သတိ။ ။ တရုတ်စကား မပီရင်ပါးချခံရမယ်
တရုတ်စကားတွေက လေယူလေသိမ်း နည်းနည်း ကွဲသွားတာနဲ့ အဓိပါယ်က လုံးဝကွဲပြားသွားတော့တာပဲ….
တစ်ခါက မြန်မာသူဌေး တစ်ယောက် တရုတ်ပြည်ကဟိုတယ်မှာသွားတည်းတယ် ။ ညကျတော့ ဖက်ထုပ်ဟင်းစားချင်လို့ စားပွဲထိုးမလေးကို မေးတယ်။
မှတ်ချက် ။ ။ တရုတ်ကဟိုတယ်တွေမှာ ဈေးမမေးပဲစားလို့ကတော့ သိန်းချီကျသွားမယ် ။
မြန်မာဆို အရမ်း ညစ်ချင်တာဗျ ။
ဖက်ထုပ်= စွေကျောက်
တစ်ပွဲ = ယိဝမ်
ဘယ်လောက်လဲ= တိုးစောင်
စွေကျောက် ယိဝမ်တိုးစောင် ….ပြောရရင် စွေကို စွေနဲ့ ရွှေကြား ဟိုမရောက်ဒီမရောက်
စပ်ကူးမက်ကူးသံနဲ့ အသံပေါ့ပြောရတယ် ။
ဘဲကြီးက ငပိသံနဲ့ စွေ့ကျောက်လို့ပြောမိတာ ။ စွေ့ကျောက် = အ်ပ်စက်ခြင်း ၊ ယိဝမ်=
တစ်ည ၊ တိုးစောင် =ဘယ်လောက်လဲ ..
အဲလို အဓိပါယ်ဖြစ်သွားတာလေ ။ နောက်ပြီး ဝမ်ရဲ့ အနက်လဲ ၁၆ချက်မကဘူး ။ ဘုရင် ၊ ပန်းကန်လုံး ၊ ကုန်ပြီ ၊ ကစားခြင်း ၊ ည ၊ မေ့ပျောက် အဲ့လို ဘာမှမဆိုင်တဲ့ အနက်တွေပဲ ။ ဝါကျပြီးဆုံးမှ အနက်သေချာသိရမှာလေ ။
ကောင်မလေးက သူ့ကို တစ်ညအိပ်ဘယ်လောက်လဲ မေးတယ်ထင်လို့ ပါးချလိုက်ပါ လေရောဗျာ ။
ပြန်ရှင်းပြတော့လဲ ပိုရှုပ်ကုန်ရော ။
သက်တန့်ချိုဆိုက် မှ ပြောင်ကြီး ရေးသားပါသည် . . .
2 comments
intro
September 24, 2010 at 10:55 am
မှတ်ပလား၊ လူလည်လုပ်ချင်ဦးလေ..
tunaung
October 3, 2010 at 3:48 am
နီ ဟောင်စေား