Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အနီးအပါးမှ မခွာသော အတွေးအမြင်များ။

sniqueOctober 30, 20101min4046

ပုဂံ ရွှေဆံတော် စေတီကြီး၏ တောင်ဘက် ” ငါဖုန်သင်ယောင်ဂူဘုရား” အတွင်းရှိ စက်ဝိုင်းပန်းချီ များကို ကြည့်ရင်း ပုဂံသူ ပုဂံသား တို ့ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ထေရဝါဒ ရှိ စကြဝဠာ နှင့် စပ်လျဉ်းသော အကြောင်းအရာ များကို သူ နှင့် ကျွန်တော်ပြောဖြစ်နေကြသည်။ ထိုအကြောင်းအရာ များကို သူ နှင့် ကျွန်တော်ပြောရင်းမှ သူက ကျွန်ုပ်တို ့ ကမ္ဘာ ကြီးနှင့် လူသတ္တဝါတို ့မကြာမီရင်ဆိုင် ရတော့ မည့် ဘေးအန ္တရယ်များ အကြောင်းကို အလေး အနက် ပြောပါသည်။သူ ့စကားသံ၌ စိုးရိမ်ထိတ်လန် ့သံတွေပင်ပါနေသည်ကို အမှတ်ရနေပါသည်။ သူပြော ပြသည်များ ကို အကျဉ်းချုံးလိုက်လျှင်အောက်ပါကဲ ့သို ့ဖြစ်ပါလိမ့်မည်။ (၂) ကျွန်ုပ်တို ့ကမ ္ဘာ၏ သက်တမ်းအတွင်း၌ ရာပေါင်းများ စွာ သော အရွယ် အစား မျိုးစုံသော ကြယ်တံခွန်များသည် ကမ္ဘာကြီးကို ဝင်၍ တိုက်ခဲ့ကြသည်။ ကမ္ဘာ့ လေထုအတွင်းသို ့ကြယ်တံခွန် တို ့ ၏ အစိတ်အပိုင်းမျာသည် တန်ပေါင်းရာထောင်ချီ၍ ဝင်လာ ခဲ့ကြဖူးသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၅ သန်း ခန့် က ကြယ်တံခွန် ၏ အစိတ်အပိုင်းများသည် ကျွန်ုပ် တို ့ကမ္ဘာကို ဝင်၍ တိုက်ခိုက်ဖူးသည်။ ထိုသို ့ ဝင်ရောက်၍တိုက်လာသော ကြယ်တံခွန် အစိတ်အပိုင်းများ၏ ထိမှန်မှုကြောင့် ဒိုင်နိုင်ဆော သတ္တဝါကြီးများ မျိုးပြုန်းလုမတတ်ဖြစ်သွားသည်။ ထို ့နောက်များ မကြာမီ ကမ္ဘာ မှ ဒိုင်နိုဆော် သတ္တဝါ များ အစတုံး ပျောက်ကွယ် သွားကြည်သည်ဟု သိပံ ပညာရှင်အချို ့က ဆိုကြသည်။ အချို ့က ဆိုသော အဆို ဖြစ်သောကြောင့် အားလုံးက လက်ခံချင်မှတော့ လက်ခံကြလိမ့်မည်။ သို ့ရာတွင် ဒိုင်နိုဆောတို ့ ကမ္ဘာမှ မျိုးပြုန်း ပျောက်ကွယ်သွားကြခြင်းက တော့ အမှန်ပင်ဖြစ်သည်။ ဒိုင်နို်ဆော်တို ့ ကမ္ဘာမှ မျိုးပြုန်းပျောက်ကွယ် သွားခြင်းအကြောင်းကြားရသောအခါ ကြားရသူတို ့သည်။ မိမိ တို ့နှင့်မဆိုင်သလို လို ထိတ်လန် ့ရကောင်းမှန်းမသိသလိုလို ဖြစ်ကြပါလိမ့်မည်။ စင်စစ် ဒိုင်နိုဆောများသည် ကမ္ဘာပေါ်၌ နှစ်ပေါင်း သန်း ၁၅ဝ ခန် ့မျှ အသက်ရှင်နေခဲ့ နိုင်စွမ်းသူများ ဖြစ်သည်။ ကမ္ဘာပေါ် ၌ လူတို ့သည် လူအဖြစ်ဖြင့် နေထိုင်ခဲ့ခြင်းမှာ နှစ် ၄ သန်း မျှပင် မရှိသေး၊ လူတို ့ သည် ကမ္ဘာပေါ်မှ မကြာခင်ပျက်စိးမျိုးပြုန်းရတော့မည့်အခြေအနေ များ ဖြစ်ပေါ်လာနေပြီ ဟု သိပံ ပညာရှင်တို ့က  သတိပေးနေကြသည်။ လူမျိုးပြုန်ေးတာ့မည့်အခြေအနေများ ဖြစ်ပေါ်နေပြီဟု သိတပေးနေသော်လည်း ယနေ ့ကမ္ဘာကြီး၌ တစ်စက္ကန့် တိုင်းတွင် လူ ၃ ဦး ကျ မွေးဖွားလျက်ရှိသည်။ တစ်ရက်အတွင်း ၌ ပင် လူဦးရေ နှစ်သိန်း ငါးသောင်းကျော် တိုးလျက်ရှိသည်။ လူတွေတိုးတက် များပြားလာမှုကြောင့် မြို ့ကြီးများသည် မွန်းကျပ်မှု အမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဝန်းကျင် ညစ်ညမ်းမှု အမျိုးမျိုးဖြစ်လျက် ကမ္ဘာ့ အကြီး ဆုံး မြို ့ကြီးများ ၌ ရက်သတ္တတစ်ပတ်အတွင်း လူဦးရေ ၁၀၀၀၀၀ဝ ခန် ့ တို းလျက် ရှိသည်။ ထိုသို ့လူတွေတိုးတက်များပြားလာမှုကြောင့်မြို ့ကြီးများသည် မွန်းကျပ်မှုအမျိုးမျိုး၊ ဝန်းကျင်ညစ်ညမ်းမှု အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိသည်။ ဝန်းကျင်ညစ်ညမ်း မှုကြောင့်ဖြစ်ပေါ်လာသော ရောဂါများ ကို ကုသရသည့် စားရိတ် များ အဆမတန် တက်၍ လာပုံကို ကမ္ဘာ့  ဘဏ် မှ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။ ဆေးပညာ၏ အစွမ်းသတိ္တ ထက်မြက်မှုကြောင့် လူတို ့အသေအပျောက်နည်းသည် ဆိုသော်လည်း ပျက်စီးနေသော အိုဇုန်းလွှာသည် ယခု အတိုင်းသာ ဆက်လက်ပျက်စီးနေသည် ဆိုလျှင် လူတို ့မကြာမီ ကမ္ဘာ မှ မျိုးတုံးသွားအောင် ဖန်တီးမည့် အခြေအနေ များ ဖြစ်ပေါ်လာတော့ မည်ဟု ပညာရှင်များ က သတိပေးနေကြသည်။ ကမ္ဘာကြီး ၌ လူဦးရေ အဆမတန်များပြားလာမှုကြောင့် လူတွေနေထိုင်ဖို ့နေရာတွေချဲ ့နေကြရသည်။ နေရာချဲ ့ရင်း သစ်တောများ စိုက်ပျိုးနိုင်သော နေရာများ ပြုန်းတီးကုန် ကြသည်။လူတို ့ စားဝတ်နေရင်းအတွက် သစ်ပင်များကို ခုတ်လှဲ ကြသည်။ လောင်စာ အဖြစ် အသုံးပြု မီးရှို ့ပစ်ကြသည်၊ အခြား လူ ့အသုံးအဆောင် အမျိုးမျိုးအတွက်လည်း သစ်ပင်များကို အတော မသတ်ခုတ်လှဲကြသည်။  သို ့နှင့် သဘာဝ သစ်တောတွေ ပြုန်းတီးလာရာမှ ထို ပြုန်းတီး သွားသော နေရာများက လွင်တီးခေါင်များ ဖြစ်လာကြသည်။ ထိုလွင်တီးခေါင်များ ဖြစ်လာသောကြောင့် မိုးရွာသောအခါ ရေကို မြေက ထိန်းမထား နိုင်၊ ထိုသို ့ ထိန်းမထား နိုင် မှုမှ အကြောင်းဆက်၍ ရေကြီးခြင်း မိုးခေါင်ခြင်း တွေ တစ်လှည့်စီဖြစ်ကြသည်။ မြေဆီလွှာတွင် ရေကို ထိန်းမထားနိုင်သော အခါ မြေဩဇာ ညံ့ဖျင်း၍ ကောက်ပဲသီးနှံ တို ့သည် လူတို ့ကို အာဟာရဖြစ်စေသော အစွမ်းသတ္တိ တို ့ကုန်ခန်း သွားကြမည်။ အာဟာရ ပြည့်ဝစွာ မရသော လူတို ့၌ ရောဂါပေါင်းစုံ ဝင်ရောက်လာနိုင်သည်။ အသက်တန်းတို ့ လည်း ဆုတ်ယုတ်သွားနိုင်သည်။ လူတို ့သည် အစာရေစာ အတွက်၊ နေရေးဝတ်ရေး တို ့အတွက် တိုး တက် ပါသည်ဆိုသော စက်မှုအတတ် ပညာ၊နည်းပညာ တို ့ဖြင့် မြေပေါ်မြေအောက် ပင်လယ်ပြင်တို ့ပါမကျန် သဘာ ဝ အရင်းအမြစ် များကို ထုတ်ယူသုံးစွဲ နေကြသည်။ စင်စစ် လူတို ့သည် လူတို ့၏ တတ်သိစွမ်းရည်တို ့ဖြင့် သဘာဝတရားကို ဖျက်ဆီဖြိုခွဲနေခြင်းဖြစ်သည်။ စက်မှုအတတ်ပညာတို ့ဖြင့် သဘာဝ ကို အနိုင်ယူဖို ့တည်ဆောက်ခဲ့ကြသော စက်ရုံအလုပ်ရုံတို ့ မှ စွန် ့ပစ်ပစ္စည်းတို ့သည် များသည် ထက်များလာကာ ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်လာခဲ့သည်။ ကျယ်ပြန် ့လှပါသည်.ဆိုသော ပင်လယ်သမုဒ္ဒရာ ကြီးများသည်ပင် စွန့် ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းလာကြသည်။ လူတို ့လောင်စာ ဆီ အမျိုးမျိုး အသုံးပြုမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်  နှင့် အခြား အခြားသော လူတို ့ဖန်တီး တီထွင်ထားမှုများ မှ ထွက်ပေါ်လာသော ဓာတ်ငွေ ့မျိုးစုံ သည် လေထု ကို ညစ်ညမ်းစေလျက်ရှိသည်။ ထိုညစ်ညမ်းမှုက လူတို ့ရုပ်ပိုင်းဆိုင်ရာ တို ့ကို သာမက စိတ်ပိုင်းဆိုင်ရာ တို ့ကိုလည်း အန္တာရာယ် ပြုလျက်ရှိကြသည်။ ထိုမျှမဟုတ်သေး၊ လူသုံးကုန်အမျိုးအစား များ စွာကို ထုတ်လုပ်မှု ပြုရာမှ ပေါ်ထွက်လာသော ကလိုရိုဖလူရိုကာဗွန် (CFC) ဓာတ်ငွေ ့များက အိုဇုန်းလွှာကို အကြီးအကျယ်ဖျက်ဆီးလျက်ရှိသည်။ CFC သည် လူတို ့သက်သာလွယ်ကူ အဆင်ပြေမှုအတွက် များ စွာ အထောက်အကူ ပြုခဲ့သကဲ့သို ့ရှိသည်မှာ မှန်ပါ၏။ အမေရိကန် ပြည်ထောင်စု ၌ နေ ့စဉ်စားသုံးနေသော အစားအစာ ၇၅ ရာခိုင်နှုန်း ကို CFC များ အသုံးပြုထားသော အအေးခန်းများ တွင် သိုမှီးကြသည်။ CFC က ဆေးမှုတ်ခြင်း ဖုန်လှဲခြင်း အလုပ်များကိုလဲ လုပ်ပေးသည်။ လူတို ့သက်သာ လွယ်ကူ အဆင်ပြေစွာ သုံးနို်င်သော ပလတ်စတစ် ပစ္စည်းများ အခု အခံ ပစ္စည်း များကိုလည်း CFC ကို အသုံးပြု ၍ ပြုလုပ်ကြသည်။ ကွန်ပြူတာ စက်ရုံများ ၌ ဖုန်သန့် ရှင်းပေးသော ဆေးရည်အဖြစ် ထုတ်လုပ်ရာ ၌ လည်း CFC ကို အသုံးပြုသည်။ စားသောက်ကုန် ဂိုဒေါင်များ ကုန်ရုံများ တွင် ပိုးသတ်ဆေး ဖျန်းသည့် အခါ ၌ လည်း CFC ကို အသုံးပြုကြသည်။ ကော်ဖီထည့်သည့်  ရေမြုပ်ခွက်များ၊ ကြက်ဥ ထည့်သည့် ဘူးများ၊ အစားအသောက်ပါဆယ် ထုပ် ထည့်ပေးသည့် ဘူးများ ပြုလုပ်ရာတွင်လည်း CFC  သည် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ လုပ်ငန်းသုံးပစ္စည်းအများအပြား ကိုစီးပွားဖြစ်ထုတ်လုပ်ရာ ၌ CFC သည် လွန်စွာမှ အရေးပါလာသည်။သို ့ဖြစ်၍ စီးပွားရေးသမားများ ၏ မက်လုံးပေးမှုကြောင့် အလိုလောဘ မကင်းနိုင်ကြသော ပညာရှင်တို ့က CFC များကို ထုတ်ပေးခဲ့ကြရာ ယခုအခါ၌ CFC 11 CFC 12 ဟု အမည်ပေး၍ ပင် ထုတ်ပေးခဲ့ကြသည်။ စီးပွားရေးသမားများသည်မိမိတို ့အလိုလောဘ အကျိုးရလဒ် အထိလောက် သာ ရောက်သော၊ မိမိတို ့အလိုလောဘ ဂုဏ်သိက္ခာ ၏အနီးအပါးလောက်က သာ ရောက်သော အတွေးအမြင်တို ့ဖြင့် CFC ကို အသုံးပြုကာ လုပ်ငန်း သုံးပစ္စည်းများကို အများအပြား ထုတ်ကြသည်။ စီးပွားရေးသမား များ CFC ကိုထုတ်လုပ်သူများသည် မိမိတို ့အလိုလောဘ မှ ကျော်လွန်၍ ကမ္ဘာ လူ ့သတ္တဝါ အများ အပြားကို CFC က မည်ကဲ့သို ့အကျိုးဆုတ်ယုတ်စေနိုင်သည်ဟူ သော အတွေး အမြင်မျိုးကို မတွေးလို ကြ။ CFC များသည် ဒြပ်သေများ ဖြစ်ကြသည်။ ဒြပ် သေများ ဖြစ်သော ကြောင့် အခြား ဓာတ်များကဲ့သို ့ရက်ပိုင်းလပိုင်းလောက်ဖြင့် ပျက်စီးသွားခြင်း မရှိဘဲ နှစ်ပေါင်း ရာနှင့်ချီ၍ မပျက်မစီး ရှိနေနိုင်သည်။ ပညာရှင်တို ့က ထို CFC တို ့သည် လေထုထဲတွင် တဖြည်းဖြည်း မြင့်တက်သွား၍ ၅ နှစ်အတွင်း စထရက်တို စဖီးယား လေထု အလွှာ ထိ ရောက်သွားကြသည် ဟု ဆိုသည်။ ထို လေထု အလွှာ သို ့ရောက်သော အခါ CFC  တို့ သည် ဓာတု ဖွဲ ့စည်း မှု အရ အိုဇုန်းဒြပ် များနှင့် ပူးပေါင်း ကာ ထို အိုဇုန်းများကို ဖျက်ဆီးလေတော့သည်။ ဆိုလိုသည်မှာ CFC တွင်ပသော ကလို ရင်းအက်တမ်တစ်လုံးသည် အို ဇုန်း O3 နှင့် ပေါင်းလိုက်၍ ဓာတ်ပြုရာ ၌ O2 ကို ဖြစ်စေသည်။ ထိုသို ့ဖြစ်စေ၍ ကလို ရင်းမိုနောက်ဆိုဒ် ဒြပ် ကိုထုတ်ပေးသည်။ ဆက်၍ ဒုတိယအကြိမ်ဓာတ်ပြောင်းလဲမှုဖြစ်ရာ၌ ကလိုရင်းမိုနောက်ဆိုက် သည် အောက်စီဂျင် O တစ်လုံးတည်း နှင့် ဓာတ်ပေါင်းလိုက်၍ O2 ဖြစ်လာသော အခါ ကလိုရင်း အက်တမ်တစ်လုံးထွက်လာပြီး အိုဇုန်းများကို ဖျက်ဆီးမှုပြုသည်။ ကလိုရင်းအက်တမ်တစ်လုံးသည် ပင် အိုဇုန်းဒြပ် ထောင်ပေါင်းများစွာကို ဖျက်ဆီးနိုင်သည်။ ယခုအခါ၌ စထရက်တိုစဖီးယား လေထု အလွှာသို ့ ကမ္ဘာ မှ လွင့်တက်သွားသော CFC ဓာတ်ငွေ ့`၏ ပမာဏသည် တန်ချိန်အားဖြင့် သန်း၂ဝ ကျော်ပင် ရှိနေကြောင်း စမ်းသပ်တွေ ့ရှိရသည်ဟု ဆိုသည်။ ထို CFC တို ့သည် အိုဇုန်း လွှာကို နှစ်ပေါင်းများ စွာ ဖျက်ဆီးနေနိုင်စွမ်း ကြမည်ဖြစ်သည်။ လူသတ္တဝါတို  ့ကို အန္တာရယ် ပြုနိုင်သော နေမှလာသည့် ခရမ်းလွန်ရော်ငခြည် Ultra Violet Ray ကို အို ဇုန်းလွှာက ကာကွယ်ပေးထားသည်။ အိုဇုန်းလွှာသာ မရှိပါက ကျွန်ုပ်တို ့ကမ္ဘာ ကြီးသည် အဖက်ဖက် ၌ ဖောက်ဖောက်ပြန်ပြန်တွေဖြစ်ကုန်နိုင်သည်။ နေရောင်၌ အရောင်ခုနှစ်မျိုး (ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်) ပါဝင်လျက် ရှိသည်။ ရောင်ခြည်လှိုင်း အတိုင်းအတာအရ ထိုအရောင်ခုနှစ်မျိုးသည် (400mm) နှင့် (760mm) ကြားတွင်ရှိသည်။ ခရမ်းရောင် Violet သည် ရောင်ခြည်လှိုင်း (400mm) တွင်လည်းကောင်း အနီရောင်သည် ရောင်ခြည်လှိုင်း (760mm) တွင်လည်းကောင်း ရှိကြသောကြောင့် ရောင်ခြည်လှိုင်း (760mm) အောက်ရောငြ်ခည်ကို ခရမ်းလွှန်ရောင်ခြည် Ultra Violet Rays ဟုခေါ်သည်။ ရောင်ခြည်လှိုင်း 760mm ထက်ပိုသော ရောင်ခြည်ကို အနီအောက်ရောင်ခြယ် Infra-Red Rays ဟုခေါ်သည်။ ထိုခရမ်းလွန်ရောင်ခြည်ကြောင့် လူတို ့၌ အရေပြား ကင်ဆာ များကို ရ၍ လူတွေမျိုးတုံးသွားလေမည်လော၊ ထိုခရမ်းလွန်ရောင်ခြည်ကြောင့် လူတို ့၏ မျက်စိ အတွင်းပိုင်း အလွှာများကို ပျက်စီးနိုင်၍ လူတို ့ကမ္ဘာ သည် မျက်ကန်းတို ့၏ ကမ္ဘာ အဖြစ်သို ့ရောက်သွားလေမည် လောဟု ပညာရှင်တို ့က စိုးရိမ်ကြသည်။ အိုဇုန်းပျက်စီး မှုကြောင့် မကြာတော့သည် ကာလတွင် ကမ္ဘာ ၌ အပူရှိန်များ မြင့်တက်လာမည်၊ ထို သို ့ အပူရှိန်မြင့်တက်လာမှုကြောင့် မြောက်ဝင်ရိုးစွန်း၊ တောင်ဝန်ရိုးစွန်း တို ု့မှ ရေခဲတောင်များ ၊ ကမ္ဘာ ့ တောင်တန်းကြီးမှားပေါ်မှ ရေခဲပြင်ကြီးများ အရည်ပျော်နိုင်သည်။ ထို အခါ ပင်လယ် သမုဒ္ဒရာ ရေပြင်တို ့မြင့်တက်လာနိုသည်။ အပူရှိန်မြင့်တက်လာမှုကြောင့်ပင် ပင်လယ်သမုဒ္ဒရာတို ့၏ ပင်ကို ရေပြင်မြင့်တက်လာပါက မုန်တိုင်းများ၊ ရေကြီးခြင်းဘေးများ ဖြစ်ပေါ်လာ၍ ကမ္ဘာ ့ရာသီဥတုများသည် အကြီးအကျယ် ပြောင်းလဲ ဖောက်ပြန်သွားနိုင်သည်။ရာသီဥတုတို ့ဖောက်ပြန်မှုကြောင့် စိုက်ပျိုးထွန်ယက်မှုတို ့ ပျက်စီးခြင်း ဖြင့် လူတို ့ကမ္ဘာ ၌ ဒုဗ ္ဘိ က္ခန ္တရ ကပ် ထို မှ တဆင့် ရောဂန္တရ ကပ်၊ ထို မှ သတ္တန ္တရ ကပ်တို ့ဆိုက်ရောက်ကာ လူသတ္တဝါတို ့ ကမ္ဘာမှ ပျောက်ကွယ် သွားကြတော့မည်လော၊ ဒိုင်နိုဆော် သတ္တဝါတို ့သည်  ကမ္ဘာပေါ်တွင် နှစ်ပေါင်း သန်း ၁၄ဝ ကျော်၊ ၁၅ဝ ခန် ့နေထိုင်ခဲ့ကြသည်။ လူတို ့၏ ကမ္ဘာ ပေါ်၌ လူအဖြစ် ရပ်တည်နိုင်ခဲ့သည် မှာ ကျော်ဖြစ်ရုပ်ကြွင်း အထောက်အထားများ အရ နှစ် ၄ သန်း မျှ ပင် တင်းတင်းမပြည့်သေး။ ထို သို ့နှစ် ၄ သန်း ပြည့်အောင်ပင် ကမ္ဘာ ၌ မနေရသေးသော လူတို ့ကို မျိုးတုံးသွား ရန် အခြေအနေ တွေက ဖြစ်ပေါ်လာလျက်ရှိသည်။ (၃) အထက်ပါအကြောင်းအရာများကိုပြောပြီးနောက် သူ က “ဒိုင်နိုဆော် သတ္တဝါတွေမျိုးတုံးခဲ့ရတဲ့အကြောင်း နဲ ့ လူတွေ မျိုးတုံး မည့်အကြောင်းတွေကို ခင်ဗျား စဉ်းစားကြည့်၊ ဒိုင်နိုဆော်တွေမျိုးတုံးခဲ့ရာတာ ဟာ သဘဝတရားရဲ ့နှိပ်စက်မှုကြောင့်ပဲ၊ သဘာဝ တရား ရဲ ့အချယ်လှယ် ကို ခံလိုက်ရလို ့ပဲ၊လူသတ္တဝါတွေက တော ့အသိဉာဏ်မြင့်တယ်၊ အသိဉာဏ် ရှိတော့လူသတ္တဝါတွေဟာ သဘာဝတရား ရဲ ့နိယာမ ဖြစ်စဉ် တွေကို နားလည်နိုင်စွမ်းတယ်။ ဒီလိုနားလည်တဲ့ အသိတွေနဲ ့လူသတ္တဝါတွေဟာ သဘာဝ တရားကို  ချုပ်ကိုင်ခြယ်လှယ်နိုင်စွမ်းတယ်။ သူတို ့အလိုကျဖြစ်အောင် သဘာဝ တရားကို ဇက်ချုပ်ပြီး ခိုင်းစေတယ်။ လွှမ်းမိုး အနိုင်ယူတယ်။ သူတို ့အ လိုကျ အသုံးချနိုင်စွမ်းတယ်။ ဒီလို စွမ်းနိုင်တာကို ပဲ လူတွေဟာ ဂုဏ်ယူနေတတ်သေးတယ်။ သတ္တလောက မှာ လူဟာ အတော်ဆုံး အတတ်ဆုံး၊ အမြင့်မြတ်ဆုံးအဖြစ်ကိုပေါ့။ ဒါပေမဲ့ အတော်ဆုံးအတတ်ဆုံး ဆို တဲ့လူ ၊ ဒါမှမဟုတ် ပညာရှင်လူသတ္တဝါဟာ အမြင့်ကြီးမှာ ရှိတဲ့ သစ်ကိုင်းအဖျားပိုင်း မှာ ထိုင်ပြီး သစ်ကိုင်းအရင်းပိုင်းကို ခုတ်ပိုင်းနေမိတယ်ဆိုတာ မေ့လျော့ နေတတ်တယ်။ အဲဒီလူဟာ မိမိကြောင့်ပဲ အမြင့်က ကျ ပြီး ဘဝတုန်းနိုင်သလို လူတွေဟာလဲ လူတွေရဲ ့လုပ်ရပ်ကြောင့်ပဲ လူမျိုးတုန်းသွားနိုင်တယ်။ လူတွေကပဲ သဘာဝ ဝန်းကျင်ကြီးကို ညစ်ညမ်းအောင်လုပ်တယ်။ လူတွေကပဲ သစ်တောကြီး တွေပြုန်းတီးအောင်လုပ်တယ်။ လူတွေက ပဲ အိုဇုန်းက ဖျက်ဆီးပစ်ကြတယ်။ အိုဇုန်းပျက်ဆီးရင် ပင်လယ်သမုဒ္ဒရာကြီးတွေ ဖောက်ပြန်ကုန်မယ်။ ရာသီဥတု တွေ ဖောက်ပြန်ကုန်မယ်၊ အစာအာဟာရ တွေ ဆုတ်ယုတ် ပျက်စီးပြီး ရောဂါတွေ လည်း ပေါင်း စုံရမယ်။ တစ်ချိန်တုန်း ကမ္ဘာ မှာရှိတဲ့ အနုမြူဗုံးတွေ အားလုံး ပေါက်ကွဲရင် ကမ္ဘာကြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး စက္ကန် ့ပိုင်း မိနစ် ပိုင်း မှာ လူတွေပြုန်းတီးသွား လိမ့်မယ် ဆို တာ တွေးပြီး ကြောက်ခဲ့ကြတယ်။ တကယ်တော့ စက္ကန် ့ပိုင်း ၊ မိနစ် ပိုင်းအတွင်း  အသက်ပျောက်ပြီး လူတွေ ပြုန်းတီးသွားတာက မှ တော်သေးတယ်။ ဝေဒနာကို ကြာရှည်မခံစားရလို ့ပေါ့။ လူတွေ ဒီအတိုင်းဆက်ပြီး အိုဇုန်းကို ဆက်ပြီး ဖျက်ဆီးနေဦးမယ် ဝန်းကျင်ကို ညစ်ညမ်းအောင် ဆက်လုပ်နေဦးမယ်ဆိုရင် ဒီတစ်ခါ လူတွေပြုန်းတီး ပုံက ဝေဒနာ မျိုးစုံ ကို တရိရိ နဲ ့ ခံစား ရင်း အတော မသတ်နိုင်တဲ့ ရှည်လျား တဲ့ မချိတင်ကဲ ညည်းညူဟစ်အော် သံတွေနဲ ့ပင်ပင် ပန်းပန်း ပြုန်းတီး မှုမျိုးဖြစ်မှာဆိုတော့ ဆက်မတွေးရဲ သလောက်ပဲ”ဟု သူက ဆိုသည်။ အထက်ပါအကြောင်းအရာများကိုလဲ လူတွေ သိအောင် ကျယ်ကျယ်ပြန် ့ပြန် ့ ရေးသားတင်ပြဖို ့ကိုလည်းသူ ကပြောနေသည်။

6 comments

  • AuntiMoe

    October 30, 2010 at 1:10 pm

    ဆီအထွက်ကောင်းအောင် တစ်ထောင့်တနေရာမှ အားဖြည့်ပေးရမှာက နှမ်းတစ်စေ့ရဲ့တာဝန်။
    ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် နိုင်ငံအတွက် ကောင်းတာတွေ ဆောင်ရွက်ရမှာက
    နိုင်ငံသားရဲ့တာဝန်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 1:29 pm

    ဒီပို ့စ်လေးက ဖတ်လို ့ကောင်းပါတယ်
    (အပြင်ရောက်နေ တဲ့ လခစား နိုင်ငံရေးသမားတွေကိုတော ့ကျွန်တော်မပြောတော့ပါဘူး။ ကြောက်လဲ ကြောက်လို ့ပါ လေထဲမှာ တော်လှန်နေကြတဲ့သူတွေမို ့လို ့) အဲ့ဒါမျိုးတွေလဲရှိပါတယ်
    တစ်ချို ့ဆို မြန်မာပြည်မှာ ခိုးဆိုးပြီး နယ်စပ်ရောက်တဲ့အခါ နိုင်ငံရေး သမားအသွင်ပြောင်းပြီး ပြည်ပထွက်သွားတဲ့ သူတွေလဲ ရှိကြပါတယ်
    (မြန်မာ နိုင်ငံ က ထွက်သွားကြတဲ့ ပညာတတ်တွေ တကယ်လို ့သာ လွတ်လပ်စွာ ပြန်လာခွင့်ရပြီး)
    ယ္ခု စစ်အာဏာရှင်တွေက အဲ့သည်လို တိုးတိုးလေး အော်ပြရင် စစ်ခွေးတွေက
    X 90000000000000000000000000000000 အဲ့သည်ထက်များတဲ့ အစ နဲ ့ ဟောင်ပြတတ်ကြပါတယ်
    သူတို ့ရဲ ့လက်သုံးစကား တွေရှိပါတယ် ( တကယ်လုပ်ခြင်ရင် ဝင်လာ ခဲ့ပါ ကြိုဆိုပါတယ် ဆွေးနွေးလို ့ရပါတယ်)
    ဒီနေရာမှာ ခပ်ရိုင်းရိုင်းလေး ပြောပါမယ် အခြေအနေအရမို ့ပါ (ရိုင်းတယ်/ယဉ်ကျေးတယ် ဆိုတာ တစ်ခါတစ်လေ ဟန်ဆောင်ကြတာပါ )
    အောင်ဆန်းစုကြည်ဆိုတဲ့ ထမီဝတ်တဲ့ အဖွားကြီးဟာ မိန်းမပါ ဆိုတာ ပြောစရာမလိုပါဘူး
    ဘယ်ယောင်္ကျားမှ နှဖူးမှာ မွေးရာပါ တက်မပေါက်နေပါဘူး
    ပြည်သူလူထုရဲ ့ ထောက်ခံမှု ့ကို လက်ကိုင်ထားပြီး ရိုးသားစွာ သတ္တိရှိရှိ ယှဉ်ပြိုင်တာဟာ အမှန်တရားဆိုတဲ့ ရှု ့ ထောင့်ထဲကနေ ကြည့်ရင် တစ်ကယ့်သူရဲကောင်းဆန်တဲ့ ဂလက်တီယေတာ (စီးခြင်းထိုးသမား) ပါ
    ကောက်ကျစ်တတ်သူ ရဲ ့ရှု ့ထောင့်ကနေ ကြည့်ရင် တော်တော် စောက်သုံး မကျတဲ့ အဖွားကြီးပါ
    တိုင်းပြည်တစ်ပြည်လုံး ကိုယ့်ကို ထောက်ခံတာတောင် ရိုးနေအ နေခဲ့လို ့ပါ ( ကမန်းဖြစ်လို ့စာကို ကျဉ်းထားပါတယ်)
    အဲ့သည်လိုပါဘဲ (မြန်မာ နိုင်ငံ က ထွက်သွားကြတဲ့ ပညာတတ်တွေ တကယ်လို ့သာ လွတ်လပ်စွာ ပြန်လာခွင့်ရပြီး) လွပ်လပ်ခြင်းဆိုတာကို ဘယ်သူက အာမခံမှာလဲ ဒီ အာဏာရှင်တွေရဲ ့ ရာဇဝင်မှာ
    ကတိတည်တယ် ကြင်နာတတ်တယ်ဆိုတာ ဘယ်နှစ်ခါရှိလဲ ဝင်လာခဲ့ပါ ဆွေးနွေးပါဆိုပြီး ပြောပေမယ့်
    ကောက်ကျစ်ခဲ့စမြဲဘဲ ဒါတွေကို သိနေတဲ့ သူတွေဟာ ဘယ်တော့မှ………

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 1:34 pm

    ဟိုက် ငါ မန်းတုန်းက ဒီပို ့စ်မဟုတ်ပါဘူး!!!!!!!!!!!!!!!!!!!!!

    • snique

      October 31, 2010 at 5:11 am

      ဟုတ်ပါ့ ကိုအောင်ပု ရေ ကွန်နက်ရှင်မကောင်းတာ နဲ ့တင်တဲ့ ပို ့စ်တွေလွဲနေတာ း)

  • manawphyulay

    October 30, 2010 at 1:49 pm

    ဆောင်းပါးက တော်တော်ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် သိချင်တာလေးရှိလို့ မေးပါရစေနော် သူ ဆိုတာ ဘယ်သူလဲဟင်…..

    • snique

      October 31, 2010 at 9:32 am

      ဟုတ်ကဲ ့ကျွန်တော်လဲ မသိပါဘူ းဗျာ ဒီဆောင်းပါးက ဆရာနန္ဒာ သိန်းဇံ ရဲ ့ အရိမဒ္ဒ န မှ လွင့်ပြန်နေသော အတွေးအမြင်များ ဆိုတဲ့ စာအုပ်ထဲက ဖြစ်ပါတယ်။ ကျွန်တော်လဲ အရင်အပတ်က မှ အိမ်က စာအုပ်အဟောင်းပုံထဲ ကတွေ ့ လို ့ဖတ်ပြီး ကြိုက်လို ့ပြန် မျှဝေလိုက်တာ ပါ။

Leave a Reply