သူကတော့ ဘောစိ …. ငါကတော့လခစား ..
မြန်မာနိုင်ငံမှာ လုပ်ငန်းရှင် Boss ကို ဘောစိ ဘောစိနဲ့ခေါ်နေကြတယ် .. ဘာကြောင့်ဘယ်လိုဆင်းသက်လာသလဲတော့မသိပါ ။
ကုမ္မဏီမှာအလုပ်လုပ်နေကြသူများ တချို့ဟာ လခရလို့လုပ်နေကြပေမဲ့ ကိုယ့်ကိုယ်ကိုယ် မကျေနပ် နေကြသူတွေအများအပြားရှိကြပါတယ်။
အထူးသဖြင့် ဘော့စ် တွေကို ရင်ထဲကမကျေနပ်ကြတာပါ။ အားလုံးကိုတော့ပြောတာမဟုတ်ပါဘူး။ တချို့ကိုသာဆိုလိုတာပါ။
သူကတော့ ဘော့စ် ဖြစ်နေတယ် ငါကသူခိုင်းတာလုပ်နေရတယ် … သူ့လိုလုပ်ငန်းရှင်ဖြစ်အောင်ကလည်း ..အရင်းအနှီးကမရှိ။
တကယ်တန်းတော့ အဲဒီနှစ်ဦးအကြားဘာကွာခြားနေလဲ ..အသေအချာစဉ်းစားကြည့်ရင် … အရင်းအနှီးရှိခြင်းမရှိခြင်း ကတချက်။
အရင်းအနှီးလေးထိုက်သင့်သလောက်ရှိရင်ကော … လုပ်ငန်းထူထောင်တတ်ပါသလား ……။
အဓိက ခြားနားချက်က .. အမြင်ကြယ်မှု လုပ်ငန်းတခုကိုစတင်ထူထောင်လုပ်လိုစိတ်ရှိမှု တွေကွာခြားနေတာပါ။
ညီငယ်တယောက်ရှိတယ် …တောဘက်ကတက်လာတာ … ပညာကသိပ်မတတ်လှဘူး …သူ့ကိုကျနော်အလုပ်ထဲသွင်းပေးလိုက်တယ်။
ရေသန့်ဖြန့်ချီရေးလုပ်ငန်းမှာပေါ့ … ဒါပေမဲ့သူ့ပင်ကိုစိတ်ကိုက ..သူများခိုင်းတာ မလုပ်ချင်ဘူး … သူ့ မှာဖြစ်နိုင်တာရောမဖြစ်နိုင်တာရော
စိတ်ကူးတွေရှိနေတယ် …. သူ့မှာငါးသောင်းလောက်တော့ ရွာကယူလာတာရှိတယ်။
မကြာပါဘူး ရေသန့်လုပ်ငန်းမှာ လေးလလောက်ဘဲလုပ်ပြီး … သူ့ရှိတဲ့ငွေလေးနဲ့ ရေသန့်ဖြန့်ချီရေးကိုကိုယ်တိုင်စလုပ်တော့တာဘဲ …။
တိုက်ခန်းငှားပြီးမလုပ်နိုင်ပါဘူး … လဘက်ရည်ဆိုင်တဆိုင်ကိုမိတ်ဆွေဖွဲ့ပြီး …နေရာလေးကပ်ယူတာပါ … ရေသန့်ထုပ်လုပ်သူအသစ်ကို
ရင်းနှီးအောင် မိတ်ဆွေဖွဲ့ပြီး သူ့ဆီရေချခိုင်းတယ် … ဘဝတူတွေကို လခမပေးနိုင်သေးတော့ ဝိုင်းလုပ်ဝိုင်းစားဆိုပြီးခေါ်တယ် …။
ဟောအခု …အခန်းလေးတော်ရုံသင့်ရုံငှားနိုင်ပြီ။ ..တလောကသူ့ဆီရောက်တော့ .. စာရေးမစာရင်းကိုင်နဲ့ဘာနဲ့ဗျား …။
ဘေးနားမှာကွမ်းယာဆိုင်ဖွင့်ထားလိုက်သေးတယ် …။ လူကတော့ပညာသိတ်မတတ်ဘူး ..နိုင်ငံခြားဘာပို့လို့ရမလဲ ဆိုတာဘဲစဉ်းစားနေတယ်။
မျက်စေ့အောက်တင်ကြီးပွါးလာတာတော့အမှန်ဘဲ ….. ENTERPRISE ..ရယ် ENTREPRENEUR ဆိုတာရယ်ကို စဥ
7 comments
ဆူး
October 12, 2010 at 9:56 am
ထူးချွှန်တဲ့ လူတိုင်းမှာတော့ ထိုးဖောက်မှု တခုခု ရှိတတ်ကြတာဘဲ..
ကိုယ်ပိုင် စိတ်ကူး ကိုယ်ပိုင်အတွေးလေးတွေ ရှိရင်.. လက်တွေ့ အကောင်အထည်ဖော်ရဲတဲ့ သတ္တိရှိရင် ကံကလည်း အကျိုးပေးချိန်တန်မယ်ဆိုရင် ဖြစ်လာတာဘဲ..
thidar
October 12, 2010 at 10:47 am
မှန်ပါတယ် ..သူဌေးကိုကျေနပ်တာမကျေနပ်တာပြောနေတာထက် ကိုယ်တိုင်ဖောက်ထွက်နိုင်အောင်ကြိုးစားသင့်တယ်။
kopauk mandalay
October 12, 2010 at 11:22 am
ဘောစ့်ကိုဘောစိလို့ခေါ်တာက ဟာသ သရုပ်ဆောင်တွေက အပြောင်အပျက်ခေါ်ရင်း တွင်လာတာပါ။
ပိုင်ရှင်ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ထိုးဖောက်ထွက်ချင်တဲ့စိတ်ရယ် အခြေအနေပေးတာရယ်နဲ့ဆိုင်ပါတယ်။
ဘယ်လောက်ဘဲထိုးဖောက်ထွက်ချင်စိတ်ရှိပေမယ့် အခြေအနေမပေးရင်ဖြစ်မလာနိုင်ပါဘူး။
အခြေအနေဘယ်လောက်ပေးပေး ဘယ်လောက်တော်တော် ဦါ်နှောက်အခြောက်မခံချင်သူများကလဲ ပိုင်ရှင်ဖြစ်မလာပါဘူး။
ပိုင်ရှင်ဖြစ်ခြင်းမဖြစ်ခြင်းထက် ကိုယ်က လုပ်ငန်းမှာဘယ်လောက်ထိရောက်စွာလုပ်နိုင်သလဲ ဘယ်လောက်အသုံးဝင်သလဲဆိုတဲ့တန်ဘိုး ကိုပိုပြီး စဉ်းစားသင့်ပါတယ်။
ပိုင်ရှင်နဲ့ကိုယ့်ကြားမှာ ယုံကြည်မူ့ဘယ်လောက်တည်ဆောက်ထားသလဲဆိုတာ ကလည်းထည့်မစဉ်းစားဘဲနေလို့မရပါဘူး။.
လောကမှာ ကျေနပ်ခြင်းမကျေနပ်ခြင်းဆိုတာက ရလာတဲ့ရလာဒ်အပေါ်မှာ ကိုယ်ဘယ်လိုဆုံးဖြတ်သလဲဆိုတာနဲ့ဆိုင်ပါတယ်။
ဒီအကြောင်းတပုဒ်လောက် သတ်သတ်ရေးပါအုံးမယ်။
လောကမှာ အားလုံးလည်းပိုင်ရှင်ချည်းဘဲရှိနေလို့မရသလို အားလုံးအလုပ်သမားချည်ဘဲရှိနေလို့မရပါဘူး။
သူဖြစ်တည်မူ့နဲ့သူလို့ဘဲပြောလို့ရပါမယ်။။
ဒီအကြောင်းတပုဒ်လောက် သတ်သတ်ရေးပါအုံးမယ်။
unclegyi1974
October 12, 2010 at 4:04 pm
ကိုယ်က အလုပ်တခုမှာဝင်လုပ်နေတယ်ဆိုပါစို့
ပေးတဲ့လခကနဲလိုက်တာ လုပ်ရတာနဲ့တန်ကိုမတန်ဘူးဆိုတဲ့အပြောတွေ
ပြောပြီ ဒီလခနဲ့ဒီလောက်ဘဲလုပ်နိုင်မယ်ဆိုတဲ့လူတွေတွေ့ဖူးကြမှာပါ
တွေ့ဖူးသလောက်ပြောရ ရင် အဲလိုလူတွေဘယ်တော့မှလုပ်ငန်းပိုင်ရှင်
ဖြစ်လာတာမတွေ့ဖူးပါ
အလုပ်ကိုငွေသိပ်မတွက်ဘဲ ကိုယ်ပိုင်အလုပ်လိုကြိုးစားလုပ်တဲ့လူတွေသာ
ထပ်ဆုံးရောက်သွားကြတာမြင်ဖူးပါတယ်
အဓိက ကကိုယ်ပိုင်အလုပ်ကဲ့သို့စိတ်ထားပြီးလုပ်ရင်းကမသိစိတ်ထဲမှာ
စိတ်တန်ခိုးတက်လာတာလို့ထင်ပါတယ်
The Reds
October 12, 2010 at 4:25 pm
အ လုပ် က သူဌေး ကို မ ကျေ နပ် ရင် .. နောက် ကွယ် က ပြန် ပြော နေ မဲ. အ စား .. ကိုယ် လဲ နောင် တစ် ချန် ဒီ လို ဖြစ် အောင် ကြိုး စား သင်. တယ် ။
cruz
October 12, 2010 at 5:43 pm
တော်လိုက်တဲ့လူ မြန်မာပြည်မှာ ဒီလိုလူမျိုးတွေများများရှိ မြန်မာပြည်ကြီးချမ်းသာတယ်.. ပညာတတ်တွေသာပေါကြည့်
ကမာ္ဘ့အချမ်းသာဆုံးနိုင်ငံစာရင်းတောင်ဝင်နိုင်သေး
စိတ်ရင်းစိတ်ဓာတ် အခံလေးတော့ကောင်းဖို့လိုတာပေါ့လေ… ခုရှိနေတဲ့ သူဌေးခပ်များများလို ဘယ်သူသေသေ ငတေမာပြီးရော ဆိုရင်တော့ ဒုံရင်းက ဒုံရင်းပဲဖြစ်နေမှာ တို့နိုင်ငံက
bigcat
October 13, 2010 at 3:36 am
လူအတော်များများမှာ စွန့်ဦးတီထွင်တဲ့လုပ်ငန်းရှင် entrepreneur (ဘာသာပြန်မှန်လားတောမသိဘူး) စိတ်ဓာတ်တွေ ရှိကြပါတယ်။ မရှိတာက အဲဒီအောင်မြင်မှုကို ရေရှည်ထိန်းသွားနိုင်တဲ့ အသိပညာ အတတ်ပညာ ရှားပါးခြင်းပါ။ တော်တဲ့ပါးနပ်တဲ့ အလုပ်သမား လူလည်တယောက်ကို အရင်းအနှီးထုတ်ပေးလိုက်ရင် လုပ်ငန်းတခု အစစကောင်းကောင်းနဲ့ လည်ပတ်နိုင်ကြပြီး မကြာခင်မှာဘဲ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု စတဲ့ပြဿနာတွေနဲ့ ကျဆုံးပျောက်ကွယ် သွားလေ့ရှိပါတယ်။ အဲဒီလိုခက်လို့လည်း သူဌေးဆိုတဲ့ လူတန်းစားက တန်ဖိုးရှိနေတာပေါ့နော်။ ကျနော်လည်း သိသလိုသာ တတ်နေရင် အခုလို အားအားယားယား စာရေးဖို့တောင် အချိန်ရှိတော့မှာမဟုတ်ဘူး။