Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယခု အပတ် နိုင်ငံတကာ အထူး သတင်းများ

BayoteApril 1, 20101min1930

ဆွစ်စလန်နိုင်ငံ လောင်းကစားရုံအား လက်နက်ကိုင်များ ဝင်စီး

ဆွစ်စလန်နိုင်ငံ နယ်စပ်တွင်ရှိသော ဘာဆဲလ်မြို့၏ နာမည်ကျော် လောင်းကစားဒိုင်ကြီးသို့ ယမန်နေ့ နံနက် စောစော ၄ နာရီခန့် အချိန်တွင် လက်နက်ကိုင် လူဆိုးများက အတင်းဝင်ရောက်စီးနင်း၍ ဒေါ်လာ ၃၂၀၀၀ဝ ခန့်ကို လုယက်၍ ထွက်ပြေးသွားခဲ့ကြသည်။ လူဆိုး ၁ဝ ယောက်ခန့် သည် ကားနှစ်စီးဖြင့် ရုတ်တရက်ဆိုက်ရောက်လာပြီးလျှင် ကိုင်ဆောင်ထားသော လက်နက်များဖြင့် မှန်တံခါးများကိုခွဲ၍ အတင်းဝင်ရောက် လာပြီးလျှင် ဧည့်သည် ၆၀ဝ ကျော်နှင့် ဝန်ထမ်းများအား ကြမ်းပြင်တွင် ပြားပြားဝပ်စေပြီးနောက် ကစားဝိုင်းများမှ ငွေများကို လုယက် ယူငင် ကြ သည်။ ငွေတိုက်ခန်းကို သေနတ်များဖြင့် ပစ်ခတ်ဖောက်ထွင်းသော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထို့နောက် ကားများဖြင့် တစ်ဖက်နိုင်ငံ ပြင်သစ် သို့ မောင်းနှင်ထွက်ခွာသွားကြသည်။ (ဘီဘီစီ)

ရုရှားနိုင်ငံ မြေအောက် ဘူတာရုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရုရှားနိုင်ငံမြို့တော် မော်စကို၏ မြေအောက်ရထား ဘူတာရုံကြီးတွင် တနင်္လာနေ ့နံနက်စောစောပိုင်းက အသေခံ ဗုံးဖောက်ခွဲမှု နှစ်ခုဆက်တိုက် ဖြစ်ပွားခဲ့ရာ လူ ၃ရ ဦးသေဆုံး၍ ၁၀ဝ ကျော်ဒဏ်ရာရရှိခဲ့သည်။ ဗုံးခွဲသူနှစ်ဦးမှာ အမျိုးသမီးများဖြစ်၍ မြောက်ကော့ကေးစပ် ဒေသရှိ အကြမ်း ဖက်အုပ်စုများနှင့် အဆက်အသွယ်ရှိသည်ဟု သိရှိရသည်။ ရုရှားသမ္မတ မက်ဘီဒက်ကနိုင်ငံတွင်း အကြမ်းဖက်သမားများအား တုံ့ဆိုင်းမှုမရှိ အပြီး တိုင်ခြေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုသည်။ (ဆင်ဟွာ)

ယူအေအီးတွင် အိန္ဒိယလူမျိုး ၁ရ ဦး သေဒဏ် ချမှတ်

ယူအေအီးနိုင်ငံ တရားရုံးတစ်ခုက အိန္ဒိယလူမျိုး ၁ရ ဦးအား ပါကစ္စတန်နိုင်ငံသား တစ်ဦးကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ လွန်ခဲ့သော နှစ်ဦးပိုင်းက မြို့တော် ဒူဘိုင်း၏ မြောက်ဘက်ရှိ ရှာဂျာမြို့တွင် တရားမဝင် အရက်သေစာ ရောင်းဝယ်မှု လုပ်ငန်းတွင် ဈေးကွက်လုကြရာမှ ပါကစ္စတန် လူမျိုးများနှင့် အိန္ဒိယလူမျိုး ၅ဝ ခန့် အငြင်းပွား၍ လက်နက်များဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံသား ၄ ဦး ဓါး ဒဏ်ရာများ ပြင်းထန်စွာ ရရှိကြသည်။ ၃ ဦးသည် ဆေးရုံတင်ကုသ၍ ပျောက်ကင်းသွားသော်လည်း တစ်ယောက်မှာ သေဆုံးသွားခဲ့သည်။ (ဘီင်္ဘီစီ)

ဂျပန်တွင် ဖုန်းခေါ်သံဖြင့် ရောဂါကုသည့် စနစ် ခေတ်စား

ဂျပန်နိုင်ငံသည် မိုဘိုင်းဖုန်းနည်းပညာတွင် ကမာ္ဘကြီးအား ဦးဆောင်လျက်ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် လက်ကိုင်ဖုန်းဖြင့် တီဗွီချန်နယ်များကိုဖမ်းယူနားဆင် နိုင်ခဲ့ကြသည်။ အရောင်းအဝယ်ကိစ္စတွင် လက်ကိုင်ဖုန်းဖြင့် ငွေပေးချေခြင်းကို အလွယ် တကူ ပြုလုပ်နိုင်ကြသည်။ ယခုနောက်ဆုံး ခေတ်စားနေသည်မှာ ဖုန်းခေါ်သံဖြင့် ရောဂါ ကုသပေးသည့် နည်းစနစ်ဖြစ်သည်။

ယခုအခါ ဂျပန်တွင် နွေဦးရာသီ ဝင်ရောက်လာပြီ ဖြစ်သဖြင့် လူအများအပြား နှာစေး၊ ချောင်းဆိုးရောဂါ ခံစားကြရသည်။ JRTကုမ္ပဏီက အဆိုပါရောဂါကို အသံဖြင့် ကုသနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ရောဂါခံစားနေ ရသူသည် ၎င်း၏တယ်လီဖုန်းဖြင့် တစ်နေရာသို့ ခေါ်ဆို၍ အသံမြည်လာလျှင် နှာခေါင်း နှင့်တေ့ပေးလိုက်ပါက ရောဂါသက်သာသွားသည်ဟု သိရှိရသည်။ ၎င်းရောဂါသာမက အလေးချိန်လျှော့ချရန်အတွက် တယ်လီဖုန်းခေါ်သံကို အသုံးပြုကုသနေသည်ကို တွေ့ ရှိနိုင်ပေသည်။ ၎င်း JRTကုမ္ပဏီအား အသံပါရဂူ မစ္စတာမက်ဆူမီဆူဇူကီးက ဦးဆောင် လျက်ရှိသည်။ (ဘီဘီစီ)

နစ်မြုပ်သွားသော တောင်ကိုရီးယား စစ်သင်္ဘောမှ သင်္ဘောသားများအား ရှာဖွေလျက်ရှိ

တောင်ကိုရီးယားနိုင်ငံ ရေတပ်မှရေယာဉ်တစ်စီးသည်သောကြာနေ့က ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်း ရေပြင်တွင် ကင်းလှည့်စောင့်ကြပ်နေစဉ် ည ၂၁း၄၅ အချိန်တွင် သင်္ဘောနောက်ဘက်ပိုင်း ရေအောက်မှ ပြင်းထန်သော ပေါက်ကွဲ မှုတစ်ခု ဖြစ်ပွား၍သင်္ဘောနှစ်ပိုင်းပြတ်သွားပြီးလျှင်ရေအောက်သို့နစ်မြုပ်သွားခဲ့သည်။

ရေယာဉ်ပေါ်တွင် သင်္ဘောသား ၁၀၄ဦးပါရှိသည့်အနက် ၅၈ဦးကိုသာ ကယ်ဆယ်နိုင် ၍ ၄၆ ဦးမှာ ယခုထက်တိုင် ရှာမတွေ့ဘဲဖြစ်သည်။ ယမန်နေ့ည ရ နာရီခန့်တွင် နစ် မြုပ်သင်္ဘော၏ ဦးပိုင်းကို ရေငုပ်သမားများကစတင်တွေ့ရှိသည်။ကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ရာတွင် လှိုင်းများပြင်းထန်၍ ရာသီဥတု ဆိုးဝါးသောကြောင့် အ ခက်အခဲများစွာ တွေ့ရှိကြရသည်။ အဆိုပါပေါက်ကွဲမှု၏ အသေးစိတ် အကြောင်းအ ရင်းများကို ယခုအချိန်တွင် ရှင်းလင်းစွာမသိရှိရသေးပေ။ (ဆင်ဟွာ)

မိုးပျံ ပူပေါင်းဖြင့် ရိုက်ကူးထားသော ကမာ္ဘ့ မြေပုံ

ဟီလီယံပူပေါင်းဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် မိုင် ၂ဝ ကျော် တွင် ပျံသန်း၍ ကမာ္ဘ့မြေမျက်နှာပြင်အား ရိုက်ကူးထားသော ဓါတ်ပုံများအား ရရှိနိုင်ပြီဖြစ်သည်။ Robe- rt Harrison ဆိုသူသည် ၎င်း၏ အိမ်အား လေကြောင်းမှ ဓါတ်ပုံ ရိုက်ကူးလိုသဖြင့် နည်း လမ်းရှာရာမှ ထိုကိရိယာအား တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ကင်မရာအားသေတ္တာထဲထည့်၊ ဘောလုံးတွင်ချိတ်၊ လေထီးတစ်ခုနှင့် ခြေရာခံလိုက်နိုင်သော ပစ္စည်းတို့ဖြင့်ဖွဲ့စည်းထား ခြင်းဖြစ်သည်။

နောက်ဆုံးတွင် ဘောလုံး ပေါက်ကွဲသွားပြီး မြေပြင်သို့ ပြန်ကျအလာတွင် Mr Harrison က နောက်ယောင်ခံ လိုက်ကောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သောကင်မရာ ဘောလုံးတစ်ခု ဖြစ်လာစေရန် ပေါင်ငွေ ၅၀ဝ ခန့် ကုန်ကျသည်ဟု ဆိုသည်။ ကင်မရာ သည် ကမာ္ဘအား အမြင့်ပေ ၃၅ ကီလိုမီတာအကွာအဝေးမှ ဓါတ်ပုံရိုက်ယူခြင်းဖြစ်သည်။ ကမာ္ဘ၏ အကွေးအခုံးများ၊ အာကာသ၏မဲမှောင်နေမှုများ၊လေထု၏အပြာရောင်စသည် တို့ကို ယင်းဓါတ်ပုံများတွင် တွေ့မြင်ရမည်ဖြစ်သည်။ Mr Harrison သည်ဘောလုံး ၁၂ လုံးခန့်အား လွှတ်တင်ခဲ့သည်။ (ဘီဘီစီ)

ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေ အမေရိကန် သမ္မတ လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ အောက်လွှတ်တော်က တနင်္ဂနွေနေ့ညတွင် အတည်ပြုပေးခဲ့ သော နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ပြန်လည် ပြင်ဆင်ရေး ဥပဒေမူကြမ်းကို သမ္မတအိုဘားမားက အင်္ဂါနေ့တွင် လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်လိုက် သည်။ အမေရိကန်နိုင်ငံ၏ လူမှု ဖူလုံရေးစနစ်တွင် နှစ်ပေါင်း ၄ဝ ကျော်အတွင်း ကြီး မားသောပြောင်းလဲမှုကြီးကို ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။အမေရိကန်ပြည်သူတို့ သည် အလွန်မြင့်မားသော အာမခံပရီမီယံငွေများကိုပေးသွင်းနေခဲ့ကြရသည်။ ယခု ဥပဒေအရနိုင်ငံသားတိုင်း အာမခံစနစ်၌ အကျုံးဝင်မည်ဖြစ်သည်။ (ဆင်ဟွာ)

စတုတ္ထမျိုးဆက် စမတ်ဖုန်း ဈေးကွက် တင်မရ

အမေရိကန်နိုင်ငံ စပရင့်ကုမ္ပဏီနှင့် HTC ကုမ္ပဏီတို့ပူးတွဲ၍ပထမဦးဆုံးသောစတုတ္ထ မျိုးဆက် စမတ်ဖုန်း (HTC EVO 4G)ကို အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့သည်။ ၎င်းမျိုးဆက် သစ် တယ်လီဖုန်းတွင် 1GHZ Snap Dragon ပရိုဆက်ဆာကို ထည့်သွင်းထား၍ ၈ မီဂါ ပစ်ဇယ် ကင်မရာပါဝင်သည်။

၎င်းတွင် ဗီဒီယို ကြည့်ရန်နှင့် အင်တာနက် ရှာဖွေရန် ၄.၃ လက်မ ကျယ်သော ဖန်သားပြင်ပါရှိသည်။ အက်ပယ်လ်၏အိုင်ဖုန်းထက် ၃ဝရာခိုင်နှုန်း ပို ၍ ကြီးမားသည်။ ၎င်းဖုန်းသည် CDMA နှင့် WIMAX ကွန်ယက်တို့ကို အထောက်အကူပြု ပေးနိုင်၍ ဆက်သွယ်မှုကို လျင်မြန်စွာပြုလုပ်ပေးသည်။ ၎င်းမျိုးဆက်သစ်ဖုန်းများကို ယခု နွေဦးရာသီတွင် ဈေးကွက်တင်ဖြန့်ချီမည်ဖြစ်သည်။ (ဆင်ဟွာ)

ဘီဂိတ်နှင့် တိုရှီဘာ ပူးတွဲ၍ မျိုးဆက်သစ် အနုမြူ ဓာတ်ပေါင်းဖို တည်ဆောက်မည်

မိုက်ခရိုဆော့ဖ် တည်ထောင်သူ မစ္စတာဘီဂိတ်နှင့် ဂျပန်နိုင်ငံ တိုရှီဘာကုမ္ပဏီတို့ ပူးတွဲ၍ မျိုးဆက်သစ် နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန် စီစဉ်ထား သည်ဟု အင်္ဂါနေ့ထုတ်သတင်းများတွင် ဖော်ပြသည်။ ၎င်းဓာတ်ပေါင်းဖိုသည် နှစ်ပေါင်း တစ်ရာတိုင်တိုင် နောက်ထပ် လောင်စာထည့်သွင်းရန်မလိုဘဲ လည်ပတ်နေနိုင်မည်ဟု သိရှိရသည်။

လောင်စာအဖြစ် စွန့်ပစ် ယူရေနီယံကို အသုံးပြုပြီးလျှင် (TWR)နည်းစနစ် ကို တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်သည်။ လက်ရှိအသုံးပြုနေသော လိုက်ဝါတာ ဓာတ်ပေါင်းဖိုများသည်နှစ်အနည်းငယ်ကြာလျှင်လောင်စာထပ်မံဖြည့်သွင်းပေးရသည်။ မစ္စတာဂိတ်သည် ဤစီမံကိန်းအတွက် ၎င်းကိုယ်ပိုင ်ငွေကြေးကို ထုတ်၍ ရင်းနှီးမြှုပ်နှံ မည်ဖြစ်သည်။ ဖော်ပြပါ (TWR) နည်းပညာသည် ဝါရှင်တန် အခြေဆိုက် တာရာပါဝါ ကုမ္ပဏီ၏ တည်ထွင်မှုဖြစ်သည်။ (အေအက်ဖ်ပီ)