ကိုယ့်ဖတ်ကကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ ့ဖတ်ကကြည့်ရင်လက်ဖဝါး
လောကကြီးမှာဗျာ လူတိုင်းကတော့ သှု ့ပြသနာနဲ ့သူပါပဲ။သို ့ပေမယ့် ပြသနာကိုရင်ဆိုင်ဖြေရှင်းတာခြင်း ကြတော့ တစ်ယောက်နဲ ့ တစ်ယောက်မတူကြပါဘူး ဆိုလိုတာကအမြင်ကိုပြောတာပါ။အမြင်ဆိုတာဘာကိုပြောတာလဲ။ ဟုပ်ကဲ့ လူဆိုတာက အမြင်အမျိုးမျိုးရှိကြတယ်လေ။ ကိုယ့်ဖက်ကြည့်ရင် လက်ဖမိုးဆိုပေမဲ့
သူ ့ဖက်ကကြည့်ရင်လက်ဖဝါးဆိုတာ လူတိုင်းနားလည်ပြီးသားစကားတွေပါ။ဒီအပေါ်မှာ သူငယ်ချင်းတို
့အတွက်ပုံပြင်ကလေး တစ်ခုလောက်တင်ပြခြင်တာပါ။
ရွာတစ်ရွာရဲ့အလယ်မှာ ထည်ပင်ကြီးတစ်ပင်ရှိတယ်။အဲဒီထည်ပင်ကလည်းသီးလိုက်တာ ဆိုတာ ပြွှတ်ခဲနေတာပဲ။ရွာလယ်ဆိုတော့ ဘယ်အကောင်မှ လာမစားရဲတော့ သီးခြင်တိုင်းသီးနေလိုက်တဲ့ ထည်သီးတွေဗျာ။ ဒါတွေကမျက်စိကျတာက ရွာပြင်တောအုပ်က မျောက်အုပ်ပေါ့။သူတိုခဗျာ စားကလည်းစားခြင်ရွာလယ်
ဆိုတော့အဖမ်းခံရမှာ လည်းကြောက်တော့ မြင်တာမြင်မကြင်ရတဲ့ ဘဝနဲ ့နေလာရင်း တစ်ရက်ကြတော့
မနေနိုင်လို ့မျောက်အား လုံးကတိုင်ပင်ပြီး မျောက်ခေါင်းဆောင်ဆီကို အပှုကပ်ကြတာပေါ့ နောက်ဆုံးတော့
မျောက်ခေါင်းဆောင်လည်းမနေသာ ဘူးလေ။ငယ်သားတွေကတောင်ဆိုတော့လည်း သူ ့ခဗျာအကြံ့ထုပ်ရတာပေါ့။
နောက်ဆုံးတော့ ဘာအကြံရသလဲဆိုရင် လူတွေအိပ်ပျော်တဲ့ အချိန်ကြမှ ရွာထဲဝင်ပြီး ထည်သီးခှုးစာမယ်ဆိုတဲ့ အကြံကိုရတယ်။သေသေချာချာ ဆုံးဖြတ်ချက်တွေ ချထားပြီးမှ တစ်ညမှာတော့ မျောက်မင်းခေါင်းဆောင်တဲ့ မျောက်တပ်ကြီးဟာ ရွာထဲကိုချီတက်ပြီး ထည်သီးတွေ
ကိုအားရပါးရ ခူးစားနေတဲ့ အချိန်မှာပဲ …….
ရွာသားတစ်ယောက်ဟာ အိပ်မပျော်တာနဲ ့ အပေါ့သွားရင် ရွာလည်ကထည်သီးပင်မှာ မျောက်တွေသောင်းကျန်းနေတာ တွေ ့လိုက်တယ်ဆိုရင်ပဲ ရွာသားတွေကို အကြောင်းကြားပြီး ထည်ပင်ကြီးကိုဝိုင်းလိုက်ကြတယ်။မနတ်မိုးသောက်အလင်းရောက်မှ မျောက်တွေကိုဖမ်းဆီးသတ်ဖြတ်မယ်ဆိုတဲ့ရည်ရွှယ်ချက်နဲ ့ မျောက်တွေနေတဲ့ ထည်ပင်ကိုဝိုင်း
ထားလိုက်တော့ မျောက်တွေဟာ သေဘေးကြောင့် ကြောက်လန် ့တုန်လှုပ်ပြီး ဘာလုပ်လုပ်လို ့လုပ်ရမှန်းမသိတော့ပဲ
ကြောက်လန် ့တကြားနဲ ့ ထည်သီးတောင်ဆက် မစားနိုင်တော့ပဲ သူတို ့ရဲ့ ခေါင်းဆောင်ကို အောက်မှာ
လူတွေဆောင့်နေတဲ့ အကြောင်းကို ပြောကြတယ်။
သည်နေရာမှသိထားသင့်တဲ့ အချက်ကလေး နှစ်ချက်ကို သတိထားမိတယ်။
(၁) ပြသနာ တစ်ခုဖြစ်ပြီဆိုတာနဲ ့ လူမပြောနဲ ့တိရစ္ဆာန်တွေတောင်ကြောက်လန် ့ပြီး မှီတွယ်အားကိုးရာကို ရှာကြပါတယ်။ များသောအားဖြင့် ပြသနာကို ခေါင်းအေးအေးနဲ ့ စဉ်းစားကြတဲ့သူ ရှားပါတယ်။
(၂) ခေါင်းဆောင်ရတဲ့ လူ (သို ့) ့တိရစ္ဆာန်တွေ ဟာ ခေါင်းဆောင်ရတဲ့ အတွက်ဘာမှ ထူးထူးထွေထွေ မရကြပါဘူး သူလိုကိုယ်လိုပါပဲ။ဒါပေမယ့် ပြသနာတစ်ခုဖြစ်လာပြီ ဆိုတာနဲ ့အားလုံးဟာ ခေါင်းဆောင်ကိုပဲ လက်ညိုးဝိုင်းထိုးကြတယ်။
မျောက်တွေရဲ့ အားကိုးရာခေါင်းဆောင်ကတော့ အေးဆေးတည်ငြိမ်စွာနဲ ့ပဲ လူတွေကိုကြောက်လန် ့ဖို ့မလိုကြောင်း အစားမျာကို ဆက်ပြီးစားကြဖို ့အကြောင်း
နှစ်သိမ့်စကားပြောတယ်။ခေါင်းဆောင်ဖြစ်သူမှာ မျောက်တွေလွပ်မြောက်ရေးအတွက်
အကြံကောင်း ညဏ်ကောင်းရှိနေလို ့ပဲဖြစ်ပါလိမ့်မယ်။ မျောက်ခေါင်းဆောင်က
နှစ်သိမ့်အားပေးပြီး မျောက်တွေကို စုဝေးပြီးတော့ ပျောက်နေသူရှိမရှိ စစ်စေတယ်
ဒီလိုစစ်တဲ့အခါမှာ မျောက်တစ်ကောင်လျှော့နေတာ ကိုတွေ ့ရတယ်ဆိုရင်ပဲ မျောက်တွေရဲ့
ခေါင်းဆောင်က တစ်ကောင်လျှော့နေတာ ဟာသူတို ့တွက် လွပ်မြောက်ရေးလမ်းစပဲ လို
့ဆိုလိုက်တယ် ဒါကြောင့် အားလုံးပဲ စိတ်ပူပင်မှု ့မထားဖို ့စားစရာရှိတာ စားကြဖို
့ဆိုလိုက်တယ်ဆိုရင်ပဲ….တစ်ချို ့မျောက်တွေက မယုံကြည်ကြဘူး သူတို ့ကိုလိမ်တယ်
ပြီးရင်သူတို ့ကို အသုံး ချမယ်လို ့သေးသိမ်သော အမြင်နဲ ့မြင်ကြတယ်။အဲဒီတော့ သူ ့တို
့ ရဲ့အကြံက သေရင်မြေကြီးရှင်ရင် ရွေထီး လူတွေကို တိုက်ခိုက်ပြီးပြေးမယ်ဆိုတဲ့
အဆိုပြုချက်ကို တင်သွင်းတယ်ဆိုရင်ပဲ ဘာမသိငြာမသိ မျောက်တစ်ချို ့ဟာ သူ
့ဘက်ပါသွားကြပြီး ဆင်းပြီးလူတွေကို တိုက်ခိုက်ကြတယ်။သူတို ့တိုက်နေတဲ့ အချိန်မှာ
အဆိုတင်သွင်းတဲ့ မျောက်ဟာ ဒီဘက်အခြမ်းကဆင်းပြီး လွှတ်မြေက်သွားပါတယ် ဘာမသိငြာမသိ
မျောက်တစ်ချို ့တော့ သေဆုံးသွားခဲ့တာပေါ့။
ဒီအဆင့်မှာနောက်ထပ် သိထားသင့်တဲ့ အချက်ကလေး နှစ်ချက်ကို ရတယ်။
(၃) ခေါင်းဆောင်ဆိုပြီး အများကယုံကြည်လို ့ခန် ့အပ်ထားပြီး ပြသနာဖြစ်လာတော့ မှသူရဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်ဘူး မလေးစားဘူးဆိုရင် သင့်တော်ပါ့မလား တစ်ကယ်ဆိုရင် သူ
့ရဲ့ဆုံးဖြတ်ချက်ကို လေးစားသင့်ပါတယ်။
(၄) ကိုယ်ကျိုးပဲကြည့်တဲ့ လူယုတ်မာတွေ လောကအလယ်မှာ အများကြီးပါ။သူတို ့ဖက်ကကြည့်ရင် အတင်းအကျပ် ဘယ်သူကိုမှ မလုပ်ခိုင်းခဲ့ပါဘူး အားလုံးကိုယ့်သဘောနဲ ့ ကိုယ့်ကြည့်ပါပဲ
သို ့ပေမယ့် အရာရာကိုစွန် ့စား ရတော့မယ်ဆိုရင်
မိမိစိတ်ကိုအရင်မေးကြည့်ပါ။ဖြစ်သင့်ရဲ့လား ဆိုတာ ကိုယ်တိုင် ခေါင်းအေးအေးနဲ ့
စဉ်းစားသင့်ပါတယ်။စဉ်းစားရဲ့ နဲ ့မှမှားရင်တောင် မှားပျော်ပါတယ်။ဘာမသိငြာမသိ
မှားတာထက်စာရင်ပေါ့။
အဲဒီအချိန်မှာ မျောက်ခေါင်းဆောင်ရဲ့ အမိန် ့အတိုင်း နောက်ကျကျန်ခဲ့တဲ့ မျောက်ဟာအချိန်စေ့ လို ့ရွာထဲကိုဝင်လာခဲ့ပါတယ်။ရွာလယ်မှာ သူ ့မိတ်ဆွေတွေဒုက္ခ ရောက်နေတာတွေ ့ရင်ပဲ
ဘာလုပ်သင့်သလဲ ဆိုတာသူစဉ်းစားတယ်။ ရတဲ့အကြံကို သူသုံးသပ်ပြီး ဖြစ်နိုင်တယ်လို
့သူစဉ်းစားပြီး ရွာစွန်ကစပါးကျီးကို မီးရှို ့ခဲ့တယ်။…မီး…ဟေ့…မီး…ဆိုတာနဲ ့
လူတွေဟာမီးငြိမ်းဖို ့သွားကြတော့ သစ်ပင်အောက်မှာ လူတစ်ယောက်တောင်
မကျန်ခဲ့ပါဘူး။သူတို ့အသက်ကို ကယ်ခဲ့တဲ့ မျောက်ကလေးကို ထည်သီးတစ်ယောက်ကို
တစ်လုံးကြစီပေး ပြီးကျေးဇူးဆပ်ရင် ဇတ်သိမ်းထားခဲ့ပါတယ်။
အဲဒီမှာရလိုက်တဲ့ နောက်ထပ်အသိတရားကတော့
(၅) ခေါင်းဆောင်တစ်ယောက်ရဲ့ ယုံကြည်မှု ့ကိုရရှိတဲ့ သူတစ်ယောက်အနေနဲ ့ယုံကြည်မှု ့ကို အလွဲသုံးစားမလုပ်သင့်ပါဘူး။ခေါင်းဆောင်တစ်ယောက်က ယုံကြည်လို
့တောင်တာဝန်ပေးထားပြီဆိုရင် ကို ့ကိုယ်ကို ယုံကြည်ရပါမယ်။ဆုံးဖြတ်ချက်တွေ
ခိုင်မာရမယ်။ဒါမှနောက်လိုက်ကောင်းပီသမှာပေါ့။
အဲဒီတော့ပုံပြင်ကလေးပြီး ပေမဲ့ စဉ်းစားစရာလေးတွေ ကျန်ခဲ့ပါတယ်။
လူတွေဖက်ကကြည့်ရင် ရွာကိုမီးရှို ့ခဲ့တဲ့ မျောက်ကို သတ်ပြစ်ခြင်လောက်ကိုမုန်းတီး မှာအမှန်ပါ။ သူ ့ကြောင်ရွာမီးလောင်ခဲ့တာကို ဒါပေမယ့် မျောက်တွေ ဖက်ကကြည့်ရင်ရော သူတို ့အနေနဲ ့ ဒီလိုမှမီးမရှို ့ခဲ့
ရင်လွှတ်မြောက်ဖို ့လမ်းမရှိဘူးလေ။
အဲဒါကြောင့်ပြောတာ…
ကိုယ့်ဖတ်ကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ ့ဖတ်ကကြည့်ရင်လက်ဖဝါးဆိုတာ လူတိုင်းနားလည်ပြီးသားစကားတွေပါ။