တချိန်ကရင်ကွဲနာ

laminwaiacgSeptember 11, 20101min612

အပိုင်း(1)
စိမ်းညို့နေတဲ့ ညောင်ညိုပင်ရိပ်အောက်က ကောင်လေးတစ်ယောက်———–
ကမ္ဘာမြေကနေမိုင်သန်းချိီကွာဝေး

တဲ့ နေမင်းရဲ့အပူရှိန်ကိုလစ်လျူရှုပြီး
သစ်ရွက်ကြွေတို့ရဲ့ ရှိုက်သံနဲ့ ဥဩလေးတွေရဲ့ငိုကြွေးသံကိုခံစားရင်း
ကြေကွဲခြင်းတိမ်တိုက်တွေဖုံးအုပ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ
လွမ်းဆွေးနေရှာလေရဲ့!!!!!!!!!!!!!!!!!!!!!!!
မညှပ်ဘဲထားတဲ့EMOဆန်ဆန်ဆံပင်လေးတွေက ကောင်လေးရဲ့နှုတ်ခမ်းနဲ့
မျက်နှာတစ်ဝိုက်ကို ကျီစယ်နေတယ်——–
ကောင်လေးရဲ့မျက်နှာက ကျားရဲပမာ ကေသရာလိုရဲဝံ့နေပေမဲ့ မျက်ဝန်းလေးတွေက
ယုန်ဖြူငယ်လေးတစ်ကောင်လို အားမဲ့နေတယ်
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံကခိုင်မြဲနေပေမဲ့
ရင်ဘတ်ထဲကနှလုံးသားတစ်စုံက ကြေကွဲပျက်စီးနေတယ်
ကောင်လေးရဲ့ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်စလေးတွေကိုကြည့်မယ်ဆို
ရင်တော့–သူ့ရဲ့အတိတ်ကိုထွင်းဖောက်မြင်နိုင်မှာပါ
သူနှုတ်ခမ်းကရွတ်နေတတ်တာက
“အေးချမ်းခင်ရယ် နင့်ကိုငါ အရမ်းချစ်တာပဲတဲ့”

——————————————————————————————————————————————-

လွင့် တစ်ယောက်ကျောင်းတွေစပြီးပြန်ဖွင့်ပြီမို့
အပျော်ကြီးပျော်နေမှုနဲ့အတူ ရင်တွေလဲခုန်နေတယ်
၉တန်းကိုစတက်ရမှာလေ။ မြန်မာစာကလွဲရင် အားလုံးကိုEnglishဘာသာနဲ့သင်ရမှာကိုး။
ခုံတွေစီတော့သူ့ရဲ့ ထုံးစံအတိုင်း နှစ်ယောက်တွဲခုံလေးကို
နောက်ဆုံးတန်းမှာသွားစီတယ်။
သူကအဲဒီလိုပဲနှစ်တိုင်းထိုင်နေကျပဲဆိုတာအားလုံးသိကြတယ်လေ။
အဲပြီးတော့ သူက ၅တန်းကတည်းကမော်နီတာမို့ဆရာမက သူ့ကိုရုံးခန်းသွားပြီး
မြေဖြူတွေ dusterတွေသွားထုတ်ခိုင်းတယ်
အဲဒီမှာ သော့ကိုရှာမရလို့ကြာနေတာနဲ့ပဲ ၉:၁၅ လောက်မှအတန်းထဲကိုသူပြန်လာဖြစ်ပါတယ်။
ဆရာမကိုမြေဖြူတွေပေးနေတဲ့အချိန်မှာ ကျောင်အုပ်ဆရာကြီးက
ကျောင်းသူလေးနှစ်ယောက်ကိုလက်ဆွဲပြီး သူတို့အခန်းထဲကိုဝင်လာတယ်။
ပြီးတော့ “ဆရာမ–ဒီကျောင်းသူနှစ်ယောက်ကို ဆရာမခန်းမှာထားလိုက်ပါ
အတူတူတွဲပြီးထားပေးပါနော်။ သူတို့က သပြေညို ဆိုတဲ့ဘော်ဒါဆောင်မှာနေတာလေ ။
အတူတူနေချင်ပါလေရဲ့တဲ့” လို့ပြောပြီးပြန်ထွက်သွားတယ်။
ဆရာမတော့ ခေါင်းစားပြီ။ခုံတွေအားလုံးကွက်တိ။ အဲဒီကြားထဲမှာ
သူတို့နှစ်ယောက်ကအတူတူထိုင်ချင်ပါတယ်ဆိုတော့ —
“ဒုက္ခပဲ–သမီးတို့ရဲ့ ။
ခုံတွေကအားလုံးပြည့်နေပြီ။လွတ်နေ့တဲ့တစ်ယောက်စာကလဲ
ကောင်လေးတန်းကြီးကွဲ့”
ဆိုတဲ့စကားလဲကြားရော ကျောင်းသူသစ်နှစ်ယောက်ထဲက ခပ်ဝဝကောင်မလေးက
ငိုတော့မလိုဖြစ်သွားတယ်။
နောက်တစ်ယောက်ကတော့
စိတ်ပျက်သွးတဲ့ပုံပဲ။ဒါပေမဲ့အမူအယာကတော့ိသိပ်မပျက်ဘူး။ လွင့်ကတော့
အဲဒီကောင်မလေးတွေကိုသနားသွားတယ်။
ဒီလိုနဲ့ လွင့် က ” ဆရာမ ဟိုး
နောက်ဆုံးတန်းမှာနှစ်ယောက်ခုံလေးပိုနေတယ်လေ၊
သူတို့ကိုအဲဒီမှာထားလိုက်ပါလား။” လို့ပြောလိုက်တယ်
တကယ်တော့ အဲဒါ လွင့်
ရဲ့ခုံပါ။သူကလွတ်နေတဲ့ကောင်လေးတန်းမှာဝင်ထိုင်ပြီးတော့
မသိသလိုလိုနဲ့ကူညီလိုက်တာပါ။အဲဒါနဲ့အဆင်ပြေသွားပါလေရာ။အဲဒီအချိန်မှာ
ခပ်ဝဝ ကောင်မလေးက ဘာကိုမှဂရုမစိုက်တော့ဘဲ ဝမ်းသာအားရနဲ့ပြေးထိုင်ပေမဲ့
ကြက်ဆံကျစ်မြီးနဲ့ခပ်ချောချောကောင်မလေးက လွင့် ကိုလှမ်းကြည့်ပြီး
ပါးစပ်ကနေ “Thanks a lot to you” လို့ တိုးတိုးလေးလှမ်းပြောသွားတယ်။
ဇာတ်ကားတွေ ဝတ္တုတွေထဲကလိုပြောရမယ်ဆိုရင်တော့ အဲဒီမှာစတွေ့တာပဲပေါ့ ကေင်မလေးရယ်။

————————————————————————————————————————————

အပိုင်း(2)
အင်း—ဒီလိုနဲ့နောက်တစ်နေ့မှာပေါ့ဗျာ————–
ကျွန်တော့်(လွင့်) ကိုဆရာမက ကျောင်းကိုစောစောလာခဲ့ဖို့မှာထားလို့
စောစောလေးအိမ်ကထွက်လာခဲ့ပါတယ်
အဲ–ကျောင်းရှေ့ကိုလဲကျွန်တော်ရောက်ရောသပြေညိုဘော်ဒါကကျောင်းပို့/ကြိုကားကြီးဆိုက်လာပါတယ်။
သူတို့ဘော်ဒါဆောင်ကစည်းကမ်းကြီးတယ်လေ။ကျောင်းကိုစောစောပို့လေ့ရှိတယ်။
ရပ်ထားတဲ့ကားကြီးကဲုကျွန်တော်ရှောင်ပြီးဆက်အသွားမှာပဲ နောက်ကနေ
“ဟေ့–လွင့် wait,wait,wait” ဆိုပြီးလှမ်းအော်သံလေးကြားလိုက်ရပါတယ်။
မနေ့ကကျွန်တော်နေရာဖယ်ပေးလိုက်တဲ့ကောင်မလေးနှစ်ယောက်ထဲက ခပ်ချောချော
ကြက်ဆံမြီးနဲ့ကောင်မလေးပါ။
သူက
“လွင့် မနေ့ကကိစ္စအတွက ကျေးဇူးပဲနော်။ နင်မသိချင်ယောင်ဆောင်ပြီး
နင်နေရာကိုဖယ်ပေးလိုက်တာငါသိပါတယ်။
ငါက ကျောင်းကိုရောက်ကတည်းက အဲဒီအတန်းမှာလူရှိနေတယ်ဆိုတာကိုသိတဲ့အပြင်
အဲဒီရှိနေတဲ့သူဟာလဲ နင်ပဲဆိုတာငါသိပါတယ်။
အဲဒါကြောင့် နင့်ကို
ကျေးဇူးတင်တယ်လို့ပြောလိုက်ပါသေးတယ်ဟာ။နဲနဲလေးတိုးသွားတော့နင်မကြားမှာစိုးလို့။နင်က
ငါကျောင်းကိုရောက်စနေ့မှာ
ဦးဆုံးကူညီခဲ့တဲ့သူဆိုတော့နင်နဲ့ခင်ချင်လို့ပါ။ ငါနာမည်က
အေးချမ်းခင်တဲ့။ ငါ့သူငယ်ချင်းက ဆုနွယ် တဲ့”
ိဆိုပြီးတတွတ်တွတ်နဲ့ပြောသွားပါလေရောလားဗျာ။ အဲဒါနဲ့ကျွန်တော်က
“ဒါနဲ့ နင်က ငါ့ရဲ့နာမည်နဲ့ မနေ့ကလွတ်တဲ့ခုံမှာငါထိုင်နေခဲ့တာမှန်း
နင်ဘယ်လိုသိလဲ” လို့မေးတော့
“ဟဲ့—နင်က စာတော်တယ်ဆိုတာရယ်။ ခုနှစ်တန်းတုံးက
ကျပန်းစကားပြောပြိုင်ပွဲမှာဗဟိုအဆင့်ပထမ ရဖူးတယ်ဆိုတာရယ်။
တစ်ကျောင်းလုံးနီးပါးနဲံ နင်ခင်တယ်ဆိုတာရယ်က ငါ့ဘော်ဒါမှာ
ရှိတဲ့နင့်သူငယ်ချင်းတွေက ပြောထားဖူးတယ်လေ။နင်က နောက်ဆုံးတန်းမှာ
တစ်ယောက်ထဲထိုင်တတ်တယ်ဆိုတာရောပေါ့။ကဲ——–ငါကျောင်းထဲကိုသွားတော့မယ်။နောက်တွေ့ရင်
ခေါ်ပါပြောပါနော်။ငါတို့ကရောက်ခါစဆိုတော့ သူငယ်ချင်းသိပ်မရှိသေးလို့ပါ ‘
လို့ သူပြောချင်တာတွေကိုပြောပြီးပြေးထွက်သွားတော့တာပဲဗျာ။ညနေအိမ်ကိုပြန်ရောက်တဲ့အထိ
တစ်နေကုန်နီးပါး သူ့ရဲ့ ကြက်ဆံမြီးလေးတယမ်းယမ်းနဲ့ပြေးထွက်သွားပုံလေးကို
မြင်ယောင်နေမိပါရဲ့။
ဟူး———–အေးချမ်းခင်ရေ အဲဒါဘာဖြစ်တာလဲမသိဘူးနော်။

—————————————————————————————————————————–

ဒီလိုနဲံတစ်ရက်ပြီးတစ်ရက်ကုန်ခဲ့သလို နေ့တိုင်းနီးနီး မုန့်အတူတူစားဖြစ်၊
စာမသိတာတွေကို အပြန်အလှန်ဆွေးနွေးဖြစ်နဲ့ သူ(အေးချမ်းခင်)နဲံ
ကျွန်တော်တို့ရဲ့ကြားက
ခင်မင်မှုအတိုင်းအတာလေးတွေမြင့်တက်လာခဲ့ပါတယ်။အဲဒီလိုပဲ–သူ့သူငယ်ချင်း
ဆုနွယ်ရဲ့ကောင်လေးသူငယ်ချင်းတွေနဲ့ရှုပ်ရှုပ်ရှက်ရှက်(အီစီကလီ)
နေတတ်မှုတွေကြောင့် သူတို့နှစ်ယောက်ဟာ(သူမ
ကတော့ဘာမှမဆိုင်ဘဲနဲ့)နာမည်ပျက်တဲ့သတင်းလေးတွေကိုလဲကြာလာရပါတယ်။
အဲဒါကြောင့်လားပဲမသိဘူးဗျာ။ကျွန်တော် သူနဲ့တွေ့တိုင်း
ဘုဘောက်ပြောတာပဲ။သူကတော့ဘယ်လိုပြောပြော အပြုံးလေးတစ်ခုနဲ့နားထောင်ပြီး
တစ်ခါမှစိတ်ဆိုးတယ်မရှိပါဘူး။
တစ်ခါတစ်ခါ ကျွန်တော်ပြိုင်ပွဲတွေမှာ ဆုရတဲ့အကြောင်းတွေကို
သူများတွေမသိခင်သူကကြိုသိနေတတ်လို့ မေးကြည့်ရင် ပြုံးပြုံးလေးနဲ့
နင်နဲ့ပတ်သက်ရင် ငါ့မှာ
မျက်စိတွေနားတွေအများကြီးရှိတယ်လို့ပြောတတ်ပါသေးတယ်။
သူဘက်ကတော့ဘယ်လိုနေမယ်မသိပေမဲ့ ကျွန်တော့်ဘက်ကတော့
သူ့အပေါ်မှာသိပ်ပြီးမရိုးသားတော့ဘူးထင်တာပဲဗျာ။
သူကိုကျွန်တော်ချစ်နေပြီဆိုတာက တဖြည်းဖြည်းနဲ့ သေချာလာသလိုပဲး
အင်း——-မလွယ်ပါလားနော်။

——————————————————————————————————————————–

ဒီလိုနဲ့ ကျွန်တော့သူ့ကိုချစ်နေတာသေချာသွားခဲ့တာကတော့ မှတ်မှတ်ရရ
တပို့တဲ့လပြည့်နေ့ပေါ့။ ကျောင်းပိတ်ဖို့သိပ်မလိုတော့လို
ဆရာတွကိုအမှတ်တရAUTOထိုးခို်င်းဖို့
BIOဆရာဆီကိုသွားတော့ကျွန်တောသူ့ကိုတွေ့လိုက်တယ်။ အဲဒီအချိန်မှာBIOဆရာက
AUTOထိုးရင်းနဲ့ ” လွင့် —မင်း အေးချမ်းခင်
ဆီကနေလိပ်စာတောင်းရင်တောင်းထားနော်။ သူက နောက်နှစ်ဆိုရင်သူ့အိမ်က
ရန်ကုန်ကိုပို့တော့မှာ” လို့ပြောတဲ့ စကားကိုလဲကြားရော
ကျွန်တော့်တစ်ကိုယ်လုံးချာချာလည်သွားသလိုပဲဗျာ။ ငိုချင်သလိုလို
လွမ်းသလိုလို ဆွေးသလိုလိုနဲ့ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ
ကျွန်တော်အသေးချာဆုံးသိလိုက်ရတာက ကျွန်တော့် အေးချမ်းခင် ကိုတကယ်ကို
စူးစူးနင့်နင့် ချစ်နေပြီဆိုတာပါပဲ။ အင်း—-ကျွန်တော့ရဲ့
အချစ်တွေကိုဘယ်လိုပြောရမလဲမသိဘူးဗျာ။

—————————————————————————————————————————

အပိုင်း(3)
အင်း—-ကျွန်တော့်ရဲ့အချစ်တွေကိုသူမ သိစေဖို့အကောင်းဆုံးနည်းလမ်းကို
ကျွန်တော်စဉ်းစာမိခဲ့ပါပြီ။
အဲဒီနည်းကနဲနဲတော့ ညာရမှာမို့ စိတ်တော့သိပ်ကောင်းပါဘူး။
ဒီလိုနဲ့နောက်နေ့မှာ အတန်းထဲက ကျွန်တော့်ရဲ့ကောင်လေးသူငယ်ချင်းတွေထဲမှာ
အခင်ဆုံးဖြစ်တဲ့ အောင်ချမ်းမင်းနဲ့ သူမရဲ့ရှေ့မှာ ရန်ဖြစ်ပြလိုုက်တယ်။
အောင်ချမ်းမင်းက “အေး—လွင့် မင်းမှတ်ထားလိုက်။တစ်ချိန်ချိန်မှာ
မင်းရဲ့လျှို့ဝှက်ချက်တွေ ကိုငါလူတွေသိအောင်ဖွင့်ထုတ်ပြမယ်” လို့
သူမရဲ့ရှေ့ မှာပဲ ကျွန်တော့်ကိုကြိမ်းဝါးသွားပါတယ်။
နောက်နေ့မှာပေါ့။ကျွန်တော်ရှေ့တန်းကနေ
နောက်တန်းကိုပြောင်းထိုင်တယ်။ပြီးတော့သူမ ကြားသွားအောင်လဲ “ဟို
အယုတ်တမာကောင်က ငါ့ကိုကျေနပ်ချက်တွေနဲ့ ငါ့ရဲ့ နေ့စဉ်မှတ်တမ်းလေးကို
ခိုးသွားပြီ။အဲဒီထဲမှာ ငါ့ရဲ့လျှို့ဝှက်ချက်တွေပါတယ်။
ဒုက္ခပဲ” လို့ညည်းပြလိုက်တယ်။
နောက်တစ်နေ့မှာကျွန်တော့ကျောင်းကတက်ဘူးး
နောက်တစ်ရက်မှာတော့ ကျွန်တော်ကျောင်းကိုရောက်ရောက်ချင်းပဲ အေးချမ်းခင်က ”
လွင့် ဒီမှာ အောင်ချမ်းမင်း ခို်းသွားတဲ့ နင့်ရဲ့မှတ်တမ်းလေး။
ငါ့ကိုဒီကောင်သူကိုယ်တိုင်ပြန်မပေးရဲ့လို့လာပေးသွားလေရဲ့’ ဆိုပြီး
ပြန်လာပေးတယ်။ ငါနဲနဲ့ဖတ်လိုက်မိတယ်လို့လဲ ပြောတယ်။
ဟား—–ကောင်းလိုက်တာ။ကျွန်တော်လိုချင်တာအဲဒါပဲလေ။ အောင်ချမ်းမင်းနဲံ
ကျွန်တော် ဟန်ဆောင်ပြီးရန်ဖြစ်။ အောင်ချမ်းမင်း ကြိမ်းသလို
ကျွန်တော့လှျို့ဝှက်ချက်တွေကို တခြားလူတွေသိအောင် ဆိုပြီး
နေ့စဉ်မှတ်တမ်းအခိုးခံရသလိုလိုလုပ် (တကယ်တော့ သူခိုးတာမဟုတ်ပါဘူး။
ကျွန်တော်ကသူ့ ကိုပေးပြီး ငါကျောင်းမတက်တဲ့နေ့မှာ
မင်းသူ့(အေးချမ်းခင်)ကို အကြောင်းတစ်ခုခုြပြပြီး
သူမလက်ထဲကိုရောက်အောင်လုပ် ဆိုပြီးမှာလိုက်တာလေ)။
အဲဒီနေ့စဉ်မှတ်တမ်းဆိုတာက ကျွန်တော့်ရဲ့တကယ့်မှတ်တမ်းဆိုတော့ ကျွန်တော်
အေးချမ်းခင်ကိုဘယ်လောက်အထိချစ်တယ်ဆိုတာတွေကို ရေးထားတာတွေလေ။ ကဲ
မပိုင်ဘူးလား။အင်း–ကျွန်တော့်ရဲ့အချစ်တွေကိုသူသိအောင်တော့လုပ်ပြီးပြီ။သိတယ်မို့လား——မိန်းကလေးတွေဆိုတာက
သူများရဲ့ မှတ်တမ်းဆိုရင်အရမ်းဖတ်ချင်တတ်ကြတာကိုး။

———————————————————————————————————————————-

အဲ———တိုတိုပြောရရင် ကျွန်တော့်ရဲ့အချစ်တွေကို သူမ
သိသွားပြီးတဲ့နောက်မှာ ကျွန်တော်ကနဲနဲလေးအားစိုက်ပြီး ဖွင့်ပြော၊ သူမကလဲ
သိပ်မကြာခင်မှာပဲ “ချစ်ပါတယ်” ဆိုတဲ့ အဖြေကိုပြန်ပေးခြင်းအားဖြင့်
သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။
ကျွန်တော်တို့ဘဝကလဲ ဆိုးလဲဆိုး ကောင်းလဲကောင်းလို့ပြောရမလိုပါပဲ။
ဘယ်လောက်ပဲချစ်ချစ်နှစ်ကုန်ရင် ဝေးရမယ်ဆိုတာသိထားသလို သူမရဲ့အိမ်က
ပြင်ဦးလွင် မှာဆိုတော့ မန္တလေးနဲ့ သိပ်မဝေးလို့
အဆက်အသွယ်မပြတ်နိုင်ဘူးဆိုတာကိုလဲသိထားတယ်လေ။
သူမနဲံ ကျွန်တော်ချစ်လာခဲ့ ရင်းကျွန်တော်သိလာတာက သူမ ဟာကျွန်တော့်အပေါ်မှာ
အရမ်းချစ်တယ်ဆိုတာပါပဲ။ပြီးတော့ပြောသေးတယ် “လွင့် ကို တို့က သူ့ရဲ့
ဒိုင်ယာရရီကို ဖတ်ပြီးတဲ့အချိန်မှာ စပြီးချစ်သွားခဲ့တာ” တဲ့ဗျ။

———————————————————————————————————————————-

ဒါပေမဲ့ဗျာ———ကျွန်တော်တို့နှစ်ယောက်ကံဆိုးတဲ့နေ့တစ်နေ့ကိုရောက်လာခဲ့ပါတယ်။
အဲဒီနေ့က စာမေးပွဲတွေဖြေပြီး နောက်တစ်ရက်ပေါ့။
သူမ မပြန်ခင်လေးမှာကျွန်တော်တို့နှစ်ယောက်အလွမ်းပြေ အနေနဲ့
မြို့အနှံ့ကိုကျွန်တော်က အစ်ကို့ရဲ့ကားကိုငှားပြီး သူမ
နဲ့လျှောက်လည်ကြတယ်လေ။အဲဒီနေ့က မိုးလဲနဲနဲရွာနေတယ်ဗျ။
ဒီလိုနဲ့ လမ်း၈ဝ ကိုအကွေ့မှာ တစ်ဖက်ကနေ စည်းကမ်းမဲ့ဖြတ်ပြေးတဲ့
ကလေးတစ်ယောက်ကို ရှောင်လိုက်တဲ့အချိန်
ဝုန်းကနဲ့ပေါ်လာတဲ့Truckကားကြီးကိုကျွန်တော်မမြင်လိုက်ဘူးဗျာ။
တခါတည်းဝင်တိုက်တော့တာပဲ။ ပိုဆိုးတာက အဲဒီကားကြီးက
မနိုင်ဝန်ကိုတင်တာတာဖြစ်လေတော့ အဲဒိကားပေါ်ကနေ ဘာအထုပ်လဲမသိဘူး
မှန်ပေါ်ကိုကျလာတယ်။ အရှိန်ကလဲပြင်းတော့
တိုက်မိရာကနေကွဲထွက်လာတဲ့မှန်နှစ်စက ကျွန်တော့်မျက်လုံးမှာလာစိုက်တာ
ကိုပဲနောက်ဆုံးသိလိုက်တယ်။
နောက်ဘာကိုမှကျွန်တော်မသိတော့ဘူးဗျာ။

—————————————————————————————————————————-

အဲ————-ကျွန်တော်သတိရလာတဲ့အချိန်မှာ ကျွန်တော်ရဲ့ဘေးမှာ
မိဘတွေနဲ့ သူငယ်ချင်းတစ်ချိုု့ကိုမြင်လိုက်ရတယ်။ကျွန်တော်ဆေးရုံပေါ်မှာပါ။
ကျွန်တော် တော်တော်အံ့ဩသွားပါတယ်။ ကားမှန်နှစ်စလုံး
လာစိုက်ခံလို်ကရတဲ့မျက်လုံးနှစ်လုံးလုံးဟာ
အကောင်းအတိုင်းရှိနေတယ်လေ။ကြည်နေတာပဲ။ တခြားထူးထူးခြားခြား
ဘာမှလဲမဖြစ်တော့ အေးချမ်းခင် အကြောင်းကိုမေးမိတယ်။
ဟိုဘက်အခန်းမှာတဲ့။ကျွန်တော်သွားကြည့်မယ်လို့ပြောတဲ့အချိန်
ကျွန်တော့်အခန်းထဲက
အစ်ကိုအရွယ်ကောင်လေးတစ်ယောက်ထထွက်သွားတာကိုကျွန်တော်တွေ့လိုက်တယ်။
ကျွန်တော် အေးချမ်းခင်ရဲ့အခန်းရှေ့အရာက်မှာပေါ့။အခန်းတံခါးကိုဖွင့်မလို့လုပ်နေတုံး
အသံတချို့ကြားလိုက်ရတယ်။
“အဟင့်——-ကိုကလဲကွာ။ဒီမှာမျက်စိနှက်ဖက်လုံးပျက်သွားမှတော့ ကို က
အေးချမ်းအတွက်အနစ်နာခံဦးမလို့လား။ တို့ သိပ်ချစ်တဲ့ကို့ ကို
မျက်မမြင်တစ်ယောက်ရဲ့ ခင်ပွန်းအဖြစ်နဲ့တစ်သက်လုံးမျက်နှာမငယ်စေချင်ဘူးလေ။
အဲဒီတော့လက်စနဲ့ပဲ ဟိုတို့အပျော်တွဲနေတဲ့နွားကို ပဲဆက်တွဲလိုက်မယ်လေ”တဲ့

အိုး——-ကျွန်တော့်အတွက်တော့ကမ္ဘာပျက်သလိုပဲ။ အရမ်းနူးညံ့သိမ်မွေ့တဲ့
အေးချမ်းခင်ဆိုတဲ့ကောင်မလေး၊ ကျွန်တော့်ရဲ့ချစ်သူ၊ ကျွန်တော့်ကိုလဲ
သိပ်ချစ်ပါတယ်လို့ကျွန်တော်ယူဆထားတဲ့သူဆီက ဒီလိုစကားမျိုးကို
ကျွန်တော်—ကျွန်တော် ကြားလိုက်ရပြီလေ။
တောက်——-မိန်မယုတ်။

—————————————————————————————————————————-

အပိုင်း(4)ဇာတ်သိမ်း

ကျွန်တော် တော်တော် ကိုဒေါသထွက်သွားတာပါ။အဲဒါနဲ့ သူ့အခန်းထဲဝင်လိုက်တော့
ခုနက ကျွန်တော့အခန်းထဲကထွက်သွားတဲ့အစ်ကို
ကိုတွေလိုက်တယ်။စိတ်ကလဲတွေးလိုက်မိတယ်။နင်တို့အကြံတွေကိုငါသိတယ်လို့ပေါ့။
အဲကျွန်တော့ဝင်သွားတော့ ခုနကထွက်နေတဲ့ဒေါသတွေပြေစရာကောင်းလောက်အောင်ကိုပဲ
သူ့မျက်နှာလေးကအေးချမ်းနေပြီး ပတ်တီးစည်းထားတဲ့မျက်လုံးနှစ်ဖက်က
လုံးဝမမြင်နိုင်တော့ကြောင်းပြောနေသလိုပါပဲ။သူမက “လွင့်–လားဟင်”
လို့မေးတယ်။
ကျွန်တော်ကလဲဒေါသထွက်နေတော့ ” နင်ငါ့နာမည်ကိုမခေါ်နဲံ။
နင်လိုမိန်းမမျိုးခေါ်ဖို့ငါ့နာမည်က
မတန်ဘူး။နင်တို့ပြောနေတာတွေအားလုံးငါကြားတယ်။ နင်တို့ပြောသလို
ငါကနွားမဟုတ်ဘူးဟ” လို့ပြောတော့သူမ
ရဲ့မျက်နှာမှာအပြောင်းအလဲသိပ်မတွေ့သလိုပဲ။သူမ
ကစာရွက်လေးတစ်ရွက်ထုတ်ပေးတယ်။ ပြီးတော့ပြောတယ် “လွင့်
နင်အခုစိတ်နာနေတယ်နော်။ဒါပေမဲ့ ဒါလေးကိုတော့ယူသွားပါ။ နောက်
နင်ဖြစ်ချင်တဲ့ဆရာဝန်ကြီးဖြစ်ပြီး ဘွဲ့ယူတဲ့နေ့မှာ ဖွင့်ကြည့်ပါနော်။
နင်အခုငါ့ရဲ့အလိမ်တွေကိုနင် သိသွားပေမဲ့ အရင်က
နင်ငါ့အပေါ်မှာချစ်ခဲ့ဖူးတဲ့စိတ်လေးတစ်ခုနဲ့
ငါ့ရဲ့ဒီစာရွက်လေးကိုသိမ်းထားပါနော်” တဲ့။
အဲဒီအချိန် သူမ ဆီကကြားလိုက်ရတဲံ့စကားသံတချို့ရဲ့ဆိုလိုရင်းကို
ကျွန်တော်နားမလည်ပေမဲ့ စာရွက်လေးကိုစိတ်ဝင်စားလို့ယူခဲ့မ်ိပါတယ်။
နောက်တော့ကျွန်တော်လဲ စိတ်နာမှုတွေကိုမေ့ပြီး ဆေးရု့ကဆင်းတာနဲ့
10တန်းဖြေဖို့ပဲအာရုံစိုက်ဖြစ်ခဲ့ပါတယ်။သူမကတော့
ကျောင်းဆက်တက်ဖို့မဖြစ်နိုင်လို့ ပြင်ဦးလွင် ကိုပြန်သွားပြီလို့
ကြားမိလိုက်ပါတယ်။ကျွန်တော် သူမကိုစိတ်နာတယ်။မေ့ပြစ်ချင်ပါတယ်။
ဒါပေမဲ့မေ့လို့မရဘူးဗျာ။သူမ ဟာအဲဒီလောက်မယုတ်မာလောက်ဘူးလို့လဲ
မသိစိတ်ကယုံသလိုလိုရှိနေမိတယ်။ဒါပေမဲ့ သူမ
ပြောတာတွေကိုကျွန်တော်ကိုယ်တို်င်ကြားခဲ့တာလေ။ဘာပဲဖြစ်ဖြစ်
မေ့လို့မရတာတော့အမှန်ပါပဲ။

———————————————————————————————————————————————-

ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့နောက်ဆုံးနေ့မှာပေါ့ဗျာကျွန်တော်
အေးချမ်းခင်ရဲ့သူငယ်ချင်း(မိန်းကလေး)တစ်ယောက်နဲ့တွေ့တယ်။
အဲဒီကောင်မလေးကိုကျွန်တော်နာမည်တောင်မသိပါဘူး။ ဆေးရုံမှာတုံးက သူက
အေးချမ်းခင်ကိုရော ကျွန်တော့်ကိုရောလာစောင့်ပေးခဲ့ဖူးလို့ သိနေတာပါ။
အဲဒီကောင်မလေးက ကျွန်တော့်ကိုခေါ်ပြီးပြောတယ်။
“လွင့်——နင်ငါပြောမဲ့စကားကိုသေချာနားထောင်ပေးပါနော်။ငါဒီစကားကိုဘယ်တော့မှမပြောဖို့
အေးချမ်းခင်ကမှာခဲ့ပေမဲ့ မပြောဘဲထားရမှာငါလိပ်ပြာမလုံလို့
ပြောတာနော်။တကယ်တော့ အေးချမ်းခင်ဟာနင်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာပါ။
ဘယ်လောက်အထိချစ်ခဲ့လဲသိလား။ နင်ပြန်စဉ်းစားကြည့်လိုက်။
မှန်ကွဲစတွေအစိုက်ခံရတဲ့မျက်လုံးနှစ်လုံးလုံး
ဘာမှမဖြစ်တာဘာကြောင့်လို့နင် ထင်သလဲ——–ဟင်။ အေးချမ်းခင်ကလေ သူထိတဲ့
ဒဏ်ရာတွေအရမ်းများလို့ သေလုမျောပါးဖြစ်နေတဲ့အချိန်
အားလုံးကသူသေမှာပဲလို့တွက်တဲ့အချိန်
သူဘာမေးလဲနင်သိလား။နင်ဘာဖြစ်သွားလဲတဲ့။
နင်ဘာမှမဖြစ်ပေမဲ့
မှန်တွေရှပြီးနင့်မျက်လုံးနှစ်ဖက်လုံးပျက်သွားတယ်လို့လဲ ပြောရော
သူဘာပြန်ပြောလဲသိလား။ သူကသေဖို့များတယ်တဲ့။ နင်က ဆရာဝန်ဖြစ်ရမဲ့သူတဲ့.။
နင့်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့လိုတယ်တဲ့။အဲဒါကြောင့် သူလေ နင့်ကို
သူ့ရဲ့မျက်ကြည်လွှာကို လှူဖို့ပြောတယ်။ အားလုံးကတားတယ်။ ဒါပေမဲ့မရဘူးဟာ။
ဆရာဝန်ကြီးကိုလဲ သူက သူကသေတော့မဲ့သူမို့ ကျေးဇူးပြုပြီး
သူ့မျက်ကြည်လွှာကို ထုတ်ပြီး နင့်ကိုလှူဖို့ ပြောတယ်။ဒါပေမဲ့
အားလုံးထင်ထားသလိုသူမသေခဲ့ဘူးလေ။ နင်လဲခြေအနေကောင်းတယ်ဆိုတာကိုလဲသူ
သိသွားတော့သူက ပြောတယ်။ သူ့ကြောင့်နင့်ရဲ့
ရည်မှန်းချက်တွေထိခိုက်နိုင်တယ်တဲ့။အဲဒါနဲ့
သူကဒီကိစ္စတွေကိုနင်ကိုမပြောဖို့နဲ့ နင်သတိရလာပြီး
သူဆီကိုလာမယ်ဆိုရင်သူသိအောင်ဆိုပြီး သူ့ရဲ့တဝမ်းကွဲအစ်ကို ကို
နင့်နားကိုသွားကြည့်ခိုင်းထားတယ်။ပြီးတော့ နင်လာပြီဆိုတာလဲသိရော
နင်ကြားခဲ့တဲ့စကားတွေကို သူ လေပြောပြီး
နင်စိတ်နာသွားအောင်ဆိုပြီး———” ဆိုပြီး
ဆက်မပြောနိုင်တော့ဘူး။တအားငိုတော့တာပဲ။ ကျွန်တော်
ကျွန်တော်မှားမှန်းသိသွားပြီး
ငူငိုင်ငို်င်နဲ့ရပ်နေမိတယ်။အဲဒီနောက်ကျွန်တော့်ရဲ့ ကိုယ်ကြားလိုက်တဲ့
စကားလေးတစ်ခုုကိုဆင်ခြင်ဉာဏ်ကင်းမဲ့စွာ
လက်ကိုင်ထားခဲ့ပုံတွေကိုသတိရလာမိတယ်။
တောင်းပန်ပါတယ်အေးချမ်းခင်ရယ် ————နင့်ရဲ့ဖေါ်ပြနှိုင်းဆလို့မရတဲ့
အချစ်တွေ့နဲ့မတန်တဲ့ငါ့ဆီကို နင်ပြန်လာပါလားဟင်။
ငါလေ တစ်ကယ်ကိုရူနေပါပြီဟာ။နင့်ကိုလေ ငါအရမ်းချစ်တယ်သိလား။ နင်ငါ့အပေါ်မှာ
ယုတ်မာတယ်ဆိုပြီးအထင်လွဲခဲ့တုန်းကတောင်
ငါနင့်ကိုမေ့လို့မရခဲ့တာပါဟာ။တောင်းပန်ပါတယ်———–နင်ငါ့ဆီကိုပြန်လာပါလားဟင်။

———————————————————————————————————————————–
စိမ်းညို့နေတဲ့ ညောင်ညိုပင်ရိပ်အောက်က ကောင်လေးတစ်ယောက်———–
ကမ္ဘာမြေကနေမိုင်သန်းချိီကွာဝေးတဲ့ နေမင်းရဲ့အပူရှိန်ကိုလစ်လျူရှုပြီး
သစ်ရွက်ကြွေတို့ရဲ့ ရှိုက်သံနဲ့ ဥဩလေးတွေရဲ့ငိုကြွေးသံကိုခံစားရင်း
ကြေကွဲခြင်းတိမ်တိုက်တွေဖုံးအုပ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ
လွမ်းဆွေးနေရှာလေရဲ့!!!!!!!!!!!!!!!!!!!!!!!
မညှပ်ဘဲထားတဲ့EMOဆန်ဆန်ဆံပင်လေးတွေက ကောင်လေးရဲ့နှုတ်ခမ်းနဲ့
မျက်နှာတစ်ဝိုက်ကို ကျီစယ်နေတယ်——–
ကောင်လေးရဲ့မျက်နှာက ကျားရဲပမာ ကေသရာလိုရဲဝံ့နေပေမဲ့ မျက်ဝန်းလေးတွေက
ယုန်ဖြူငယ်လေးတစ်ကောင်လို အားမဲ့နေတယ်
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံကခိုင်မြဲနေပေမဲ့
ရင်ဘတ်ထဲကနှလုံးသားတစ်စုံက ကြေကွဲပျက်စီးနေတယ်
ကောင်လေးရဲ့ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်စလေးတွေကိုကြည့်မယ်ဆို
ရင်တော့–သူ့ရဲ့အတိတ်ကိုထွင်းဖောက်မြင်နိုင်မှာပါ
သူနှုတ်ခမ်းကရွတ်နေတတ်တာက
“အေးချမ်းခင်ရယ် နင့်ကိုငါ အရမ်းချစ်တာပဲတဲ့”

————————————————————————————————————————————

ကျွန်တော်အမြဲတမ်းအေးချမ်းခင်ကိုလွမ်းခဲ့ပါတယ်။သတိရခဲ့ပါတယ်။ဒီလိုနဲ့
ကျွန်တော်လိုချင်တဲ့ဆေးကျောင်းကိုရခဲ့ပြီး ဒုတိယနှစ်အရောက်မှာပေါ့။
ကျွန်တော့်ရဲ့ ဟောင်းနွမ်းနေတဲ့စာအုပ်စင်ကိုအသစ်လဲဖို့
စာအုပ်စင်ကိုရှင်းနေတုံး စာအုပ်တစ်အုပ်ကြားထဲကနေ
စာရွက်လေးတစ်ရွက်ထွက်ကျလာတယ်ဗျ။ အဲဒီစာရွက်လေးကတော့
အေးချမ်းခင်ကျွန်တော့်ကို ဆေးရုံပေါ်မှာတုံးက
ဘွဲ့ယူတဲ့နေ့ကျမှကြည့်ပါလို့မှာခဲ့တဲ့ စာရွက်လေးပါ။ အဲဒီတုန်းကတော့
စိတ်နာနာနဲ့မို့အရေးမထားခဲ့သလို အဖြစ်မှန်ကိုသိပြီးနောက်မှာလဲ
အဲဒီကြောင်းလေးကိုမေ့နေမိခဲ့တာပါ။ အဲဒီစာရွက်လေးကိုကျွန်တော်ဖတ်မိတော့
ကျွန်တော်အရမ်းဝမ်းသာသွားပါတယ်။ အဲဒီစာရွက်ထဲမှာရေးထားတာက အေးချမ်းခင်ရဲ့
မေမြို့က အိမ်လိပ်စာလေ။ ဘာပြောကောင်းမလဲဗျာ။ကျွန်တော်
ချက်ခြင်းလိုက်သွားပါတယ်။ဒါပေမဲ့ သူမ ကိုကျွန်တော်မတွေ့ဘူးဗျာ။ သူမက
ရန်ကုန်ကိုပြောင်းသွားပြီတဲ့။ ဟား———-သွားရောပဲ။
ပြောင်းသွားတဲ့လိပ်စာကိုလဲမသိ။စုံစမ်းလို့လဲမရနဲ့ ကျွန်တော်တော့
ရူးတော့မှာပဲဗျာ။

——————————————————————————————————————————–

ဒါပေမဲ့ ကျွန်တော့်ရဲ့အချစ်တွေကို
လောကကြီးကအသိအမှတ်ပြုလိုက်တာလားမသိဘူးဗျ။ အေးချမ်းခင်ကို
ကျွန်တော်မမျှော်လင့်ပဲပြန်တွေ့ခဲ့ရတယ်။ မျက်မမြင် သင်တန်းကျောင်းကို
ကျွန်တော့်ဆရာတွေနဲံ
ကျန်းမာရေးပညာပေးဟောပြောပွဲလုပ်ဖို့လိုက်သွားရင်းနဲ့ပေါ့ဗျာ။
တန်းစီပြီးထိုင်နေတဲ့သူတွေရဲ့ကြားက သူမကိုကျွန်တော်တွေ့တော့လေ ကျွန်တော်
စင်ပေါ်ကနေပြေးဆင်းသွားပြီး သူမ ကို ဝမ်းသာအားရနဲ့ “အေးချမ်းခင်” လို့
ခေါ်လိုက်တယ်။ သူမအံ့ဩသွားပုံပါပဲ။ပြိးတော့
ဝမ်းသာတဲ့အရိပ်အယောက်တွေယှက်သမ်းလားတယ်။ပြီးတော့ မေးတယ် “လွင့် လားဟင်”
တဲ့။ ကျွန်တော်ကဘာလို့ ငါ့ကိုထားသွားတာလဲလို့မေးတော့ ” နင့်ကိုငါ
အဖြစ်မှန်တွေကိုမပြောဖို့မှာခဲ့ တဲ့သူတွေက ကတိမှမသည်တာကိုး။နင်အခုငါ
လိုမျက်မမြင်တစ်ယောက်ကို ချစ်နိုင်ရဲ့လားဟင်။ နင့်ရဲ့ဘဝအတွက်
ငါနင့်ကိုထားခဲ့ပေမဲ့ ငါလဲခံစားခဲ့ရပါတယ်လွင့်ရယ်” တဲ့ ။
အဲဒီတော့ကျွန်တော်က သူမကို ငါနင့်ကိုအခုအချိန်မှာ
ဘယ်လိုအချစ်မျိုးနဲ့ချစ်နေလဲနင်သိလားလို့မေးပြီးတော့
ဆက်ပြီးပြောပြလိုက်တယ်

“ငါမင်းကိုပေးဆပ်ရင်းနဲ့ချစ်သွားမှာပါ။ မင်းဆီကငါ
ဘာမှမျှော်လင့်မထားပါဘူး။ ငါမင်းကိုချစ်တဲ့အချစ်က Platonic Loveပါ။
လုံးဝအချစ်သက်သက်ပါပဲ။ ချစ်နေရရင်ကျေနပ်ပါတယ်။ မင်းလိုနေတာတွေကို
အရာအားလုံးနဲ ့ရင်းပြီးဖြည့်ဆီးပေးသွားမှာပါ။
အဲဒီလိုပေး၏ဆပ်မှုတစ်ခုအတွက်ငါမင်းဆီက လိုချင်တာတစ်ခု
ရှိခဲ့မယ်ဆိုရင်တောင် အဲဒါဟာမင်းရဲ့ပျော်ရွှင်မှုပါ”ငါနင့် ကို
အဲဒီလိုချစ်တတ်လာပါပြီဟာ”

လို့ပြောပြီး သူမရဲ့လက်ဖဝါးအိအိလေးကို ဆုပ်ထားလိုက်တယ်။
သူမပြုံးနေပါတယ်။ပြီးတော့ပြောတယ် “လွင့် နောက်ဆိုနင်နဲံငါဘယ်တော့မှ
မဝေးတော့ဘူးနော်” တဲ့။

——————————————————————————————————————————

ပြီးပါပြီ

2 comments

  • laminwaiacg

    September 11, 2010 at 5:04 am

    ဒီဝတ္တုလေးကို အရင်က ကျွန်တော်တခြားဆိုက်းတစ်ခုမှာတင်ဖူးပါတယ်။ကျွန်တော်က အခုမှရေးကာစဆိုတော့ လိုအပ်တာလေးတွေကို ဝေဖန်သင်ပြပေးကြပါနော်

  • kai

    September 11, 2010 at 9:58 am

    ရီရယ်လစ်ဇင် ကျကျမဟုတ်ပေမဲ့..
    စာရေးပုံလေးကလှပါတယ်..။
    နည်းနည်းချဲ့ရေးလိုက်ရင်…မြန်မာဗီဒီယိုကားတောင် ရိုက်လို့ရတယ်…။
    ဆက်ရေးဖို့ တိုက်တွန်းပါတယ်။

Leave a Reply