ဇင်ပုံပြင်များ (၃)

zinmyotunNovember 3, 20101min3036

ဇင်ပုံပြင်များ (၃)

ဝမ်းသာမှုရဲ့အသံ (The Voice of Happiness)

ဘုန်းတောှကြီး ဘန်ခဲအိ ပျံလွန်တောှမူပြီးတဲ့နောက် မျက်မမြင် တစ်ယောက်က သူ့မိတ်ဆွေတွေကို ဒီလို ပြောတယ်။ ငာ မျက်စိကွယ်တဲ့ အချိန်ကစလို့ ဘယ်သူ့ မျက်နှာကိုမှ မမြင်နိုင်တော့ဘူး၊ ဒာကြောင့် လူတစ်ယောက်အကြောင်းကို သူ့ရဲ့ စကားသံတွေကို နားဆင်ပြီးတော့ပဲ ဆုံးဖြတ်ရတော့တယ်။ ပြောရရင်တော့ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ အောင်မြင်မှု ပျောှရွှင်မှုတွေအပောှမှာ ချီးကျူးစကား ပြောနေပြီဆိုရင် ငာက တခြားတစ်ဖက်ကနေ အဲဒီလူရဲ့ မနာလိုမှုတွေကိုလည်း ငာခံစားရင်း ကြားနေမိတယ်။ တစ်စုံတစ်ယောက်အတွက် ကံမကောင်းမှု ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းစကား ဆိုနေရင်လည်း တစ်ဖက်မှာ အဲဒီဆုံးရှုံးသွားသူဆီကနေ တစ်ခုခု ရလိုက်သလိုမျိုး ပျောှရွှင်မှု၊ ကျေနပ်အားရမှုတွေကို ကြားလာရတယ်။ ဒာပေမယ့် ငာကြုံခဲ့ရသမျှထဲမှာတော့ ဘုန်းတောှကြီး ဘန်ခဲအိ တစ်ပားထဲသာ တသမတ်ထဲပဲ။ သူဝမ်းသာကြောင်း ပြောတဲ့အခာ ဝမ်းသာမှုမှတပား အခြားအသံကို ငာမခံစားမိဘူး။ ဒီလိုပဲ သူဝမ်းနည်းကြောင်း ဆိုလာရင်လည်း သူ့အသံမှာ ဝမ်းနည်းမှု တစ်မျိုးထဲကိုပဲ ငာခံစားရတယ်။ မရှိခြင်းတရား (Flower Shower) ဘုန်းတောှကြီး သုဗောဓိဟာ မြတ်ဗုဒဿဓရဲ့ သားတောှ ရဟန်းတစ်ပား ဖြစ်ပာတယ်။ အရာရာဟာ မတည်မြဲဘဲ ဖြစ်ခြင်းနဲ့ ပျက်ခြင်း နှစ်ပားကသာ အရာရာကို ကြိုးကိုင်နေတယ်ဆိုတဲ့ အနတဿထတရားရဲ့ ရှု့ထောင့်တစ်ခုဖြစ်တဲ့ မရှိခြင်းတရားကို ကောင်းစွာ နားလည်ကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်တယ်။ တစ်နေ့မှာတော့ သူဟာ သစ်ပင်တစ်ပင်အောက်မှာ အဲဒီတရားသဘောကို ဆင်ခြင်နေတဲ့ အခိုက်မှာ သူ့အပောှကို ပန်းတွေ ကြွေကျလာပာတယ်။ မရှိခြင်းတရားသဘောကို ဆင်ခြင်ကျင့်ကြံတဲ့အတွက် ကျွန်ုပ်တို့က ဂုဏ်ပြုတာပာ ဆိုပြီးတော့ နတ်ဒေဝတာတွေက ပြောသံကိုလည်း ကြားလိုက်တယ်။ အဲဒီအခာ ဘုန်းတောှကြီးက အလို ငာလည်း သင်တို့ကို အဲဒီအကြောင်း မပြောပြရပာလားလို့ ဆိုသတဲ့။ အဲဒီအခာ နတ်တွေက အရှင်ဘုရားက မရှိခြင်းတရားကို မပြောသလို တပည့်တောှတို့လည်း မကြားရပာဘူး ဘုရား။ ဒီအရာကပဲ တကယ့် မရှိခြင်း တရားသာ ဖြစ်ပာတယ်လို့ လျှောက်ထားပြီး ပန်းမိုးတွေ ထပ်မံ ရွာချလိုက်ပာသတဲ့။ ဂုဏ် (Calling Card) မီဂျီခေတ်၊ ကျိုတိုမြို့တောှက တိုဖုကုကျောင်းတိုက်က ဘုန်းတောှကြီး ခိအိချုဟာ နာမည်ကျောှ ဇင်ပညာရှိကြီး တစ်ဦး ဖြစ်ပာတယ်။ တစ်ရက်မှာတော့ ကျိုတိုမြို့တောှဝန်က ဘုန်းတောှကြီးကို တွေ့ခွင့်ရဖို့ စာလွှာပေးပို့ခိုင်းပာတယ်။ စာအောက်မှာ ကိတာဂကီ၊ ကျိုတိုမြို့တောှဝန် ဆိုပြီးတော့ ရေးထားတယ်။ ဘုန်းတောှကြီးဟာ စာဖတ်ပြီးတဲ့ နောက်မှာ ငာ့မှာ ဒီလိုလူနဲ့ တွေ့ဆုံဖို့ အကြောင်းကိစဿစ မရှိတာမို့ အဲဒီလူကို ကျောင်းဝန်းထဲကနေ ထွက်သွားဖို့ ပြောလိုက်တော့လို့ ဆိုပြီး စာကို ပြန်ပေးလိုက်တယ်။ ဘုန်းကြီးရဲ့ တပည့်သာဝကတွေက စာကို မြို့တောှဝန်ကို ပြန်ပေးပြီး အကျိုးအကြောင်း ပြောပြတဲ့အခာ မြို့တောှဝန်ဟာ ဒာတပည့်တောှ အမှားပာ ဆိုပြီးတော့ စာထဲမှာပာတဲ့ ကျိုတိုမြို့တောှဝန် ဆိုတဲ့ စာသားကို ဖျက်ထုတ်လိုက်ပာတယ်။ ပြီးတော့မှ ဘုန်းတောှကြီးကို ထပ်မံ လျှောက်ထားစေပာသတဲ့။ ဒုတိယအကြိမ်မှာ ဘုန်းတောှကြီးက စာကို ဖတ်ပြီး အောှ ကိတာဂကီလား သူ့ကိုဖြင့် ငာတွေ့ချင်နေတာ ဆိုပြီးတော့ ပြောလိုက်ပာတယ်။ အမှီအတွယ် (No Water, No Moon) သီလရှင် ချိယွန်နိုဟာ ဇင်တရားကို လေ့လာသင်ကြားနေပေမယ့် ကာလအတန်ကြာတဲ့အထိ တရားမပောက်ဘူး ဖြစ်နေတယ်။ လသာတဲ့ ညတစ်ညမှာတော့ သူဟာ နှီးတွေနဲ့ ကွပ်ထားတဲ့ ရေပုံး အဟောင်းမှာ ရေကို ထည့်လို့ သယ်လာခဲ့တယ်။ လမ်းမှာပဲ ပတ်ထားတဲ့ နှီးတွေဟာ ကျိုးပြတ်ပြီး ရေပုံးဖင်ဟာ ပွင့်ထွက်သွားတော့တယ်။ အဲဒီကာလလေးမှာပဲ ချိယွန်နိုဟာ ဉာဏ်အလင်းပွင့်သွားခဲ့ပာသတဲ့။ သူမဟာ ကဗျာလေးတစ်ပုဒ် ရေးခဲ့တယ်။ ပြတ်ထွက်ခာနီး နှီးတွေနဲ့ချည်ထားတာမို့ ရေပုံးဟောင်းကို ထိန်းဖို့ ကြိုးစားရင်း ငာလှမ်းခဲ့တယ် နောက်ဆုံး ရေပုံး ပွင့်ထွက်မသွားခင် အချိန်အထိပော့ ရေပုံးထဲမှာ ရေတစ်စက်မှ မရှိတော့တဲ့အခာ လဆိုတာလည်း ရေထဲမှာ မရှိတော့ တိတ်ဆိတ်ခြင်းတရား (The Silent Temple) ရှိုအိချိဟာ မျက်စိတစ်ဖက်သာ ရှိပြီး ဉာဏ်အလင်းပောက်နေသူအဖြစ် ထင်ရှားတဲ့ ဇင်ပညာရှင်ကြီး ဖြစ်ပာတယ်။ သူဟာ ကျိုတိုမှာရှိတဲ့ တိုဖူကု ကျောင်းမှာ တပည့်တွေကို သင်ကြားပြသတယ်။ ဒာပေမယ့် နေ့နေ့ညည သူတို့ ဘုရားကျောင်းဟာ တိတ်ဆိတ်လို့ နေပာတယ်။ ဘာသံမှကို မကြားရပာဘူး။ ဆရာကိုယ်တိုင်က သုတဿတန်တွေကိုတောင်မှ မရွတ်ဖတ်လေတော့ တပည့်တွေလည်း တရားထိုင်ရုံမှတပား အခြား ဘာမှ မလုပ်ကြရပာဘူး။ တစ်ရက်မှာတော့ သူတို့ ကျောင်းကနေ ခောင်းလောင်းထိုးသံနဲ့ တပည့်တွေရဲ့ သုတဿတန်ရွတ်ဖတ်သံတွေကို အိမ်နီးချင်း အမျိုးသမီးက ကြားရပာသတဲ့။ ကြားကြားချင်းမှာပဲ ဆရာတောှ ရှိုအိချိ ကွယ်လွန်သွားခဲ့ပြီလို့ သူမ နားလည်လိုက်ပာတယ်တဲ့။ လှိုင်ခောင်း (The Tunnel) ဆာမူရိုင်း တစ်ဦးရဲ့ သားဖြစ်တဲ့ ဇန်ကိုင်းအိဟာ အဲဒိုးအရပ်ကို ခရီးထွက်ခွာလာခဲ့ပြီး နောက်ပိုင်းမှာ အရာရှိကြီး တစ်ဦးရဲ့ အမှုထမ်း ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ အဲဒီအရာရှိကြီးရဲ့ ဇနီးဖြစ်သူနဲ့ ချစ်ကြိုက်မိပာသတဲ့။ အဲဒီဖြစ်ရပ် ပောှပောက်သွားတဲ့အခာ ပြသဿသနာဖြစ်ကြရင်းက သူဟာ ခုခံရင်းနဲ့ အရာရှိကြီးကို သတ်လိုက်မိတယ်။ ပြီးတော့ သူဟာ မိန်းမကို ခောှဆောင်ပြီးတော့ ထွက်ပြေးသွားခဲ့တယ်။ နောက်တော့ သူတို့ နှစ်ယောက်စလုံး သူခိုးတွေ ဖြစ်လာကြပာတယ်။ ဒာပေမယ့် မိန်းမဖြစ်သူဟာ သိပ်ပြီး ဒောသလောဘ ကြီးလွန်းသူ ဖြစ်တာမို့ ကြာလာတော့ သူစိတ်ပျက်လာတယ်။ ဒာနဲ့ သူဟာ သူမကို ထားခဲ့ပြီး အဝေးကြီးမှာရှိတဲ့ ဘူဇန်ဆိုတဲ့ ဒေသကို ထွက်ခွာခဲ့ပြန်ပာတယ်။ အဲဒီမှာ သူဟာ သူတောင်းစား ဖြစ်လာတယ်။ သူဟာ သူ့အတိတ်က အပြစ်ကြွေးတွေကို ဆပ်နိုင်ဖို့ ဘဝမှာ ကောင်းမှုတစ်ခုခုကို ပြုချင်လာသတဲ့။ အဲဒီအနားမှာ တောင်ကမ်းပား တစ်ခု ရှိတယ်။ အဲဒီကို ဖြတ်သန်းသွားတဲ့ လူအတောှများများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတတ်ကြတာကို သူတွေ့လာတော့ ဘေးကင်းကင်းနဲ့ လိုရာရောက်နိုင်ဖို့ တောင်ကြီးကို ဖောက်ပြီး လှိုဏ်ခောင်း တစ်ခု တူးဖို့ သူအကြံရလာပာတယ်။ ဒာနဲ့ သူဟာ နေ့ခင်းဘက်မှာ တောင်းရမ်းစားသောက်ပြီး ညဘက်မှာ လှိုဏ်ခောင်းကို စတူးပာတော့တယ်။ ဒီလိုနဲ့ နှစ်ပောင်း သုံးဆယ် ကြာလာတဲ့အခာ သူ့လှိုင်ခောင်းဟာ ပေ ၂ဝ အမြင့်၊ ပေ ၃ဝ အကျယ်နဲ့၊ ပေ ၂၂၈ဝ အရှည် ရှိလာခဲ့တယ်။ လှိုဏ်ခောင်းပောက်ဖို့ နှစ်နှစ်လောက် အလိုမှာတော့ ဟိုးနှစ်ပောင်းများစွာက သူသတ်ခဲ့တဲ့ အရာရှိကြီးရဲ့သားဟာ ဓားသမား တစ်ယောက် ဖြစ်နေပြီး သူ့ကို လက်စားချေဖို့ လိုက်ရှာနေရာက ရှာဖွေ တွေ့ရှိသွားတယ်။ ငာ့အသက်ကို လိုလိုလားလား မင်းကို ပေးမှာပာ၊ ဒာပေမယ့် ဒီအလုပ်လေးကိုတော့ ငာ့ကို ပြီးဆုံးအောင် လုပ်ခွင့်ပေးပာ၊ ပြီးတဲ့နေ့မှာပဲ မင်းငာ့ကို သတ်လို့ရပြီလို့ သူက တောင်းပန်ပာတယ်။ ဒာနဲ့ လက်စားချေမယ့်သူကလည်း စောင့်ဖို့ သဘောတူတယ်။ ဒီလိုနဲ့ လပောင်းများစွာ ဇန်ကိုင်းအိဟာ လှိုဏ်ခောင်းကို ဆက်တူးနေခဲ့တယ်။ ကြာလာတော့ ဘာမှမလုပ်ရလို့ ပျင်းလာတဲ့ ဓားသမားဟာ လှိုဏ်ခောင်းတူးဖောှရေးမှာ ကူပြီး တူးပေးပာသတဲ့။ ၁နှစ်ကျောှကြာ ကူညီတူးဖောှလာပြီးတဲ့နောက် ဓားသမားဟာ ဇန်ကိုင်းအိရဲ့ ပြင်းထန်တဲ့ ဆနဿဒနဲ့ လုပ်ရပ်အပောှမှာ လေးစားလာပာသတဲ့။ နောက်ဆုံးတစ်နေ့မှာတော့ လှိုဏ်ခောင်းဟာ ဟိုဖက်ဒီဖက် ပောက်သွားပြီး ခရီးသွားလူအများလည်း လွယ်ကူလုံခြုံစွာ သွားနိုင်လာပာတယ်။ ဇန်ကိုင်းအိက ကဲ ငာ့အလုပ်ပြီးသွားပြီ၊ မင်းငာ့ကို သတ်ပာတော့လို့ လိုလိုလားလား ပြောပာတယ်။ အဲဒီအခာ ဓားသမားဟာ မျက်ရည်တွေအပြည့်နဲ့ ငာ့ဆရာရဲ့ ခောင်းကို ငာဘယ်လို ဖြတ်ရက်ပာတော့မလဲလို့ ပြောလိုက်ပာတယ်တဲ့။

ကျွန်တောှရသော သင်ခန်းစာ

1. တသမတ်ထဲ ခံစားချက် ထားနိုင်မလား ??

2. မရှိခြင်းတရားကို ရှာလို့မရနိုင်ဘူး။ မရှိခြင်းတရားဟာ နေရာအနှံ့မှာ ရှိနေတာကိုး။

3. လူကိုပဲ တန်ဖိုးထားရမယ်။ တခြားအရာတွေဟာ အကာအရံတွေ။

4. လောကကြီးမှာ ချည်နှောင်ထားတဲ့အရာတွေဟာ ကြောက်စရာ အကောင်းဆုံးပဲ။

5. တိတ်ဆိတ်ခြင်းဟာ နှစ်သက်မြတ်နိုးစရာ တရားတစ်ခု ဖြစ်တယ်။

6. အပြစ်တစ်ခု ကျူးလွန်မိတဲ့အခာ အဲဒာကို ချေဖျက်ချင်ရင် နှစ်ပောင်းများစွာ ပြန်ပေးဆပ်ရမယ်။

Source: http://www.ashidakim.com/zenkoans/zenindex.html Post via Email Every secret of a writer’s soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)

6 comments

  • bigcat

    November 4, 2010 at 12:06 am

    အရမ်းကောင်းပါတယ် ခင်ဗျား။ ဒါမျိုးတွေဖတ်ချင်နေတာ ကြာပါပြီ။ အရင်က ဟိုစပ်စပ် ဒီစပ်စပ်လေးတွေလောက်သာ ကြားဖူးနားဝရှိခဲ့ပါသည်။ တခုအကြံပေးပါရစေ၊ အဖြစ်အပျက်လေးတွေကို တခုနဲ့တခုကြားမှာနေရာခြား၊ ဒါမှမဟုတ် အမှတ်အသားတခုခုခြားပေးထားလျှင် ဖတ်ရသူအတွက် ပိုရှင်းပါလိမ့်မည်။ အဆင်ပြေလျင် အခုလိုမျိုး ဓမ္မအတွေးအခေါ်ပါတဲ့ ဟိုက္ကိုကဗျာတိုလေးများပါ တွဲပေးလျင် ပိုကောင်းမည်ထင်ပါသည်။ ကျေးဇူးအနန္တပါ။

  • tunaung

    November 4, 2010 at 4:30 am

    ဒေါက်တာသင်းသင်းရေးတဲ့ဇင်ဗုဒ္ဓဘာသာဆိုတဲ့စာအုပ်ဖတ်ခဲ့ဘူးပါတယ်.. ဒီလိုအတွေးအခေါ်မျိုးပြောဆိုလေ့ရှိတဲ့ဂိုဏ်တဂိုဏ်ရှိတယ်လို့ကြားဘူးပါတယ် ကျောက်သင်္ဘောဂိုဏ်လိုထင်ပါတယ်…အတွေးအခေါ်လေးတွေတော့ကောင်းပါတယ် ဒါပေမဲ့ဒီဘာသာကိုလေ့လါထားတဲ့သူနဲ့စကားခဲ့ဘူးတယ် သူတို့ကစိတ်ကိုစိတ်အတိုင်းထား စိတ်ကဒီအတိုင်းနေယင်ဖြူစင်ပြီသားဘာအရောင်မှသွားမရေားနဲ့တဲ့ ပြောတာတော့လွယ်တာပေါ့ ထားတတ်ဘို့ကအင်မတန်မှခက်ပါတယ် ဒီစာအုပ်ရဲ့တနေရာမှာ ရွာထဲကလူသွားလမ်းမှာဘုန်းကြီးနှစ်ပါးလမ်းလျှောက်လါတယ်တနေရာရောက်တော့ ရှေ့မှာရှံဗွက်ရှိနေတယ်ရှံဗွက်ရဲ့တဖက်မှာမိန်းခလေးတယောက်လါနေတယ် ်မိန်ခလေးဟာရှံဗွက်တဖက်ကိုဖြတ်ဘို့အခဲတွေ့နေတယ် ဒီအချိန်မှာဘုန်းကြီးတပါးကဗွက်ကိုဖြတ်ပြီးမိန်ခလေးပွေ့လို့တဖက်ကိုပို့ပေးခဲ့တယ်ကူညီခဲ့တယ်ပေါ့ ဒါနဲ့ကျောင်းရောက်တော့ကျန်တဲ့တပါးကဆရာတော်ကိုလျှောက်တယ် ဒီကိုတော်ရွာထဲမှာမိန်းခလေးတယောက်ကိုပွေ့ခဲ့တဲ့အကြောင်း.. ဒီအခါဆရာတော်ကမေးတယ်ဟုတ်လါးပေါ့ မိန်းခလေးကိုပွေ့ခဲ့တဲ့ဘုန်းကြီးကပြန်ဖြေတယ် တပည်တော်ကကူညီယုံတင်ကူညီခဲ့တာစိတ်ထဲမှာဘာမှမဖြစ်ခဲ့ပါဘူး စိတ်ထဲမှာဖြစ်ကျန်ခဲ့တာဟိုကိုယ်တော်ပါ တဲ့ ကျွန်တော်တို့ဆီကဘာသာနဲ့ဘာကွာလဲဆိုတာလေ့လါကြည့်သင့်ပါတယ် တခါကဦးကြီးတယောက်နဲ့တွေခဲ့ဘူးတယ် ဦးလေးထမင်းစားပြီးပြီလါးလို့မေးမိတယ်ဘယ်လိုပြန်ဖြေးလဲဆိုတော့ စားပြီးပြီလို့တော့ဘယ်ဟုတ်ပါ့မလဲကွာတဲ့ ……

    • bigcat

      November 4, 2010 at 5:09 am

      သဲအင်းဂူဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က ကျောက်င်္သဘောဂိုဏ်းနာယက ဆရာတော်များနဲ့ တရားစစ်၊ ဆွေးနွေးခဲ့တာတွေကို http://www.mediafire.com/kotseikkosit#1,1 မှာနာနိုင်ပါတယ်။ ဖိုင်အမှတ်၂၅ ကျောက်သင်္ဘောနှင်ဂွတ္တလိပ်မှာ သဲအင်းဂူ ဆရာတော်ကို တရားစစ်တာ နာနိုင်ပြီး ဖိုင်အမှတ်၁၆ ဥပဒ္ဒါန်နဲ့ခန္ဓာမှာတော့ သဲအင်းဂူဆရာတော်ရဲ့ ကျောက်သင်္ဘော နာယကဆရာတော်နဲ့ ပြောဆိုခဲ့တာ ကိုပြန်ပြောပြတာနာနိုင်ပါတယ်။ အဲဒီဖိုင်က နဲနဲကြာပြီး ဒုတိယပိုင်း နာရီကြမှ အဲဒီအကြောင်းပါတယ် ထင်တယ်။ နာကြည့်ပါ ရဟန္တာတပါးရဲ့ တရားကိုယ်တွေ့ကို နာရလို့ အကျိုးပါလိမ့်မယ်။ အချုပ်အားဖြင့်တော့ ဆရာတော်ကြီးက စိတ်ကို စိတ်အတိုင်းထားဆိုတာ အထက်အရိယာ များသာထားလို့ရကြောင်းနဲ့ ဝိပဿနာတရားကို မဂ္ဂင်ရှစ်ပါးလမ်းနဲ့မသွားဘဲ မဖြစ်နိုင်ကြောင်း ဆုံးမထားါတာပါ။ ဆရာတော်ကြီးက ကျောက်သင်္ဘော ဆရာတော်ကို ကိုယ်တော့်ကို ဘယ်သူမ ှမရှိတုန်း ရင်းရင်းနှီးနှီးတခုမေးမယ်၊ မှန်မှန်ဖြေဆိုပြီး အကယ်၍ ချောချောလှလှ စွဲမက်စရာ မာတုကာမ တဦးက ပွတ်သီးပွတ်သတ်လုပ်ရင် ကိုယ်တော် စိတ်ကိုစိတ်အတိုင်း ထားနိုင်မှာလားလို့ မေးတော့ ကျောက်င်္သဘော ဆရာတော်က ခဏငိုင်သွားပြီး အဲဒီလိုတော ့မဖြစ်ဘူးလို့ ဖြေတယ်လို့ ပြန်ပြောထားပါတယ်။ ဆရာတော်ကြီးက သူကတော့ ရုပ်ဂဏ ကြေထားလို့ ဘာမှမဖြစ်လို့ မိန့်ပါတယ်။ ဥပမာပေးရာမှာ ဖန်ခွက်လှလှတလုံးကို မြေပေါ်ချထားရင် သူများက အသုံးဝင်လို့ လှလို့ကောက်မယ်။ မကောက်အောင် ခွဲပစ်လိုက်ရင် လူကြီးကမကောက်၊ ခလေးက ကစားဖို့ ကောက်အုံးမယ်။ ဖန်ခွက်ကို အမှုန့်ခြေပစ်ထားလိုက်ရင် မြေကြီးနဲ့ရောသွားလို့ ဘယ်သူမှ မကောက်တော့လို့ လက်တွေ့ညဏ်စဉ် ဥပမာကို ပေးထားပါတယ်။

  • weiwei

    November 4, 2010 at 5:52 am

    စိတ် စိတ်အတိုင်းထား အတိုင်းတိုင်းထား .. နဂိုစိတ်က ဖြူစင်တယ် .. အပိုစိတ်က ညစ်နွမ်းတယ် … ဆိုတဲ့ ကျောက်သင်္ဘောဂိုဏ်းဆောင်ပုဒ်လေးကို ဖတ်ဖူးပါတယ် …
    နဂိုစိတ်ဆိုတာက မဖြူစင်ပါဘူး … လူရယ်လို့ စဖြစ်တာနဲ့ မိခင်ဝမ်းထဲက ငိုပြီး ထွက်လာကြတာလေ … ဒေါသနဲ့လူဖြစ်လာတယ် … လောဘဒေါသမောဟနဲ့ လူ့လောကထဲ ရောက်လာတာ .. အဲဒီစိတ်အတိုင်းပဲ ထားမယ်ဆိုရင် ဘယ်ကောင်းတော့မလဲ … စိတ်သည် မကောင်းမှုတွင် မွေ့လျော်သည်တဲ့ … မကောင်းတဲ့စိတ်ကိုသိနေပြီး ကောင်းအောင် ပြုပြင်ပြောင်းလဲရမှာပါ … စိတ်စိတ်အတိုင်းမထားသင့်ဖူးဆိုတာ ကြုံလို့ ဝင်ဆွေးနွေးလိုက်တာပါ …

    • bigcat

      November 4, 2010 at 6:14 am

      ကြုံလို့မဝေကို သဲအင်းဂူတရားလေး နဲနဲဝေမျှပါရစေ။ ဖြစ်ရပ်တိုင်းဖြစ်ရပ်တိုင်းဟာ ရုပ်နဲ့နာမ်ပေါင်းဆုံလို့ ဖြစ်ရတာပါ။ အဲဒါကိုခန္ဓာငါးပါးလို့ခေါ်ပါတယ်။ အသေးစိတ်ထပ်ခွဲရင် ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညက္ခန္ဓာဆိုပြီး ရုပ်ခန္ဓာတပါးနဲ့ နာမ်ခန္ဓာလေးပါးရှိပါတယ်။ အဲဒီမှာ နောက်ဆုံးဝိညက္ခန္ဓာလေးကသ ရုပ်ကိုနာမ်က ခံစားပြီးပျက်တာဖြစ်ပြီး ကျန်တာတွေကတော့ ရုပ်ကသက်သက်၊ ဝေဒနာသည်နာမ်၊ အဲဒါကို သညာကလိမ်လို့ သင်္ခါရ အကောင်းအဆိုးဖြစ်ပြီး သံသရလည်တာပါ။ ပြောချင်တာက နောက်ဆုံးဝိညက္ခန္ဓာလေးကိုပဲ ရုပ်ဝေဒနာကိုနာမ်ခံစားပျက်လို့ ရှုနေနိုင်ရင် အဲဒီစိတ်ကို စိတ်စိတ်အတိုင်းထားတယ်လို့ ဆိုနိုင်ပါတယ်။ ဆရာတော်ကြီးကို ဘာသာခြားတယောက်က ဖူးမြော်ပြီး တရားထိုင်ခိုင်းလို့ ထိုင်အပြီး ရှိခိုးကန်တော့တဲ့အခါ ဆရာတော်က ဒကာအရင်က မရှိခိုးဘူးဆိုလို့မေးတော့ ဒကာက အခုခိုးပါပြီဘုရားလို့ ဖြေပါတယ်။ ဒါနဲ့ ဆရာတော်ကဆက်ပြီး ဟောဒကာကြီးက ဘုရားထူးပြန်ပြီလို့ပြောတော့ သူအရင်ကိုးကွယ်တဲ့ဘုရားက သန့်ရှင်းသော ဝိညဉ်တော်ဆိုတာ ဆရာတော်ကြီးလို့ အာရုံထဲမှာပြတယ်လို့ ဖြေတယ်လို့ သိမှီလိုက်သူများက သဲအင်းအင်တာဗျုးမှာ ပြောထားပါတယ်။ စိတ်ထားပုံကို မြင်အောင်ပြောတာပါ။
      စိတ်ကလေးက ဆရာတော်အဆိုအရ ဖြူစင်ပါတယ်။ ရုပ်ပဲသက်သက်ဆို ဘာခံစားမှုမှမရှိပါ၊ နာမ်နဲ့တွဲလိုက်မှ ခံစားမှုဖြစ်ပါတယ်။ ဒါပေမဲ့လူတွေက မရှိတဲ့ငါစွဲပြီး ပညတ်တတ်ကြတဲ့အခါ ဖြစ်တာကို ခံစားရုံခံစားတဲ့ စိတ်ကလေးက နာတယ်၊ ကျင်တယ်၊ လူ၊ခွေး၊အဖြူ၊အနီ စသဖြင့်သတ်မှတ်ချက်တွေနဲ့ ညစ်နွမ်းသွားပါတယ်။ ဒါကြောင့် ဝိပဿနာရှုတယ်ဆိုတာ ပစ္စပ္ပန်ပေါ်ဆဲ ရုပ်နာမ်ပြောင်းလဲခြင်း သင်္ခါရကိုသာ အဆင့်ဆင့်ဆင်ခြင်နေခြင်းဖြစ်ပါတယ်။

  • weiwei

    November 4, 2010 at 6:38 am

    ကျွန်မအနေနဲ့ကတော့ သေသေချာချာနားမလည်နိုင်သေးပါဘူး … ထပ်ပြီး ကွန့်ရရင်တော့ ရုပ်နဲ့ နာမ်နဲ့က ခွဲထားလို့ရလို့လား … ရုပ်သက်သက် နာမ်သက်သက်ဆိုတာ ဗြဟ္မာ့ပြည်မှာပဲရှိနိုင်တယ်လေ …
    အရိယာတို့ရဲ့ သန့်ရှင်းစင်ကြယ်တဲ့စိတ်ကိုနားလည်နိုင်ပါတယ် … ဒါတွေကလဲ သမာပတ်ဝင်စားချိန်မှသာ ခံစားလို့ရတဲ့စိတ်ဖြစ်ပါတယ် … ပုံမှန်အားဖြင့်ကတော့ စိတ်ဆိုတာ တစ်စက္ကန့်မှာ ကုဋေတစ်သိန်းပျက်စီးတယ်လို့ ဘုရားဟောထားခဲ့ပါတယ် …
    ကိုကြောင်ကြီးပေးထားတဲ့ ဓမ္မလင့်ကို အချိန်ရရင် နားထောင်ကြည့်ပါအုန်းမယ် … စိတ်ဝင်စားပါတယ် ..

Leave a Reply