ကိုယ် ချစ်သော အာမီ – Army Stew
အာမီ ဆိုတဲ့ အသံကြားရင် ကြောက်ဒူးတုန်နေ ရ တဲ့ အခြေအနေတွေ ဖြတ်သန်းခဲ့ပြီး သကာလ
ကျော် ချစ်တဲ့ အာမီကို စတင်တွေ့ရှိခဲ့လေပြီ။ (အဟိ)

ဒီ တစ်ပတ်တော့ ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့ အနေနဲ့ (ဟင်၊ အလိုလိုက်တာ မြန်လိုက်တာ)
ကျန်းမာရေးနဲ့ မညီဘူး ပြောပြော၊
အလုပ်ရှုပ်တယ် ပြောပြော၊
လူစုံလေ လူများလေး စားကောင်းလေ၊
ပါဝင်ပစ္စည်းစုံလင်လေ ပိုက်ဆံကုန်လေ (အဲ) အရသာရှိလေ ဖြစ်တဲ့ Army Stew လုပ်စားရအောင်။
တောထဲမှာ ရနိုင်တဲ့ အသားနဲ့ အရွက်မျိုးစုံကို ဟင်းရည်ထဲ အကုန်ပစ်ထည့် ဆယ် စားရတာမျိုးမို့ Army Stew ခေါ်သလားမသိ ရမ်းသမ်းမှန်းဆမိတယ်။

Army Stew ခေတ်စားတာက ကိုရီးယားနဲ့ ယိုးဒယားမှာဖြစ်ပြီး ခေတ်စားရလောက်အောင် အားသာတာက သူတို့ရဲ့ ကင်ချီ အရည် ဘေ့(စ) နဲ့ တုံ့ယမ်း အရည်ဘေ့(စ) ကြောင့်ဖြစ်ပါတယ်။
.


.
- ကျနော်ကတော့ လွယ်ကူမြန်ဆန် ကိုရီးယား Army Stew တော့မယ် ဆိုရင် မီးတောက်ခေါက်ဆွဲထုတ်တွေနဲ့ လုပ်ပြီး (သာမာန် အချိန်မှာ အရမ်းစပ်တဲ့ မီးတောက်ခေါက်ဆွဲ အနှစ်က ပါဝင်ပစ္စည်းစုံလင်တဲ့ Army Stew လုပ်စားဖို့ အသင့်တော်ဆုံးဖြစ်နေလို့ပါ။)
- အစပ်အရမ်းမစားနိုင်တဲ့ ကိုရီးယား Army Stew စားချင်သူတွေကတော့ ကင်ချီထုတ်တွေနဲ့ လုပ်လို့ရပါတယ်။
- ယိုးဒယား Army Stew တော့မယ်ဆိုရင်တော့ တုံ့ယမ်း အနှစ်ထုတ်နဲ့ ခေါက်ဆွဲခြောက်ကို ဝယ်ပါတယ်။
- အရည်မှာတင် အရမ်းအရသာရှိတာမို့ ဟော့ပေါ့လို အချဉ်သီးသန့် ဆော့(စ) သီးသန့် မလိုပါဘူးနော်။


ပြင်ဆင်ထားရန်
- အသားပြား အစုံ
- အသားလုံး အစုံ
- ကလီစာ အစုံ (သေချာပြုတ်ထားပီးသားပဲထည့်ပါ)
- ဝက်အူချောင်း၊ ကြက်အူချောင်း
- ပုဇွန်၊ ငါး၊ ကင်းမွန် ပင်လယ်စာမျိုးစုံ
- မှို (ကိုယ့် စားတတ်တဲ့ မှို တွေ)
- ဂေါ်ဖီ၊ မုံညင်း၊ ကိုက်လန်၊ ကန်စွန်း စတဲ့ အရွက်တွေကို ဆေး၊ လှီးဖြတ်၊ ရေစစ်ထားတာတွေ။
- (ကြိုက်ရာ အသီးအရွက် ထည့်ဖြည့်လို့ရပါတယ်)
- ပြောင်းဖူး အကြီး/အသေး
- ကြက်ဥ အစိမ်း
- ငုံးဥ ပြုတ်ပြီးသား
- Cheese အပြားလေးတွေ (ကြိုက်တတ်ရင် ထည့်စားပါ)
- ခေါက်ဆွဲ စတာတွေကို အိုးထဲ အဆင်သင့်ပြင်ထားပါ။ (ပုံတွေကို ကြည့်ရင် ရှင်းပါလိမ့်မယ်)
စားတော့မယ် ဆိုရင်
ခုနက ပြင်ဆင်ထားတဲ့ အိုးထဲ…
ကြိုက်ရာ အနှစ်ကို ဖောက်ထည့်၊
ရေနွေးထည့်ပြီး ပွက်ပွက်ဆူတဲ့ထိ တည်ပြီး ဝိုင်းစားရင်လည်း ရတယ်။


ဒါမှမဟုတ်
အနှစ်နဲ့ အရည်ကို အရင်တည်ပြီး
ပွက်ပွက်ဆူမှ ကိုယ်ကြိုက်ရာ ကိုယ်ထည့်ပြုတ် ဆယ်စား လို့လည်း ရပါတယ်။
ဇီဇီ့ စာဖတ်ပြီးမှ Idea ရတယ် ။
အရမ်းစပ်တဲ့ ကိုရီးယား ခေါက်ဆွဲခြောက်ထုပ် နှင့် ၊
Hot Pot လုပ်စားရမယ် ။ Hot Pot အိုးဘဲ လိုမယ် ။
Was this answer helpful?
LikeDislikeဟုတ်ပါ့ ဘဖောရေ။
အဲ့ ခေါက်ဆွဲနဲ့ လုပ်စားတာ စားအကောင်းဆုံးပဲ။
Was this answer helpful?
LikeDislikeရှလွတ်
Was this answer helpful?
LikeDislikeWas this answer helpful?
LikeDislikeနည်းတော့သိပြီ…
ပုဇွန်ဆီတွေအရေပျော်သွားအောင်.. တကယ့်အရက် ရမ်ထည့်လိုက်မယ်..။
အနံ့လည်းမွေး.. မူးချင်သူလည်းမူး.
ဂျပန်မှာဆူမိုနဘမ်းသမားတွေစားတဲ့..အကုန်ပစ်ထည့်..Chanko-nabe နဲ့တောင်တူနေသေးတယ်..။
ပင်လယ်စာတွေထဲ.. ဂဏန်းပါထည့်ရင်ပေါ့..
Was this answer helpful?
LikeDislikeရေငန် ပုဇွန်တွေ အဆီ အာ့လောက်မများပါပု။

ကိုကိုလှစော တဂျီးရာ။
ဂဏန်းနဲ့ မစားဖူးသေးး
ကောင်းမှာပဲ။
Was this answer helpful?
LikeDislikeရောစုံပစ်ထည့်ရောမွေပေါ့ ဒါပေမဲ့မူရင်းကောင်းတော့မိတ်တူကောင်းတာပါဘဲ၊
ကောင်းတာတွေချည်းထည့်တော့စားကောင်းမှပါဘဲ ြကြည့်ရင်းသရေကျမိ၊
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
အသီးအနှံ များများလည်း ထည့်စားလို့ ရလို့ ကြိုက်တယ်။
Was this answer helpful?
LikeDislikeဒီပိတ်ရက် အဲ့လိုလုပ်စားဖို့ မီးတောက်တစ်ထုပ်နဲ့ ဟိုထည့်ဒီထည့်နဲ့ဆိုရပီ ဟိဟိ
Was this answer helpful?
LikeDislikeဟုတ်တယ်။
မီးတောက်နဲ့ အလုပ်ဖြစ်တာပဲ။
Was this answer helpful?
LikeDislikeအာမီရမ် ဘယ်နှစ်ပါတ်လော်က ထည့်ရမလဲ။

မထည့်ရလည်း အာမီရမ် သပ်သပ် အဆာပလာသပ်သပ် စားသောက်လို့ရလား
Was this answer helpful?
LikeDislikeဝက်သားဝီဂါလာဘ်မွတ်ခင်ဇော်
Was this answer helpful?
LikeDislike