မြန်မာ့နှစ်သစ်ကူးသင်္ကြန်နဲ့ သမိုင်းကြောင်းကို ဒီခေတ်လူငယ်တွေသိစေဖို့ Active Car Rental Service ကနေ ပြောပြပေးချင်ပါတယ်။

သင်္ကြန်သမိုင်း
——————
သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒါဟာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေဝနတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင် ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်း ခန္ဓာကိုယ် ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။

ဒါပေမယ့် ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုး ကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့ သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေ ခန်းခြောက်သွားနိုင်ပါတယ်။ ပထဝီ မြေကြီးပေါ် တင်မယ်ဆိုရင်လည်း မြေကြီးဟာ အပိုင်းပိုင်း ကွဲအက်ကြေမွ သွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ် ဆိုရင်လဲ မိုးကောင်းကင် တစ်ခုလုံး မီးတောက် လောင်ကြွမ်း သွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်းက အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့ အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစိ ကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျရင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော် ဆင်နွဲခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူ ယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှ နိုင်ငံ အတော်များများမှာ နှစ်သစ်ကူးပွဲတော် အဖြစ် ကျင်းပခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံမှာ လေးရက်၊ ထိုင်းနိုင်ငံမှာ သုံးရက် ၊ လာအိုနိုင်ငံမှာ သုံးရက် နဲ့ ကမော္ဘဒီးယားနိုင်ငံတွေမှာ သုံးရက်ကြာ  ဆက်လက် ကျင်းပဆဲဖြစ်တာကို တွေ့ရပါတယ်။

ပုဂံခေတ်မြန်မာသင်္ကြန်မှာတော့သင်္ကြန်အကြိုနေ့နဲ့ ပါတ်သက်ပြီး ပထမဆုံး တွေ့ရှိချက်က ဥပေါသဓမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာ ပြုရာကစတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာတစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ ရှိပါတယ်။ မြန်မာမင်းများစွာကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်း မှာ ခေါင်းဆေးမင်္ဂလာ ပြုကြပါတယ်။

အကျနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့ အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲ ရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုး ပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမယ့် နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေညာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစာ္ဆန်ကို စီးပြီး ဘာ ကိုင်လာသလဲ ဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ ရှိတာက ကောင်းတာလုပ်တဲ့ သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နာမည်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ဝါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာ တစ်ရပ်က ဆင်းသက် လာခဲ့တာပါ။ ဒါပေမဲ့ ရှေးပညာရှင် ကဝိများက ဒါကို ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးက စလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလ စောင့်ခြင်းဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်း ညှပ်ပေးခြင်း၊ သတ္တဝါတွေကို ဘေးမဲ့ လွှတ်ပေးခြင်း ဓလေ့တွေနဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။

သင်္ကြန်ပွဲတော် ဆိုသည် မြန်မာပြည်အပါအဝင် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေအားဖြင့် ကျင်းပသည့်ပွဲတော်တခု ဖြစ်သည်။ “ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ”သင်္ကန္တ”၊ သက္က တဘာသာ”သင်္ကြန ္တ”တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ “သင်္ကြန်”ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေရဲ့ ဝန်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅ဝ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ် ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။

ရည်ရွယ်ချက်
—————
(1) နှစ်ဟောင်းက အပြစ်၊ အညစ်အကြေးတွေကို ရေနဲ့ဆေးကြောပစ်ပြီး နှစ်သစ်မှာအဆင်ပြေစေရန်
(2) နွေလလယ်ရဲ့ အပူဒဏ်က သက်သာရာရရန်

(3)ဖျားနာမှုပျောက်စေရန် နဲ့
(4) ပျော်ရွှင်ရန် တို့ဖြစ်ပါတယ်။

သင်္ကြန် အခါ၌ ပုဂ္ဂိုလ်၂-မျိုး ကွဲပြားပုံ

——————————————————

ဗုဒ္ဓဘာသာဝင်ဖြစ်ကြတဲ့ မြန်မာလူမျိုးတို့ဟာ သင်္ကြန်ရက်များသို့ ရောက်လာတော့မယ့်အခါမှာ 
မိမိတို့ရဲ့ ဓာတ်ခံအားလျော်စွာ ပြုလုပ်ကြပုံ၂-မျိုးကွဲပြားသွားကြပါတယ်။

❖ လောကီရေးရာ၌ ပျော်မွေ့ကြသည့် ပုဂ္ဂိုလ်တို့က ရေကစားရန်၊ ရေပက်ဖျန်းဖို့ စီစဉ်ကြတယ်။
ရေပက်မဏ္ဍပ်များ၊ ရေပက်ကိရိယာများ ပြင်ဆင်ကြတယ်။

❖ကုသိုလ်ဓမ္မရေးရာ၌ ပျော်မွေ့ကြသည့်ပုဂ္ဂိုလ်တို့က  ကျောင်း၊ ဘုရား၊ စေတီ၊ ရိပ်သာကျောင်း များသို့သွားရောက်ပြီး အလှူဒါနပြုဖို့ရန်၊ ဥပုသ်သီလ ဆောက်တည်ဖို့ရန်၊ သမထ ဝိပဿနာ ဘာဝနာတရား အားထုတ်ကြဖို့ရန် စီစဉ်ကြပေသည်။ဤကဲ့သို့ ပြုလုပ်ကြပုံ  ၂-မျိုး ကွဲပြားသွား ကြတယ်။

အဲလိုတစ်ဦးနဲ့တစ်ဦးရေပက်ခြင်းဖြင့် မိတ်ဆွေအပေါင်းအသင်းတိုးပွားလာနိုင်လာသလို ထုံးလမ်းအစဉ်အလာအားဖြင့် သင်္ကြန်ရက်အတွင်း အိမ်နီးနားအချင်းချင်း၊ ပတ်ဝန်း

ကျင်အချင်းချင်း မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊သာကူ၊ရွှေရင်အေး စသော မုန့်မျိုးစုံ ပေးခြင်းဖြင့်လည်း အလှူလုပ်တတ်ကြတာကလည်း မြန်မာတစ်နိုင်ငံတည်း ကျင်းပလေ့ရှိတဲ့

ရိုးရာအလှတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ထဲကမှ ရခိုင်ရိုးရာသင်္ကြန်ကလည်းတမူထူးခြားတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ သင်္ကြန်ရောက်ပြီဆို ရခိုင်ပြည်နယ် အနှံ့မှာ သင်္ကြန်သံချပ်သံတွေနဲ့ ညံစီလာပါတော့တယ်။ ရခိုင်သံချပ်တွေက များသောအားဖြင့် သရော်ပြီးဖွဲ့ဆိုထားတဲ့ သံချပ်တွေဖြစ်

ပါတယ်။ သင်္ကြန်အကြိုနေ့ဆို ရခိုင်လူမျိုးတွေဟာ ဘုရားမှာ ရေသပ္ပါယ်ကြတယ်။ ဘုရားရေ မသပ္ပါယ်ခင် တစ်ရက်မှာ ရေသပ္ပါယ်ဖို့ ရပ်ကွက်ထဲက လူပျိုခေါင်းအိမ်မှာ ဖြစ်ဖြစ် ၊ အပျိုခေါင်း ဆောင်ရဲ့အိမ်မှာဖြစ်ဖြစ်၊ ရပ်ကွက်လူကြီးအိမ်မှာဖြစ်ဖြစ် နံ့သာသွေးပွဲကိုပြုလုပ်ကြပါတယ်။

နံ့သာသွေးပွဲကို လူပျို၊ အပျိုတွေ ပါဝင်ကြပြီး ကျောက်ပျဉ်ပေါ်မှာ နံ့သာတုံးတွေကို သွေးကြတာဖြစ်ပါတယ်။ အဲလိုသွေးနေချိန်မှာ ကာလသားတစ်စုက အိုးစည် ဒိုးပတ်ဝို်င်းတွေမှုတ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးက စီစီကိုညံနေတော့တာပေါ့။ ရေသပါ္ပယ်တဲ့နေ့ရောက်ရင်လည်း လူပျို၊ အပျိုတွေဟာ အဝတ်အစားကောင်းကောင်းလှလှလေးတွေဝတ်ပြီး သက်ဆိုင်ရာ ဘုန်းကြီးကျောင်း

တွေကို အိုးစည်ဗုံမောင်းသံတွေနဲ့စီးတန်းသွား၊ ဘုန်းကြီးကျောင်းရောက်ရင် ကျောင်းပေါ်က ဘုရားဆင်းတုတော်တွေကို ကျောင်းအောက်ချပြီး ဘုရားရေသပ္ပါယ်၊ ဆရာတော်ဆီမှာ ငါးပါးသီလခံယူပြီး နောက်နေ့သင်္ကြန်အကျနေ့မှ ရေစကစားကြရော။ ရေကစားကြတော့လည်း

သူများတွေနဲ့မတူ လောင်းလှေထဲမှာရေထည့်၊ အမျိုးသမီးကတစ်ဖက်၊ အမျိုးသား ကတစ် ဖက်ရေကစားကြတာပေ့ါ။  ရေပက်တဲ့အချိန်မှာ အမျိုးသားတွေက ကိုယ်သဘော ကျနှစ်သက်တဲ့ ကောင်မလေးကိုရွေးချယ်ပြီး ရေပက်၊ ချစ်ရေးဆိုတတ်ကြတာကို သင်္ကြန်ကာလအတွင်း အဲလို ချစ်ရေးဆိုရင်မိဘတွေက တားမြစ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အဲလိုရေပက်ကစားကြရင်း အဆုံးနေ့မှာ မေတ္တာရေလောင်းခွင့်ပြုတဲ့နေ့ဆိုပြီး ကိုယ်ကြိုက်တဲ့မိန်းကလေးကို မဏ္ဍပ်ရှေ့ခေါ်၊ ကိုယ်တစ်ယောက်တည်းသီးသန့်ခွက်ကလေးနဲ့ ရေလောင်းခွင့်ရှိပါတယ်တဲ့။     ံခံ

ကဲဒီတော့ မကြာခင်ကျရောက်လာတော့မယ့်သင်္ကြန်လေးမှာ စိတ်သွားတိုင်းကိုယ်ပါ၊ ဘေးအန္တရာယ်ကင်းပြီး ပျော်ရွှင်ရတဲ့သင်္ကြန်လေးဖြစ်ကြပါစေ လို့ Active Car Rental Service ကဆုတောင်းပေးလိုက်ပါတယ်။



About Mon Lay

Mon Lay has written 471 post in this Website..