မြန်မာနိုင်ငံ ရဲ့ ခေတ်အဆက်ဆက် အလံတော်များ
မြန်မာနိုင်ငံရဲ့ အလံများကို ခေတ်အဆက်ဆက် အလိုက် ပြုစုထားတာကို ဗဟုသုတ အနေနှင့် တင်လိုက်ပါသည်။
We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
မြန်မာနိုင်ငံရဲ့ အလံများကို ခေတ်အဆက်ဆက် အလိုက် ပြုစုထားတာကို ဗဟုသုတ အနေနှင့် တင်လိုက်ပါသည်။
16 comments
search123
October 23, 2010 at 5:38 am
ကျေးဇူးပါ ဆူး။ ရှာရှာဖွေဖွေ တင်ပေးထားတာ။
ခုနှစ်အလိုက် ထည့်ပေးထားတာ ကို ပိုကြိုက်ပါတယ်။
phantom
October 23, 2010 at 5:55 am
အခုလို ရှာရှာဖွေဖွေတင်ပြပေးတာ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဘယ်လိုကြည့်ကြည့် အခုအလံက အရင်ကအလံလောက် ကျက်သရေမရှိတာ ဆိုးပါတယ်။ မြင်ရတာကြာလို့ပဲလား ငယ်ငယ်က သင်ခဲ့ဖူးတဲ့ တို့အလံဆိုတဲ့ အလံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့်ပဲလားမသိပါဘူး အခုအလံက ကြယ်ကြီးကကြီးပြီး အရိုင်းဆန်သလိုပဲ အာဖရိကနိုင်ငံတွေက အလံတွေနဲ့တူနေပါတယ်။
kai
October 23, 2010 at 8:27 am
သိသလောက်ပြောရရင်… အခုအလံကသုံးရောင်ခြယ်အလံကို… တပ်မတော်တံဆိပ်ဝင်ပူးလိုက်တာလို့..မြင်မိပါတယ်..။
မြန်မာ့တပ်မတော်က ..ကြယ်ဖြူကို သုံးတာတွေ့နေရတာကိုး..။
ပြောရရင် ..၈၈တုံးက ..ကျောင်းသားတွေနဖူးစီးမှာလည်း…အနီခံမှာအဖြူတလုံးကြယ်တွေ..
အဖြူခံမှာလည်း..အနီတလုံးကြယ်တွေ့ဖူးတယ်..။ ခြုံပြောရရင်…တော်လှန်ရေးသဘောဆောင်နေသလိုပါပဲ..။
ပြသနာတခုက..အာဖရိကက..အဲဒီရောင်စဉ်သုံးခုကို …သူတို့အာဖရိကအထိမ်းအမှတ်လုပ်ထားတာပါပဲ..။
ဒါကြောင့် ..အာဖရိကနဲ့သွားတူတော့တာပေါ့..။အစိမ်းရောင်(အလံ)ဟာလည်း ..အစ္စလမ်ဘာသာကိုကိုယ်စားပြုတယ်လို့ ..သတ်မှတ်တတ်ကြပါသေးတယ်..။
အလံဆိုတာက ရိုးရှင်းရင်ကောင်းတယ်ထင်မိတာပါပဲ..။
နကိုဆိုရှယ်လစ်အလံကိုတော့ သဘောရိုးနဲ့ပြောရရင်..မကြိုက်ပါဘူး..။
ဆိုရှယ်လစ်ခေတ်မှ မဟုတ်တော့ပဲလေ..။ တံစဉ်တွေ။ စက်သွားတွေ..အလုပ်သမားလယ်သမားကိုယ်စားပြုတွေ မလိုတော့ပါဘူး..။
ကမ္ဘာ့အရှုပ်ထွေးဆုံးအလံတွေထဲက တခုဖြစ်ခဲ့တာပေါ့..။
ကျုပ်သဘောပြောရရင်..အလံတွေထဲမှာ..ဂျပန်နဲ့ဂျာမဏီအလံကိုကြိုက်တယ်..။
အခုအလံကို…အရောင်တောက်တောက်မလုပ်ပဲ.. ဂျာမန်အလံလို ..အရောင့်ရင့်ချလိုက်ရင်..မဆိုးဘူးထင်တယ်..။
ဘာပဲပြောပြော… သုံးရတော့မှာပါပဲ..ဒီလိုနဲ့..ငွေစက္ကူတွေ..။ လမ်းနာမယ်တွေ။တိုင်းပြည်အမည်တောင်.. ပြောင်းတာလိုက်သုံးကြရတာပဲမဟုတ်လား..။
ကုလသမဂ်ဂနဲ့ …တခြားနိုင်ငံတွေရဲ့အစိုးရတွေကတော့ …မေတ္တာတွေပို့ကြဦးမှာပဲ..။
သူတို့တွေရဲ့ ကျောင်းသုံးစာအုပ်တွေ.. အစိုးရရုံးစာအုပ်တွေ ..ပြင်ရဦးမှာကိုး..။ ကမ္ဘာ့ငွေကြေးထဲ..ဘီလီယန်တော့ အသာလေး..ပလုံသွားတာပေါ့..။
tunaung
October 23, 2010 at 9:17 am
အလံသစ်စသုံးတဲ့အချိန်မှာခုလိုအလံဟောင်းလေးတွေရှာကြံတင်ပေးတာကျေးဇူးတင်ပါတယ်ဆူး…..
mG
October 23, 2010 at 12:12 pm
ပုံမတွေ့ရဘူးဖြစ်နေတယ်ဗျို့…။ကျွန်တော်ပဲ ကံမကောင်းလားတော့မသိတော့ပါဘူးဗျာ…..။
april
October 23, 2010 at 2:16 pm
အလံဟောင်းတွေ တစ်ခါမှ မမြင်ဖူးဘူး..ခုလို ရှာဖွေတင်ပေးတဲ့ ဆူးကို ကျေးဇူးတင်ပါတယ်။
paukpauk
October 23, 2010 at 3:24 pm
အလံလေးတွေကူးယူမျှဝေခွင့်ပြုပါဆူး။
kai comment ကောင်းတယ်ဗျို့။
ဆူး
October 24, 2010 at 3:56 am
ယူပါ.. ဆူးလည်း သူများ တင်ထားတာ ကို အလွယ်တကူ ယူပြီး ဒီဆိုက်က သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ တင်ပေးထားတာပါ။ ဆူးရဲ့ မူပိုင်မဟုတ်ပါဘူး။
kounglay
October 23, 2010 at 5:05 pm
အခုမှတွေ ့ဖူးတာပါကျေးဇူးပါဗျ………..
winkyawaung
October 23, 2010 at 5:14 pm
အလံတွေကို ကူးယူပြီး သိမ်းထားပါရစေဗျာ..။ကျေးဇူးတင်ပါတယ်။
Yin Nyine Nway
October 24, 2010 at 2:13 am
ကျေးဇူးတင်ပါတယ် အခုလို ရှားရှားပါးပါး တင်ပေးလို့
goldenhawk
October 24, 2010 at 2:57 am
ချီးကြူးစရာကောင်းပေတယ်(အဝါရောင်ဆိုတာဗုဒ္ဒဘာသာနို်င်ငံဖြစ်ပြီးအစိမ်းရောင်ဆိုတာကတော့စစ်တပ်ကအမြဲအုပ်ချုပ်သောနိုင်ငံဖြစ်ပြီးအနီရောင်ကတော့သူတို့စစ်
တပ်တစုအတွက်ဆိုရင်အပြစ်မဲ့ရဟန်းသံဃာပြည်သူတွေကိုသတ္တိပြောင်မြောက်စွာ
သတ်ဖြတ်ပြီးမြန်မာတပြည်လုံးကိုသွေးနီရောင်လွမ်းစေမည့်အနီရောင်ကြယ်ဖြူက
တော့မြန်မာပြည်ကိုသူုတို့ကထာဝရဦးဆောင်သွားမည့်သဘောဖြစ်နိုင်ပါကြောင်း..
ဆူး
October 24, 2010 at 3:58 am
ဒီကွန်မန့်ကို ဖတ်ရတာ တော်တော် တုန်လှုပ်မိတယ်..
snique
October 24, 2010 at 5:27 am
မှန်လို်က်တာ ဗျာ
thidakywewa1
October 24, 2010 at 3:07 pm
ဟဲဟဲ မာန်ဘာမဝင်ခင်ကတည်းက ကော်ပီလုပ်နေကျဆိုတော့ ထူးပြီးမတောင်းတော့ဘူးနော် ….ကျေးဇူးတင်ပါတယ်
narziparty2009
October 24, 2010 at 3:39 pm
မြန်မာနိုင်ငံတော်အလံသစ်ရဲ.သဘောကတော. အလံ၏ အဝါ၊ အစိမ်း ၊ အနီ မျဉ်းကြောင်းများမှာ မီးပွိုင့်ကို ကိုယ်စားပြု၍ အလည်မှ ကြယ်ဖြူကြီးမှ ဦးထုပ်အဖြူဆောင်ထားသော မော်တော်ပီကယ်ကို ကိုယ်စားပြုသည်… xD