အားတက်စေမယ့်စာစုများ ၃၃

Mon LayDecember 23, 20201min37010

ကိုယ် ဘဝကို ရိုးမယ်ဖွဲ့ ပြီးသာ အော်အော်ငိုလိုက်ချင်
တယ်။
မိဘ ဆွေမျိုး အသိုင်းအဝိုင်း ဝန်ထမ်းမျိုးရိုး
နောက်ခံအင်အား အဖွားတွေလက်ထက်ရှိပေမဲ့ ကိုယ်မိဘလက်ထက်ကျတောင့်တင်းမူမရှိ
ဘဝကို ရှုန်းကန်လိုက်ရတာဆိုတာ
ပိုက်ဆံရဖို့ကို အခက်အခဲမျိုးစုံကျော်ဖြတ်လိုက်ရတာ
အတိုက်အခိုက်တွေကလည်းများလိုက်တာ
ဘဝမှ ဆွဲခေါ်သူထက် တွန့်ချချင်တဲ့သူ များလိုက်တာ
ရင်ထဲမှ ဒဏ်ရာများစွာနဲ့ ရှင်သန်လိုက်ရတာ
ကိုယ့်ကိုလာကြောရင် ကိုယ်ကို အနိုင်လာကျင့်ရင်တောင်
တစ်ယောက်ထဲ ကျိတ်ခံရလိုက်တာ
အင်အားကြီးတဲ့လူတွေများတချက်ချက်တိုက်ချလိုက်
ရင် ပြိုကျမတတ် ရင်တွေနာလိုက်တာ
ဒါပေမဲ့
ဘဝကို အရှုံးမပေး သေမှ သာ မာန်လျော့မယ်
ကြိုးစားနေမူ ဘာနဲ့မှ ရပ်လို့မရစေရဘူး။
ဘဝဆိုတာ အခုမှစတာ အသက်၃၀ နဲ့ လုပ်ငန်းရှင်ဖြစ်နေဘီ
နောင် ၁၀ နောင် ၁၅ နှစ်တတ်သွားဖို့ပဲရှိတယ်။
လွယ်တော့မလွယ်ဘူး ဘဝကို ဖောက်ထွက်ရတာ
လွယ်တော့မလွယ်ဘူး ရှုန်းကန်ရတာ
စိတ်ထဲမကောင်းတာ ဘဝမှ ဘာမှ လွယ်လွယ်ကူကူမရ
ဘူး အမြဲတမ်းခက်ခဲပြီး မှ ရတာ အဲဒါကို ရင်နာမဆုံးပဲ


ဒါပင်မဲ့ ကျွန်မဘဝ အသက် ၂၅ နှစ်ထဲက
သစ်ပင်လို ရှင်သန်သွားလိုက်တာ ရေခံမြေခံ
ခံယူချက်ကောင်းလို့ ဘဝထောင်တတ်သွားတာ
ယုံတယ် ဒီထက် ဘဝမှာအောင်မြင်အုန်းမယ်။
လာခဲ့စမ်း ဒုက္ခတွေ လာခဲ့စမ်းပြသနာတွေ
တစ်ယောက်ထဲ ရင်ဆိုင်မယ်
မဗေဒါက ပန်းပန်လျက်ပဲ။
🌹🌹🌹
ရေရှည် အောင်မြင်တဲ့ မိန်းမတစ်ယောက်ဖြစ်ကိုဖြစ်
စေရမယ်။
မိန်းမတစ်ယောက် အောင်မြင်ဖို့ဆိုတာမလွယ်ဘူး။
အခုခေတ်မှ ယောကျာ်တစ်ယောက် အိမ်ထောင်တစ်ခု
ကိုထိမ်းသိမ်းဖို့ ခက်ခဲနေတဲ့အချိန်
ကိုယ်မှ တိုက်ပွဲတိုင်းအောင်မြင်ပါတယ် ဒါပင်မဲ့ ဒဏ်ရာတွေ
တော့ ကျန်ခဲ့တာပေါ့