ပူဆာခဲ့သမျှ

ရွှေ မင်း သားSeptember 11, 20101min1052

ကျနော် ဆယ်တန်းပြီးခါစ အချိန်ကပေါ့………
အလုပ်လုပ်ချင်ပါသည်။.. သူများတွေအလုပ်လုပ်နေသည် အောင်မြင်နေသည်ကိုမြင်ရ ကြားရလျှင် အလွန်အားကျသည်။
ကိုယ့် ကိုကိုယ်လဲ ယုံကြည်မှုရှိသည်။ အောင်မြင်သော လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ခဲ့ သည်။
အိမ်မှာတော့ ကျနော်က ဟိုဟာလုပ်ချင်ဒီဟာလုပ်ချင်နဲ့ ပေါ့။  ခဏခဏ စကားများရသည်။
ကျနော်လဲ ပူဆာသည် ခဏခဏ ပူဆာသည်။ ကျနော် ပူဆာ ခဲ့သည်များမှာ ဟိုဟာ ဝယ်ပေးပါ သည်ဟာဝယ်ပေးပါ ဟု ပစ္စည်း ပူဆာခြင်းမဟုတ်ပါ။
ကျနော် ကြားရသိရ သည်များအလုပ်အကြောင်းများကို အိမ်တွင်ပြန်ပြောပြပြီး အလုပ်လုပ်ချင် ကြောင်းသာပူဆာလေ့ရှိသည်။
ဒီတခုပြော လို့ မရရင် နောက်တခုပေါ့….ကျနော်လဲ ကြားရသိရသော အလုပ်များကို လုပ်ချင်ကြောင်းပူဆာသည်။
အဖေကလဲ တခုမှ မလိုက်ရော ချေ။ သူဖြစ်စေချင်သည်မှာ အိမ်အလုပ်ကို ဦးစီးရန်ဖြစ်သည်။ အဖေ ပြောသည်မှာလဲ အမှန်ပင် နောင်တချိန်တွင် မဖြစ်မနေလုပ်ကို လုပ ်ရမည်ဖြစ်သည်။ ကျနော်တို့ မိသားစုက အလွန်နည်းသည်။ မိသားစု လေးယောက်ရှိသည်။ ကျနော်တွင် အကိုတစ်ယောက်ရှိသည် ။ သူသော် သူသည်ပုံမှန် မဟုတ်ပါ။ မွေးရာ ပါ အားနည်းချက်များရှိသည်။
ကျနော်လဲ ဒါကြောင့် အလုပ်လုပ်ချင်စိတ်မှာ အလွန် ထက်သန်ခဲ့ပါသည်။
ကျနော်လဲ လက်ခံ ပါသည် တနေ့ကျနော် အိမ်အလုပ်ကို လုပ်ကိုင်မည်။ မိဘကို ချမ်းချမ်းသာသာ ထားမည်ဟု စိတ်ကူးများမှာ ငယ်စဉ်ကပင် ရှိခဲ့သည်။
သူငယ်ချင်းများမှာ ဆိုင်ကယ်တွေထည်လဲ စီးကြသည်။ ဝယ်လိုက်ရောင်းလိုက်ပေါ့ ။ အလုပ်လဲ လုပ် ဆိုင်ကယ် မျိုးစုံ စီးရသည်။
ကျနော်လဲ အလွန် အားကျခဲ့ သည်။
ကျနော်လဲ ဆိုင်ကယ်ဝယ်ရောင်းလုပ်ချင်တယ် ဟုပူဆာဖူးသည်။ သို့ သော် မအောင်မြင်ခဲ့ ပါ။ ကျနော်အဖေက အခွင့် အရေးတစ်ခုတော့ ပေးသည်။ သေသေချာချာ လေ့လာ ရန်မှာ ကြားလေသည်။
ဒီလောက်နဲ့ပင် ကျေနပ်ခဲ့ ရသည်။
ကျနော် အားမလျှော့သေးပါ ပွဲ ရုံလိုင်းဘက် ဝင်ချင်ကြောင်းပူဆာပြန်သည်။
ကျနော်ကို သေသေချာချာ သိအောင်သာ လေ့လာခိုင်းသည်။
ကုန်စည်ဒိုင် ဆင်းချင်သည်။ အဖေတွင် သူငယ်ချင်းမိတ်ဆွေများလဲ ရှိသည်။ အဖေ့ မိတ်ဆွေ တစ်ဦးဦး၏ ပွဲ ရုံတွင် သွားရောက် တပည့် ခံ သင်ယူချင်သည်ဟု ပူဆာသည်။
ကျနော်ပူဆာခဲ့သည်မှာ လမ်းကြောင်းမှန်ကြောင်း ခဏခဏ ပြောပြသည်။
သို့သော် မအောင်မြင်ခဲ့ပါ
အဲဒီအချိန်တုန်းက ကျနော်တို့ သူငယ်ချင်းတွေ အချင်းချင်း အလုပ်နှင့် ပါတ်သက်ပြီးပြောကြသည်မှာ   အော်ငါတို့ တွေခေတ်ကိုက အလုပ်တော်တော်ရှားပါလားပေါ့   ကိုတွေမိဘများတုန်းက ဆို ဦးလေးတွေအဒေါ်တွေ စသည်ဖြင့် လက်ဆင့်ကမ်းတွဲ ခေါ်ခဲကြသည်ပေါ့
ကိုတွေ ခေတ်လဲ ရောက်ရော အစဉ်အလာတွေဘယ်များရောက်ကုန်ပြီလဲပေါ့
ထားလိုက်ပါတော့ ပြောမယ်ဆို အများကြီးကျန်သေးတယ်……..
အခုတော့ အိမ်အလုပ်ဘဲ လုပ်နေပါပြီ။ အိမ်အလုပ်နဲ့ ဘဲ ပျော်နေပါပြီ။
ဘယ်လိုပုံစံ စိတ်ကူးနဲ့ အိမ်အလုပ်ကို လုပ်ဖြစ်သွားရလဲ ဆိုတော့….
ကျနော်ကို ကျနော်အဖေက လေ့လာခိုင်းတယ် အခွင့်အရေးပေးတယ် လေ
ကြာလာတာနဲ့အမျှ ကြားရတဲ့သတင်းများမှာ လူလိမ်ခံလိုက်ရပြီ။ အခြေအနေမလှ စိတ်ညစ်စရာ။
သို့ သော် အောင်မြင်နေသူများမှာလဲ မနည်းပါ ကျန်ပါသေးသည်။
အကြံတခု ရလိုက်သည်။ ကျနော် တပ်ခေါက်ပြီးတော့ မပြန်ချင်။ ထို့ ကြောင့် ကျနော် လုပ်ချင်သော အလုပ်များကို မြိုသိပ်ထားပြီး အိမ်အလုပ်ကို လုပ်ရန် ကျေကျေနပ်နပ် ကြီး ဆုံဖြတ်လိုက်သည်။
ကျနော်လုပ်ချင်သော အလုပ်များမှာ ယနေ့ထိ စိတ်ထဲ တွင်ရှိသေးသည် ပျောက်မသွားသေးပါ။
ကျနော် အဖေ လုပ်ငန်းအဆက်အသွယ် နဲ့သွားရင် လူလိမ်ခံရကိန်းတော့ နည်းမည်ဟု ယုံကြည်သည်။
အောင်မြင်ရန်မှာ မိမိကြိုးစားဖို့ သာလိုသည်ဟု ယုံကြည်သည်။
မိမိလုပ်ချင်သော အလုပ်များကို လက်မလျှော့ သေးပါ။
မိမိ စီးပွားရေး လိုင်းပေါ် ရောက်ဖို့ သာ အဓိက ဟု တွေးထင်ထားပါသည်။
ထိုသို့ သော စိတ်ကူးဖြင့် အိမ်အလုပ်ကို ပျော်ပျော်ကြီး လုပ်နေရပြီလေ….

ဒါလေးရေးဖြစ်တာ ရည်ရွယ်ချက်ရှိတယ်
ဟိုတနေ့ က ဆေးရုံသွားတော့ အမျိုးတွေနဲ့ တွေ့တယ်လေ။
သူတို့ သားသမီး တွေအကြောင်းထိုင်ပြော ကြတာပေါ့
မိဘဖြစ်စေချင်တာနဲ့ သူတို့ ဖြစ်ချင်တာတွေက တခြားစီဘဲ
တော်တော်များများအဲလိုပြောကြတယ်။
ကျနော် ကတော့ စဉ်းစားမိတာကတော့  မိဘ လဲ မိဘ အတွေး ပေါ့ သားသမီးလဲ သားသမီး အတွေးပေါ့
ဆုံမှတ်လေးတနေရာ ရောက်အောင် တော့ညှိရမှာပေါ့။

ဘယ်လို ညှိကြမလဲ…… ပွင့် လင်းစေချင်တယ်…..စိတ်ရှည်စေချင်တယ်………သည်းခံစေချင်တယ်……. အရေးကြီးတာကတော့…..
မိသားစုအပေါ် ယုံကြည်စေချင်တယ်။

ကျနော် စဉ်းစားမိသလောက်လေးပါ။

2 comments

  • Gong Zhu

    September 16, 2010 at 3:18 am

    သိပ်မှန်တာပဲ . . . ကိုယ့်မိသားစုမှမယုံရင်ဘယ်သူကိုယုံကြရမှာလဲ

Leave a Reply