Meat
အလုပ်သမား အခွင့် အရေး ဆိုတဲ့ Post ကိုဖတ်ရင်းနဲ့ တွေးမိတာလေးရေးကြည့်တာပါ။
ငယ်ငယ်တုန်းက ဆိုရင် အသားကို တော်တော် ကြိုက်ပါတယ်။ကြက်သား၊ဝက်သား၊အမဲသား..စားလို့ရတဲ့ အသားဆို အကုန်လိုလို စားပါတယ်။
၁ဝ တန်းရောက်တော့ ပြောင်းနေတဲ့ ရပ်ကွက်မှာ တစ်လမ်းကျော်က အိမ်က ဝက်သတ်ပြီး ရောင်းတဲ့ အိမ်ပါ။
ဝက်တွေကို နေ့ခင်းဘက် လိုက်ဝယ်ပြီး ညဘက်ဆို သတ်၊မနက်စောစော ဈေးတွေ လိုက်ပို့တာပါ။
ဝယ်လာတဲ့ ဝက်တွေကို တစ်နေ့လုံး အစာ ဝနေအောင် ကျွေးပြီးမှ သတ်တာပါ။
ညဘက် ဝက်သတ်တဲ့ အချိန်မှာ ကြားရတဲ့ ဝက်ရဲ့အော်သံ ဟာ တော်တော်ကြီးကို စိတ်မချမ်းသာစရာ ပါ။
ဘယ်သတ္တဝါ ဖြစ်ဖြစ် ကိုယ့် အသက်လေး တစ်ချောင်းကို ခင်တွယ်ကြတော့ ဒီဝက်ရဲ့ အော်သံ ဟာ ကြောက်ခမန်းလိလိပါပဲ။
ူအဲဒီ အသံတွေ ကြားပြီး ကတည်းက ဝက်သားမစားဖြစ်တော့တာ ခုထိပါပဲ။
စားမယ် ကြံရင် ဝက်အော်သံတွေ ကြားယောင်လာလို့ပါ။
ဝက်သတ်တဲ့ အိမ်ကတော့ တော်တော် လေးကို အဆင်ပြေနေတာပါ။
သူတို့ အယူကတော့ သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်တာတဲ့။
ကိုယ်ပဲ ဆိုက်ကို ဖြစ်နေတာလားတော့ မသိပါ…အဲဒီ အိမ် ပတ်ဝန်းကျင် ကသူတွေ ကတော့ ဒီ အသံ တွေ နေ့တိုင်းကြား နေရတာတောင် ဝက်သား ဆို အကောင်လိုက် မျို မယ်ဆိုတာချည်း ပါပဲ။
နောက်တစ်ခုက အမဲသား ကိစ္စပါ။
ဒါကတော့ ကိုယ်တွေ့ မဟုတ်ပါ..သူများပြောတာ ကြားဖူးတာပါ။
နွားတွေက သူတို့ သတ်ခါနီးကျရင် မျက်ရည်ကျတယ်လို့ ဆိုကြပါတယ်။
ွှအဲဒါနဲ့ပဲ အမဲသားလည်း မစားဖြစ်တော့ ပါ။
အခု လည်းလုံးဝ ကြီး သက်သက်လွတ် မစားနိုင်သေးပေမဲ့ တတ်နိုင်သမျှတော့ သားကြီး၊ငါးကြီးတွေကို ရှောင်နေပါတယ်။
ဘာ အယူဝါဒကြောင့်မှ မဟုတ်ပါ။
မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ် ကြီးကတော့ ဘာကိုစား၊ ဘာကိုတော့ မစားနဲ့ ဆိုပြီး..သတ်မှတ်ထားတာမျိုး မရှိခဲ့ပါ..
ဒါပေမဲ့ သတ္တဝါတွေ အပေါ်ကို မေတ္တာ တရားထားဖို့ကိုတော့ ဟောကြားတော်မူခဲ့ပါတယ်။
သံသရာမှာ ကျင်လည်ခဲ့တဲ့ တစ်လျှောက် ဆွေမျိုး မတော် စပ်ခဲ့ဘူးတဲ့ သူ မရှိပါတဲ့။
တွေးမိတာလေး အပြုသဘော ချရေးကြည့်တာပါ…ဘာကိုမှ မရည်ရွယ်ပါ။
သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ။
5 comments
ဆူး
October 13, 2010 at 8:22 am
ကောင်းပါတယ်.. သတ္တဝါတွေ အပေါ် အစဉ် သနားပြီး မေတ္တာမပျက် ထားနိုင်ပါစေ။
etone
October 13, 2010 at 9:28 am
ဝက်တွေသတ်ဖို့ဖမ်းခေါ် လာတဲ့အချိန်အော်သံက တော်တော်ဆိုးတယ် ကြားရတာတင်စိတ်မကောင်းဘူး မစားချင်ဘူးပေါ့… မေ့မေ့ပျောက်ပျောက်နေလိုက်မိပြီး ….လပိုင်းလောက်ကြာတော့ ဝက်သားဒုတ်ထိုးဗန်းမြင်တာနဲ့ ဝင်စားမိရောပဲ ။ နွားတွေလည်းအဲ့ဒါမျိုးပါ ..။ ဝက်သတ်ရင်ဘယ်လို နွားသတ်ရင်ဘယ်လိုဆိုတဲ့သတ်နည်းတွေကြားရတော့လည်း စိတ်က မစားချင်တော့ဖြစ်မိပါတယ် ။ ကြာတဲ့အခါကျတော့လည်း မေ့ပြီးပြန်စားမိသွားတာပဲ ။ ဖြစ်နိုင်ရင် သတ်သတ်လွတ်ပဲစားချင်တာပါ ။ ကုသိုလ်ရတာမရတာကြောင့်မဟုတ်ပဲ သတ္တဝါတွေကို သနားလို့ သတ်သတ်လွတ်ပဲစားချင်တော့တာ။
michaelaungpu
October 13, 2010 at 9:55 am
ဗုဒ္ဓဘာသာဝင်တွေ အနေနဲ ့ပါဏာတိပါတ ကံဆိုတာ ဘာလဲဆိုတာကို အထူးရှင်းပြနေစရာမလိုဘူးလို ့ထင်ပါတယ်
သတ္တဝါတစ်ကောင်ကို သတ်နေတာကိုမြင်လျှင်၊ သတ်နေသည့်အသံကိုကြားနေရလျှင်၊
စားမဲ့အသားဟာ ဘာအသားမှန်းမသိရင် မြင်သား၊ ကြားသား၊ မသင်္ကာသား ဟူ၍မစားအပ်လို ့မှတ်သားဘူးပါတယ်
ဆရာတော်တစ်ပါးမိန် ့ကြားတာ ကိုပါ။
ကြုံလို ့ပြောရ ရင်တော့ သတ်သတ်လွတ်အကြောင်းပါ
အစာကို စားရာ၌ သီလ၏ပြည့်စုံခြင်း၊ဉာဏ်ပညာ၏ပြည့်စုံခြင်း၊ စိတ် သမာဓိ ၏ ပြည့်စုံခြင်း ဖြင့် စားရာ၏ ဟု
ဘုရားရှင်က အတိလင်းဟောထားပါတယ်
သတ်သတ်လွတ်စားတဲ့ဆရာတော်ကြီးတွေကို စာအုပ်တွေလှန်ပြီးဝေဖန်ကြမယ့်အစား
မေတ္တာရဲ ့နက်နဲတဲ့အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး အရင်ရှာဖွေကြည့်ကြပါလို ့တော့ တိုက်တွန်းကြည့်တာပါ
လုပ်မနိုင်ရင်လည်းသဘောပါ
ဆူး
October 13, 2010 at 12:04 pm
သတ်သတ်လွတ်စားတဲ့ဆရာတော်ကြီးတွေကို စာအုပ်တွေလှန်ပြီးဝေဖန်ကြမယ့်အစား
မေတ္တာရဲ ့နက်နဲတဲ့အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး အရင်ရှာဖွေကြည့်ကြပါလို ့တော့ တိုက်တွန်းကြည့်တာပါ
လုပ်မနိုင်ရင်လည်းသဘောပါ <<<< အောင်ပု စကား ဒီတခါတော့ တော်တော် သဘောကျသွားပြီ
bigcat
October 13, 2010 at 11:56 pm
ဒါဆိုဆရာပုက ဗုဒ္ဓဘုရားပြောခဲ့သလို အသားငါးစားရင် အသိစိတ်လေး မလွတ်ဘဲနဲ့စားနိုင်တယ်ပေါ့။ သာဓုပါခင်ဗျာ။ မဟုတ်ရင်တော့ နဲနဲတော့ ပြန်စဉ်းစားဖို့လိုမယ်နော။ ကံနယ်ထဲကမလွတ်သေးရင် တချို့အရာတွေကို ကံအလုပ်တွေလို စဉ်းစားတာကောင်းပါတယ်။ ညဏ်နယ်ထဲကို ရောက်နေပြီဆိုရင်တော့ သဘောရှိပေါ့။