Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်ခေတ်မှာတစ်ယောက် စွယ်စုံရ အနုပညာရှင် (ကို)ဝင်းဦး – Ronnie Nyein

kaiDecember 13, 20176min21466

တစ်ခေတ်မှာတစ်ယောက် စွယ်စုံရ အနုပညာရှင် (ကို)ဝင်းဦး


Teaser: ဗိုလ်ကြီးလှမြင့် အဖြစ် ဩစတြေလျတွင် သွားရောက် သင်တန်း တက်ခဲ့စဉ်က ချစ်သူဖြစ်ခဲ့သော ဩဇီမလေးဆီသွားပြီး အပြီးအပိုင်နေ ထိုင်ရန် တပ်မတော်မှ နှုတ်ထွက်ခဲ့ပြီး ဩစတြေလျ မသွားခင် အပျော် သဘော လက်တည့်စမ်းသည့်အနေနှင့်”နှစ်ယောက်ထဲ နေချင်တယ်” ရုပ်ရှင်ရိုက်ခဲ့ရာမှ ရုပ်ရှင်ကော ရုပ်ရှင်ထဲမှ “မီးပုံပွဲ” သီချင်းပါ တစ်နိုင်ငံ လုံးမှာ ဟိုးဟိုးကျော် ပေါက်သွားသဖြင့် ရုပ်ရှင်ကုမ္ပဏီများမှ သူနှင့်ရုပ်ရှင် ရိုက်ရန် ဝိုင်းဝိုင်း လည်လာကြသဖြင့် ဩစတြေလျခရီးစဉ်ကို ခေတ္တရွှေ ့ ဆိုင်းကာ ၁၉၆၅ “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ရိုက်ကူးအပြီးမှာ ဩစတြေလျသို့ ထွက်ခွာရန် ပြင်ဆင်ထားသော်လည်း ထိုနှစ်တွင်ပင် တော်လှန်ရေးကောင်စီ အစိုးရ က မြန်မာနိုင်ငံသားများ နိုင်ငံခြားသို့ သွားရောက်ခြင်းကို ပိတ်ပင် လိုက် သည်တွင် ကိုဝင်းဦးသည် ဩစတြေ လျသွားဖို့ကို လက်လျှော ့လိုက်ရသည်။


 

ဒီဇင်ဘာ ၁၄ ရက်နေ့ဆိုရင် ခေတ်သစ် မြန်မာအနုပညာသမိုင်းမှာ စာပေ-ဂီတ-ရုပ်ရှင် တစ်ခေတ်မှာတစ်ယောက် စွယ်စုံရ အနုပညာရှင် (ကို)ဝင်းဦး ကွယ်လွန်ခဲ့သည်မှာ ၂၉ နှစ်ပြည့်ခဲ့ပါပြီ။-

(ကို)ဝင်းဦး အမည်ရင်းမှာ လှမြင့် (ခေါ်) ကိုဦး ဖြစ်ပါသည်။

၁၉၃၅ မတ်လ ၁၃ ရက်နေ့တွင် ဖခင် ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဦးဘညွန့် (ဒုတိယကမ္ဘာစစ်ကြိုခေတ်က နာမည်ကျော် ချစ်ဒုက္ခ သီချင်း သီဆိုခဲ့သူ) နှင့် မိခင် ဒေါ်မင်နီဘခက်တို့မှ မွေးဖွားခဲ့ပါသည်။

(ကို)ဝင်းဦး ၏ ဘဝမှတ်တမ်းကို စီကာစဉ်ကာ chronology ဖေါ်ပြမည့် အစား (ကို)ဝင်းဦး ဖြတ်သန်းခဲ့သော ဘဝတစ်လျှောက်တွင် သူနှင့် တိုက် ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့ခဲ့ကြဖူးများ၏ ဟိုတစ်တို့ သည်တစ်တို့ ရေးသားဖေါ်ပြခဲ့ကြသည်များ နှင့် (ကို)ဝင်းဦးကိုယ်တိုင် တို့တို့ထိထိရေးခဲ့သည်များ၊ (ကို)ဝင်း၏ စာပေလက်ရာများ၊ သီဆိုခဲ့သော သီချင်းများ၊ (ဝင်းဦးရေးသားရိုက်ကူးပါဝင်သည်) – ဟု တစ်ခေတ်ခါ မင်းသား/ဇာတ်ညွှန်းရေးသူ/ဒါရိုက်တာ/ထုတ်လုပ်သူ အဖြစ် ရုပ်ရှင်နယ်မှ ကိုဝင်ဦး၏ မှတ်တိုင်တို့ကို စုစည်းတင်ဆက်နေသော facebook မှ Win Oo page ထဲက တစ်ချို့တို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။

facebook မှ Win Oo page တွင် – (ကို)ဝင်းဦးသည် ဗိုလ်ကြီးလှမြင့် အဖြစ် ဩစတြေလျတွင် သွားရောက် သင်တန်းတက်ခဲ့စဉ်က ချစ်သူ ဖြစ်ခဲ့သော ဩဇီမလေးဆီသွားပြီး အပြီး အပိုင်နေထိုင်ရန် တပ်မတော်မှ နှုတ်ထွက်ခဲ့ပြီး ဩစတြေလျ မသွားခင် အပျော်သဘာ လက်တည့်စမ်း သည့်အနေနှင့်”နှစ်ယောက်ထဲ နေချင် တယ်” ရုပ်ရှင်ရိုက်ခဲ့ရာမှ ရုပ်ရှင်ကော ရုပ်ရှင်ထဲမှ “မီးပုံပွဲ” သီချင်းပါ တစ်နိုင်ငံလုံးမှာ ဟိုးဟိုးကျော် ပေါက်သွားသဖြင့် ရုပ်ရှင်ကုမ္ပဏီများမှ သူနှင့်ရုပ်ရှင်ရိုက်ရန် ဝိုင်းဝိုင်း လည်လာကြသဖြင့် ဩစတြေလျခရီးစဉ်ကို ခေတ္တရွှေ့ဆိုင်းကာ ၁၉၆၅ “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ရိုက်ကူးအပြီးမှာ ဩစတြေလျသို့ ထွက်ခွာရန် ပြင်ဆင်ထားသော်လည်း ထိုနှစ်တွင်ပင် တော်လှန်ရေးကောင်စီ အစိုးရ က မြန်မာနိုင်ငံသားများ နိုင်ငံခြားသို့ သွားရောက်ခြင်းကို ပိတ်ပင် လိုက် သည်တွင် ကိုဝင်းဦးသည် ဩစတြေ လျသွားဖို့ကို လက်လျှော ့လိုက်ရ သည် စသည်ဖြင့် နိုင်ငံကောျ်အနုပညာ ရှင်၏ စိတ်ဝင်စားဖွယ် အချစ်ရေး ကိုလည်း – ဤသို့ ချစ်သူခင်များ၏ တစ်စွန်းတစ်စ ဖေါ်ပြမှုများကြောင့် သိရှိခွင့်ရခဲ့ကြရလေသည်။

—–

ကျွန်တော်တို့ သဘောကျသော ပုဂ္ဂိုလ်က လေ့ကျင့်ရေးနှင့် အင်အားဖြည့် တင်းရေးတပ်မှ အရာရှိတစ်ဦး။ သူက ထိုအချိန်က ဗိုလ်အဆင့် အသက် ကတော့ ကျွန်တော်တို့နှင့် သိပ်ကွာလှမည် မထင်။ နှုတ်ခမ်းမွှေးနှင့်ရုပ်က အတော်ချောသည်ဟု ပြောနိုင်သည်။ မိန်းကလေးများ ကြိုက်သော ရုပ် ဖြစ်သည်။ သို့သော် မျက်နှာထားကတော့ ခပ်တည်တည်၊ ခပ်တင်းတင်း။ သူ့အသားအရေက စစ်ယူနီဖေါင်းနှင့် အတော်လိုက်သည်။ သူက ကျွန်တော် တို့ အမြဲကစားနေသော ဘိလိယက်ခုံသို့ မကြာမကြာ လာရောက်ကစားသည်။ ကျျွန်တော်တို့ကို ခေါ်ခေါ်ပြောပြောတော့ လုပ် သည်။ သူက တခြားလူတော့ မဟုတ် ဗိုလ်လှမြင့်။ နောက် တစ်နိုင်ငံလုံး ဟိုးလေးတကျော် နာမည်အလွန်ကြီးသော ရုပ်ရှင်မင်းသား အကယ်ဒမီ ဝင်းဦး ဖြစ်သည်။

(ဗိုလ်ထွန်းကြည် (မုံရွာ) “နှစ် (၅၀) ကျော် ကိုယ်တွေ့များ ပထမတွဲ [၁၉၄၂ – ၁၉၇၈] စာမျက်နှာ ၅၁)

—–

ညိုမင်းလွင်ဆိုတဲ့ ကလောင်နာမည်နဲ့ ၁၉၄၉ ခုနှစ်က စတင်ပြီး သွေးသောက် မဂ္ဂဇင်းမှာ ကလောင်သွေးခဲ့ပါတယ်။ ဝင်းဦးဆိုတဲ့ နာမည်ကို စတင် ခံယူတာကတော့ ရှုမဝ မဂ္ဂဇင်းမှာ “တက္ကသိုလ်ကျောင်းသားတဦး” ဆိုတဲ့ ဝတ္ထုရှည်နဲ့ ဖြစ်ပါတယ်။ ၁၉၆ဝ လောက်မှာပါ။ အဲဒီ့ဝတ္ထုကို လုံးချင်းအဖြစ် ဝင်းဦးရဲ့ ကင်းဝန်စာပေက ၁၉၆၂ ခုနှစ် ဂျွန်လမှာ ထုတ်ဝေခဲ့ပါတယ်။

Ref: facebook မှ Win Oo page

—–

ဝင်းဦးသည် ၁၉၄၉ ခုနှစ်မှ စ၍ သွေးသောက်မဂ္ဂဇင်းတွင် စာပေရတု ကဗျာမှု အစုံစုံကို ကလောင်သက်နုနုဖြင့် ဝင်ရောက် နေရာယူ ရေးသားခဲ့ပါ၏။ ထိုစဉ်က (ဪ… သူလဲ စာရေးတတ်သားဘဲကိုး) ဟူသော အသိအမှတ် ပြုခြင်းကလေးမျှဖြင့် ခံယူတင်းတိမ်ကာ စာပေ သံသရာ ကျင်လည်ခဲ့၏။ ထို့နောက် ဝင်းဦးသည် ရှုမဝသို့ ခြေဦးလှည့်ပြ န်၏။ ရှုမဝတွင်လည်း ကြိုးကြားပါဝင် အမည်လွင်ရုံမျှသာ ရှိခဲ့ကာ သူ့ခေတ် မဟုတ်၍ သူမတွင်ကျယ်နိုင်ခဲ့ပေ။

ယင်းသည့်နောက် ဝင်းဦးသည် စာပေနယ်နှင့် အလှမ်းကွာလှသော တပ်မတော်ထည်းသို့ ရောက်၍သွားပြန်၏။ စာပေမိတ်ဆွေတို့နှင့် အထိ အတွေ့မမြဲလှတော့ဘဲ ထိခလုတ် မထိခလုတ်ဖြင့် စာရေးသူ ဟူသော အမည်နာမကလေးပင် မြုပ်ချည်ပေါ်ချည် ဖြစ်ခဲ့ရသည်။ (၁၀)နှစ်ကြာမျှ အမှုထမ်းပြီးနောက် ဝင်းဦးသည် စာပေနယ်သို့ အချိန် တန်၍ အိမ်ပြန် လာသူကဲ့သို့ (အမှတ်တရ)ကလေးတွေ ရင်ဝယ်ပိုက်ထွေးကာ စာသွေး စာရည် စာအာဇာနည် ဖြစ်ရေးကို ရှေ့ရှုကာ ပြန်လည်ရောက်ရှိလာခဲ့၏။

ဝင်းဦးသည် (ဝင်းဦး)ဟူသော အမည်နာမကို ပထမဦးဆုံး ယူငင်ကာ ရှုမဝ မဂ္ဂဇင်းတွင် (တက္ကသိုလ်ကျောင်းသားတဦး)ဟူသော ဝတ္ထုရှည်ဖြင့် မထင်မှတ်ဘဲ လျှပ်နွယ်ပြက်သကဲ့သို့ ဝင့်ကနဲ လက်ပြနိုင်လာ၏။

ကံအလှည့် သင့်၍လာပြီဖြစ်သဖြင့် သင့်တင့်သော အမည် အရှိန်အဟုန် သည်လည်း နောက်ဖျားမှ ကပ်ပါလာလေသည်။

ထိုသည့်နောက်တွင် ဝင်းဦးသည် ရှုမဝတွင် ဝတ္ထုများ အဆက်မပြတ် ရေးသားလာခဲ့ကာ အောင်မြင်(ပြီဟုဆိုရ)သော ကလောင်တချောင်းကို လက်ဝယ်တင်းတင်း ပိုင်ဆိုင်လာ၏။

ဝင်းဦးသည် ရေစီးသန်ရာ လှိုင်းထိပ်နေရာတွင် ခိုနားသော စင်ရော်ငှက် ပမာပင် မိမိစိတ်ကူး (အလင်)ရှိ၍နေခဲ့သော “အချစ်နှင့် စိတ်ကူးယဉ်” ဝတ္ထုများကို များများစားစား စီကာ စဉ်ကာ ဆက်တိုက်ကြီး ရေးခဲ့၏။ ဝင်းဦးဝတ္ထု၏ ဇာတ်ကောင်များသည် အချစ်ပုံပြင်ထဲမှ အချစ်နတ်သား နတ်သမီးကလေးများပမာ ပုံသဏ္ဍာန်ရိပ် တံဆိပ်ခပ်နှိပ်ခြင်းကို ခံကြ ရပေသည်။

တဖန်… ဝင်းဦးသည် စာပေနယ်မှ ခင်းပေးလိုက်သော သက်တန့် တံတား ကို နင်းလျှောက်ကာ ထိန်တောက် ဝင်းလက် အနင်းခက်လှသော အနုပညာ နယ်မြေတမျိုးသို့ ရောက်ရပြန်၏။

ဝင်းဦး
၂၄-၈-၇၂

(၁၉၇၂ စက်တင်ဘာလတွင် နန္ဒဝန်စာပေတိုက်က အဖိုး ၄ ကျပ်ဖြင့် ပထမအကြိမ် အုပ်ရေ ၅၀၀ဝ ထုတ်ဝေခဲ့သော ဝင်းဦး၏ “ချစ်ဦးသူနှင့် ချစ်ဖူးသူ” စာအုပ်တွင် ဝင်းဦးကိုယ်တိုင် စီရင် ရင့်ကျူးခဲ့သော “ဝင်းဦးနှင့်စာရေးသူ” ခေါင်းစဉ်ပါ အမှာစာမှ ကောက်နုတ်လွှာလေးဖြစ်ပါ၏။)

Ref: https://www.facebook.com/154793814568862/photos/a.569018403146399.1073741825.154793814568862/569018406479732/?type=3&theater

—–

(ကို)ဝင်းဦး ၏ တိုက်လေယာဉ် cockpit ထဲမှ ဓါတ်ပုံရှင်းတမ်း
(facebook ၏ Win Oo page)

ထင်ရာ မြင်ရာတွေ ရေးထားတာလေး တွေ့လို့ ရှင်းဖို့ လိုမယ် ထင်ပါ တယ်။

ဗိုလ်ကြီးလှမြင့်ဟာ ကြည်းတပ်က ဖြစ်ပါတယ်။ သည်ပုံမှာ တိုက်လေ ယာဉ်မောင်းသူ နေရာမှာ ထိုင်နေတယ်။ တကယ်တော့ ဗိုလ်ကြီးလှမြင့် လေယာဉ် မမောင်းတတ်ပါဘူး။

သေချာကြည့်ရင် ဒါဟာ ဝင်းဦးပုံ ဖြစ်ပါတယ်။ ဗိုလ်ကြီးလှမြင့်ပုံ မဟုတ် တာ မြင်သာလွန်းပါတယ်။ ဗိုလ်ကြီးလှမြင့်ဘဝတုန်းက နုပျိုမှုက သည်ပုံ မှာ မရှိပါဘူး။ ဝင်းဦးရဲ့ ချောမော ခန့်ငြားမှုသာ ရှိပါတယ်။ သည်ပုံက ဇာတ်ဝင်ခန်းတစ်ခုအတွက် ရိုက်ထားတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။

တက္ကသိုလ်တက်ရင်း တန်းလန်းကနေ မောင်လှမြင့်ဟာ ၁၉၅၂ ခုနှစ် မေမြို့ ဗိုလ်သင်တန်း (OTS) အပတ်စဉ် ၈၊ စည်သူတပ်ခွဲမှာ တက် ရောက်ခဲ့ပါတယ်။ ဗိုလ်ကြီး ဖြစ်လာပြီးတဲ့နောက် ဩစတြေးလျနိုင် ငံမှာ ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းစစ်ဆင်ရေး သင်တန်းကို သွားတက် ခဲ့ပါတယ်။ သည်အတွက် လေတပ်ရဲ့ သဘောသဘာဝ အခြေခံတွေကို သင်ယူခဲ့ရတာတော့ မှန်ပါတယ်။

ဒါပေမယ့် လေယာဉ်မောင်းအတတ်ကို သင်ယူခဲ့ရခြင်း မရှိပါဘူး။
ဗိုလ်ဖြစ်လာချိန်မှာ မောင်လှမြင့်ရဲ့ မူလ ပိန်လှပ်လှပ် ခန္ဓာကိုယ်ကိုက အစ ပြောင်းလဲပစ်ခဲ့ပါတယ်။ ဗိုလ်သင်တန်းတက်နေချိန်မှာ ကာယဗလ လိုက်စားလိုက်တာမို့ ဗိုလ်ဖြစ်ချိန်မှာ ခန္ဓာကိုယ်အဆက်အပေါက်က တအား ပြောင်းလဲသွားပါတော့တယ်။

သည်အခါမှာ လူတွေနဲ့ဆုံရင် ကိုယ့်ကိုယ်ကိုယ် ဗိုလ်ကိုဦးအဖြစ်သာ မိတ်ဆက်ပေမယ့် တပ်က တရားဝင် နာမည်ကတော့ လှမြင့်ပါပဲ။

[တပ်မတော် (လေ) မှ သူငယ်ချင်းမိတ်ဆွေများထံမှ ကြားဖူးသည်က -အဆိုပါ တိုက်လေယာဉ် cockpit ထဲမှ ဓါတ်ပုံမှ မိတ္ထီလာရှိ တပ်မတော် (လေ)၏ လေယာဉ်မောင်းသင်တန်းကျောင်းသို့ ဗိုလ်ကြီးလှမြင့်အဖြစ် ရောက်ရှိလာစဉ် အမှတ်တရရိုက်ကူးခဲ့သည့် ပုံ – ဟူ၍ဖြစ်ပါသည်။]

—–

အနမ်း သံသရာ – (၁) ဝင်းဦး

September 19, 2012 at 4:33am

ဝင်းဦးကွယ်လွန်ခါစက မဟေသီမဂ္ဂဇင်းတွင် ဝင်းဦးနှင့် ပတ်သက်ခဲ့သူ များအား တွေ့ဆုံ မေးမြန်းကာ အခန်းဆက် ရေးသားတင် ဆက်ခဲ့ဖူးလေ သူ စာရေးဆရာ ဆူဒိုနင် / အတ္တကျော်ရဲ့ စာအုပ်တစ်အုပ်ထဲမှာ အခုလို တွေ့ရပါတယ်။

တပ်မှ ထွက်၍ မမတင် (မင်းသမီးကြီး တင်တင်မူ)တို့ အိမ်မှာ သူ ဝင် ထွက်နေခဲ့သည်။ အလည်အပတ် သွားသည်။ အပြုံး အရယ် အနောက် အရွှမ်း ပြောသည်။ အပျော်အပါး ဖက်ပြန်သည်။ (ပိုကာဆွဲသည်ကို ဆိုလိုသည်။)

အနုပညာရှင်တို့ကား အနုပညာ သဘောအနက်ကို ရှာတွေ့ကြသည်။ အနုပညာရှင် မမတင်သည် ဝင်းဦးကို ရုပ်ရှင်ရိုက်ရန် တိုက်တိုက် တွန်းတွန်း လုပ်တော့သည်။ သည်မှာပင် ရုပ်ရှင်ပိတ်ကားပေါ်သို့ ဝင်းဦး ခြေချမိခြင်းဖြစ်သည်။ ယင်းနှစ်မှာပင် တငတင်မူနှင့် “နှစ်ယောက်ထဲ နေချင်တယ်” ဇာတ်ကားကို ရိုက်ဖြစ်တော့သည်။

ရိုက်ဖြစ်တော့ သူ့ဝတ္ထု “နှစ်ယောက်ထဲ နေချင်တယ်”တဲ့။ ပြီး သူကိုယ်တိုင် ဇာတ်ညွန်းကို စတင်ရေးသည်။ ဒါရိုက်တာကတော့ ဆရာ ဦးတင်ယု။ ထိုဇာတ်ကားရိုက်ကူးရန် စီစဉ်တုန်းမျာ “ချစ်သောသူတစ်ယောက်” ဇာတ်ကားကို လက်ခံရိုက်ကူးရပြန်သည်။ နှစ်ယောက်ထဲ နေချင်တယ် ဇာတ်ကားတွင် ထွန်းထွန်းဆိုသော ခေတ်မီယာသမားလေးတစ်ယောက်နှ င့် ဒေါ်မမခင်ဆိုသော မုဆိုးမ မိန်းမလှကြီးတစ်ယောက် ချစ်ကြိုက်ပုံ ဇာတ်လမ်းဖြစ်သည်။

ယင်းဇာတ်ကားတွင် အအောင်မြင်ဆုံး ပါဝင်သရုပ်ဆောင်နိုင်ပြီး ဇာတ်ကားတွင် ဇာတ်ဝင်အဖြစ် သီဆိုထားသော “မီးပုံပွဲ” သီချင်းသည် နာမည်ရပြီး မြို့တော်ခန်းမမှာပင် သည်သီချင်းကို အဆိုပြိုင်ပွဲ လုပ် ခဲ့သေး၏။ (နောင်အခါ နာမည်ရလာသော ရေဒီယိုအဆိုကျော် တင်ဦးလေးပင် ထိုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါသည်။)

ဝင်းဦးအနေဖြင့် ဩစတြေးလျသို့ မသွားမီ ကြားကာလ ခရီးသွားဟန်လွှဲ လက်တည့်စမ်းခြင်းသာ ဖြစ်သည်။ သူ့ ဆန္ဒအာသီသကား ဩစတြေးလျ သို့ သွားရောက်နေထိုင်လိုသော စိတ်ကသာ စိုးမိုးနေ၍သာတည်း။

သို့သော် ဝင်းဦးဟူသော အမည်သည် ရုပ်ရှင်လောကတွင် ထင်ပေါ် ကျော်ကြားလာပြီး ထုတ်လုပ်သူ ကုမ္ပဏီပိုင်ရှင်တို့က ဝင်းဦးအား ကားဆက်လိုက် ရိုက်ကူးရန် ထပ်မံစာချုပ်၍ ငှားရမ်းကြသဖြင့် ဩစတြေးလျသွားရေး အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားရပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တော့သည်။

————————————

၁၉၆၃ ခုနှစ် မန္တလေး ရုပ်ရှင်က ရိုက်ကူးလိုက်သော “မောင်တို့ ချယ်ရီမြေ” ဇာတ်ကားဟာ Mardi Gras ဆိုတဲ့ ဇာတ်ကားကို မှီးပြီး ရိုက်ကူးလိုက်သော ဇာတ်ကားတစ်ကား ဖြစ်ပါသည်။

ထိုဇာတ်ကားရိုက်ကူးပြီးချိန်တွင် ဝင်းဦးသည် ဩစတြးလျပြည်သို့ ထွက် ခွာဖို့ တစ်ချီတစ်မောင်း ကြိုးပမ်းပြန်သည်။

သို့သော် ဩစတြေးလျ ကျွန်းကြီးပျိုဖြူ လှကလျာနဲ့ နဖူးစာချာချာ လွဲရချက် နာချင်လို့လားတော့ မသိ…။ သူ ကြံစည်ကာမှ တော်လှန်ရေး အစိုးရက နိုင်ငံခြားသွားခွင့်ကို ရပ်ဆိုင်းလိုက်သည်နှင့် တိုးနေပါတော့၏။

ထိုမျှမကသေး နောက်တစ်ကြောင်းက ဖခင် ဆရာဦးဘညွန့်ကိုယ်တိုင်က တိုင်းပြည်အခြေအနေအရ နိုင်ငံခြားကို ထွက်မသွားစေလိုသော ဆန္ဒ ရှိနေသဖြင့် သားဖြစ်သူ ဝင်းဦးကို သွယ်ဝိုက်သောနည်းဖြင့် တားမြစ်သ လို ဖြစ်နေပြန်သည်။

နှစ်ရှည်လများ သူကြံစည်ခဲ့သမျှ၊ ကြိုးပမ်းအားထုတ်ခဲ့သမျှတို့သည် သဲထဲ ရေသွန်လိုက်သလို အရာတောင် ထင်မကျန်ရစ်တော့ချေ။

ထို့နောက်တွင်ကား သူသည် ဩစတြေးလျ သွားလာရေးနှင့် ပတ်သက်ပြီး စဉ်းပင် မစဉ်းစားခဲ့တော့ဘဲ အခြေအနေ အရပ်ရပ်ကြောင့် လုံးဝ ဖျက် သိမ်းပစ်လိုက်ပါတော့သည်။

ထိုအခါကျမှ “ကင်းဝန်”စာပေ နာမည်တပ်ပြီး “ကင်းဝန်သည် စာပေလော က၏ သံတမန်ဖြစ်သည်”ဟု ကြွေးကြော် ကြုံးဝါးကာ စာပေ ထုတ်ဝေမှု၊ ဖြန့်ချိမှုများကို လုပ်ကိုင်ခဲ့သည်။ ကင်းဝန် ဓာတ်ပြား ထုတ်လုပ်ရေးကို ဇောက်ချ လုပ်ကိုင်လာရင်း သူ ချစ်သော “စန္ဒာ”ကို မျက်စပစ်ခဲ့ရာက ၁၉၆၅ ခုနှစ်တွင် “စန္ဒာ ရုပ်ရှင်ကုမ္ပဏီ”ကို မီးရှူး သန့်စင်ခဲ့ပါသည်။

(မူလက စန္ဒာရုပ်ရှင် ကုမ္ပဏီမှာ သုခုမ ရုပ်ရှင်၏ လက်ခွဲ ကုမ္ပဏီဖြစ်ခဲ့ပြီး သရုပ်ဆောင် မောင်မောင်မြင့်၏ မိခင်ကြီး ဒေါ်နန်းက ပိုင်ဆိုင်ခဲ့ပါသည်။ ယင်းကို ဝင်းဦးက ဝယ်ယူလိုက်ခြင်း ဖြစ်သည်။)

စန္ဒာရုပ်ရှင်ကို တည်ထောင်ပြီးနောက် ဝင်းဦးသည် သူချစ်သော စန္ဒာ ဓာတ်ပြားကုမ္ပဏီနှင့် စာပေထုတ်ဝေရေးတို့ကိုပါ ပြောင်းလဲပြီး “စန္ဒာ စာပေ၊ စန္ဒာ ဓာတ်ပြား၊ ရုပ်ရှင်နှင့် မဂ္ဂဇင်း ထုတ်လုပ်ရေး” လုပ်ငန်းများ ကို လုပ်ကိုင်ခဲ့၏။

—————————————-

နောက်ဆုံးက ဝင်းဦး
(ဝင်းဦး မိသားစု၏ စာပေနှင့် အနုပညာ ခရီး)

ဝင်းဦးသည် ကျောင်းနေစဉ်ကာလအတွင်း ရုပ်ရှင်ကို အပျင်းပြေ ကြည့် သည်မှလွဲ၍ ရုပ်ရှင်မင်းသားလုပ်ရန်၊ ဒါရိုက်တာလုပ်ရန်၊ ရုပ်ရှင် ကုမ္ပဏီထောင်ရန် အစရှိသည့် ရုပ်ရှင်လုပ်ငန်းများကို ယောင်၍ပင် မစဉ်း စားမိ၊ ဝါသနာလည်း မပါ။ သူ့အဓိက ဝါသနာမှာ စာပေ ရေးသားခြင်းနှင့် စာဖတ်ခြင်းသာ ဖြစ်သည်။

တေးသီချင်းသီဆိုမှုနှင့် ပတ်သက်ပြီး ပင်ကိုစရိုက် ဘမျိုး ဘိုးတူ၍ပင် ဆိုရ မည်လည်း မပြောတတ်။ စစ်ကြိုခခေတ်က ချစ်ဒုက္ခ ဦးဘညွန့်အဖြစ် ကျော်ကြားခဲ့သော ဝင်းဦး၏ ဖခင် ပါမောက္ခ ဦးဘညွန့်သည် ငယ်စဉ်က ပင် တေးဆို ဝါသနာထုံခဲ့ပြီး အေဝမ်း မောင်တင်မောင်၊ တက္ကသိုလ် ဖေဆန်းတို့နှင့်အတူ တွဲဖက်ပြီး ရုပ်ရှင်လောကသို့ ဝင်ရန် ကြိုးစားခဲ့ဖူးပါ သည်။ အကယ်၍ ဒုတိယ ကမ္ဘာစစ်သာ မဖြစ်ခဲ့လျှင် ဝင်းဦးဖခင် ဦးဘညွန့်မှာ ရုပ်ရှင်ပိတ်ကားပေါ်တွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကို တွေ့ကောင်းတွေ့ရမည်သာပင်။

(စိတ်ဝင်စားစရာ ကောင်းသည်မှာ အကယ်ဒမီဝင်းဦးနှင့် သူ့ဘဝ ဇာတ် လမ်းစုံ စာအုပ်၌ ဝင်းဦး၏ ကိုယ်ရေးရာဇဝင်ကို ဖော်ပြထားရာတွင် ဖခင် ဘက်မှ အကြောင်းရပ်များသာ ဖော်ပြထားပြီး မိခင်ဖြစ်သူမှာ စန္ဒယားတီး ကျွမ်းကျင်သူ ဖြစ်သည့်အချက်အပါအဝင် မိခင်နှင့် ပတ်သက်သမျှ အချက် အလက်များကို ချန်လှပ်ထားခဲ့ခြင်းဖြစ်လေသည်။)

ဝင်းဦး၏ မိသားစုထဲတွင် မတင်တင်ဦး၊ ကိုကျော်ဝင်း (ခ) ကိုဝင်းညွန့်၊ ကိုလှမြင့် (ခ) ကိုကိုဦး (ခ) ဝင်းဦး)၊ ဝင်းဇော် (ခ) အောင်မိုး၊ ကြည်ရွှင်၊ မောင်စိုးညွန့်၊ မောင်အေးညွန့် စသည့် မွေးချင်းပေါက်ဖော် ခုနစ်ယောက် ရှိခဲ့ရာ အငယ်ဆုံး မောင်အေးညွန့်နှင့် မောင်စိုးညွန့် တို့က လွဲပီး ရုပ်ရှင်နှင့် ဂီတနယ်တွင် နောက်ဆုံးမှ ပါဝင်ခဲ့သူမှာ ဝင်းဦးသာ ဖြစ်ပါ သည်။ (အမှန်မှာ အကြီး ငါးဦးမှာ ဒေါ်မင်နီဘခက်နှင့် မွေးဖွားသော မအေတူ ဖအေတူ မောင်နှမများဖြစ်ပြီး ကျန်နှစ်ဦးမှာ ဦးဘညွန့်၏ နောက်အိမ်ထောင်နှင့် မွေးဖွားသော ဝင်းဦး၏ ဖအေတူ မအေကွဲ ညီများဖြစ်သည်။)

မတင်တင်ဦးသည် တစ်ချိန်က တက္ကသိုလ် တင်တင်ဦး အမည်ဖြင့် တေး သီချင်းဆိုခဲ့ရာ ချစ်ဦးမောင် သီချင်းမှာ လူကြိုက်များခဲ့သည်။ စာပေရေး သားမှုနှင့် ပတ်က်၍ မတင်တင်ဦးသည် သွေးသောက်မဂ္ဂဇင်းတွင် တစ် ချိန်က ကလောင်နာမည် “မေယု” အဖြစ် ခံယူ ရေးသားခဲ့ဖူးသူ ဖြစ်ပါ သည်။

ဝင်းဦး၏ အစ်ကိုကြီးဖြစ်သူ ကိုကျော်ဝင်း (ဝင်းညွန့်သည် တက္ကသိုလ် ဝင်းညွန့်အမည်ဖြင့် တစ်ချိန်က စာရေးခဲ့ဖူးသေးသည်ဟု တချို့ ခင်မင် သူများက ပြောကြသည်) သည် လျှို့ဝှက်သည်းဖို ဝတ္ထု၊ နိုင်ငံခြားဝတ္ထု အတော်များများကို ဖတ်ခဲ့သည်။

ဝင်းညွန့်သည် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ “ရမ္မက်” ဇာတ်ကားမှ စ၍ မင်းသားအဖြစ် ရိုက်ကူးခဲ့၏။ ရုပ်ရှင်နယ်ပယ်သို့ မရောက်မီက မြန်မာ ပြည် မီးရထားဌာနတွင် အမှုထမ်းခဲ့သည်။ (ယခုစာအုပ်မှာ ၁၉၆၉ ခုနှစ် ထုတ်ဖြစ်သဖြင့် ဝင်းညွန့်၏ စာအုပ်အကြောင်း မပါရှိခဲ့ပေ။ အဆိုပါ ဝင်းညွန့်သည်လည်း အောင်မြင်သော ရုပ်ရှင်မင်းသား ဘဝတွင် မင်းသ မီးကြီး တင်တင်မူ၏ သမီးဖြစ်သူ ရုပ်ရှင်မင်းသမီး ဒေစီကျော်ဝင်းနှင့် အိမ်ထောင်ကျခဲ့သေးသည်။ ထို့နောက် ဒေစီကျော်ဝင်း လျှမ်းလျှမ်းတော က်ချိန်တွင် အိန္ဒိယနွယ် ရုပ်ရှင်ဒါရိုက်တာ တစ်ဦး၏ နောက်သို့ ကောက်ေ ကာက်ပါသွားခဲ့ရာ ဝင်းညွန့်က “ကျွန်တော့်သက်ထား အလကား ရောင်း လိုက်သည်”ဟူသော စာအုပ်တစ်အုပ်ကို ရေးထုတ်ခဲ့ဖူးပါသည်။)

ကိုဝင်းဦး၏ ညီငယ်တစ်ဦးဖြစ်သူ ကိုကြည်ရွှင်မှာ ဝင်းဦး၏ မိသားစုထဲမှ ရုပ်ရှင်နယ်သို့ အစောဆုံး ခြေချလာသူ တစ်ဦးဖြစ်၏။

အနုပညာနယ်ပယ်တွင် ကိုကြည်ရွှင်သည် စာပေရေးသားမှုကို ထင်ထင် ရှားရှား အားမထုတ်သည်က လွဲ၍ ပြဇာတ်ဆိုလည်း ကလိုက်သေးသည်။ သီချင်းဆိုပြီး အဆိုကျော် ဝင်လုပ်သည်။ တက္ကသိုလ်ကြည်ရွှင်အမည်ဖြင့် သီဆိုသော “အချစ်ကို မရှာချင်” သီချင်းမှာ ကျော်ကြားခဲ့သည်။ ပြီး ရုပ်ရှင် ဆိုလည်း ရိုက်လိုက်သေးသည်။ ဒါရိုက်တာဆိုလည်း ဦးချစ်ခင်နှင့် ရိုက်၍ ကုမ္ပဏီဆိုလည်း ဗြိတိသျှ ဘားမားနှင့် ဇာတ်ကားနှစ်ကားလောက် ရိုက် ကူးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်နယ်မှ ခေတ္တအနားယူခဲ့သည်။

ညီငယ် အောင်မိုးသည် ဝင်းဦးနှင့်တစ်ပြိုင်တည်းဆိုသလို နှစ်ယောက်ထဲ နေချင်တယ် ဇာတ်ကားတွင် စတင်ပါဝင်ခဲ့သည်။ ဝင်းဦးကဲ့သို့ ဝတ္ထု များရေး၍ မကျော်ကြားခဲ့သော်လည်း ရံဖန်ရံခါ အားကစား စာစောင် များတွင် အားကစား ဆောင်းပါးများ ရေးသားခဲ့ပေသည်။

ဝင်းဇော်နာမည်ဖြင့် ရိုက်ကူးခဲ့သော မြဇော်ဖလင်းမှ ထုတ်လုပ်သည့် “ကျော်တော့ လှေသူကြီး”ဇာတ်ကားတွင် အကယ်ဒမီ ဖိုးပါကြီါ်။ မေသစ်၊ မြင့်မြင့်ဌေးတို့နှင့် တွဲ၍ မင်းသားအဖြစ် ရိုက်ကူးခဲ့ပေသည်။

သည်နောက်ပိုင်းတွင် ရုပ်ရှင်နယ်မှ အစ်ကိုဖြစ်သူ ဝင်းဦးလောက် ထိတ် ထိတ်ကြဲ မအောင်မြင်သော်လည်း ရုပ်ရှင်နယ်တွင် ရုန်းကန် လှုပ်ရှားခဲ့၏။

(ဝင်းဦးသည် ထိုညီ အောင်မိုး ခေါ် ဝင်းဇော်အား အတော် သံယောဇဉ် ကြီးခဲ့ပုံ ရပေသည်။ သူ့ရုပ်ရှင်ကားများတွင် အောင်မိုးအား တွဲခေါ်ခဲ့ရုံ မကသေးပဲ “မိုးစန္ဒာ”ရုပ်ရှင်ကုမ္ပဏီကိုပါ ထိုအချိန်က အောင်မိုးအတွက် ထူထောင်ပေးခဲ့သေးသည်။ သို့ရာတွင် ဝင်းဦးသာ ဆထက်ထမ်းပိုး တိုး တက်အောင်မြင်ခဲ့သော်လည်း သူ့ညီမှာ နောက်ပိုင်းတွင် ရုပ်ရှင်နယ်မှ လွင့်ထွက်သွားခဲ့ရပေသည်။

ဝင်းဦးကလည်း ညီအစ်ကိုမောင်နှမများကို စိတ်နာကာ ခရစ်ယာန်ဘာ သာသို့ ကူးပြောင်းခဲ့ပြီး သူ၏ အမွေများကို သေတမ်းစာဖြင့် သွေးမတော် သားမစပ်သူ တစ်ဦးအား လွှဲပြောင်းပေးခဲ့သည်အထိ ဖြစ်သွားခဲ့ပါသည်။

ဝင်းညွန့်မှာ ယစ်ထုပ်ကြီး ဘဝဖြင့် ဇာတ်သိမ်းသွားခဲ့ရသလို ဝင်းဦး၏ နောက်မှ ကွယ်လွန်သော အောင်မိုးမှာလည်း နွမ်းနွမ်းပါးပါး ချို့ချို့ငဲ့ငဲ့ဖြင့် ဇာတ်သိမ်း မလှခဲ့ရှာချေ။

ဝင်းဦးနှင့် ရုပ်ချင်း အလွန်ဆင်လှသော အစ်မကြီး တင်တင်ဦးမှာ ယနေ့ထက်တိုင် သက်ရှိ ထင်ရှား ကျန်နေဆဲ ဝင်းဦး၏ မောင်နှမ ရင်းချာဖြစ်သည်။

အငယ်ဆုံးညီ ကြည်ရွှင် တစ်ယောက်သာ ဣန္ဒြေရသော ဘဝတွင် နေ ထိုင်လျက် တိမ်းပါးသွားခဲ့ခြင်းဖြစ်လေသည်။ သားသမီး ငါးယောက် မွေး ဖွားပြီး အရွယ်ကောင်းကောင်းမှ မရောက်ကြသေးခင် မိခင် ဖခင်တို့၏ အိမ်ထောင်ရေး ပြိုကွဲခြင်း ဂယက်ကို ဝင်းဦးတို့ ညီအစ်ကိုမောင်နှမများ အပေါ်တွင် ကြီးစွာ ရိုက်ခတ်သွားခဲ့ပုံ ရသည်။)

Ref: https://www.facebook.com/notes/459378177438180/

—–

(ကို)ဝင်းဦး၏ နာမည်ကြီး လုံးချင်းဝတ္ထု “ကျွန်တော် မွှေးတဲ့မီး” ကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။

ကျွန်တော် မွှေးတဲ့မီး

ဝင်းဦး

https://www.facebook.com/notes/479997502042914/

—–

ကိုယ် လက်ဆောင်ပေးလိုက်ပါတယ် စု

(ကို)ဝင်းဦးရဲ့ လူကြိုက်များခဲ့တဲ့ ဝတ္ထု

ခရစ္စမတ်လက်ဆောင်

ဝင်းဦး
၁၉၇၂ စက်တင်ဘာ လထုတ် စန္ဒာမဂ္ဂဇင်း

ဘု နဲ့ စု ကို မေ့မရ တသသ ရှိနေသူတွေအတွက် အောက်ပါ link မှာ ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/notes/170624609646873/

—–

အနုပညာသည်တဦးအနေနဲ့ ကျရာဝန်ကို ထမ်းခဲ့ဖူးတာလေး အမှတ်တရ ပါ။

မြန်မာ့အသံ ရွှေခေတ်မှာ စနေနေ့ည ၈း၁၅ နာရီ ဆို တစ်ပြည်လုံး စောင့် နားထောင်ရတဲ့ အသံလွှင့်ဇာတ်ဆိုတာ ရှိခဲ့ဖူးပါတယ်။

ကောလိပ်ဂျင်နေဝင်း၊ စိုးရွှေ၊ ဒေစီကျော်ဝင်းတို့ ခေါင်းဆောင်တဲ့ “ချစ်ဧည့်သည်” အသံလွှင့်ဇာတ်အတွက် ဇာတ်ဝင်တေး သုံးပုဒ်ကို ဆိုပေးထားတာလေး အမှတ်တရ တင်ပေးလိုက်ပါတယ်။

ချစ်ဧည့်သည် – http://pc.cd/Q3R7

ကိုယ်တိုင် အသံနဲ့ သရုပ်ဆောင်ထားတဲ့ လူနှစ်ယောက် ကားတစီးနဲ့ မိုးတည အသံလွှင့်ဇာတ်ကို နားဆင်ချင်တယ်ဆိုရင်တော့ စနေနေ့ည ၈း၁၅ မှာ တင်ပေးပါ့မယ်။

Ref: facebook မှ Win Oo page

—–

လူနှစ်ယောက်၊ ကားတစီးနဲ့ မိုးတစ်ည

http://pc.cd/3eCctalK

Ref: facebook မှ Win Oo page

—–

အရိပ်ပမာ (အသံလွှင့်ဇာတ်)

တင်တင်မူနဲ့ပါ။

https://goo.gl/ydlgvr

Ref: facebook မှ Win Oo page

—–

ဝင်းဦးနဲ့ ဖူးစာနှစ်ခိုင်
July 26, 2012 at 6:51am

ရေးသူ – Maung Maung Than on Sunday, 24 June 2012 at 17:29

ကိုဝင်းဦးဟာ အခြားသူများ ရိုက်ပြီးသား ဇာတ်ကားတွေ ပြန်ရိုက်ခဲပါ တယ်၊ ဒါပေမဲ့ သူ့နာမည်ကြီးကား တစ်ကား (ကျောက်မဲ အကျဉ်းသား)က ကျော်ဆွေ သရုပ်ဆောင်ထားတဲ့ (ဒါရိုက်တာ မောင်သောင်း ထင်ပါတယ်) ဖူးစာနှစ်ခိုင်ဇာတ်ကားကို ပြန်ရိုက်ပါတယ်၊ ဒီမှာကတော့ ဖူးစာနှစ်ခိုင် က လည်း Prisoner of Zender ဆိုတဲ့ကားကို မြန်မာမှုပြုထားတယ် ပြောကြ ပါတယ်။

(ကို)ဝင်းဦး နှင့် ကျောက်မဲအကျဉ်းသား/ဖူးစာနှစ်ခိုင် တို့အကြောင်းကိုတော့ အောက်ပါ link မှာ ဖတ်နိုင်ပါတယ်။

https://www.facebook.com/notes/438190289556969/

—–

(ကို)ဝင်းဦး ပါဝင်တဲ့ ရုပ်ရှင် ဆိုရင် သင်္ကြန်ပွဲတော် အမြဲပါတယ်၊ မန်းသင်္ကြန်က မပါပဲမနေ ပါဝင်တယ်လို့ ရုပ်ရှင်ကြည့်ပရိဿတ်က အသိအမှတ်ပြုထားကြပါသည်။

(ကို)ဝင်းဦး၏ ရုပ်ရှင်များစွာထဲက သင်္ကြန်သီချင်းများစွာထဲက လူကြိုက်များခဲ့တဲ့ တစ်ပုဒ်ကတော့ “နံ့သာသင်္ကြန်” သီချင်းပါ။
အောက်ပါ link မှာ နားဆင်နိုင်ကြပါသည်။

http://goo.gl/GlgNBp

နံ့သာသင်္ကြန်
=========
အတာကျူးတဲ့ တန်ခူးလအခြေ မြူတိမ် ပူရှိန် သူရိန်နေ
ဝင်းတောက်ခါ ဝဠာအောက်မြေ ဖြာအရောက်ဝေ ချင်း အလင်းရောင်ပြင်းပေ
နှစ်သစ်နဲ့ သင်္ကြန်ကျပလေ အပြစ်ဖြစ်မယ့် အတွင်းရန် ဘယတွေ
သွေကြောင်းနဲ့ ရေလောင်းကာ ထွေထွေ တောင်းဆုချွေ
သွေးထားတဲ့ နံ့သာများတွေ… ကြေးဖလားနဲ့ အနှံ့ သနပ်ခါးရေ
ပျိုလက်နဲ့ ကိုယ်အထက် လာသွန်နေ… တအားပက်စေ
ဖြူပြာရွှေ သူဇာမေ ဝိုင်း ဝိုင်းလည်ထားသလေ
မောင်တကိုယ်ရေ ရှောင်မလိုသွေ ပြေး ပြေး မလွတ်သေးပေ
နံဘေးက ကျီစယ် ဖော် ရွေ… အေးလှပြီကွယ် တော် လေ
ပြောစကား မဝင်ပေ နိုင် ချေ… မောသလား ခင်ရေ ထိုင် နေ
နံ့သာကလေးက ချိုအေးဝေဝေ မွှေးတေးတေး သင်းပျံ့သား
ရနံ့ပါ အဆင်းနဲ့ မိတ်ရင်းပျိုတွေ ပန်းကလေးလို မွှေးစေသား
မေတ္တာရေ လှစ်ခါချွေ မောင့်ချစ်နှမဆွေ ဟေ့
တောင်သပြေ ဒီ မြန်တိုင်းချာဗွေ
အောင်စေမည် ကြံတိုင်းသာစေ
နောင်အရှည်ရည် သင်္ကြန်တိုင်း လာမယ်လေ
နှုတ်ဆက်လိုက်ကြပါတော့ဟေ

—–

ဝင်းဦးရဲ့ ဂီတနက်သန် သီဆိုမှု
July 30, 2012 at 3:04am

ရေးသူ – Maung Maung Than on Thursday, 21 June 2012 at 18:02 •

ဝင်းဦးဆိုတားတဲ့ ဂီတနက်သန် သီချင်းတွေ အကြောင်းရေးမလို့….
ဆိုတဲ့ မူရင်းရေးသူ ဖေါ်ပြထားတာတွေကတော့ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/notes/438280049547993/

—–
(ကို)ဝင်းဦး အသက် ၅ဝ ပြည့်တဲ့ မွေးနေ့က သူကိုယ်တိုင်ရေးခဲ့တဲ့ စာ

မွေးနေ့
======
တနေ့သေ တနေ့မွေးပါသတဲ့
ယနေ့အခြေ ယနေ့တွေးရမယ်ဆိုယင်တော့
မွေးနေ့ဆိုတာ ဇရာသင်္ကေတပါခင်ဗျလို့
ဆင်ခြေလှလှလေး ပေးလိုက်တယ်။

နက်ဖြန်ဆိုတာ သည်နေ့ညောင်းပါမှ
ရက်ကျန်အပိုဟာလည်း ကြည်မွေ့ကောင်းပါရဲ့
မည်ရွေ့မည်မျှ ဟောင်းတယ် နှောင်းတယ် မပြောလိုတော့ပါဘု
မမောနိုင် မပန်းနိုင် သည်ဗွက်အိုင် လူညွံထဲမှာပဲ
လူချွန်လူမွန် အမြဲဖြစ်စေကြောင်းကိုလ
နှစ်တွေ ပြောင်း ပြောင်းလာပါလျက်ကနဲ့
အသစ်တွေ ဆောင်း ဆောင်းပြီးတော့
အချစ်လှေလောင်းနဲ့ ခေတ်ရေကြောင်း ဆန်တက်မယ်။

စိတ်ကျန်းမာယင် ကိုယ်ကျန်းမာသတဲ့
စိတ်ချမ်းသာယင်လဲ ကိုယ်ချမ်းသာအောင်လို့
လွမ်းစရာတွေ မေ့ မေ့ထားလိုက်ရာက
ဝမ်းစာတွေ ဖြည့် ဖြည့်လာလိုက်တာလေ
တရွေ့ရွေ့ တမြေ့မြေ့နဲ့ပဲ
မနေ့တနေ့ကနေပြီး ယနေ့အစ တံခါးဝကို ရောက်တယ်
ကြောက်ပါတယ်လို့လဲ ဗျာပိုမနှော
အရောက်လာပါကွဲ့လို့လဲ ခရာသလိုလိုနဲ့ ဇရာကို မပြော။

သဘာဝပေပဲလေ
ဘာကမှ အရှည်မမြဲဘူးဆိုပေမယ့်ကာ
မမြဲတာနဲ့ပဲ ဇွဲသန်မှု မပြုရတော့ဘူးလား
လူ့ဘဝ ရခဲတယ်ဆိုမှဖြင့်
ခဏပဲရယ်လို့ အားမလျှော့သင့်ပါဘု
သွားတော့လို့ ဘယ်သူ့ဘယ်သူမှ မနှင်ထိုက်တာကြောင့်
အလိုက်သင့်နေယင်းကပဲ ဆည်းဆာအလှကို ငေးမောနေပါ့မယ်
တွေးသောသူ အသက်ပိုရှည်ရေးပေပ
ရေးသောသူလည်း တရက်ပိုနေပြီးတော့ကာ
မအိုမသေသေးခင် အတွေးထေ့ထေ့နှောပြီး
အရေးငွေ့ငွေ့ မျှောလိုက်မယ်
(အပေါင်းအသင်းတို့ရေ…)
မွေးနေ့ရဲ့ တေတေပေပေ သဘော။ ။

ကိုဦး
(မတ် ၁၃ ၁၉၈၅)

Ref:
https://www.facebook.com/154793814568862/photos/a.569018403146399.1073741825.154793814568862/975372055844363/?type=3&theater

—–

(ကို)ဝင်းဦး ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ

၁၉၆၂
ချစ်သောသူတစ်ယောက် (ခင်သန်းနု)
နှစ်ယောက်တည်းနေချင်တယ် (တင်တင်မူ . ဒေစီကျော်ဝင်း)
မုန်းတလှဲ့ ပြုံးတလှဲ့ (တင်တင်အေး)

၁၉၆၃
ဆောင်းတညဝယ် (ဝါဝါဝင်းရွှေ)
ဗိမ္မသာရ (တင်မောင် . ကြည်ကြည်ဌေး)
မာနတံခွန် (တင်တင်အေး)
ပိတောက်ရိပ်ဝယ် (တင်တင်အေး . နှင်းဆီ)
ဘဝမှတ်တမ်း (တင်တင်အေး)
မြတ် (မြင့်မြင့်ခင်. ချစ်စပယ်)
တပွင့်ထဲပန်မယ် (ကြည်ကြည်ဌေး . သီသီ)
မောင်တို့်ချယ်ရီမြေ (ခင်သန်းနု)
ဤစံအိမ်ဝယ် (ဝါဝါဝင်းရွှေ)
ချစ်သောမောင်မောင် (သီသီ)
မောင်ချော့မြူပါ့မယ် (ကြည်ကြည်ဌေး)
ရင်သွေးရင်နှစ် (မေသစ် . ဝါဝါဝင်းရွှေ)

၁၉၆၄
သစ္စာတူပြိုင် (မြင့်မြင့်ခင်)
ဘယ်ရပ်ဌာနီ (ဝါဝါဝင်းရွှေ)
မောင့်အချစ်တော် (တင်တင်မူ. ချစ်စပယ်)
မေတ္တာပန်းဥယျာဉ် (မြင့်မြင့်ခင် . ခင်သန်းနု)
သိကြားစေသက်သေညွှန်း (ဝါဝါဝင်းရွှေ. ခင်သန်းနု)
ညီညီလွင် (ဝါဝါဝင်းရွှေ)

၁၉၆၅
မုန်းမေ့ပါနိုင် (တင်တင်မူ . ဝါဝါဝင်းရွှေ)
ချစ်သဲ (ဝါဝါဝင်းရွှေ)

၁၉၆၆
ဆုထူးငယ်ပန်ရွယ်သွန်း (ဒေစီကျော်ဝင်း . နွဲ့နွဲ့စန်း)

၁၉၆၇
ရီးစားဓမြ (ခင်သန်းနု)
မောင်မောင်နဲ့သိင်္ဂီ (စံရှားတင် . စမ်းစမ်းဝင်း)
နှင်းပျောက်တဲ့နွေ (တင်တင်မူ . တင်တင်အေး)
ဆောင်းအိပ်မက် (တင်တင်အေး. အေးအေးသင်း) ( * )

၁၉၆၈
ကိုယ့်ချစ်သူဘယ်မှာရှိတယ် (ခင်သန်းနု)
သိုး (ခင်သန်းနု)
တိမ်လွှာမို့မို့လွင် (မြင့်မြင့်ခင်)

၁၉၆၉
ကျောက်မဲအကျဉ်းသား (ခင်သန်းနု)

၁၉၇၀
မှုံရွှေရည် (ခင်သန်းနု) ( * )

၁၉၇၁
တစ်ကျော့နှစ်ကျော့တေးကိုသီ (တင်တင်မြ. ချိုပြုံး)

၁၉၇၂
အတွယ်အတာ (စန္ဒာလင်း)

၁၉၇၃
လတ်လတ် (ခင်သန်းနု)
မုန်းပါတယ်မောင့်ကို (မြင့်မြင့်ခင်)
ပန်းမြို့တော်သို့ခြေလှမ်းသုံးဆယ် (ချိုပြုံး)

၁၉၇၅
ချစ်သူရွေးမယ်ချစ်ဝဲလယ် (မြင့်မြင့်ခင် . တင်တင်နွဲ့. စမ်းစမ်းအေး . မြင့်မြင့်ခိုင် . ချိုပြုံး . နွဲ့နွဲ့မူ. စန္ဒာ)

၁၉၇၆
မင်းဘယ်ပြေးမလဲမိချိုသဲ (စန္ဒာ)

၁၉၇၇
တိမ်ဦးလေပြေမောင့်ကိုစေ (ခင်ယုမေ. တင်တင်နွဲ့)

၁၉၈၀
သက်တန့်ပေါ်ကလူတစ်ယောက် (ခင်သန်းနု . အေးအေးသင်း)

၁၉၈၁
မိန်းမနဲ့ယောက်ျား (မြင့်မြင့်ခိုင်. ယဉ်ယဉ်အေး)
ကျွန်တော်ပြောချင်သောအချစ်အကြောင်း (ခင်သန်းနွယ်)
မေတ္တာ ကမ္ဘာခြားလေသူ (နွဲ့နွဲ့မူ)
ချစ်သူကြင်သူမြတ်နိုးသူ (မြင့်မြင့်ခင် . မြင့်မြင့်ခိုင်)
ဇာတိသွေး (ဆွေဇင်ထိုက်)

၁၉၈၂
ရာမလက္ခဏလိုအချစ်မျိုး (ဆွေဇင်ထိုက်)
ဝေလု (မေဝင်းမောင်)
မိုးပုလဲသူဇာ (စောမြသန္တာ. သီတာဝင်း)
နှစ်ယောက်တည်းနေချင်တယ် (ချိုပြုံး. မေဝင်းမောင်) (ဒါရိုက်တာ)

၁၉၈၇
ငွေလှိုင်းဇာပေါ်မယ် (ချိုပြုံး)

၁၉၉၂
ခိုင်မာလာနှင်းဆီ (ခင်သန်းနု)

—–

(ကို)ဝင်းဦးကို ချစ်သူခင်သူမြတ်နို်းသူ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Ref: Win Oo

https://www.facebook.com/Win-Oo-154793814568862/?fref=ts

 

6 comments

  • Shar Thet Man

    December 13, 2017 at 10:13 am

    မွန်လေးတို့တော့ ဝင်းဦးခေတ်ကိုမမှီလိုက်ပေမဲ့ စွယ်စုံရမင်းသားဖြစ်လို့ အရမ်းလေးစားရပါတယ်

  • Thint Aye Yeik

    December 14, 2017 at 10:05 am

    အဲ့လို အနုပညာရှင်တွေ… များများ ရှိမှ …
    မြန်မာ့အနုပညာလောက တောက်ပမှာ…
    အခုတော့ အနုပညာသာ အော်နေကြတာ…
    အနုပညာ ဘာဆိုတာကို လေနဲ့ဝမ်း မကွဲကြသူတွေသာ များ…..

  • ဇီဇီ

    December 20, 2017 at 2:07 pm

    ကျနော်ကတော့ ကိုယ့် ခေတ်မဟုတ်ပေမဲ့
    အတော်ကို ကြိုက်တဲ့ သူထဲ (ဦး) ဝင်းဦး နဲ့ (ဦး) ပလေးဘွိုင် သန်းနိုင် ပါသဗျ။
    ဝင်းဦးကို စာအုပ်ဖတ်ပြီးတဲ့ အချိန် ပိုသဘောကျသွားတာ။
    သူတို့ရဲ့ ဘဝ ခြေရာတွေမှာ သူတို့ ညာဏ်ရည်ကို တွေ့ရတယ်။

    • ဦးကြောင်ကြီး

      December 21, 2017 at 9:28 am

      လာဘခင်ဇော် နီငါ့ခို ဒဂယ် မုံးနေဖီလား၊ အယင်လို ပျံခြစ်နိုင်အူးမား
      https://www.youtube.com/watch?v=8cMzm1m-Pl8

  • A mar nyo

    January 12, 2018 at 5:20 pm

    ဝင်းဦးဇာတ်ကားတွေလွင့်ရင် တစ်ကားမှမပျက်ဘူးကြည့်တာ ဒါလေးဖတ်တော့မှ သုမောင်ကရေးထားတာသတိရတယ် ဝင်းဦးကရုပ်ရှင်ထက် စာပေကိုပိုနှစ်သက်တယ်ဆိုတဲ့အကြောင်း မမှီလိုက်ပေမဲ့သူ့ဇာတ်ကားသီချင်းလေးတွေကြိုက်တယ်

  • ကောင်းခြင်းဆိုးခြင်းတွေရဲ့ လောကဓံတရားအောက်မှာ
    အမြဲတမ်းရုန်းထနိုင်သူ လူတော်တစ်ဦးပါ

    ကျနော်ကတော့ သူ့သီချင်းတွေကို ကြိုက်လို့ သိမ်းထားပါတယ်

Leave a Reply