အချစ်ဦး

zaw linNovember 16, 20171min3534

မကြင်နာတမင်ခွာလို့စိမ်း

လေယူရာယိမ်း

မတိမ်းတတ်ပာဘူးခင်

မြင်သည်ခဏ

သည်ဘဝအတွက်

တစ်သက်တာရည်စူး

အချစ်ဦးမို့ပာဘဲ

ရူူးတယ်လို့ဆိုချင်ဆို

အပျိုမြင်တိုင်း

မျက်လုံးရိုင်းနဲ့ကြည့်

မရှိစေရပာဘူးသခင်

သခင့်အလိုကျ

ထားရာနေစေရာသွား

ချစ်သူ့အပားမှာနေ

ချစ်သူ့စကား

မြေဝယ်မကျနားထောင်

ဒာကိုေတောင်မှ

အပြစ်ပေး

အနေဝေးစေတဲ့

ချစ်သူအပြစ်မယူလိုပာဘူး

ရူးတယ်လို့ဆိုချင်ဆို

သက်ကြားအို

မငိုတတ်တော့ပေမည့်

ချစ်သူပေးတဲ့အပြစ်

အချစ်များစွာနဲ့လက်ခံ

နောက်ထပ်ဆက်ရန်မရှိတော့ပြီမို့

အနောက်တောင်ဆီမှာမိုးတွေညိုနေပြီခင်

4 comments

  • Shar Thet Man

    November 17, 2017 at 2:07 pm

    ဖတ်ရတာမိုက်တယ်

  • Thint Aye Yeik

    November 20, 2017 at 5:26 pm

    အခုတလော အချစ်တွေ ခေတ်စားလာပြန်ပြီ။
    :k:

    • zaw lin

      December 6, 2017 at 9:52 am

      အသက်ကြီးလာတော့ အဖေါ်လိုချင်မိတာပေါ့နော်

  • manawphyulay

    February 23, 2018 at 10:49 am

    ငယ်တုန်းကတော့ ခံစားလို့ရတယ်။ ခုတော့….

Leave a Reply