AAPI Equity Alliance နှင့် ဒေသခံ AAPI အဖွဲ့အစည်းခေါင်းဆောင်များက Los Angeles County တွင် ICE ၏စီးနင်းမှုများအား ရပ်ရန်နှင့် LA County မှ ထွက်သွားကြရန် တောင်းဆိုခြင်း
by SweSwe Aye
Los Angeles, California – လတ်တလောဖြစ်ပေါ်နေသည့် နေထိုင်ခွင့်နှင့်ပတ်သက်ပြီး ပြည်သူများအား ICE ၏စီးနင်းမှုများနှင့် ထိုသို့စီးနင်းဖမ်းဆီးခြင်းခံရလျှင် လိုအပ်သည့်အရင်းအမြစ်များကို AAPI ကွန်မြူနတီတွင်သိရှိစေရန်အတွက် AAPI Equity Alliance နှင့် ဒေသခံ AAPI အဖွဲ့အစည်းများ၊ ခေါင်းဆောင်များသည်Terasaki Budokan တွင် ဇွန်၂၆၊ ၂၀၂၅ မနက်က အစည်းအဝေးတခုကျင်းပခဲ့သည်။ AAPI ကွန်မြူနတီခေါင်းဆောင်များစုဝေးပြီး လတ်တလော Los Angeles County တွင်ရင်ဆိုင်နေရသော နေထိုင်ခွင့်နှင့်ပတ်သက်ပြီး ပြည်သူများအား ICE ၏စီးနင်းမှုများအား ရပ်ရန်နှင့် LA County မှ ထွက်သွားကြရန် အပြင်းအထန်တောင်းဆိုခဲ့ကြသည်။
သမ္မတ Trump နှင့် အစိုးရသစ်၏ နေထိုင်ခွင့်ဆိုင်ရာ မူဝါဒသစ်အရ Federal agents များက တရားဝင်နေထိုင်ခွင့်မရှိသူများဟုအကြောင်းပြကာ လူများကိုဖမ်းဆီးခဲ့သည်။ အစိုးရအချက်အလက်များအရ ICE’s Alternatives to Detention (ATD) monitoring programs တွင် တနိုင်ငံလုံးတွင် ဇွန်၁၅၊ ၂၀၂၅အထိ immigrants ပေါင်း ၅၆,၃၉၇ ဦးကိုစောင့်ကြည့်ခဲ့ပြီး tracreports အရ ဇွန်၁၄၊ ၂၀၂၅ထိ ICE က Los Angels တွင်နေထိုင်သူများထဲမှ စောင့်ကြည့်ခံရသူပေါင်း ၁၅, ၇၉၅ ဦးရှိသည်။ (https://tracreports.org/immigration/quickfacts/) ဖမ်းဆီးခံရသူအများစုမှာ ရာဇဝတ်မှုနောက်ကြောင်းမရှိကြပေ။ (https://abc7.com/post/more-half-arrested-ice-la-area-have-no-criminal-history-data-shows/16850562/) ဖမ်းဆီးခံရသူအများစုမှာ Mexico နှင့် Guatemala မှ လာရောက်အခြေချသူများဖြစ်ကြသည်။ လွန်ခဲ့သောသီတင်းပတ်၃ပတ်ကာလအတွင်းတွင် Federal agents များက Los Angeles County တွင် ထိန်းသိမ်းထားသောသူပေါင်း ၁၆၀၀ ခန့်ရှိသည်။ (https://www.latimes.com/politics/story/2025-06-25/more-than-1-600-immigrants-detained-in-southern-california-this-month-dhs-says) ဖမ်းဆီးခံရသူအများစုမှာ Latino များဖြစ်ကြသော်လဲ Asians များလဲ ပါဝင်ခဲ့သည်။ ထိုဖမ်းဆီးခံရသူများထဲတွင် permanant residences များ၊ နိုင်ငံသားများပင်ပါဝင်နေခဲ့ရာ အစိုးရသစ်၏ နေထိုင်ခွင့်ဆိုင်ရာ မူဝါဒသစ်အရ AAPI များထံ ပစ်မှတ်မလာနိုင်ဟု မည်သူမျှ အာမ မခံနိုင်ချေ။ Los Angles County တွင် နေထိုင်သော AAPI လူဦးရေမှာ ၁.၆ သန်းရှိပြီး LA County ၏ စုစုပေါင်းလူဦးရေ၏၁၆% ဖြစ်သည်။
” ကျမတို့ AAPI ကွန်မြူနတီကလူတွေ၊ ကျမတို့ immigrants တွေလဲ ဖမ်းခံရတာပါပဲ။ သူတို့ကို လူသိရှင်ကြားနည်းစေတဲ့နည်းနဲ့ခေါ်သွားကြပေမယ့် တခြားကွန်မြူနတီတွေလိုပဲ ကျမတို့တွေအတွက် ဒီကိစ္စဟာအရေးတကြီးနဲ့အပျက်အစီးအဖြစ် ဆက်ရှိနေပါတယ်” ဟု Connie Chung Joe, Chief Executive Officer,Asian Americans Advancing Justice Southern California (AJSOCAL) က ပြောကြားခဲ့သည်။
ICE နှင့် federal agents များသည် တရားမဝင်နေထိုင်သူများဟု ၎င်းတို့ ယူဆရသူများကို ဖမ်းဆီးသောအခါ သူတို့၏ရုပ်သွင်ကို မဖော်ပြဘဲ၊ badge မတပ်ဘဲ၊ mask များမျက်နှာတွင်တပ်ကာ လိုင်စင်မဲ့ကားများဖြင့် ရောက်လာကာ ဖမ်းဆီးသွားကြသည်။ Los Angeles တွင် ဇွန်လ၆ရက်မှ စတင်သောဆန္ဒပြခြင်းအတွက် ဖယ်ဒရယ်အစိုးရသည် California Governor ၏ အမိန့်ကိုကျော်လွန်ပြီး National Guard များကို Los Angeles တွင် ချထားခဲ့သည်။ ” ကျမတို့က ကျမတို့ရဲ့ကွန်မြူနတီဝင်တွေ၊ ကျမတို့ clients တွေကို ICE နဲ့ federal enforcement agencies တွေက ဖမ်းသွားတာကို အရမ်းကြောက်ပါတယ်။ ကျမတို့အနီးဝန်းကျင်မှာ ဆန္ဒပြမှုတွေ လောလောဆယ်ဖြစ်နေပေမယ့် ကျမတို့က ဆန္ဒပြသူတွေကို မကြောက်ပါဘူး။ ရှင်းရှင်းပဲ ပြောပါရစေ။ ဆန္ဒပြသူတွေက အန္တရာယ်မရှိပါဘူး။ federal agents တွေက ကျမတို့မြို့ကို ကာကွယ်ပေးစရာမလိုပါဘူး။ ကျမတို့ကို ရှင်တို့ဆီကနေသာ ကာကွယ်ပေးဖို့လိုတာပါ။ Federal agents တွေဟာ ကျမတို့ကွန်မြူနတီတွေကို ကွဲပြားအောင်လုပ်ပြီး၊ ကျမတို့ကိုခေါ်သွားပြိး အကြမ်းဖက်နေတာပါပဲ။ Joe ကဆက်ပြောသည်။
AAPI ကွန်မြူနတီသည် Pademic ကာလတွင် anti-Asian hate, လူမျိုးရေးနှင့်အသားအရောင်ခွဲခြားမှု၊ အကြမ်းဖက်ခံရမှုများကို ရင်ဆိုင်ခဲ့ရသည်။ ယခုကာလတွင်လဲ ကိုယ့်ကိုယ်ကိုယ်မည်သူဆိုတာကို idenfity မလုပ်သော၊ badge မတပ်ထားသော federal agents များက ကွန်မြူနတီဝင်များကို မြေကြီးပေါ်တွန်းချကာ လိုင်စင်နံပါတ်ပြားမပါသောကားများပေါ်သို့တင်ခေါ်သွားသည့်အခြေအနေမျိုးတွင် ပုံမှန်အားဖြင့်လုံခြုံစွာသွားနိုင်သော laundry, car wash, စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံများသို့သွားရာတွင်လဲ လုံခြုံမှုမရှိတော့ကြောင်း နှင့် ကွန်မြူနတီဝင်များကို ထိတ်လန့်စေကာ အခြေခံဥပဒေကိုထိပါးခြင်းဖြစ်ကြောင်း Assemblymember Mike Fong (49th District),Chair of the California Asian & Pacific Islander Legislative Caucus က ပြောကြားခဲ့သည်။ ” California ရဲ့ခွန်အားဟာ မတူကွဲပြားတဲ့လူမျိုးတွေ၊ ရွှေ့ပြောင်းအခေချသူတွေနဲ့ ပြည်နယ်ကိုရော တနိုင်ငံလုံးကိုပါ သူတို့ကအများကြီး ပါဝင်ဖြည့်ဆည်းပေးပါတယ်။ ဖယ်ဒရယ်အေးဂျင့်တွေက အလုပ်ခွင်တွေ၊ ကျောင်း၊ ဆေးရုံတွေကိုပစ်မှတ်ထားတာတွေနဲ့ နေထိုင်ခွင့်အခြေအနေကိုထည့်တွက်စရာမလိုဘဲ US ရဲ့အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် ကျနော်တို့အတူရပ်တည်ကြရမယ်။ ဒီအပြုအမူတွေဟာ အမေရိကားကို ကြီးမြတ်စေမှာမဟုတ်ဘူး” ဟုပြောကြားခဲ့သည်။ Assemblymember Fong said ” Stop the raid”
” ဒီပြဿနာဟာ Latino လူမျိုးတခုထဲရဲ့ကိစ္စမဟုတ်ပါဘူး။ ဒီကိစ္စက AAPI ကိစ္စ. LA ရဲ့ကိစ္စပါ။ ကျမတို့ရဲ့ နေထိုင်ခွင့်စာရွက်မရှိသူအိမ်နီးချင်းတွေဟာတစိမ်းတွေမဟုတ်ပါဘူး။ သူတို့စာ ကျမတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အတန်းဖော်တွေ၊ အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေပါ” ဟု Councilmember Ysabel Jurado (14th District) က ပြောကြားခဲ့သည်။ Councilmember Jurado ၏ ဖခင်သည် Naturalized citizen တစ်ဦးဖြစ်ပြီး ကားရေဆေးဆိုင်တွင် ဝန်ထမ်းတဦးကို mask တပ်ထားပြီး badge မပါသော federal agents များက ဝရမ်းမပါဘဲ လိုက်ဖမ်းကာ ဒူးထောက်စေပြီး ဖမ်းခဲ့ခြင်းတွင် ကိုယ်တွေ့မျက်မြင်ဖြစ်ခဲ့သူဖြစ်ပြီး သူကိုယ်တိုင်ယခု ကားမောင်းရာတွင်ကြောက်လန့်နေပြီး နိုင်ငံသားဖြစ်ကြောင်းအထောက်အထားများကို နေ့တိုင်းအပြင်သွားလျှင်ယူသွားနေရသည်။ ” သူတို့လုပ်အားတွေက မရှိမဖြစ်လိုတယ်။ သူတို့ရဲ့လူသားဖြစ်တည်ခြင်းကို ဂုဏ်ပြုရမယ်”
Los Angeles ရှိ Edward R. Roybal Federal Building တွင် လူဝင်မှုဆိုင်ရာအမှုများအတွက် တရားရုံးလာတက်သူများကို ICE က ဖမ်းဆီးခဲ့ပြီး ရာချီသောဖမ်းဆီးထားသူများကို ထိုအဆောက်အဦး၏ မြေအောက်ခန်းတွင် စောင်မရှိ၊ အိပ်ယာမရှိသောအခန်းများတွင် ရေနှင့်အစာများကို အကန့်အသတ်ဖြင့်သာ ထားခဲ့သည်။ မိသားစုတစု၏ပြောကြားချက်အရ immigration court hearing အပြီးတွင် ဖမ်းဆီးခံခဲရရပြီး ထိုမြေအောက်ခန်းတွင် ၄၈နာရီနေခဲ့ရသည်ဟုဆိုသည်။ https://abc7.com/post/immigrant-advocates-demand-investigation-reports-ice-holding-families-downtown-la/16678054/ Los Angeles City Councilmember Nithya Raman (4th District) က ” Los Angeles မှာ ဖမ်းဆီးနေတာတွေက ရက်စက်ပြီး အခြေခံဥပဒေနဲ့မကိုက်ညီပါဘူး။ လူတွေကိုဖမ်းထားတယ်။ legal counsel မပေးဘူး။ သူတို့ကို လူသားတွေထားရမယ့်နေရာတွေမဟုတ်တဲ့နေရာတွေမှာဖမ်းထားတယ်” ဟု ပြောကြားခဲ့သည်။
AAPI လူမျိူးများသည် လက်ရှိ Immigration raids များကိုဆန့်ကျင်ပြီး Latino ကွန်မြူနတီနှင့်ရပ်တည်ကြောင်းကိုပြသရန် Los Angeles မြို့အသီးသီးတွင် ဇူလိုင်၁၌ ငြိမ်းချမ်းစွာဆန္ဒပြမည်ဖြစ်သည်။
Myanmar, Laos, Vietnam, Cuba and Mexico နိုင်ငံသား၇ဦး လူသတ်မှု၊ လိင်အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှုများကြောင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ Supreme Court သည် ဇွန်၂၃။ ၂၀၂၅ တွင် Trump အုပ်ချုပ်ရေးက မိခင်နိုင်ငံဟုတ်သည့် အခြားနိုင်ငံများသို့ ပြန်ပို့ရန် ကြိုးစားနေသော လူတစ်ဦးချင်းစီအား ၁၅ ရ က်သတိပေးရန်လိုအပ်ကြောင်းဆုံးဖြတ်ခဲ့သော အောက်တရားရုံးအမိန့်ကို ပိတ်ပင်ခဲ့သည်။ https://www.npr.org/2025/06/23/g-s1-71529/supreme-court-south-sudan-deportation? U.S. Immigration and Customs Enforcement (ICE) Enforcement and Removal Operations (ERO) ၏ နိုဝင်ဘာ၊ ၂၀၂၄ထုတ်ပြန်ချက်အရ ICE က final order of removals တွင် ဗီယက်နမ်နိုင်ငံသား 8,675, ကမ္ဘောဒီးယားနိုင်ငံသား 1,747, အိန္ဒိယနိုင်ငံသား 17,900 အထက်၊ ထိုင်းနိုင်ငံသား 600ခန့်နှင့် မြန်မာလူဦးရေ၆၇၉ဦးရှိသည်။
https://www.ice.gov/doclib/eoy/iceAnnualReportFY2024.pdf
သတင်းများကို ကြည့်လျှင် ယခုဖြစ်ပျက်နေသောအဖမ်းအဆီးများမှာ Latino community တခုထဲမှာဖြစ်ပျက်နေသည်ဟုထင်ရသော်လဲ AAPI ကွန်မြူနတီပေါ်တွင် သက်ရောက်မှုရှိခဲ့သည်။ Memorial Day Weekends တွင် အရှေ့တောင်အာရှနိုင်ငံသား ၂၀၀ ကျော် ပြန်ပို့ခံရကြောင်းနှင့် အကြီးဆုံးပြန်ပို့ခံရခြင်းဖြစ်ကြောင်း Peter Gee က ပြောကြားခဲ့သည်။ လောလောလတ်လတ်ကာလ Immigration appointment အတွက်ရောက်လာကြသော Asian American immigrants များသည် အဖမ်းခံရပြီး အခြားတိုင်းပြည်များသို့ပြန်ပို့ရကြောင်းလဲ Peter Gee က ဆိုသည်။ ” လူတွေကို တခြားတိုင်းပြည်တွေကိုပြန်ပို့တာဟာ ကျနော်တို့တွေရဲ့စီးပွားရေးနဲ့ကွန်မြူနတီတခုလုံးအပေါ်သက်ရောက်မှုရှိတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ရွှေ့ပြောင်းအခြေချသူတွေအပေါ် မူတည်တယ်။ ” ” Deportation are having a big impact on our economy and the overall community.and so we should be caring about this businesses and other businesses that are relied on immigrant communities members are being disrupted right now” ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နိုင်ငံသားများအပါအဝင် ဂျပန်ဇစ်မြစ်လူပေါင်း ၁၂၀,၀၀၀ ကို California အနောက်ဘက်ခြမ်း ဝေးလံသောနေရာတွင် အကျဉ်းချထားခဲ့သောသမိုင်းကို Perter က ပြောပြခဲ့သည်။ Peter ၏မိခင်ကို interment camp တွင် မွေးဖွားခဲ့သည်။ ” ဒီအဖြစ်အပျက်က လူမျိုးဇစ်မြစ်သက်သက်ကြောင့်ဖြစ်ပြီး ဖြစ်ခဲ့တာလဲ သိပ်အကြာကြီးကြာသေးတာမဟုတ်ဘူး။ တရားဝင်အခြေခံဥပဒေနဲ့အညီကိုင်တွယ်ခြင်းမဟုတ်ဘူး။ ဒါ့ကြောင့် ကျနော်တို့တွေ ခုချိန်မှာ လူတွေသိအောင်ပြောဆိုနေရခြင်းဖြစ်တယ်”
Myanmar, Laos, Vietnam, Cuba and Mexico နိုင်ငံသား၇ဦး လူသတ်မှု၊ လိင်အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှုများကြောင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ Supreme Court သည် ဇွန်၂၃။ ၂၀၂၅ တွင် Trump အုပ်ချုပ်ရေးက မိခင်နိုင်ငံဟုတ်သည့် အခြားနိုင်ငံများသို့ ပြန်ပို့ရန် ကြိုးစားနေသော လူတစ်ဦးချင်းစီအား ၁၅ ရ က်သတိပေးရန်လိုအပ်ကြောင်းဆုံးဖြတ်ခဲ့သော အောက်တရားရုံးအမိန့်ကို ပိတ်ပင်ခဲ့သည်။ https://www.npr.org/2025/06/23/g-s1-71529/supreme-court-south-sudan-deportation? U.S. Immigration and Customs Enforcement (ICE) Enforcement and Removal Operations (ERO) ၏ နိုဝင်ဘာ၊ ၂၀၂၄ထုတ်ပြန်ချက်အရ ICE က final order of removals တွင် ဗီယက်နမ်နိုင်ငံသား 8,675, ကမ္ဘောဒီးယားနိုင်ငံသား 1,747, အိန္ဒိယနိုင်ငံသား 17,900 အထက်၊ ထိုင်းနိုင်ငံသား 600ခန့်နှင့် မြန်မာလူဦးရေ၆၇၉ဦးရှိသည်။
https://www.ice.gov/doclib/eoy/iceAnnualReportFY2024.pdf
ဇွန်လတတိယပတ်တွင် US တွင် တရားမဝင်နေထိုင်လျက်ရှိသောအီရန်နိုင်ငံသား၁၁ဦးကို ဖမ်းခဲ့သည်။
Manjusha Kulkarni, Executive Director, AAPI Equity Alliance က အမေရိကားသည် တခြားနိုင်ငံအသီးသီးမှလူများရွှေ့ပြောင်းအခြေချရာမြေဖြစ်ပြီး Native Americans များမဟုတ်ပါက အားလုံးသည်ရွှေ့ပြောင်းအခြေချလာခဲ့ကြသူများဖြစ်ကြောင်းထောက်ပြခဲ့ပြီး နေထိုင်ခွင့်နှင့်ပတ်သက်ပြီးအဖမ်းခံရပါက အထောက်အထားစာရွက်ပြခွင့်မပေးဘဲ၊ due process တရားရုံးတွင်တရားဆိုင်ခွင့်မပေးဘဲ မိသားစုများ၊ ကလေးများနောက်ကို လိုက်လံဖမ်းဆီးခြင်းသည် ပုံမှန်အခြေအနေမဟုတ်ဟု ပြောကြားခဲ့သည်။ Immigrants များသည် US သို့အလုပ်လုပ်ရန်လာကြသူများဖြစ်ပြီး တိုင်းပြည်တွင်နေထိုင်သူများအတွက် လယ်ယာလုပ်ငန်းနှင့်အခြေခံအလုပ်များအပါအဝင် အလုပ်လုပ်ပေးနေကြသူများဖြစ်သည်။ AAPI Equity Alliance (AAPI Equity) သည် LA county နှင့် ပြင်ပရှိ အာရှအမေရိကန်နှင့် ပစိဖိတ်ကျွန်သား ၁.၆သန်းတို့အတွက် လိုအပ်ချက်မျိုးစုံကိုဆောင်ရွက်ပေးနေသော community based organization ၅၀ ကျော်ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။ ” ကျမတို့ဟာ comprehensive immigration reform လုပ်ဖို့လိုနေပါပြီ။ တခြား Angelenos တွေနဲ့အတူ ကျမတို့တွေ အတူတူရပ်တည်ဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။
ICE (သို့) Federal Agents များအဖမ်းအဆီးခံရပါက အရေးပေါ်တိုင်ကြားနိုင်သော Rapid Response hotline မှာ 888-624-4752 ဖြစ်ပြီး ဘာသာစကားမျိုးစုံပြောနိုင်ပါသည်။


