အရှေ့တောင်အာရှမှာ လည်ပတ်လို့ကောင်းတဲ့ နို်င်ငံများ

Mon LayOctober 2, 20192min2500

မြန်မာနိုင်ငံ (ပုဂံ)

Unesco Heritage Site အဖြစ် ပူပူနွေးနွေးရထားတဲ့အပြင် မြန်မာလူမျိုးတွေ အမြတ်တနိုးထားတဲ့နေရာလည်းဖြစ်ပါတယ်။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း (၄၄၄,၆၇၃,၃၅၁,၅၄၅) ဆိုတဲ့အတို်င်း စေတီဘုရားပေါင်းများစွာနဲ့ နေထွက်ချိန်ကော နေဝင်ချိန်ကော ကြည့်လို့အရမ်းလှတဲ့နေရာလည်းဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် များစွာနဲ့ပြည့်နှက်နေတဲ့ ပုဂံမြေမှာ ကျေးလက်ဒေသရဲ ့ရိုးရာဓလေ့များကိုလည်း မြင်တွေ့နိုင်လို့ ပုဂံမြေကိုခြေချမိရင်ဖြင့် မေ့မရတဲ့ ခရီးစဉ်လေးတစ်ခုကိုဖန်တီးနိုင်မှာ အမှန်ပဲဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ (ဟနွိုင်း၊ ဟလောင်း)

ခုမြန်မာပြည်မှာ ခေတ်စားလာတဲ့ တိုးကတော့ ဗီယက်နမ်ခရီးပါ။ အထူးသဖြင့် ဗီယက်နမ်မြောက်ပိုင်းဖြစ်တဲ့ ဟနွိုင်း၊ဟလောင်းဘက်ပဲဖြစ်ပါတယ်။ သူလည်း Unesco အသိအမှတ်ပြု ရခါတောင်ရထားတာပါ။ ဟနွိုင်းမှာ outlet တွေ၊ Brand တွေပေါလို့ဈေးဝယ်ပြီး ဟလောင်းမှာတော့ ထုံးတွေကမှ ကျောက်တောင်ကြီးတွေဖြစ်သွားတဲ့ ထုံးကျောက်ဆောင်များနဲ့ ပင်လယ်ရေအောက်ကရတဲ့ သဘောဝအလှတရားများကို သင်္ဘောနဲ့ နေ့ချင်းပြန်ခရီးဖြစ်ဖြစ်၊ သင်္ဘောပေါ်မှာ ၁ညအိပ်ခရီးဖြစ်ဖြစ်လည်ပတ်လို့ရပါတယ်။

ကမ္ဘောဒီးယားနို်င်ငံ (စီရမ်ရိ)

ဒီနို်င်ငံကလည်း မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနို်င်ငံဖြစ်ပြီး ပုဂံနဲ့ အမြွှာညီမလို့ ခေါ်ကြတဲ့ အန်ကောဝပ်ဘုရားကျောင်းရှိတဲ့နိုင်ငံပေါ့။ သက္ကရာဇ် (r 1112-52) မှာ ခမာဘုရင် Suryavarma II က တည်ဆောက်ခဲ့ပြီး ဟိန္ဒူဘုရားကျောင်း အဆောက်အအုံများကို နတ်ဘုရားတွေရဲ့ ဘုံဗိမာန်အဖြစ် ခမာအင်ပါယာကြီး ရဲ့ နန်းမြို့တော်အဖြစ် တည်ထားခဲ့တာပါ။ ကမော္ဘဒီးယား နိုင်ငံရဲ့ ရှေးခမာ ဘုရင် အဆက်ဆက် ဟာ ဘိုးဘေးတွေ ထက်ပိုပြီး ထုထည် ကြီးအောင် ဆက်ပြီး မွမ်းမံ ပြင်ဆင်ဆောက်လုပ်ထားခဲ့ ကြလို့ ဒီနေ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေး အဆောက်အအုံကြီး တစ်ခုလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ (ချင်းမိုင်)

ချင်းမိုင်ဆိုတာ ထိုင်းနိုင်ငံရဲ ့ နာမည်ကြီး မြောက်ပိုင်းမြို ့လေးပါ။ ရှေးမြန်မာတို့ အရေးထား ဆက်သွယ်ခဲ့တဲ့မြို့ဖြစ်ပြီး အမြတ်တနိုးဝတ်ဆင်ခဲ့ရတဲ့ ဇင်းမယ် ထည်တွေထုတ်လုပ်ခဲ့တဲ့မြို့လည်းဖြစ်ခဲ့ပါတယ်။ သူ့ကို မြန်မာနိုင်ငံက ပြင်ဦးလွင်လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ ပြင်ဦးလွင်ပန်းများနဲ့ လှပပြီး ဒသေကလည်း အေးချမ်းပါတယ်။ လည်ပတ်စရာ ဘုရားပုထိုးတွေ၊ ဥယျာဉ်ခြံတွေ၊ ညဈေးတွေနဲ ့ပြည့်နေတဲ့ ချင်းမိုင်မြို ့လေးပါ။

အင်ဒိုနီးရှားနိုင်ငံ (ဘာလီ)

ဘာလီဆိုတာ အင်ဒိုနီးရှားနို်င်ငံရဲ ့လည်ပတ်ချင်စရာအကောင်းဆုံး ခရိုင်မြို ့လေးပါ။ သူမှာ လည်ဖို့ဆို ကမ်းခြေတွေရ၊ ဘုရားကျောင်းတွေ၊ ရှုမျှော်မဆုံးတဲ့ လှေကားထစ်စို်က်ခင်းတွေနဲ့ အသဲယားစရာကောင်းတဲ့ ချောက်ကမ်းပါးအလှတွေရှိပါတယ်။ ဘာလီလူမျိုးအများစုက ဟိန္ဒူလူမျိုးများဖြစ်ပြီး နတ်ဘုရားကိုသက်ဝင်ယုံကြည်ကြတဲ့သူများဖြစ်ပါတယ်။

လာအိုနို်င်ငံ (ဗန်ဗယန်း)ှ

ဗန်ဗယန်းဆိုတာ လာအိုနိုင်ငံရဲ ့ခုနောက်ပိုင်း ခရီးသွားတွေအများဆုံးလာတဲ့ဒေသလေးတစ်ခုပါ။ အဲ့မြို့ လေးဟာ နန်ဆန်မြစ်နားမှာတည်ရှိပြီး စိမ်းစိုသာယာတဲ့ တောတောင်တွေလည်းပတ်လည်ဝိုင်းလို့နေပါတယ်။ နာမည်ကြီးတဲ့ activity ကတော့ မိုးပျံပူဖောင်းစီးခြင်း၊ မြစ်ထဲ tubing စီးခြင်းနဲ့ blue lagoon လို့ခေါ်တဲ့ ရေပြာအိုင်တဲ့ ခုန်ချတာပဲဖြစ်ပါတယ်။

စင်ကာပူ့

မြန်မာလူမျိုးတွေနဲ့ အရမ်းကိုရင်းနှီးတဲ့အရှေ့တောင်အာရှမှာ စည်းကမ်းရှိလို့ အရမ်းကိုတိုးတက်နေတဲ့ နိုင်ငံပါ။ ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပြီး ခြင်္သေ့မြို ့တော်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ လည်ပတ်မယ်ဆို နာမည်ကြီးတဲ့နေရာလေးကတော့ ဆန်တိုစာကျွန်းပါပဲ။ နာမည်ကျော် Universal Studio၊ Adventure cove တို့လည်းရှိတော့ အဲ့ကျွန်းလေးက မသွားမဖြစ်နေရာ လေးပါ။ ဈေးဝယ်ဖို့အတွက်လည်း ပစ္စည်းတွေစုံလင်တာမို့သွားမယ်ဆို ပိုက်ဆံတော့ များများယူသွားစေချင်ပါတယ်။

မလေးရှားနိုင်ငံ (ပီနန်)

မလေးရှားနို်င်ငံဟာလည်း လည်လို့ပတ်လို့ကောင်းတဲ့နိုင်ငံတွေထဲကတစ်ပါ။ မြို့တော်KL၊ Casinoမြို့တော် Gentings၊ အစားအသောက်မြို့ မလ္လကာ၊ တောင်ပေါ်မြို့ Cameroon Highlands၊ ပင်လယ်မြို့လန်ကာဝီ နဲ့ ပီနန်စသဖြင့် သွားဖို့စုံလင်လှတယ်။ အဲ့ထဲကမှ ပီနန်ကျွန်းလေးဟာ ယဉ်ကျေးမှုအမွေအနှစ် heritage site မြို့ဟောင်းနေရာ၊ အိမ်နံရံနဲ့ဆိုင်နံရံပေါ်မှာ ပန်းချီတွေရှိတဲ့ Aemaniaလမ်းရယ်၊ ပီနန်အစားအသောက်ရယ်နဲ့ ကျော်ကြားပါတယ်။

ဖိလစ်ပိုင်နို်င်ငံ (ဆီဘူး)

ဖိလစ်ပိုင်ဆိုတာ ကျွန်းပေါင်း ၇၀၀ဝ ကျော် ရှိပြီး ကျွန်းတွေရဲ့ ဘုုရင်လိုု့တောင် တင်စားလိုု့ရတဲ့နိုင်ငံပါ။ မြိုု့တော်က မနီလာဖြစ်ပြီး နာမည်ကြီးပြီး အလည်များ တာကတော့ ပလဝမ်၊ ဘရာကိုင်၊ နဲ့ ဆီဘူး ဆိုုတဲ့ ကျွန်းတွေပါ။ ခရီးသွားတွေအများဆုံးသွားတဲ့ကျွန်းကတော့ ဆီဘူးပါ။ ဘာလို့ဆို အဲ့ကျွန်းမှာ Activities တွေ မျိုးစုုံရှိလိုု့ပါ။ ဝေလငါးမန်း (Whale Shark) နဲ့ ရေကူးတာတွေ၊ မြွေနဲ့ အနှိပ်ခံတာတွေ၊လတစ်လရဲ့ နောက်ဆုုံးအပတ်ရဲ့တစ်ရက်မှာ ကတဲ့ အကျဉ်းသားတွေရဲ့ အဆိုုနဲ့အကကိုု ကြည့်လိုု့ရတာမျိုးတွေ၊ ပင်လယ်လိပ်တွေ ရေငုုပ် ကြည့်တာမျိုတွေ၊ ဆာဒင်း run ဆိုတဲ့ငါးတွေ အုုပ်လိုုက်ပြေးတာမျိုးကိုု လိုုက်ကြည့်တာမျိုး တွေအပြင် sky walk တိုု့ sky dive တိုု့တွေ စတဲ့ Activities တွေရှိနေတာဆိုတော့ အရမ်းကိုသွားလည်ပတ်လို့ကောင်းတဲ့ကျွန်းပါ။