Do & Don’t – Rules for Writers – Must Read!
မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ
တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။
၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။
ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။
ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။
မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။
သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။
၂) စာတင်နေသူများ ခင်ဗျား။
ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။
သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
(တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။
ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။ ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။
ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင် Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။
( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)
==================
စည်းကမ်းများ
- မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
- Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
- မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
- ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
- သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
- လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
- ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
- ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
- မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။
အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။
အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။
—
ပွိုင့်ပေးစံနစ်ဖြည့်စွက်
- တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁၀ခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
- တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀၀ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
========================
ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
– ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
– စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
– Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
– စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
– Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
– နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)
post အသစ်လည်းတင်မရပါလားနော်…….တင်ထားတဲ့ post တွေကလည်း comment off ဆိုလို့ပြန်ပြီး Edit လုပ်တာလည်းမရ……… စိတ်ပိန်တယ်…
ကွန်နက်ရှင်ကလည်းကျ…….ပိစိကွေးတို့ဘဝကလည်းဆိုးပါတယ်နော်……
Was this answer helpful?
LikeDislikeသားဗိုက်ကောင် သားအမိ ဘယ်ရောက်သွားလဲဟင်.. ဖန်ဂေါ်လီ ၃လုံး တန်းလန်း ချိတ်ထားတဲ့ ပုံဖြစ်သွားပါလား။ အရင် သားဗိုက်ကောင် သားအမိ က သရုပ်ပီပြင်တယ်။ ကြုံလို့ ဝင်ပြောတာ ဘာမှ ဟုတ်ဘူး
Was this answer helpful?
LikeDislikeပုံလေးပြင်လိုက်သလို စာတွေလဲ နဲနဲပြန်ပြင်ပြီး နှစ်သစ်မှာ ရွာသားတွေကို မဖတ်မနေရ တစ်ခေါက်ပြန်ဖတ်ခိုင်းလိုက်ရင် ကောင်းမယ်လို့ စိတ်ကူးရမိတယ် … မဖတ်တာကြာတော့ မေ့နေကြပြီလို့ ထင်မိလို့ပါ …
Was this answer helpful?
LikeDislikeသဂျီးကို ဥပဒေ ပြင်ခိုင်းတာလား အဟိ..
ဒါဆို ပြင်ဆင်မဲ့ ဥပဒေ အသစ်မှာ ပိုစ် အသစ် တခု အတွက် ပွိုင့် ၅၀၀ဝ ကွန်မန်း တခုကို ပွိုင့် ၃၀၀ဝ ပြင်ဆင်ဖို့ အဆို တင်သွင်းပါတယ်။
ဟီးဟီး နောက်တာနော်.. ပိုစ် တခု ၈ဝ က နေ ၅ဝ ဖြစ်သွားလည်း ဘာမှ တတ်နိုင်ဘူး။ ပေးသလောက်နဲ့ ကျေနပ်ပါတယ်။
Was this answer helpful?
LikeDislikeသဂျီးရေ ပို့စ်တွေလည်း တင်လို့မရဘူး။ ဒါထက် တင်ထားတဲ့ ပို့စ်တခုချင်းစီရဲ့ အောက်ခြေမှာ ဘယ်နှစ်ပုဒ်ရေးသလဲဆိုတာ ဖော်ပြတဲ့စာသားက perfect tense မိုလို့written ဖြစ်ရမှာ ဟုတ်ဖူးလား။ သဂျီးဆိုပြီး ထင်ရာမဆိုင်းနဲ့နော်။
About the Author: bigcat
kyaung has wrote 72 articles on this blog.
Was this answer helpful?
LikeDislikeမသိဘူးဗျ..။

အဲဒါ … wordpress ရေးတဲ့သူတွေမှားတာ..။
ပြီးခဲ့တဲ့ တပါတ်ကတင်.. update လုပ်ပါဆိုလို့ လုပ်လိုက်ရတယ်လေ..။
အဲဒီပရိုဂရမ်မာတွေက … အင်္ဂလိပ်စာ သဒ္ဒါမကျေဘူးနဲ့တူတယ်..။
သဒတ်မတာ ..စပ်မတာဘူး..သွားပြောလိုက်မယ်..။
Was this answer helpful?
LikeDislikeသူဂျီးက ရွာထဲမှာ အမှိုက်ပုံဖြစ်မှာစိုးလို့ ပို့စ်တင်လို့မရအောင် ပိတ်ထားတာနဲ့တူတယ် … ပို့စ်တင်ချင်ရင် သူဂျီးဆီမှာ ပါမစ်လျှောက်ရမလားမသိဘူး ….
Was this answer helpful?
LikeDislikeဟုတ်တယ်မဝေရေ ပို့စ်တင်လို့မရတာ ဆိုးတယ် ။ သူကြီး ဘာအကြံထုတ်နေလဲမသိဘူး
Was this answer helpful?
LikeDislikeဘာဖြစ်နေမှန်းကို မသိတော့ဘူး..။
Amazon cloud ကိုပြောင်းတော့မလို့တောင်လုပ်နေတယ်..။ အဲဒါဆို စရိတ်တွေတက်ဦးတော့မယ်..။
Amazon Cloud ကို သိသူတတ်သူများ ရှိပါသလား..လို့..။
Was this answer helpful?
LikeDislikeစရိတ်တက်မယ်ဆိုရင်တော့ ပွိုင့်ပေးတဲ့စနစ်ကိုဖြုတ်ပြီးတော့ တင်ချင်တဲ့သူဆီကအခွန်ကောက်လိုက်ပေါ့ … မကောင်းဘူးလား ??
Was this answer helpful?
LikeDislikeပြည်ပနေသူတွေရဲ့ ပွိုင့်တွေကို ငွေသားနဲ့လဲပြီး လှူမယ်ဆိုတာ ရပ်လိုက်ပါလား။ ပွိုင့်ကတော့ ဆက်ပေးနေပေါ့။
Was this answer helpful?
LikeDislikeအမ်…
ပြည်ပနေသူတွေ(အားလုံး)ကို … နကိုကတည်းက … ငွေသားနဲ့လဲပြီး လှူမယ်ဆိုတာ ..မထားထားပါဘူး..။
လျှောက်လာတဲ့သူတွေကိုပဲ .. စဉ်းစားရွေးမယ် ပြောခဲ့တာပါ..။
ဆိုတော့ ..
အခုထိ ..တယောက်ပဲ မေးလာတာမို ့.. အဲဒီတယောက်ပဲ.. ရှိပါတယ်..။
နောင်နှစ်မကူးခင် .. စဉ်းစားထားတဲ့ စံနစ်တခု ..လုပ်မလို့ .. ရေးနေပါတယ်..။
သိတဲ့အတိုင်း .. လူ ၄-၅ယောက်လောက်နဲ့ တိုင်ပင်ရဦးမှာမို ့ပါ..။
အဲဒီစံနစ်မှာတော့ … ပြည်ပနိုင်ငံအသီးသီးက မန်င်ဘာတွေကို ..သတင်းနဲ့ ငွေနဲ့လဲပြီး လှူတဲ့စံနစ်ထည့်ထားပါတယ်..။
ငွေလည်း နည်းနည်း ပိုများပါလိမ့်မယ်..။
Was this answer helpful?
LikeDislikeပွိုင့်ကိစ္စကတော့ ပေးတာနဲ့ မပေးတာ သိပ်တော့မထူးသလိုပါပဲ … တစ်နှစ်လုံးနေ့တိုင်းပို့စ်တင်ရင်တောင် တစ်သိန်းပြည့်ဖို့ မလွယ်သေးဘူးလေ …
ဖြစ်နိုင်ရင် အယ်ဒီတာတစ်ယောက်လောက်ထားပြီး သူကနေတဆင့်မှ ပို့စ်တင်မယ်ဆိုရင် စနစ်ပိုကျပြီး ပို့စ်တွေဖောင်းပွတာ သက်သာလာမယ်လို့ထင်တာပဲ …
Was this answer helpful?
LikeDislikeအဲဒါ… မဝေလုပ်မလား..။
ပွိုင့်စံနစ်က .. တယောက်ချင်းစီအတွက်ကသာ မထုးတာ..။
ဝက်ဘ်ဆိုက်အတွက်က .. မန်ဘာ ၃၀၀ဝ မှာ ပြည်တွင်းမန်င်ဘာ ၁၅၀ဝကျော်လောက်ကို တနှစ်စာလှည့်လိုက်ရင်ကို … တော်တော်များနေပြီ..။
တကယ်လည်း ဒီပွိုင့်စံနစ်က .. တဦးချင်းစီ အဆင်ပြေပါစေရယ်အတွက်ရည်ရွယ်တာ မဟုတ်ပါဘူး..။
ဒီလိုပဲ.. နက်ဝပ်တခု အခြေခံခို်င်သွားအောင်အတွက်လုပ်တာပါ..။
ပြည်တွင်း-ပြည်ပ ပေါင်းကူးပေါ့လေ..။
ဒီနေ့တင်.. ပြည်တွင်းက ဂရပ်ဖစ်ဒီဇိုင်နာတယောက်လိုချင်လို့ မေးလာတဲ့ ယူအက်စလူတယောက်ရှိတယ်..။
အဲဒါမျိုဆို .. ဒီမှာတင်ခိုင်းလိုက်ပါတယ်..။
ဆိုလိုတာက..
နောက် .. ၃-၄နှစ်မှာ ..အဆက်အသွယ်ကောင်းလာတာနဲ့.. တော်တော် ပြောင်းသွားပါလိမ့်မယ်..။
မန္တလေးဂေဇက်သတင်းစာဖက်မှာ .. လုပ်ငန်းရှင်တွေ ၃-၄ရာလောက် ရှိနေတယ်ဆိုတော့လေ..။
အလုပ်လိုချင်သူနဲ့..အလုပ်ပေးချင်သူတွေ ချိပ်မိသွားရင်ကို တော်တော် ကောင်းနေပါပြီ..။
ပြောရရင်.. သတင်းစာအတွက် … ဆောင်းပါးတချို ့လည်း .. ဒီမှာတင်နေတဲ့သူတွေထဲကနေ လစဉ်ဝယ်နေပါတယ်..။
အဲဒီစာမူခက .. နည်းနည်းအတို်င်းအတာ ရှိပါတယ်..။
အခုတောင် ..မဝေရဲ ့ဟင်းချက်နည်းတွေထဲက … တခုခုဝယ်မလို့ .. ကြည့်နေပါတယ်..။
Was this answer helpful?
LikeDislikeသဂျီးတို့က မှတ်ချက်ရေးပြီး သတင်းပေးပါဆိုတာမှာ သတင်းပေးလည်း လုပ်မှ မလုပ်တာ ဒီလိုဘဲ ကြည့်နေတော့ ပိုစ်အဟောင်းတွေ ဖောင်းပွ ကုန်တာပေါ့။ ကြာတော့ မသိချင်ယောင်ဘဲ ဆောင်နေလိုက်တော့တယ်။
Was this answer helpful?
LikeDislikeကျွန်မက စည်းမျဉ်းစည်းကမ်းတွေကို တသွေမတိမ်း စာအုပ်ကြီးအတိုင်းလုပ်တတ်လို့ ဂေဇက်မှာ အယ်ဒီတာလုပ်လို့တော့ မဖြစ်နိုင်ပါ ….
ကိုခိုင်ရဲ့ အစီအစဉ်အသစ်တွေကို စိတ်ဝင်စားပါတယ် …
အလုပ်အကိုင် အခွင့်အလမ်းအစီအစဉ်ကိုလဲ စိတ်ဝင်စားပါတယ် …
ကျွန်မကို အလုပ်အကိုင်တစ်ခု ချိတ်ဆက်ပေးနိုင်ရင် ဂေဇက်ကို တော်တော်ကျေးဇူးတင်မှာပဲ …
Was this answer helpful?
LikeDislikeServer error.
The website encountered an error while retrievinghttp://myanmargazette.net/wp-admin/post-new.php. It may be down for maintenance or configured incorrectly.
Here are some suggestions:
• Reload this web page later.
More information on this error
ပိုစ့်တင်မရပါ။
Was this answer helpful?
LikeDislikeဆရာကြီးလုပ်တာမဟုပ်ရပါ ygn ရောက်နေလဲ ကိုယ့်မွေးရပ်မြေရဲ့မတရားမှုလေး
တွေကိုတင်ပြနေခွင့်လေးရနေရင်ဘဲကျေနပ်နေပါတယ်…လူအများအတွက်မတရားမှုတွေ
လျော့နည်းသွားဘို့ရည်ရွယ်ပါတယ်….online..မိတ်ဆွေများကိုကျေနပ်စွာနဲ့ကျေးဇူးတင်
ပါတယ်….အစွန်းရောက်သလိုဖြစ်သွားခဲ့ရင်လဲ ထောက်ပြနိုင်ကြောင်းပါ….
Was this answer helpful?
LikeDislikeပိုစ့်အသစ်လုံးဝတင်လို့မရပါ……………
Was this answer helpful?
LikeDislikeကိုယ်ပိုင်စာ ချရေးပါ
တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။
၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။
ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။
ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။
မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။
သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။
၂) စာတင်နေသူများ ခင်ဗျား။
ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။
သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
(တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။
ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။ ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။
ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင် Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။
( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)
==================
စည်းကမ်းများ
မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။
အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။
အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။
–
ပွိုင့်ပေးစံနစ်ဖြည့်စွက်
တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁ဝခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀ဝ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
========================
ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
– ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
– စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
– Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
– စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
– Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
– နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)
Was this answer helpful?
LikeDislikeပို့စ်တွေ ဖောင်းပွပြီး လေးလာတာလား? စည်းကမ်းချက်တစ်ခုချမှပြီး ဖြုတ်ချခဲ့ပါ့လား ? အချိန်ကာလနဲ့ မလျော်ညီတော့တဲ့ ပို့စ်မျိုးတွေ ထပ်နေတာတွေ အဲဒိလိုလုပ်လိုက်ရင်ပိုကောင်းသွားမလား?
Was this answer helpful?
LikeDislikeမပြောမရှိ တောငပိပါ။ free software after rebate ချစ်သူများ ဇန်နဝါရီလ ၆ရက်နေ့အထိ ဗိုင်းရပ်သတ်တဲ့ဆော့ဖ်ဝဲတွေကို ဖရိုင်းစ်ဒေါ့ကွန်းမှာ ဝယ်လို့ရနေပါပြီ။ ရီဘိတ်နဲ့ဖရီးပေးတာ နှစ်မျိုးရှိတာ သတိပြုပါ။ ပထမက ဝယ်သူတိုင်းကိုပေးပြီး ဒုတိယကတော့ အရင်ကဝယ်ထားတဲ့ ဆော့ဖ်ဝဲတခုခုရဲ့ အထောက်အထားနဲ့တွဲတင်ရပါမယ်။ ကျနော်ကတော့ ၆ဝတန် တခုဝယ်လိုက်ပါတယ်။ အိုင်စီးရီး အင်တဲလ်ပရောစက်ဆာနဲ့ လက်တော့ပ်ပေါချောင်ကောင်းလေးများ တွေ့ရင်လဲပြောကြပါအုံး။
Was this answer helpful?
LikeDislikeလင့်ခ်မေ့ကျန်သွားလို့ပါ။
http://www.frys.com/search?plusearch=6180449%206374841%206373921%206270350%206363291%206308461%205893313%206373791%206372911%206375041%206173969%206390301%206180439%206372901
Was this answer helpful?
LikeDislikeနှစ်သစ်မှာ ရွာကြီးက ခြောက်ကပ်နေသလိုပဲ … ပို့စ်အသစ်ရှိနေအောင် တင်ပေးနေရတာတောင် အားမရှိဘူးဖြစ်နေပြီ …
Was this answer helpful?
LikeDislikeပြည်တွင်းမှာက အင်တာနက်နတ်..အင်တာနတ်ကြီး လည်ပင်းညစ်ခံရ… ပြည်ပမှာက .. နှစ်ကူးပိတ်ရက် .. ရာသီဥတုက .. ရွာသားတွေကို…လည်ပင်းညစ်နဲ့ဆိုတော့လေ..။
Was this answer helpful?
LikeDislikeယုုံဘူးယုံဘူးနဲ့ ကြုံဖူးမှသိမယ် ဆိုသူများအတွက် http://www.sagarwarmyae.org/?p=8558
Was this answer helpful?
LikeDislikeတနေ့လုံးလိုလိုပဲ.. ဆာဗာဒေါင်းနေခဲ့ပါတယ်..။ ဆောရီးဗျို ့..။

( အပေါ်မှာ ကိုကြောင်ကြီး ကြိမ်းမန်း..မန်းလိုက်လို့နဲ့တူတယ်..)
ဝက်ဘ်ဆိုက်ထားတဲ့နေရာက ..ဆာဗာ ဘာတွေပြသနာဖြစ်လည်းမသိ.. ဘာမပြောညာမပြောနဲ့ .. လုပ်ထားတာပါ..။
ဖုံးတွေဆက်..။ မေးလ်တွေပို ့..တော်တော်လုပ်လို်က်ရတယ်..။
စိတ်နာသွားတာမို ့.. အမေဇုံကို ပြောင်းဖို့လုပ်နေပါတယ်ခင်ဗျား..။
အဲဒါ ..
Was this answer helpful?
LikeDislikeဂေဇက်ကို ဝင်ကြည့်ရတာ တဖြည်းဖြည်း ပျင်းလာပြီ ..
Was this answer helpful?
LikeDislikeAdminရေ ဘယ်လိုလုပ်ရမလဲ Postတင်မလို့လုပ်တိုင်းမရတာကြာပြီ ဗလာချည်းပဲပေါ်လာလို့ လုပ်ရခက်လိုက်တာ ကြည့်ပြီး ဖြေရှင်းပေးပါဦး လာရေးထားတဲ့ Commentတွေကို ဖတ်ပေးပါဦး လာတာရေးသွားရတာ မဖတ်မိရင်တော့ ကျနော်တို့လည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ် ….အရင်က Postတင်လို့ရတယ် ခုမရတာ ကြာပြီ တစ်ပတ်ကျော်လောက်ရှိပြီ ဆိုက်ဒ်က ဘာဖြစ်နေလဲတော့ မသိပါဘူး ဘာကြောင့်လဲ ပြောပြလို့ရရင်ပြောပြပါဦး…
Was this answer helpful?
LikeDislikeဒီရက်ပိုင်းမှာ Amazon EC2 ဆာဗာကိုပြောင်းကြည်ပါ့မယ်..။
ပို့စ်က ဘယ်လိုဖြစ်သလည်းတော့ မသိ… တချို ့တင်လို့ရ..တချို ့မရဖြစ်နေတာပဲ..။
တင်လို့ရချိန်မှာ အတင်းတင်တော့ အဲလိုတွေဖြစ်ကုန်တယ်ထင်တာပါပဲ..။
အဲဒါ မနောဖြူကိုလည်း နည်းနည်းပြောချင်ပါတယ်..။
တရက် ..တပုဒ်လောက်..လွန်ရော..၂ပုဒ်လောက်တင်ပါလို့ပါ..။ မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ချရေးစေလိုပါတယ်..။
တခြားသူတွေတင်လို့မရဖြစ်နေပုံရလို့လေ..။
Was this answer helpful?
LikeDislikeဒို့ကတော့ ညည လူခြေတိတ် အမှောင်ဖုံးမှ.. ရွာထဲမှာ အလစ်ဝင်ပြီး ပိုစ်တင်တယ်။ တင်ဖို့တော့ စိတ်ရှည်လက်ရှည် စောင့်ရတာပေါ့ကွယ်။
Was this answer helpful?
LikeDislikeဒယ်ဒီ ဖားသား ပါပါး ဖေဖေ ပွိုင့်ဘယ်လိုလှူရလဲသိချင်လို့ပါ
Donate Points ကိုနှိပ်လိုက်ရင် Cubepoints-Donate ဆိုပီးအဖြူကွက်ပေါ်လာရော ပီးတော့ဘာမှ ဆက်လုပ်လို့မရတော့ဘူး
ဘယ်လိုဝင် ဘယ်လိုထွက် တစ်ချက်လောက်ညွှန်ကြားအုံး………ခည!
Was this answer helpful?
LikeDislikeပွိုင့်တွေကို .. တဦးနဲ့တဦးလွှဲပြောင်းခွင့် မရှိပါဘူးခင်ဗျ..။
အဲဒီတော့ ဒိုနိတ်လို့ မရပါဘူး..။
Was this answer helpful?
LikeDislikeဪ…….မသိလို့ပါဗျ
အဲဒါဆိုဘယ်တွေကို ဒိုနိတ်လို့ရပါလဲ ခည!
Was this answer helpful?
LikeDislikeMZ ကိုတော့ ဒိုနိတ်လို့ ရကြောင်းပါ ခင်ဗျာ။
Was this answer helpful?
LikeDislikeဪ
အရမ်းသဒ္ဓါထက်နေကြရင်တော့
ပွိုင့်တွေအလှူမခံဘူးခင်ဗျ
ပွိုင့်တွေလှူလို ့ရရင်တော့
သဂျီးဆီမှာ
မန်ဘာတွေရစရာအကြွေး ဘီလီလျံ ချီသွားနိုင်ပါတယ်
စေတနာရှင်တွေအတွက်ကတော့
ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု မှ သမာဓိကောင်းကောင်းဖြစ်လက္ခံပေးနေပါတယ်
တစ်ယောက် တစ်ဒေါ်ဘဲလာကြတော့ ရမှာမနည်းပါဘူး
ကျောင်းဆောက်ဘုရားမတည်ပါဘူး
ပရဟိတလုပ်ငန်းတွေလုပ်မှာပါ
ဥပမာ
အရက်နာကျတာတို ့
မူးပြီးခြေလွန်လက်လွန်ဖြစ်သွားတဲ့သူတွေအတွက် အခမဲ့ ဥပဒေအကျိုးဆောင်တာတို ့
နေ ့စဉ်အရက်ဘိုးမတတ်နိုင်သူတွေအတွက် လက်တွေ ့အရက်ချက်သောက်နည်း nice n easy
စသည် စသည်ပါခင်ဗျ
လှုခြင်တယ်ဆိုရင်တော့
http://www.michaeljonnyaungpuဗရုပ်သုတ္ခ.com မှာ အသေးစိတ်ဖော်ပြထားပါကြောင်း။
လေးစားစွာဖြင့် michaeljonnyaungpu@hotmail.com
Was this answer helpful?
LikeDislikeသဂျီးက ဆိုက်ထဲကလူတွေငိုပြဘို့
နေရာလေးပေးထားသကိုး……………………………………………..
Was this answer helpful?
LikeDislikeသဂျီး.. သဂျီးရေ…. မှတ်ချက်ရေးပြီး အတင်းပေးပို့.. အဲမှားလို့.. သတင်းပေးပို့လို့ ရတော့ဘူးလား.. သတင်းပေးချင်လို့ပါ..
Was this answer helpful?
LikeDislikeအတင်းလဲ မပေးနဲ့ .. သတင်းလဲ မပေးနဲ့ .. သဂျီးက အဲဒါတွေ ဖတ်ပြီးအရေးယူဖို့ အချိန်မအားဘူး … သတင်းပေးတဲ့သူ လက်ညောင်းမှာစိုးလို့ စေတနာနဲ့ ဖြုတ်ထားပေးတာဖြစ်လိမ့်မယ် …
လွတ်လပ်မှုကို မြတ်နိုးတဲ့ သဂျီးရဲ့စေတနာကို လေးစားသောအားဖြင့် ရွာသူရွာသားတွေက ဒူးစာ ဒုတ်စာကို သေချာနားလည်အောင် ဖတ်လိုက်ရင် ပြီးတာပဲ မဟုတ်ဘူးလား ..
Was this answer helpful?
LikeDislikeအတင်းပေး သတင်းပေးရင် ဖရီး..
ဒူးစာ ဒုတ်စာမှာ တည့်တည့်ရေးရင် တစ်ဆယ် ရမယ်.. တွက်ကြည့်တော့လည်း တွက်ခြေတော့ ကိုက်သားနော်.. မဆိုးဘူး.. ဟဲဟဲ..
Was this answer helpful?
LikeDislikeသဂျီးမင်းခင်ဗျား မန်းလေးဂေဇက်ပုံနှိပ်သတင်းစာ ဒီဇင်ဘာ၂၀၁ဝ အွန်လိုင်းအက်ဒီးရှင်းကို ဘယ်မှာဒေါင်းရပါမလဲ။
Was this answer helpful?
LikeDislikehttp://www.mandalaytube.com/media.php?type=document
မှာ ဒေါင်းကြပါခင်ဗျ..။
အဲဒီမှာ တင်ချင်တဲ့ဖိုင်တွေ၊ ဗီဒီယိုတွေလည်း တင်နိုင်ပါတယ်ခင်ဗျ..။
Was this answer helpful?
LikeDislikeသဂျီးတို့ သတင်းစာကို ဒီတစ်ခါပဲ ဖတ်ကြည့်ဖူးတယ် … ကြော်ငြာများတယ်နော် …
Was this answer helpful?
LikeDislikeဟုတ်ပ ဟုတ်ပ။ သဂျီးဟိုတလောက ကားသစ်ဝယ်စီးနေတာပဲ ကြည့်တော့ဗျာ။
Was this answer helpful?
LikeDislikeသဂျီးမင်း မအားသေးဘူး.. နှစ်လုံးပြူး သံချေး တက်နေလို့.. အမဲဆီ သုတ်ပြီး ပွတ်နေတယ်။ နောက်မှ အကြောင်းပြန်မယ်။
ပုံ
ရွာသူ
Was this answer helpful?
LikeDislikeဟော! :O ရွာသူ
ရွာသူ နှောင့်နေတယ် ရွာသူနှောင့်နေတယ်
Was this answer helpful?
LikeDislikeစလောင်းဖုံး နှစ်ချပ်တီး လွှတ်လိုက်လေ ရွာသူနှောက်ယှက်ရင်
Was this answer helpful?
LikeDislikeအဘနီ ညံလိုက်တာ.. စလောင်းဖုံး နှစ်ချပ် တီးရင် ကျားကိုက်တတ်တယ် သိဘူးလား။ ဒီ အရွယ်ကြီး ရောက်နေပြီ ဒါလေးတောင် ကြားဘူးဘူး။ ကလေးတွေတောင် သိတယ်။ ဒါကြောင့် မတီးတာ.. ရွာထဲ ကျား ဝင်ရင် ရွာထဲက လူတွေ ကျားကိုက်ခံရနိုင်တယ်လေ။
Was this answer helpful?
LikeDislikeစလောင်းဖုံး နှစ်ချပ် တီးရင် ..ဆိုတာအမျိုးသမီး၂ယောက် ရဲ့ လက်စဘီယန်ကိစ္စကိုပြောတာဖြစ်ပြီး .. ကျားကိုက်တတ်တယ် ဆိုတာ .. အဲလိုလုပ်နေရင်..ယောက်ျားဝင်လာတတ်တယ်..လို့ ရှေးလူကြီးတွေ ဆိုလိုချင်တဲ့အဓိပါယ်..သိကြလို့ ဆက်ပြောနေကြတာလားဟင်..။
Was this answer helpful?
LikeDislike:):):)
Was this answer helpful?
LikeDislike