Dessert Food court တွေအစုံအလင်စားပြီး The Central Sweets မှာ ဓါတ်သွားဖမ်းကြမယ်

Mon LayOctober 16, 20193min30540

Dessert (အချိုမုန့်ပဲသရေစာ) တွေလည်း ကြိုက်တယ်၊ ဓါတ်ပုံရိုက်ရတာလည်း ဝါသနာပါတယ်ဆိုရင်တော့ The Central Sweet ကိုပဲသွားလိုက်ပါလို့ မွန်လေးကတော့ ပြောချင်တယ်။ တကယ့်ကို Instagram spots တွေရှိတဲ့နေရာလေးဖြစ်လို့ပါ။

Food court လို့တင်စားလိုက်တာက တစ်နေရာထဲမှာ ဆိုင်ပေါင်းများစွာရှိနေတဲ့အပြင် ကဒ်စနစ်လုပ်ပြီး အစားအသောက်ကို ဝယ်ရလို့ပါပဲ။ အခု The Central sweets မှာ ဆိုင် (၅)ဆို်င်ရှိနေပါပြီ။

(1) 🍨REMICoNE 🍨
သူက Korea (Soul)ကနေ လာဖွင့်တဲ့ ချစ်စရာ Ice-cream ဆိုင်လေး ပါ soul မှာတော့ နာမည်ကြီးနော်။ Ice-cream လေးတွေ အရမ်းချစ်စရာကောင်းတယ်…Thunder Bomb ကတော့ နာမည်ကြီးတယ်။

(2) 🍦 Yogurt land 🍦
U.S.A ကလာတဲ့ ဆိုင်လေးပဲပါ။ ရေခဲမုန့်ဆိုင်လေးပဲ။ Topping တွေလဲ ကိုကြိုက်တာရွေးထည့် လို့ရတယ်။

(3) 🥠တင့်တင့်🥠
သူကတော့ မြန်မာ့ရိုးရာ အချိုပွဲဆိုင်လေးပါ။ မြန်မာ့ရိုးရာမုန့်တွေဖြစ်တဲ့ 🥠ထန်းသီးမုန့်၊
🌰မုန့်ကျွဲသဲ ၊ 🥧ငှက်ပျော ရွှေကြည်
ဒါလေးတွေကတော့ ချီလီ့ ဖေးဘရိတ်တွေ …. 🤤
ဈေးအနည်းငယ် များတယ်ဆိုပေမယ့် သန့်ရှင်းမူနဲ့ အရသာကြည့်ရင်တော့ စားပျော်တယ် အချစ်တို့ရေ 😍

(4) 🥧Ambrosia🥧 (နတ်သုဒ္ဓါ သာကူပြင်)
သူလည်းမြန်မာ့ရိုးရာအစားအစာရောင်းတဲ့ဆိုင်ပါပဲ။ အွန်လိုင်းတခွင်မှာ ပြဲပြဲစင်အောင် နာမည်ကြီးနေတာပေါ့။

(5) 🍵Ca-Ca🍵 fresh drink & Coffee
ကိုယ့်လို bubble ကြိုက်ပြီး ချစ်စရာဘူးလေးတွေနဲ့ ထည့်ထားတဲ့ Fresh drink လေးတွေေသောက်ချင်တယ်ဆိုဒီဆိုင်ကိုရွေးလိုက်နော် .!!! 🍏🍎🍉🍑🍊

ကဲ.စားမှာသောက်မှာတွေမှာပြီးပြီဆို အပေါ်ထပ်တက်ပြီး ထိုင်ခုံလေးတွေရွေးကြမယ်။ နေရာ လေး က Deco လေးတွေ အရမ်းလှပဲ။ ပန်းရောင်လေးတောင် သမ်း နေတာ။

မိန်းကလေး တွေ ကြိုက် ကြ မှာ။ ကောင်လေး တွေ ကောင်မလေးကို ချစ်ခွင့်ပန်ဖို့ အတော်ပဲနော်။ ကလေးလေးတွေပါလာခဲ့ရင်လည်း အရမ်းပျော်မှာ ဧရာမဝက်ဝံရုပ်ကြီးကိုလည်း ထားထားပေးထားပါတယ်။

Central City ကြီး ပြီးရင် ဆိုင် တွေ အများကြီး နဲ့ စည်ကားလာမယ့် နေရာ ၁ခု ပေါ့ကွယ်

လိပ်စာလေးကတော့

Address: The Central Boulevard, Corner of Kabar Aye Pagoda Road and Kan Bae Road, Yankin Township.
Phone: 09 681 471 111
Opens 10.30am – 10.30pm

#centralsweet