မေမေ့ကို သတိရလို့ ရေးတဲ့စာ

SawAungApril 24, 20181min9864

ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။

အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။

လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။

အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။

မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက စဉ်းစားမိတယ်။ မေမေဟာ သိပ်ကို စိတ်မာတဲ့ အမျိုးသမီးတစ်ဦးပဲ။

#AungMoeThu
#MyMom
#001

4 comments

  • Shar Thet Man

    April 25, 2018 at 3:49 pm

    စိတ်ဓါတ်တော့လေးစားတယ်

  • ဇီဇီ

    April 26, 2018 at 10:12 am

    တကယ်မလွယ်ဘူးး
    အဲ့စိတ်မျိုးးထားဖို့

    🙁

  • A mar nyo

    May 7, 2018 at 11:59 am

    ကိုယျသာအဲ့နေရာမှာဆို………………..

Leave a Reply