ခက်ဆစ်
က်ဆစ် ( ၃ )
သူများတွေက ကန့်လန့်ဖြတ်တော့ “ ကြက်ခြေနီ ” တဲ့။
ငါ့ကျတော့. . .
သူ့အသံထွက် အတိုင်းပဲ
ကြည့်ရတာ ဆင်မယဉ်သာကို မရှိဘူး။
ခြေအစုံကို ဘေးကားထားပြီး
ကို့ယို့ကားယား ပြေးလွှားနေတယ်။
“ ဒါ အနုပညာပဲ ”
“ ဟင် ဘယ်ဟာလဲ ”
“ ဒါပဲလေ ”
“ အင်းလေ. . ဘယ်ဟာလဲ ”
“ ကြည့်တတ် ၊ မြင်တတ် ၊ ခံစားတတ်ရင် အရာရာဟာ အနုပညာပဲပေါ့ ”
ခုနစ်မျက်နှာ ကြော်ငြာပါ
ရှစ်မျက်နှာက အတင်းပွဲ
မျက်နှာဝက်က သတင်းပဲ။
လက်တည့်ပုံလည်း မရပါဘူး။
မကောင်းသူထိပ် ၊ ကောင်းသူထိပ် ဆိုပြီး
သူ မျက်စိမှိတ် ပစ်နေတာပါ။
ဒါတောင်မှ. . .
နာမည်က ကြီးနေသေး။
သူ့နာမည်ကို ကျွန်တော် ကြိုက်တယ်။
ပညာသားပါပါ ပါပဲ။
မသိသူ ကျော်သွား ၊ သိသူ ဖော်စား ဆိုသလို . . .
“ စာ ” တမ်းတွေ အားလုံးကို အသာလေး “ အုပ် ” ထားတယ်။
တူးဖော် ယူတတ်မှ. . . ။
တကယ်တမ်း ဖြစ်ခွင့်ရမယ် ဆိုရင်
ကျွန်တော် “ လူရိုင်း ” ဖြစ်ချင်ပါတယ်။
အချွန် ၊ အတတ်တွေနဲ့ ထိုးထိုးထောင်ထောင်
သူ့အဝတ်အစားကို ဝတ်ကာ ဘတ်စ် စီးရင်
တော်တော် ပျော်ဖို့ ကောင်းမှာပါ။
“ ဒူးရင်းသီး ” ကိုင်ပြီး ဘတ်စ် တိုးစီးရသလိုပေါ့။
ကိုဇော်