Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Stop the Hate Newsletter – Vol IX

kaiDecember 21, 20233min20900

” ရန်လိုရွံမုန်းခြင်းတွေကို လူမျိုးစုတွေအားလုံးပူးပေါင်းပြီး တွန်းလှန်ကြဖို့” – SweSwe Aye

Ethnic Media Services, CAIR San Diego နှင့် Catalyst တို့ပူးပေါင်းကျင်းပသည့် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့် မီဒီယာများတွေ့ဆုံပြီး လူမျိုးအသီးသီး၏လူမှုနယ်ပယ်များတွင်ဖြစ်ပွားနေသည့် ရန်လိုရွံမုန်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာသည့် ” Foster အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ၉ က El Cajon, California တွင် ကျင်းပခဲ့သည်။

Ethnic Media Services Co-Director Julian Do က ” ရန်လိုရွံမုန်းခြင်းကို တိုက်ဖျက်ဖို့အတွက် လူမျိုးစုတွေအားလုံး အတူပူးပေါင်းကြဖို့လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ သြဂုတ်၃၊ ၂၀၂၃ ကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ လေးလပတ် အစည်းအဝေးဖြစ်ပြီး နောက်မှာလဲ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်” ဟု ပြောကြားခဲ့သည်။

Tazheen Nizami, executive director of CAIR San Diego နှင့် Tuyen Nguy, Stop the Hate Manager Catalyst of San Diego & Imperial Counties တို့က လူမျိုးစုတဦးနှင့်တဦးကြားဖြစ်စေ၊ လူမျိုးစုတစုထဲ မှာဖြစ်စေ ရန်လိုရွံမုန်းခြင်းကိုအခြေပြုသော ရန်ရှာခြင်း၊ ရာဇဝတ်မှုများဖြစ်ပွားခြင်းကို တားဆီးနိုင်မည့် လူတဦးနှင့်တဦးကြားထားရှိရမည့် ” Respect” လေးစားအသိအမှတ်ပြုခြင်း၊ ” Social Justic” လူမှုရေးတရားမျှတမှု ၊ ” Value” စံတန်ဖိုးများကို တဦးချင်းစီ ဆွေးနွေးခဲ့ကြပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့်အချက်များဖြစ်ကြသည့် ” Action” အကောင်အထည်ဖော်ခြင်းနှင့် ” Challenges” စိန်ခေါ်မှုများ အကြောင်းကိုအသေးစိတ် ဆွေးနွေးခဲ့ကြသည်။ ” Challenges” စိန်ခေါ်မှုများတွင် လူမျိုးစုအသီးသီးရင်ဆိုင်နေရသော အဓိကအချက်များမှာ Leadership ဦးဆောင်လမ်းပြမှုနှင့် လူငယ်အင်အားများ၊ စည်းလုံးမှုနည်းပါးခြင်းများ၊ ဘာသာစကားအခက်အခဲများ၊ ကြောက်ရွံ့မှု၊ တဆင့်ပြန်မပြောဘဲ မျိုသိပ်ထားသောအဖြစ်အပျက်များ၊ ပုဂ္ဂိုလ်ရေးရာဘက်လိုက်မှုများ၊ ဘာသာစကားအခက်အခဲများ၊ Misinformation နှင့် Disinformation များ၊ အဆက်အသွယ်မရှိခြင်းများနှင့် ယခုကာလတွင်ဖြစ်ပေါ်နေသော Islamophobia မွတ်စလင်များအားရွံကြောက်ခြင်း နှင့် Antisemitism ( Jewish များအား ရွံမုန်းခြင်း။) များ၊ Anti Asian Hate Crime (အာရှသားများအား ရန်လိုရွံမုန်းခြင်းများ) အကြောင်းကို အုပ်စုအသီးသီးခွဲပြီး ဆွေးနွေးခဲ့ကြသည်။

Tazheen Nizami, executive director of CAIR San Diego က ” ကျမတို့ဟာ လေးစားအသိအမှတ် ပြုမှုခံရပြီး ယုံကြည်ခြင်းခံရတဲ့ လူမှုအဖွဲ့အစည်းကို တည်ထောင်ဖို့လိုပါတယ်။ မွတ်စလင်လူမှုအဖွဲ့အစည်းဟာ ယုံကြည်မှုကိုရလောင်တဲ့သတင်းအချက်အလက်တွေမမျှဝေနိုင်ခဲ့ဘူး။ ” ဟု ပြောကြားခဲ့သည်။

၂၀၂၃ Israel – Hamas war ဖြစ်သည့် အောက်တိုဘာ၇၊ ၂၀၂၃ နောက်ပိုင်းမှစပြီး အဆိုပါစစ်ပွဲဂယက်သည် US သို့ရိုက်ခတ်ပြီးနောက် slamophobia မွတ်စလင်များအားရွံကြောက်ခြင်း နှင့် Antisemitism ( Jewish များအား ရွံမုန်းခြင်း) အဖြစ်အပျက်များ၊ တိုက်ခိုက်မှုများ နှင့် ရာဇဝတ်မှုများ ဖြစ်ပွားလာခဲ့သည်။ Anti-Defamation League (ADL) ၏ မှတ်တမ်းအရ အောက်တိုဘာရရက်မှ နှစ်လအကြာအတွင်း antisemitic incidents ပေါင်း ၂, ၀၃၁ ခု ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ၁၁ ၊ ၂၀၂၃ မှတ်တမ်းအရ ၂၀၂၂ခုနှစ်မှစပြီး ၂၀၂၃ခုနှစ်ဒီဇင်ဘာလထိ သတင်းပေးအတည်ပြု ပြီးသော antisemitic incidents သည် ၃၃၀% တက်လာခဲ့သည်။

CAIR အဖွဲ့၏မှတ်တမ်းအရ ၂၀၂၃ Israel – Hamas war ဖြစ်သည့် အောက်တိုဘာမှာပင် US တနိုင်ငံလုံးရှိ CAIR ဌာနခွဲများသို့ ဘက်လိုက်မှုများကို တိုင်ကြားခြင်းနှင့်အကူအညီတောင်းခံခြင်း ၂, ၁၇၁ ခု ရှိသည်။ Anti-Muslim နှင့် Anti- Arab incidents များသည် ၂၀၂၂ခုနှစ်တွင် ကျဆင်းခဲ့ပြီး ၂၀၂၃၊ အောက်တိုဘာ၇ရက် နောက်ပိုင်းတွင် နိုင်ငံအနှံ့ ပြန်တက်လာခဲ့သည်။

Covid-19 Pandemic ကာလမှစပြီး နိုင်ငံအဝှမ်းတွင် Anti-Asian hate incidents နှင့် Anti-Asian hate crimes များသည် US အနှံ့ဖြစ်ပွားခဲ့ပြီး Stop AAPI Hate ကို အသိပေးတိုင်ကြားလာသော Hate acts ပေါင်းမှာ ၂၀၂၀ခုနှစ်မှ ၂၀၂၂ခုနှစ်ထိ ၁၁, ၄၀၉ ခု ရှိပြီး ၂၀၂၀ခုနှစ်တွင် ၄,၄၀၉(၃၈.၆%) ၊ ၂၀၂၁ခုနှစ်တွင် ၅, ၆၇၉(၄၉.၈%) ၊ နှင့် ၂၀၂၂ခုနှစ်တွင် ၁, ၃၂၁(၁၁.၆%) ရှိခဲ့သည်။ Stop AAPI Hate သို့ တိုင်ကြားမှုများမှာ ၏ ၂၀၂၀နှင့်၂၀၂၁ခုနှစ်များတွင် အများဆုံးဖြစ်ခဲ့သည်။

ယခု အလုပ်ရုံဆွေးနွေးပွဲသည် သြဂုတ်၃၊ ၂၀၂၃ တွင် El Cajon တွင်ကျင်းပခဲ့သည့် ပထမဆုံးလူမှုအသိုင်းအဝိုင်းနယ်ပယ်မှခေါင်းဆောင်များ နှင့်မီဒီယာများ အစည်းအဝေးအပြီး ပထမလေးလပတ်အလုပ်ရုံဆွေးနွေးပွဲဖြစ်သည်။


“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/