ဟာသ အတိုအထွာ – ၄
* စိုးရိမ်လို့ပါ …
ယောက်ျား။ ။”မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း
ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို
မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား”
မိန်းမ။ ။”မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”
* “ကလေးတွေကြောင့် မဟုတ်ပါ….”
တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊
စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ
နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။
သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ်
ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ဝင်ကြည့်တော့
အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ
စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို
“ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ” ဆိုပြီး မေးလိုက်ပါသတဲ့။
အမေ:ခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး” ပြန်ဖြေလိုက်ပါတယ်။
ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။
ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း
ခေါင်းကလေးခါပြီး “ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို
ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး” လို့ပြန်ဖြေတယ်။
ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့်
အနားက ကျောင်းဆရမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့မေးလိုက်တယ်။
ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ
လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ဝယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ”
တဲ့. ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက်
လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း
မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
“ဝန်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့
ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ
ဝယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ” တဲ့ဗျာ…
* နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ
တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ို မေးလိုက်ပါတယ်။
“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”
ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… “ကျ ကျနော် မသတ်ဘူး” တဲ့။ ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့
ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-
“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ
အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်” တဲ့။
စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။
နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။
ဒီလိုနဲ့ မကြာခင် ဝန်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။
“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့” တဲ့ဗျာ။
* ဗိုလ်ချုပ်ကြီး
အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။
“မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖိုု့လေ့ကျင့်ခန်း စာအုပ်မပါဘဲ
ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့
စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”
“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”
* ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)
ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ”
ပီတာလေးလက်ညှိုးထောင်သည်။
“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”
“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”
“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”
“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”
“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”
* ကိုယ်ချင်းစာကြည့်ပေါ့
ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစာ္ဆန်ရုံသို့သွားသည်၊ တိရစာ္ဆန်ရုံသို့
ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော်
မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစာ္ဆန်ရုံဝန်ထမ်းအား
အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။
“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ဝင်နေကြပါတယ်” ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုန္ဒြေကို ဆယ်လိုက်ပြီး ဝန်ထမ်းကိုပြောသည်။
“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်”
တိရစာ္ဆန်ရုံဝန်းထမ်းက ပြန်ပြောသည်။
“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”
* ကိုယ်ကျိုးနည်းပါပြီ
ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။
ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက် အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့
မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး
တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို
တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး
* သနားကြပါ။
တိရစာ္ဆန်ရုံမှ ကုလားအုပ် တကောင်ပျောက်သွားသည်။ ၃-ရက်အတွင်း ဌင်းကို ရအောင် ရှာရမည်ဟု မြို့နယ်ရဲမှုးကို အထက်အာဏာပိုင်များက အမိန့်ပေးလေသည်။ ၃-ရက်ကြာသောအခါ ကုလားအုပ်
တွေ့ပြီဖြစ်ကြောင်း မိမိ၏ ရုံးခန်းအတွင်း လာယူနိုင်ပါကြောင်း ရဲမှုးက
အစီရင်ခံသည်။ မကြာမီ ရုံးခန်းသို့ သတင်းထောက်များ ရောက်လာကြသည်။
ကုလားအုပ်ကို ယူလာရန် မိမိ၏လက်ထောက်ကို ရဲမှုးက ပြောလိုက်သည်။
ရဲကြပ်ကြီးသည် စက္ကူပုံးလေးတခုကို အခန်းထဲသို့ ယူလာသည်။ ပုံးကို
ဖွင့်လိုက်လေသည်။ ပုံးထဲတွင် ယုန်တကောင် ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။
အံ့အားသင့်နေသော သတင်းထောက်များက မေးကြသည်။
ဘယ်မှာလဲ ကုလားအုပ်
ကျ်တွင် ယုန်က ရှိုက်ကြီးတငင် ငိုယိုပြီး ပြောသည်
ကျနော် ကုလားအုပ်ဖြစ်တယ်ဆိုတာ ထပ်ပြီး ဝန်ခံပါတယ် ၊ ဒါပေမဲ့ ခြေထောက်ကြီးတွေနဲ့ ကျနော့်ကို ထပ်မကန်ပါနဲ့ ခင်ဗျာ
* ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး
ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။
ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ ‘ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ’
ဒုတိယလူက ထောက်ခံပြောသည်။
ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး ‘လူစွမ်းကောင်း သုံးယောက်’ စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”
တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။
“ဟေ့လူ… ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား”
“ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်”ကို ဖတ်ထားတယ်ဗျာ”
* မထူးပါဘူး
ငရဲ နှင့် နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။
“အားလုံးတန်းစီလိုက်ကြစမ်း၊ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တလှမ်းတိုးစမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့်ပေးလိုက်သည်။
“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”
* ငါမရူးဘူး
စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးကော်မတီရှင်က လူနာတို့၏
အခြေအနေကို အောက်ပါအတိုင်း စစ်ဆေးသည်။ လူနာများကို ငါးမျှားတံ
တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်။ ထိုနောက်
တယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။ လူနာအားလုံးလိုလိုက
ငါးတွတ်ကြောင်းပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။
ဆေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ
လူကောင်းအဖြစ် သတ်မှတ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက ဌင်းအားမေးလေသည်။
“ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း”
လူနာက ပြန်ပြောလေသည်…
“ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာဘဲ”
Smile, God loves you!
2 comments
Gong Zhu
September 17, 2010 at 4:00 pm
“ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်”ကို ဖတ်ထားတယ်ဗျာ” . . . ဟားဟား မွေးလာတဲ့ ကလေး လေးဆယ်ကတော့ သူခိုးလေးတွေဖြစ်မှာသေချာတယ် . . .
kyansitthar101
September 19, 2010 at 11:44 pm
ကလေးတွေကြောင့် မဟုတ်ပါ။
ဆိုတဲ့ တစ်ပုဒ် ကြိုက်တယ်