laminwaiacgSeptember 11, 20101min802
အပိုင်း(1) စိမ်းညို့နေတဲ့ ညောင်ညိုပင်ရိပ်အောက်က ကောင်လေးတစ်ယောက်———– ကမ္ဘာမြေကနေမိုင်သန်းချိီကွာဝေး တဲ့ နေမင်းရဲ့အပူရှိန်ကိုလစ်လျူရှုပြီး သစ်ရွက်ကြွေတို့ရဲ့ ရှိုက်သံနဲ့ ဥဩလေးတွေရဲ့ငိုကြွေးသံကိုခံစားရင်း ကြေကွဲခြင်းတိမ်တိုက်တွေဖုံးအုပ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့အတူ လွမ်းဆွေးနေရှာလေရဲ့!!!!!!!!!!!!!!!!!!!!!!! မညှပ်ဘဲထားတဲ့EMOဆန်ဆန်ဆံပင်လေးတွေက ကောင်လေးရဲ့နှုတ်ခမ်းနဲ့ မျက်နှာတစ်ဝိုက်ကို ကျီစယ်နေတယ်——– ကောင်လေးရဲ့မျက်နှာက ကျားရဲပမာ ကေသရာလိုရဲဝံ့နေပေမဲ့ မျက်ဝန်းလေးတွေက ယုန်ဖြူငယ်လေးတစ်ကောင်လို အားမဲ့နေတယ် တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံကခိုင်မြဲနေပေမဲ့ ရင်ဘတ်ထဲကနှလုံးသားတစ်စုံက ကြေကွဲပျက်စီးနေတယ် ကောင်လေးရဲ့ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်စလေးတွေကိုကြည့်မယ်ဆို ရင်တော့–သူ့ရဲ့အတိတ်ကိုထွင်းဖောက်မြင်နိုင်မှာပါ သူနှုတ်ခမ်းကရွတ်နေတတ်တာက “အေးချမ်းခင်ရယ် နင့်ကိုငါ အရမ်းချစ်တာပဲတဲ့” ——————————————————————————————————————————————- လွင့် တစ်ယောက်ကျောင်းတွေစပြီးပြန်ဖွင့်ပြီမို့ အပျော်ကြီးပျော်နေမှုနဲ့အတူ ရင်တွေလဲခုန်နေတယ် ၉တန်းကိုစတက်ရမှာလေ။ မြန်မာစာကလွဲရင် အားလုံးကိုEnglishဘာသာနဲ့သင်ရမှာကိုး။ ခုံတွေစီတော့သူ့ရဲ့ ထုံးစံအတိုင်း နှစ်ယောက်တွဲခုံလေးကို နောက်ဆုံးတန်းမှာသွားစီတယ်။ သူကအဲဒီလိုပဲနှစ်တိုင်းထိုင်နေကျပဲဆိုတာအားလုံးသိကြတယ်လေ။ အဲပြီးတော့ သူက ၅တန်းကတည်းကမော်နီတာမို့ဆရာမက သူ့ကိုရုံးခန်းသွားပြီး မြေဖြူတွေ dusterတွေသွားထုတ်ခိုင်းတယ် အဲဒီမှာ သော့ကိုရှာမရလို့ကြာနေတာနဲ့ပဲ ၉:၁၅ လောက်မှအတန်းထဲကိုသူပြန်လာဖြစ်ပါတယ်။ […]