ဟာသလေးများ

Yin Nyine NwaySeptember 9, 20101min1060

ယောကျာင်္းများရဲ ့  ဖြစ်ပုံ

တစ်နေ့သွားဆရာဝန် တစ်ဦးထံဖုန်းလာသည်။
…………………………

ဆရာ……ဆရာဆီမှာသွားနှတ်ရင်ဘယ်လေက်ကုန်မလဲ
ဆရာဝန်………………..အကောင်းဆုံးနှုတ်မယ်ဆိုရင်ဒေါ်လာ ၅ဝ ပါ
ဖုန်းဆက်သူ……………ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………………..အင်းဒီထက်ဈေးနည်းတာဆို ထုံဆေးမထိုးဘူး နည်းနည်းတော့နာမယ် ဒေါ်လာ ၄ဝ ကျမယ်
…………………………..ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………………..ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ် စိတ်တော့ချရပါတယ်ဒေါ်လာ ၃ဝံ နဲ ့ရမယ်
ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………………..ဒီထက်နည်းချင်ရင်တော့ ဒရဝမ်နဲ့နှုတ်လိုက်မယ်တော်တော်တော့နာမယ် လက်ရာလည်းမကောင်းဘူး ၂ဝနဲ့ရမယ်
ဒီထက်နည်းတာတော့မရှီတော့ဘူးပေါ့
ဆရာဝန်………………..အင်း
…………………………. အဲ့ဒါဆို သူနဲ့ပဲ နှုတ်မယ်ဆရာ
ခဏနေ ကျွန်တော့မိန်းမကိုလွှတ်လိုက်မယ်
ဆရာဝန်……………….အင်………..
ဖြစ်ရမယ်…………………မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ

ပါတော့ ပါသွားတယ်……………………..

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ

ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာမှတ်သားလောက်တယ်

သူငယ်ချင်း မင်း…..ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”

” ပါးကျိုးမယ် ” တဲ့

မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ဝင်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောကျင်္ားတွေဟာ မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်

သူ မှာထားခဲ့လို့

” ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”
” ကျွန်မ ယောကျင်္ားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင် လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ”

ကြက်တူရွေး

မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွတ်သည်။

နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင်
သေချာနားထောင်ကြည့်လိုက်ရာ ‘အဝါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို
ကြားမိလိုက်သည်။

မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံ
ဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကို
ပြောပြသည်။ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။

ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။

ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မဝတ်ပဲ
ထွက်လာကြသည်။

ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။ ‘အအို ၊ အအို ၊ အပြို’ hehehe hehehe hehehe

မြန်မာကွ…………………

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀
> တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊
> ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ ”
> ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀ဝ ကတည်းက Networking & Telecommunication
> ကို နားလည်နေကြပြီ” တဲ့။
>
> အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀ဝ လောက်တူးမိတော့ Fiber Optic
> ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက ” လွန်ခဲ့တဲ့ နှစ် ၂၀၀ဝ ကတည်းက
> ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး
> ဂုဏ်ဖေါ်ကြတယ်။
>
> မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ
> ၅၀၀ဝ သာရောက်ရော … ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်
> သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။
>
> ” မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀ဝ က Wireless Technology ကို တွင်ကျယ်စွာ
> အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။
>
> မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။ Good Good Good

ဆရာတစ်ဦးက တပည့်များအား ကမာ္ဘ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမာ္ဘပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
“ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမာ္ဘပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်”

ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက “ဆရာနေ့တိုင်း သွားတိုက်သင့်တယ်” ဟူတည်း