Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

10.10.10 နေ ့နှင့် 10:10:10:နာရီ မှာမွေးခဲ့တဲ့ ဗြိတိန်က မီးမီးလေး

ဂ်စ္စူOctober 12, 20101min3447

၁၀/၁၀/၁ဝ ဖြစ်တဲ့ ရက်လနှစ် ဂဏန်းတစ်ခုတည်း ထပ်ကျတဲ့နေ့ရက်ကို ထူးထူးခြားခြားမို့ ကံကောင်းတဲ့ရက်လို့ ယူဆထားကြတဲ့ ဇနီးမောင်နှံအချို့က မနေ့ကနေ့စွဲနဲ့ မွေးဖွားတဲ့ သားသားမီးမီးလေးတွေ လိုချင်လို့ ကြိုကြိုတင်တင် ကြံဖန်စီစဉ် ကြိုးစားပြီးတော့ ခွဲစိတ်မွေးဖွားမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ Niamh Bond ဆိုတဲ့ ခလေးငယ်ကတော့ ဘာကြိုတင်စီစဉ်မှုမှမရှိခဲ့ဘဲ သူ့အလိုလိုပဲ ၂၀၁ဝခုနှစ်ရဲ့ ၁ဝလပိုင်း ၁ဝရက်နေ့ ၁ဝနာရီ ၁ဝမိနစ် ၁ဝစက္ကန့်တိတိမှာ ရိုးရိုး(မခွဲစိတ်ဘဲ)မွေးဖွားပြီး ထူးထူးခြားခြား လူ့လောကထဲ ရောက်ရှိလာခဲ့ပါတယ်။

ပုံမှန်မွေးဖွားရမဲ့ရက် (Due Date) ထက် ရှစ်ပတ်စောပြီး မွေးဖွားလာခဲ့တဲ့ မီးမီးလေးဟာ ကိုယ်အလေးချိန် ၃ပေါင် ရအောင်စပဲ ရှိတယ်လို့ သိရပါတယ်။ အလေးချိန်ကလည်း (၃+၇=) ၁ဝဂဏန်းပဲ ထူးထူးဆန်းဆန်း တိုက်တိုက်ဆိုင်ဆိုင်ကြီးတွေ ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိရပါတယ်။

မိခင်ဖြစ်တဲ့ Miss Heame (၂ဝနှစ်)က “ကျွန်မအတွက်တော့ လုံးဝမမေ့နိုင်တဲ့ နေ့စွဲတစ်ခုဆိုတာ အသေအချာပါပဲ။ ဒါဟာ ကျွန်မရဲ့ သားဦးကိုယ်ဝန် ပထမဆုံးခလေးလည်း ဖြစ်နေတော့ တကယ့်ကိုပဲ ထူးခြားတဲ့ အမှတ်တရနေ့စွဲပါပဲ။ မီးမီးလေးက သေးသေးလေးမှ တကယ့်သေးသေးလေး။ သူကတော့ တကယ့်ထူးခြားတဲ့ ခလေးလေးပါပဲ”လို့ ဝမ်းသာအံဩစွာ ပြောပြခဲ့ပါတယ်။

စားသောက်ဆိုင် စားပွဲထိုးမလေးဖြစ်တဲ့ ဗြိတိန် Kingingstanding, Birminghamက Miss Heame ဟာ due date မရောက်ခင် တစ်လအလို အောက်တိုဘာ ၂၉ရက်နေ့ထိ အလုပ်ဆင်းဖို့ စီစဉ်ထားခဲ့တာပါတဲ့။ ဒါပေမဲ့ စနေနေ့မှာတော့ သူမရဲ့ကိုယ်ဝန်ဟာ ရေမွှာပေါက်ပြဲပြီး တနင်္ဂနွေနေ့ နံနက်(၉း၄၀)နာရီမှာ ဆေးရုံတက်ခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်းကတော့ Dean Bond(၂၂နှစ်)ဆိုတဲ့ ပန်းရံပညာသင်ယူနေတဲ့ ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။

ထူးခြားတဲ့မီးမီးလေး Niamh ရဲ့အဖေ Mr. Bondက “တကယ့်ကိုပဲ အံ့ဩဝမ်းသာ ဖြစ်ရပါတယ်။ ရာစုနှစ်ရဲ့ ကံအကောင်းဆုံး နေ့စွဲမှာ မွေးဖွားခဲ့တဲ့ မီးမီးလေး Niamh ဟာ ကျွန်တော်တို့အတွက်တော့ ကံကောင်းခြင်းရဲ့ အတိတ်နိမိတ်ပါပဲ။ ကျွန်တော် သိပ်ပျော်တယ်။ မီးမီးလေးက သေးသေးလေးပေမဲ့ လှပချောမောတဲ့ ခလေးလေးပါ”လို့ ပြောကြားခဲ့ပြီး ပျော်မဆုံးမော်မဆုံး ဖြစ်နေပါတယ်။

Good Hope Hospital (ကောင်းမွန်တဲ့ မျှော်လင့်ချက်လို့ အဓိပ္ပါယ်ရတဲ့) ဆေးရုံမှာ ထူးခြားတဲ့နေ့စွဲ ထူးခြားတဲ့တိုက်ဆိုင်မှု အချိန်နာရီမှာ မွေးဖွားလာခဲ့တဲ့ မီးမီးလေး Niamhကို  လာခြင်းကောင်းတဲ့ ဘုရားပေးတဲ့ ကံကောင်းခြင်းလက်ဆောင်ကလေးလို့ မိဘနှစ်ပါးက ယုံကြည်မျှော်လင့်မှု အပြည့်နဲ့ ဝမ်းသာပိတိ အတိုင်းမသိ ဖြစ်နေကြပါတယ်။

ပုံမှန်မွေးဖွားရက်ထက် အလွန်စောစီးစွာ မွေးဖွားခဲ့တဲ့ မီးမီးလေးကိုတော့ ဆေးရုံမှာပဲ နိုဝင်ဘာလထိ စနစ်တကျနဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက် ထားရဦးမယ်လို့ သိရပါတယ်။

Ref:myanmar daily news

7 comments

  • ဆူး

    October 12, 2010 at 12:47 pm

    ဘာပဲဖြစ်ဖြစ်.. အနာဂတ်မှာ ထူးခြားတာ မထူးခြားတာ အသာထား.. ကလေးက အခုတော့ သတင်းထဲပါလာတော့ ထူးတာဘဲပေါ့.. မိဘကိုလည်း သိတတ်လိမ္မာပြီး အရာအားလုံး နားလည်ခွင့်လွတ်ပေးတတ်တဲ့ကလေး ဖြစ်ပါစေ။ အများကောင်းကျိုးပြုတဲ့ ကလေးလေး ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  • SP

    October 12, 2010 at 12:51 pm

    ဟုတ်တာပေါ့နော်
    အခုထဲက ထူးနေပြီပဲ
    ဘယ်လိုတွေဆက်ထူးဦးမလဲဆိုတာတော့..

  • Gong Zhu

    October 12, 2010 at 3:09 pm

    ထူးခြားတယ်ဆိုရင် 11.11.2011 11:11:11 မှာ ကလေးမွေးကြနော် …

  • kopauk mandalay

    October 12, 2010 at 3:25 pm

    ဒီအချိန်မှာမှ ကွက်တိမွေးအောင်ဘယ်လို့များအောင့်ထားလဲဆိုတာကို သုတေသနလုပ်ထားမယ်ဆိုရင်
    11-11-11 နေ့ 11-11-11 နာရီမှာကွက်တိမွေးနို်င်အောင်လုပ်နိုင်မယ်ထင်ပါတယ်။
    ကြုးိစားကြည့်လိုက်စမ်းပါ။

  • william hoe

    October 12, 2010 at 3:38 pm

    ဒါဆို ကျွန်တော်တို ့မှီသေးတာပေ့ါနော်… 😛 😛 😛

  • meelay

    October 13, 2010 at 3:50 am

    ဒါမျိုးက စောစောမွေးအောင် ဆေးထိုးလို့ရတယ်လို့ ပြောတာ ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့ သိဘူးနော် 🙂

  • ဆူး

    October 13, 2010 at 3:55 am

    အသိ မိတ်ဆွေတွေထဲမှာ ကလေးတွေ မွေးကြ.. ကလေး ဗေဒင်တွေ တွက်ကြနဲ့.. မိဘတွေကတော့ သားသမီးကို အကောင်းဆုံး အချိန်မှာ မွေးချင်ကြတာဘဲ.. ဘယ်လိုဘဲ ဖြစ်ဖြစ်..စောစော မွေးချင်တဲ့ ကလေး.. နောက်ကျမှ မွေးတာလည်း ရှိသလို ရက်စောပြီး သတ်မှတ်ထားလဲ သတ်မှတ်ရက်ထက် စောပြီးမွေးတာလည်း ရှိတာဘဲ.. လူတွေရဲ့ ကံဇာတာကို ဖန်တီး ပြုပြင်ဖို့ မလွယ်ဘူး.. သူကံနဲ့ သူလာတာ ဆေးထိုးတိုင်းရရင် ဆေးပညာက ဗေဒင်ဆရာနဲ့ ပေါင်းပြီး ကံဇာတာကို စိန်ခေါ် လို့ရမှာပေါ့.. မြန်မာ ပြည် လွတ်လပ်ရေးရတဲ့ အချိန်လည်း ဗေဒင် ဆရာ အထက်ပြည်နဲ့ အအောက်ပြည် စကားတွေများပြီး.. လွတ်လပ်ရေး ယူထားတာ.. အခုတော့.. သိတဲ့ အတိုင်းဘဲ.. အဲဒီတုန်းက မကောင်းဘူးလို့ စကားများတဲ့ ဗေဒင်ဆရာတွေ က မှန်သလိုလို.. သူပြောတာ မလုပ်လို့တဲ့.. ကဲ.. ကံတရားနှင့် ဗေဒင်ဆရာ..

Leave a Reply