က ဦးကြောင်ကြီးနှင့် ဖုန်းပြောဖြစ်သောစကားများကို ပြန်သတိရလာသည်။

“ဘုန်းကျော်လဲ ရန်ကုန်ရောက်နေပြီ ကိုခိုင်၊ NLD မှာ ဗော်လန်တီယာလုပ်နေတဲ့ Company ဝန်ထမ်း အမျိုးသမီးတစ်ယောက်ကို အသုံးချပြီး လုပ်ငန်းစဖို့ ကြိုးစားနေပြီ”

“နာမယ်ဘယ်သူလဲမနော.. ဂျီမ သူငယ်ချင်းနာမယ်ဘယ်သူလဲ”

ဦးခိုင်ကမန်းကတန်းအမေး…
“ဘုန်းကျော်တဲ့ ဦးခိုင်ေ၇”

ဦးခိုင်လက်ထဲမှ ဖုန်းလွတ်ကျသွားတော့မတတ်ဖြစ်သွားသည်… ဂျီမမှာ အန္တရယ်ရှိ နေပြီ…

“မနောတို့ မတားဘူးလား”

မနော သက်ပြင်းတချက်ချရင်း…

“သူ့ ပါစင်နယ်လေ ဦးခိုင်ရယ်၊ ဘုန်းကျော်က ဒေါင့်မကျိုးလို့ ကြည့်မရပေမဲ့ သူ့အပေါ်ကောင်းရင် ပြီးတာပဲဆိုပြီး…. ဦးခိုင်တောင် မိသားစုနဲ့ ဖြစ်နေပြီပဲ၊ သူ့ဘဝလေးလဲ တည်ငြိမ်သွားရင် ပြီးတာပဲလေ….”

မှားနေပြီမနောရယ်…. မှားနေပြီ.. ဘုန်းကျော် က သူ့ဘဝကို တည်ငြိမ်စေမဲ့သူ မဟုတ်ဘူး… မွှေနှောက်ပစ်မဲ့သူ…. ဦးခိုင်ဘယ်လိုပြောရပါ့မလဲ…
ထိုညက အတွေးများစွာနဲ့ အိပ်မပျော်နိုင်သူက ဦးခိုင်….

ဂျီမနဲ့ ဝေးရာကို ထွက်ပြေးမိတာ သူ့အမှားလား…. အခုသူဂျီမကို ဘယ်လိုကာကွယ်ရမလဲ…..

အတွေးများစွာက ဝင်္ကပါထဲက ရုံးမထွက်နိုင်သူလို မွန်းကျပ်လာသည်…..

………………………

36 comments

  • Wow

    August 20, 2012 at 5:09 pm

    ဒဂျီးရေလုပ်ပါဦး… အပိုင်း (၄) ပါ ..
    အပိုင်း(၃) လို့ မှားရေးမိပြီ… ကူညီဂျပါဗျို့….

  • pooch

    August 20, 2012 at 5:35 pm

    အင်း ကောင်းခန်းကတော့ ရောက်လာပြီ.. ရှေ့ဆက်ဘယ်နှယ့်ဖြစ်မယ် မသိဘူး။ 😀

    ပိုစ့်နဲ့တော့ ဘာမှ မဆိုင်ဘူး။ ဒီစာမျက်နှာမှာ ကြော်ငြာထားတဲ့ cruise hotel က မဆိုးဘူးနော်။
    အတော်လေး လှတယ် ။ cruise မဟုတ်တဲ့ သူ့ဟိုတယ်တွေလည်း ဈေးမဆိုးဘူး ။

  • ရဲစည်

    August 20, 2012 at 5:36 pm

    ခွစ် … ခွစ်
    တိုက်တိုက် ဆိုင်ဆိုင်….
    တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင်…..
    ဒါပေသိ ..
    ကဘုန်းကျော်ကြီး ပြန်ရောက်နေပီ ဆိုတော့
    ရင်တုန်မဲ့ သူတွေ
    ရင်ခုန်မဲ့ သူတွေ ပေါ်နေပီပေါ့နော် ………..

  • Liquid_Sn@ke

    August 20, 2012 at 5:39 pm

    အောင်မယ်လေးလေ့လေ့လေ.

    ငါ့ဘွတော့ သွားပါဘီ.

    • Wow

      August 20, 2012 at 5:57 pm

      ကဘုန်းကျော်ပြန်လာဘီဆိုတော့ မိဂီရင်တုန်ပြီပေါ့…
      ဘွ က မသွားမှာမပူနဲ့ … ဇတ်သိမ်းခန်း ၃ ခန်းကို စနေ၊ တနင်္ဂနွေမှာ ကျကျနန မျက်ရည်တွေ ဗူးသီးလုံးလောက်ကျပြီး ရေးပြီးပြီ… ဇတ်ကနာသလားမမေးနဲ့…. ဟီး..ဟီး…
      😀

      • Liquid_Sn@ke

        August 20, 2012 at 6:07 pm

        ဟိုဘက်မှာပိုစ့်တင်ပီးမေးထားတာတော့ မဖြေသေးဘဲနဲ့. ဟင့်

        • Wow

          August 20, 2012 at 6:13 pm

          ဟင်…ဟုတ်လား ဆောရီးပါဟယ်…. ဘယ်ပို့စ်လဲ… 😀 😛
          ဟို တစ်ခါ logistics အကြောင်းမေးတာလား? 🙂

  • Wow

    August 20, 2012 at 6:17 pm

    ဘီယာရောင်းချင်ရို့… ဆိုတဲ့ ပိုစ်လား…
    ဒါပေမဲ့ ဘာဖြစ်လို့လဲမသိဘူး ဝင်ဖတ်လို့မရဘူး….

    • Wow

      August 20, 2012 at 6:20 pm

      Liquid_Sn@ke says:

      http://myanmargazette.net/145232/business-economy

      ရောစ့်. အင့်အင့်
      🙂
      အဲဒီ့ ရော့စ် အင့်ကို ဝင်လိုက်တာ ဒီလိုဖစ်နေဒယ်…..
      Forbidden
      You don’t have permission to access /writing-guidelines on this server.

      ဟင့် အားငယ်လိုက်ထှာ… သများတစ်ယောက်ထဲ ဝင်ကြည့်မရတာလား…

    • Liquid_Sn@ke

      August 20, 2012 at 6:21 pm

      မန်ဘာ အုံးသီး လုပ်ထားလို့ပါပြင်လိုက်ပါဘီ ချင့်

      • Wow

        August 21, 2012 at 10:00 am

        သများက မန်ဘာမဟုတ်တော့ မဖတ်ရဘူးဆိုတဲ့သဘောလား…
        အားငယ်လိုက်ထှာဟယ်…. 🙂

  • ko khin kha

    August 20, 2012 at 7:29 pm

    အပိုင်း(၄) ကျမှ သတိထားပြီးဖတ်လိုက်မိတယ်၊ အရင်အပိုင်းတွေတုံးက ကျွန်တော်ဘယ်သွား အိပ်ပျော်နေလဲမသိဘူးဗျာ။ အခုတော့ ဇာတ်လမ်းလေးကို စိတ်ဝင်စားနေပြီမို့ စောင့်မျော်နေမယ်နော် စာရေးသူရေ။

    • Wow

      August 21, 2012 at 10:19 am

      ကျေးဇူးပါကိုခင်ခ ရယ်… စာရေးမပျင်းအောင် ကြိူးစားပြီးရေးပါ့မယ်… 🙂

  • AKKO

    August 20, 2012 at 7:33 pm

    ဘယ်လိုဖြစ်လို့ ကျွန်တော့်အကောင့်နဲ့ သူ ့စာတွေတွဲနေတာပါလိမ့် ။
    သဂျီးရွာကြီးကဒီလိုဆို ပရိုက်ဗိတ်ဆီမရှိတော့ဘူးဗျာ 👿

    • Liquid_Sn@ke

      August 20, 2012 at 7:41 pm

      System ပိုင်းတစုံတရာလွဲချော်မှုပါ အစ်ကိုရေ. တွေ့လို့ သဂျီးကို လှမ်းစာပို့ထားပါတယ်

      စာရေးသူ listမှာ အစကို့နာမည်က English alphabet အရ ထိပ်ဆုံးရှိနေနိုင်တာမို့
      Index ပျောက်တဲ့ query တွေရဲ့ ထုံးစံအတိုင်း ထိပ်ဆုံး index ကိုတက်ကပ်တယ် မြင်မိပါတယ်ဗျာ.

      အချိန်နည်းနည်းစောင့်ပေးစေလိုပါရဲ့

      ခင်တဲ့

      • etone

        August 20, 2012 at 10:08 pm

        နဂိုကတည်းက ပြသနာရှာချင်နေတာ ကိုဂီဝင်ပြောလို့သက်သာ တယ်မှတ်

  • အရီးခင်လတ်

    August 20, 2012 at 8:28 pm

    မနေ့ည က တစ်ခုခု နဲ့ သူကြီး နဲ့ နပန်းလုံး နေတယ် ထင်ရဲ့။
    အပြန်အလှန် ဗျင်း နေကြတယ် ထင်တာဘဲ။
    သူ့ကြည့်ရတာတော့ winner ပါဘဲ။

    ဒါမှမဟုတ်
    ကိုခိုင် ဇာတ်လမ်း ပေါ်သွားတာနဲ့ သူကြီးကတော် မတွေ့ခင် ဖုံးဖိရင်း မှား ကုန်တာများလား။
    အင်း ….. 🙄 jk 😀

    • kai

      August 21, 2012 at 5:33 am

      Java ကနေ.. Memory Leaks ဖြစ်နေတာမို့.. တက်လာလိုက်… Kill လိုက်နဲ့..
      ဘာတွေမှန်းလည်းတော့မသိ… 😕

    • Wow

      August 21, 2012 at 9:58 am

      ဟုတ်လောက်တယ် အရီးရေ… 🙂
      မတောက်တခေါက်လေးကို လာဖတ်ပေးတာ ကျေးဇူးပါ

    • Wow

      August 21, 2012 at 9:55 am

      ဘယ်ကိုလဲဟင် ကိုပေ… 😀

  • သကြားလုုံးကြော်

    August 21, 2012 at 5:05 am

    ဖတ်လိုု့ကောင်းလိုုက်တာ။ အရင်အပိုုင်းတွေ မတွေ့လိုုက်ဘူး။ ၄ ဖတ်ပြီးမှ အစပိုုင်းပြန်ရှာဖတ်ရတယ်။ မြန်မြန်ဆက်ပါဦး။

  • Wow

    August 21, 2012 at 9:51 am

    ဟီး… ဟီး ကိုယ့်ကို အားပေးတာတွေလား မှားပြီး တက်လာတွေလားတော့ မသိ…
    မိဂီအကြောင်းရေးရတာ လွဲချက်ကယ်…. 😀
    ဘာပဲဖစ်ဖစ် အားလုံးကို ကျေးကျေးပါချင့်

  • manawphyulay

    August 21, 2012 at 10:42 am

    မနောလည်း ပြောတာပါပဲ ဦးခိုင်ရယ်.. မရပါဘူး..
    အဲ မွှားကုန်ပြီ။ ဦးခိုင်က ပြန်လာတာတောင် လက်ဆောင်မပေးဘူး။ ဟိုတစ်ခါမပေးထဲက သိပ်ကြည်တာမဟုတ်ဘူူးနော်… ဒါပဲ…:P

    • Wow

      August 21, 2012 at 11:54 am

      ဂီမကိုက လေတိုက်တိုင်း ရင်ခုန်နေတာ… မနောပြောလို့ ဘယ်ရမလဲ… ဟီး… 😛

  • ရွှေ ကြည်

    August 21, 2012 at 10:49 am

    မှတ်ကရော ဂျီမ ဦးခိုင်တုန်းကနိုင်ချင်တိုင်းနိုင်တာ ကိုဘုန်းကျော်နဲ့လည်းတွေ့ရော နားကားတာပဲ 🙂

    • Wow

      August 21, 2012 at 11:56 am

      ဂီမ သပုန်နောက်ပါဘီလေ… 😀

  • shwe pont

    August 21, 2012 at 12:44 pm

    wow ရေ
    တွယ်ညိတတ်သော ရှေ ့အပိုင်းတွေတုန်းက လုံးဝမဖတ်ဖြစ်ခဲ့ပေမဲ့ အပိုင်းလေးဖတ်ပြီးတဲ့အချိန်မှာ လုံးဝ ကို ဇာတ်လမ်းထဲက ရုန်းမထွက်နိုင်ဘဲ အပိုင်း ၁၊ ၂၊ ၃ ကိုပါ ဖတ်ဖြစ်ခဲ့တယ်။ အရမ်းရေးတတ်တာပဲ မင်းသမီး ဂျီမ ဆိုတာ အပိုင်း လေးက စဖတ်ဖြစ်တုန်းကဘယ်သူပါလိမ့်လို ့သဘောမပေါက်ခဲ့ဘူး။
    နောက်မှ Transgender Model ဂျာပွန်ကြီးမှန်း သိပြီးသကာလ ရွှေဉာဏ်တော်ကို သဘောကျစွာဖြင့်၊ အသံ ထွက်အောင်ရယ်မိပါတယ် ။ မင်းသားသူဂျီးနဲ ့ကဘုန်းကျော်တို ့ကိုလည်းအကွက်ကျ ကျ နေရာချထားတာကိုချီးကျူးပါကြောင်းနဲ ့၊ ဒီဇာတ်လမ်းကို ဝယ်ပြီး ရုပ်ရှင်ရိုက်ဖို ့ ပရိုဂျူဆာ လုပ်ရင်ကောင်းမလားစဉ်းစားနေပါ ကြောင်း။ ဝယ်ပြီးရိုက်ဖြစ်ရင် ဇာတ်ညွှန်းခွဲတာရော ဒါရိုက်တာပါ လုပ်ပေးဦးနော်၊ အဟီး။ ဒါတောင်ဇာတ်သိမ်း မဖတ်ရသေးလို ့ ။ ဇာတ်လမ်းရေးပုံ နဲ ့ ဇာတ်ကောင်တွေကို အထူး သဘောကျ နှစ်ခြိုက်ပါကြောင်း ဗျို ့။
    (ဒါနဲ ့စကားအတင်းစပ် transgender model in korea များကတော့ တော်တော်ချောကြပါကြောင်း)

  • Wow

    August 21, 2012 at 1:14 pm

    ရွှေပုံ့ရေ သများဇတ်လိုက် transgender လေးကလဲ ချောရှာပါတယ်… ဗြဲတိုက်နဲ့ တူဒယ်ဆိုပဲ… 😀

  • ကြောင်ကြီး

    August 23, 2012 at 9:14 am

    ဂျီမနဲ့ ကြည်ရရင် အတည်ပွမယ်၊ မရီဂျပါနဲ့ဗျို့..

    • Wow

      August 23, 2012 at 11:09 am

      အူးကြောင်က ဂီမနဲ့ ဂယ်ကြည်ချင်ဒါလား…
      ကပု ဂိုဏ်းတော့ ဝင်ဘီထင်ဒယ်… 😀

  • surmi

    August 23, 2012 at 1:35 pm

    ကျုုပ်လဲခုမှတန်းစီလိုက်ရတာ
    အသိတောင်နောက်ကျနေသေး
    ဇတ်သိမ်းပိုင်းမျှော်ရဦးမပေါ ့

    • Wow

      August 23, 2012 at 1:50 pm

      ကိုဆာမိ
      ပိုတာတော့ရှိမယ်
      အသက်ကတော့…. အိုဗာ သက်တိ…
      ဟီ…ဟီ့ … ကကြောင့် လမ်းစဉ်လိုက်ကြည့်တာ… 😛

      • Liquid_Sn@ke

        August 23, 2012 at 1:57 pm

        မနက်က ဖရန့်ဖြစ်သွားတာ ..ယူ ဟုတ်တယ်ဟုတ် ??

        • Wow

          August 23, 2012 at 2:17 pm

          ဖားသက်ပြင်းဆိုလို့ …. 😛
          ဘယ်သူမှရှောက်မပြောရဝူးနော်… လူစုံမှ 😀

Leave a Reply