Swal Taw YwetFebruary 12, 20131min34313
ရွာထဲမှာပျောက်နေတဲ့ စွယ်တော်ရွက်တစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း ကိုယ်ထင်ပြတာပါဗျို့။ မန်း ဂဇက် ရွာသူရွာသားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေနော်။ ဇန္နဝါရီ ၂၆၊ ၂၇၊ ၂၀၁၃ စနေ တနင်္ဂနွေ တုန်းက မန္တလေးမြို့ ရွှေဖြူ ပလာဇာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Mandalay BarCamp 3 ကိုတက်ရောက်ဆွေးနွေးလေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျ။ ဘလော့ဂါ ကိုနေဘုန်းလတ် ရဲ့ The role of C J in future Myanmar ကိုလည်းတက်ရောက်နားထောင်ဖြစ်ခဲ့ပါတယ်၊ ဒီရွာရဲ့ ပင်မစာမျက်နှာ ညာဖက်ခြမ်းကနေ သူကြီးညွှန်ပြထားတဲ့ သတင်းတစ်ပုဒ်မှာပါဝင်ရန်လိုအပ်သော 5W1H ကိုတင်ပြသွားခဲ့ပါတယ်၊ သတင်းကောင်းတစ်ခုမှာရှိသင့်တဲ့ အရည်အချင်းတွေကိုလည်းရှင်းပြသွားခဲ့ပေမယ့် အချက်တွေကများပြား ဆလိုက်ထိုးပြတာကမြန်သွားခဲ့တာမို့ ဘာမှ မမှတ်မိလိုက်တာ ခွင့်လွှတ်ပေးပါဗျာ၊ အင်တာနက်ကျွမ်းကျင်သူများ အဲဒီ BarCamp 3 Mandalay […]


ဆိုုး tJuly 10, 20121min40722
ဟိုုတစ်နေ့ကမထင်မှတ်ပဲနဲ့ လမ်းသွားနေရင်းနဲ့ ကျုံးထဲဝင်မယ်ဆိုုပီးတော့ နန်းတော်ထဲရောက်သွားပါတယ် ရုုတ်တရက်ဆိုုတော့ကင်မရာလဲမပါ အိမ်ပြန်ယူရမှာလဲပျင်းတာကြောင့်မိုု့လိုု့ ဖုုန်းနဲ့ပဲဓာတ်ပုုံလေးတွေရိုုက်လာပါတယ် ဘယ်လိုုပဲပြောပြောဖုုန်းနဲ့ဆိုုတော့ရိုုက်ရတာအားတော့မရပါဘူး ဒါပေသိလဲ မရှိ ရှိတာနဲ့ရိုုက်ရတာပေါ့ ကျနော်ကရိုုက်ချင်စီန်ကိုုးဗျ နောက်များကျမှပဲ ကင်မလာနဲ့ ရိုုက်မယ်လိုု့အားခဲထားပါတယ် ခုုတော့ဖုုန်းလေးနဲ့ပဲ……… ဒီအပေါ်ကပုုံက ကြည့်တဲ့သူတွေအတွက်ရိုုးကောင်းရိုုးနေပါလိမ့်မယ် ဒါပေသိလဲ ကျနော့်အတွက်တော့ မရိုုးနိုုင်လိုု့ပါ နောက်ရက်တွေကျမှ သင်္ကြန်တွင်းတုုန်းက မော်လမြိုင်မှာရိုုက်ခဲ့တဲ့ပုုံလေးတွေ တင်ပါဦးမည်


Sitt Thwe KyawMarch 20, 20121min1407
နိုင်ငံခြားသားခရီးသည်တင်တဲ့ကားကိုတော့ သည်လောကမှာ တိုးရ်ကားလို့ခေါ်ပါတယ်။ သည် တိုးရ်ကားတွေဘာလို့နန်းတွင်းဝင်ရသလဲဆိုရင် ဧည့်သည်ကို မြနန်းစံကျော် ရွှေနန်းတော်ပြဖို့ပါ။ နန်းတွင်းကို (၁၉)လမ်းအရှေ့ပေါက်ကပဲဝင်ရတယ်၊ အဲဒီမှာ ရှေးဟောင်းရဲ့ zone fee (US$) ကောက်တဲ့ဂိတ်ရှိလို့ပါ။ ကားက ဂိတ်ကို်ရောက်ပြီး ဘာလုပ်ရလဲဆိုရင်…..လုံခြုံရေးဂိတ် အနောက်လွတ်တဲ့နေရာမှာရပ်ထားပြီး ယာဉ်မောင်းက လုံခြုံရေးဂိတ်မှာ အမည်၊ယာဉ်အမှတ်၊လူဦးရေပြောပြီး ယာဉ်မောင်းလိုင်စင်ပါပေးခဲ့ရတယ်။ တိုးရ်ဂိုက်က လမ်းတဘက်မှာရှိတဲ့ ရှေးဟောင်းဂိတ်မှာသွားပြီး zone fee ဆောင်ပြီးရင်လည်းဆောင်ပြီးကြောင်း လက်မှတ်ပြ၊ မဆောင်ရသေးရင်လည်း ဆောင်ရပါတယ်။ (သည်အလုပ်ကို တိုးရ်ဂိုက်မပါရင် ယာဉ်မောင်းက လုပ်ပေးရပါတယ်။) အဲသည်လုပ်ငန်းစဉ်တွေပြီးမှ မီးပွိုင့်က မီးစိမ်းပြမှ နန်းတွင်းထဲ ဝင်ရပါတယ်။ မနေ့က(18.3.2012) ညနေ(၄)နာရီ လောက်က ကျွန်တော်ကားဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ……… အထက်က လုပ်ငန်းစဉ်တွေပြီးလို့ ကားအထွက်မှာ မျက်နှာချင်းဆိုင်က မီးပွိုင့်ဂိတ်မှာထိုင်နေတဲ့ အရာရှိက ကားလေကာမှန်အထက်ထောင့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကိုမြင်သွားတယ်ထင်ပါတယ်။ […]


KyaemonNovember 7, 20119min980
ဘာသာရေး ရာဦးစီးဌာနဒါရိုက်တာ Wang Zuoan  ဦးဆောင်တဲ့အဖွဲ့ အပါအဝင် သာသနာရေးဝန်ကြီး သူရ မြင့်အောင်တို့က စွယ်   တော်ကို အထူး လေယာဉ် နဲ့ပင့်ဆောင်လာ၊ နေပြည်တော်၊ မန်းတလေး၊နဲ့ရန်ကုန် မြို့ကြီး များတွင် ဖူးမြော် နိုင်တယ်  လို့သတင်း ထွက် Sacred tooth relic of Lord Buddha to head for Myanmar from Beijing_XINHUANET http://news.xinhuanet.com/english2010/photo/2011-11/06/c_131231592.htm Sacred relic goes to Myanmar CCTV News – CNTV English http://english.cntv.cn/20111107/104859.shtml Myanmar Latest News » Blog Archive » Sacred […]


ပန်းနုMarch 18, 20111min23710
မန္တလေးမှာ တက္ကသိုလ်တတ်တုန်းက ကဲခဲ့တဲ့အကြောင်းလေးတွေ နဲ့ hmee ရဲ့ ဇာတ်ပွဲနဲ့ ပတ်သက်တာလေးတွေဖတ်ရတော့ သတိရပြီး ရွာသူရွာသားတွေကို မျှဝေတာပါ။ dream တို့ ကျောင်းတက်တုန်းက အဆောင်နားကို ဇာတ်ပွဲတစ်ပွဲလာက ပါတယ်။ မိန်းခလေးပီပီ ဇာတ်မင်းသား ချောလား စပ်စုတာပေါ့နော်။ သတင်းအရတော့ ဇာတ်မင်းသားချောတယ်၊ ပွဲပြီးရင် အဆောင်ရှေ့က လမ်းကနေ ကားလေးနဲ့ အိမ်ပြန်တယ်တဲ့။ ဒီတော့ အဆောင်က မမတစ်သိုက်ကလည်း ဘာရမလဲ မင်းသားကိုသွားမိတ်ဆက်မယ်ပေါ့လေ။ ဒါနဲ့ နံနက် ၄ နာရီလောက် ဇာတ်ပွဲနောက်ဖက်ကို သွားတယ်။ ပြီးတော့ ကားနားရပ်နေတဲ့ ခပ်ချောချောအစ်ကိုကြီးကို အစ်ကို ဇာတ်ကတာ အရမ်းကောင်းတာပဲ ညီမတို့ လာအားပေးတယ်နော် ဘာညာနဲ့ သွားပြောတယ်။ သူကလည်း ညီမတို့ဘယ်ကလဲလို့မေးပြီးစကားတွေပြောတာပေါ့နော်။ ပြီးတော့ အဲဒီကား အဆောင်ရှေ့ဖြတ်သွားတဲ့အချိန်ထိ စောင့်ကြည့်မယ်ပေါ့။ […]


erosSeptember 28, 20101min912
ခင်မင်ရပါသော Editors နှင့် Admin များခင်ဗျား Mandalay Gazette သည် သုံး၍ အဆင်မပြေသေးပါခင်ဗျား။ ဒီဇိုင်းသည်လည်း ရှုတ်ထွေးနေလျက်ရှိပြီး user interface မဖြစ်ဟုထင်မြင်မိပါသည်။ server အထိုင်မကျသေး၍ ထိုသို့ ဖြစ်နေသည်ဟု ထင်မြင်မိပါသည်။ ဟုတ်၊မဟုတ်သိချင်ပါသည်ခင်ဗျား။ အကောင်းဆုံးကိုမျှော်လင့်၍…. Eros


MgHlaSeptember 25, 20101min890
ပထမအကြိမ် BarCamp Mandalay ကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ရေးနှင့် Organizer Team ဖွဲ့စည်းခြင်း အစည်းအဝေးကို ကွန်ပျူတာ ပညာရှင် အသင်း (မန္တလေးတိုင်း ဒေသကြီး) ၏ Conference Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် လူကြီးမင်း ကိုယ်တိုင် တက်ရောက် အကြံပြု ဆွေးနွေးပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ နေ့ရက်။    ။ 10-October-2010 အချိန်။    ။ 10:00AM နေရာ။    ။ MCPA (Mandalay) Conference Hall


kaiSeptember 24, 20102min5368294
မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။ ၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။ Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ […]


etoneSeptember 22, 20101min38513
Admin , မနေ့က တစ်နေလုံး ဘယ်လိုကြိုးစားကြိုစား ဖွင့်လိုမရပါဘူး ။ ဒီနေ့ကျတော့လည်း ဖွင့်လို့တော့ရပါတယ် post တစ်ခုရောက်လို့ comment ပေးမယ် ကြံတိုင်း log in ပြန်တောင်းပါတယ် ။ တစ်ခါ ရေးဖို့တစ်ခါ log in လုပ်နေရတာ အဆင်မပြေပါဘူး ။ နောက်ပြီး log in လုပ်ပြီးတာတောင် တစ်ခါတစ်ခါ အရင် စာမျက်နှာအဟောင်းကြီးပဲပြန်မြင်နေရပါတယ် (log in မလုပ်ခင်) က ပုံစံမျိုးပါပဲ ။လူတိုင်းရောဒီလိုဖြစ်သလားသိချင်ပါတယ် ။ ဒီရက်ပိုင်းမှာ အသုံးပြုရအဆင်မပြေမှူတွေများနေပါတယ် ။ အဆင်မပြေမှူတွေဘယ်လောက်ကြာရှည်မလဲသိပါရစေ ။


la won ngeSeptember 22, 20101min1254
မန်းမြေ မှ ကိုပေါက်ရေ လူကိုမမြင်ဘူးပေမယ့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါနော်၊ မှားသွားရင်တော့စိတ်တော့မဆိုးပါနဲ့။ ဘုရားဖူးသွားရင်းနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းတချို့ကြောင့် သိချင်စိတ်ဖြစ်မိလို့ပါ၊ အခုနောက်ပိုင်း ဘုရားဖူးတွေကို အလှူခံလိုက်တောင်းတဲ့ အထဲမှာ ကလေးအလှူခံတွေတအားပေါလာ တာသတိထားမိပါတယ်။ ဘာရယ်မဟုတ်စုံစမ်းကြည့်လိုက်တော့ အလှူထွက်ဖို့ ကလေးငှားစားတဲ့ မိဘတွေတောင်ရှိတယ်ဆိုပြီးလဲပြောကြတယ်။ ကလေးတစ်ယောက် ထမင်းကျွေးအပြီး တနေ့2000ကျပ်နဲ့ မိဘတွေဆီက ငှားပြီး ပိုက်ဆံလိုက်တောင်းခိုင်းတယ်ဆိုပဲ။ စီးပွားရေးအဆင်မပြေလို့ ကိုယ့်ကလေးကို ငှားတဲ့ မိဘတွေကလဲ ရှိသေးတယ်ဆို။ ကြားရတာကြက်သီးထစရာပါလား။ ဈေးကွက်ကြီးတစ်ခုတောင်ဖြစ်နေပြီဆိုတော့ လုပ်စားလာကြတာကြာပြီဆိုတဲ့ သဘောပေါ့၊ ဒါပေမယ့် ကျွန်မ က အခုမှ သိကြား လာရတာဆိုတော့ ဒီအကြောင်းလေးတကယ်ဟုတ်မဟုတ် နဲ့ တကယ်ဟုတ်ခဲ့ရင် လည်း အဲဒီအကြောင်းလေးကို ပြောပြပေးပါလား။ အခြေအနေပေးရင် Information လေးတွေပြန် Share လုပ်ပေးပါအုံးနော်။ ဪ —- […]


erosSeptember 20, 20101min1475
https://myanmargazette.net/2010/25708 အထက်ပါ ပို(စ့်) သည် Mandalay Gazette အတွက် သင့်လျော်၏ မသင့်လျော်၏ စိစစ်ပေးပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား။


DaveJanuary 22, 20101min1222
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန်အကအဖွဲ့တစ်ဖွဲ့သည် မန ္တလေးမြို့သို့ ဖေဖော်ဝါရီ၅ရက်နေ့ ညနေ ၆နာရီတွင် ကပြဖျော်ဖြေရန် စီစဉ်ထားသည်။အိုဒီစီအကအဖွဲ့သည် အမေရိကန် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပညာရေးနှင့်ယဉ်ကျေးမှုရေးရာအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မန ္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်၊၂၆လမ်းနှင့်၇၁လမ်းထောင့်ရှိ ဂျက်ဖာဆင် စာကြည့်တိုက်ဝင်းထဲတွင် ဒေသခံပရိသတ်ကို အခမဲ့ကပြဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။