ဇင်ပုံပြင်များ (၂)

zinmyotunNovember 3, 20101min1030
ဇင်ပုံပြင်များ (၂) by nyilynnseck
ပွင့်လင်းသော ချစ်ခြင်း
တစ်ခါတုန်းက ဘုန်းတောှကြီး အပါးနှစ်ဆယ်နဲ့ အိရွှင် ဆိုတဲ့ သီလရှင်မလေး တစ်ပါးတို့ဟာ ဇင်ပညာရှိကြီး တစ်ပါးထံမှာ တပည့်ခံရင်း ပညာသင်ကြားနေပါသတဲ့။ အိရွှင်ဟာ ခေါင်းတုံးတုန်းပြီး အဖြူရောင် သင်တိုင်းထည်ကို ဝတ်ဆင်ထားပေမယ့် သိပ်ပြီး လှပပါတယ်။ ဒါကြောင့်လည်း ကိုယ်တောှ အတောှများများက အိရွှင်ကို တိတ်တိတ်ကြိတ်ပြီး ချစ်ခင်နေကြသတဲ့။ တစ်ရက်မှာတော့ အဲဒီအထဲက ကိုယ်တောှ တစ်ပါးဟာ အိရွှင်နဲ့ နှစ်ဦးသား တွေ့ဆုံခိုက်မှာ ရည်းစားစာ ပေးလိုက်ပါတယ်။ အိရွှင်ဟာ ဘာအဖြေမှ ပြန်မပေးခဲ့ပါဘူးတဲ့။ နောက်တစ်နေ့ ဇန်ဆရာကြီးရဲ့ သင်ကြားမှု ပြီးစီးချိန်ကြမှ အိရွှင်ဟာ မတ်တပ်ထရပ်လိုက်တယ်။ ပြီးတော့ သူ့ကို ရည်းစားစာပေးတဲ့ ကိုယ်တောှကို စူးစူးစိုက်စိုက်ကြည့်ရင်း ရှင်တကယ်လို့ ကျွန်မကို တကယ် နှစ်နှစ်ကာကာ ချစ်မြတ်နိုးတယ် ဆိုရင် အခုပဲ ကျွန်မဆီလာပြီး ပေါှပေါှတင်တင် ပွေ့ဖက်လိုက်ပါလားလို့ ပြောလိုက်သတဲ့။
အပူ
ဒီလိုနဲ့ အိရွှင်ဟာ အနှစ်ခြောက်ဆယ်ကျောှ ဇင်တရားတွေကို လေ့လာကျင့်ကြံ လာရင်းက နောက်ဆုံး ကွယ်လွန်မယ့် အချိန်ကို ရောက်ရှိလာပါတယ်။ သူမက ရဟန်းအချို့ကို ထင်းခြောက်တွေ စုပုံခိုင်းလိုက်ပြီး သူမကတော့ အဲဒီ ထင်းခြောက်တွေရဲ့ အလယ်မှာ ထိုင်လို့ ထင်းတွေကို မီးရှို့စေပါသတဲ့။ ရဟန်းတစ်ပါးက အို သီလရှင် သင် အဲဒီအထဲမှာ မပူဘူးလားလို့ အလန့်တကြား လှမ်းမေးပါတယ်။ အဲဒီအခါ အိရွှင်က သင့်လို လူညံ့တွေပဲ ဒါမျိုးကိစဿစလောက်ကို ရေကြီးခွင်ကျယ် အလေးအနက် ပြောနေတာလို့ ပြန်ပြောလိုက်ပါသတဲ့။ ခဏအကြာမှာတော့ မီးတောက်တွေ အားကောင်းလာပြီး အိရွှင်လည်း ကွယ်လွန်သွားပါတော့တယ်။
ကျရာနေရာမှာနေထိုင်ခြင်း
တိုရွှီဟာ တစ်ခေတ်တစ်ခါက လွန်စွာထင်ရှားခဲ့တဲ့ ဇင်ပညာရှိတစ်ယောက် ဖြစ်တယ်။ သူဟာ ကျောင်းတိုက်ပေါင်း များစွာမှာ သတင်းသုံးခဲ့ပြီး နယ်မြေအနှံ့မှာ လှည့်လည် သင်ကြားပြသခဲ့တယ်။ သူနောက်ဆုံး သီတင်းသုံးခဲ့တဲ့ နေရာမှာဆို တပည့်တပန်းတွေ အများကြီး ရှိပါသတဲ့။ သူဟာ အဲဒီမှာ နေထိုင်ရင်းက သင်ကြားမှုတွေကို အပြီးတိုင် ရပ်ဆိုင်းတော့မယ်လို့ ကြေညာပြီး သူ့တပည့်တွေကို သူတို့နှစ်သက်ရာ နေရာတွေကို ထွက်သွားနိုင်တယ်လို့ ခွင့်ပြုလိုက်တယ်။ အဲဒီနောက်ပိုင်းမှာတော့ တိုရွှီကို ဘယ်သူမှ မတွေ့ရတော့ဘူးတဲ့။ ဒီလိုနဲ့ သုံးနှစ်အကြာမှာတော့ တိုရွှီရဲ့ တပည့်ဟောင်း တစ်ယောက်ဟာ သူတို့ဆရာကို ကျိုတိုမှာရှိတဲ့ တံတားတစ်ခုရဲ့အောက်မှာ သူတောင်းစားတွေနဲ့အတူ နေထိုင်နေတာကို တွေ့ရှိသွားပါတယ်။ ဒါနဲ့ သူ့ကို ပညာတွေ သင်ပေးပါဦးလို့ တောင်းပန်ပါသတဲ့။ ငါလုပ်နေတဲ့ အရာတွေကို သင့်အနေနဲ့ တစ်ရက်နှစ်ရက် လိုက်လုပ်နိုင်မယ်ဆိုရင် ငါသင်ကြားပေးမယ်လို့ တိုရွှီက ကတိပြုလိုက်တယ်။ ဒါနဲ့ အရင်တပည့်ဟောင်းလည်း အရင်အဝတ်တွေကိုချွတ် သူတောင်းစားလို ဝတ်ဆင်ပြီး တိုရွှီနဲ့အတူ နေထိုင်ပါသတဲ့။ ဒီလိုနဲ့ နောက်တစ်ရက်မှာ သူတို့အထဲက သူတောင်းစား တစ်ယောက်ဟာ ကွယ်လွန်သွားပါတယ်။ တိုရွှီနဲ့ သူ့တပည့်ဟာ ညသန်းခေါင်အချိန်မှာ သေဆုံးသူရဲ့ ကိုယ်ခနဿဓာကြီးကို ထမ်းပိုးသယ်ဆောင်ရင်း တောင်ကမ်းပါးယံ တစ်ခုမှာ မြှုပ်နှံလိုက်ကြတယ်။ ပြီးတော့မှ သူတို့ စတည်းချရာ တံတားအောက်ကို ပြန်လာခဲ့ကြပါသတဲ့။ ပြီးတော့ တိုရွှီဟာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျောှသွားတော့တယ်။ ဒါပေမယ့် သူ့တပည့်ကတော့ အိပ်လို့မပျောှပါဘူးတဲ့။ နောက်တစ်နေ့ မနက်မိုးလင်းတော့ တိုရွှီက ပြောတယ်။ ငါတို့ ဒီနေ့ အစာထွက်တောင်းစရာ မလိုဘူး၊ မနေ့က သေသွားတဲ့ လူက အစားအစာတချို့ ချန်ရစ် ထားခဲ့သေးတယ်လို့ ပြောပြီး စားသောက်နေပါသတဲ့။ တပည့်မှာတော့ အဲဒီအစာတွေကို တစ်ကိုက် တစ်ဖဲ့လေးတောင်မှ မစားနိုင်ပါဘူး။ အဲဒီတော့မှ တိုရွှီက သင်ဟာ ငါလုပ်တဲ့အတိုင်း ဘာမှ လိုက်မလုပ်နိုင်ပါလား။ ဒါကြောင့် သင် ဒီကနေ ထွက်ခွာသွားပါတော့ ငါ့ကို ထပ်ပြီး မနှောက်ယှက်ပါနဲ့တော့လို့ ပြောလိုက်တယ်တဲ့။
ပျက်သုဉ်းချိန်
ဇင်ပညာရှိကြီး အိုက်ကျူဟာ ငယ်စဉ်ကတည်းက လွန်စွာ ထက်မြက် ထူးချွန်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူငယ်စဉ် တစ်ခါတုန်းက သူ့ရဲ့ ဆရာထံမှာ အလွန်ရှေးကျပြီး တန်ဖိုးကြီးတဲ့ လက်ဖက်ရည်အိုးတစ်လုံး ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိုးဟာ အိုက်ကျူကြောင့် ကွဲသွားတာမို့ အလွန်ပဲ စိတ်သောက ရောက်နေပါသတဲ့။ အဲဒီအချိန်မှာပဲ သူ့ဆရာရဲ့ ခြေသံကို ကြားလိုက်ရတာမို့ အိုက်ကျူဟာ အိုးအကွဲကို နောက်မှာ ဝှက်ထားလိုက်တယ်။ သူ့ဆရာ အနားရောက်လာတော့ အိုက်ကျူက ဆရာအရှင် လူတွေဟာ ဘာလို့ သေဆုံးကြရတာလဲလို့ မေးလိုက်ပါတယ်။ အဲဒီတော့ သူ့ဆရာက ဒါဟာ သဘာဝပဲ ငါ့တပည့်၊ လူတွေမှတင် မဟုတ်ပါဘူး အရာအားလုံးဟာ တစ်နေ့မှာတော့ ပျောက်ကွယ်သွားကြရတာပဲလို့ ဖြေလိုက်သတဲ့။ အဲဒီအခါကျမှ အိုက်ကျူက သူ့လက်ထဲမှာ ကွဲနေတဲ့ အိုးအပိုင်းအစတွေကို ထုတ်ပြပြီး ဆရာ့ရဲ့ ရေနွေးအိုးဟာ ပျက်စီးချိန်ကို ရောက်ခဲ့ပါပြီလို့ လျှောက်ထားလိုက်သတဲ့။
လက်ဆောင်
တစ်ခါတုန်းက ရှိချိရီကိုဂျွန်း ဆိုတဲ့ ဘုန်းတောှကြီးတစ်ပါးဟာ တရားစာတွေကို ရွတ်ဖတ်နေတုန်း ဓားလွတ်ကိုင်လာတဲ့ သူခိုးတစ်ယောက်က တက်လာပြီး ဓားပြတိုက်ပါသတဲ့။ အဲဒီအခါ ရှိချိရီက သင်ငါ့ကို မနှောက်ယှက်ပါနဲ့၊ သင်လိုချင်တဲ့ ငွေတွေဟာ ဟောဟို အံဆွဲထဲမှာ ရှိပါတယ်လို့ ပြောပြီး တရားစာတွေကို ဆက်လက် ရွတ်ဖတ်နေပါသတဲ့။ ခဏကြာတော့ ရွတ်ဖတ်မှုကို ခဏရပ်ပြီး သင်အားလုံးတော့ မယူသွားလေနဲ့၊ မနက်ဖြန်မှာ ငါအခွန်ဆောင်ဖို့ရာ ရှိသေးတယ်လို့ ပြောလိုက်တယ်။ သူခိုးဟာ ငွေအနည်းငယ်ကိုသာ ချန်ရစ်ထားခဲ့ပြီး ထွက်ခွာဖို့ ပြင်တယ်။ အဲဒီအခါ ရှိချိရီက သင့်ကို လက်ဆောင်ပေးတဲ့သူကို သင်က ကျေးဇူးစကား ဆိုသင့်တယ်လို့ ပြောတဲ့အခါ သူခိုးဟာ ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ထွက်ခွာ သွားတော့တယ်။ နောက်ရက် အနည်းငယ်မှာတော့ အဲဒီသူခိုးကို ဖမ်းမိပါတယ်။ ရှိချိရီကို စစ်ဆေးတဲ့အခါ သူက ငါသိသလောက်တော့ ဒီလူဟာ သူခိုး မဟုတ်ပါဘူးတဲ့၊ သူ့ကို ငါငွေတွေ ပေးလိုက်တဲ့အခါ သူက ငါ့ကိုကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီသူခိုးဟာ ပြစ်ဒဏ်ကျခံပြီးလို့ ထောင်က လွတ်မြောက်လာချိန်မှာတော့ ရှိချိရီဆီကို ရောက်လာပြီး သူ့ရဲ့ တပည့် ဖြစ်လာခဲ့ပါတော့တယ်။
ကျွန်တောှရသော သင်ခန်းစာ
  1. လူတွေဟာ ခိုးကြောင်ခိုးဝှက် လုပ်ရတာကို သိပ်အရသာတွေ့တယ်။
  2. မီးထက်ပြင်းတဲ့ အပူတွေလည်း ရှိနိုင်တယ်။
  3. ကျရာနေရာ ဖြစ်ရာဘဝမှာ မနေတတ်တဲ့သူဟာ ပေါင်းသင်းဖို့ ခက်ခဲတယ်။
  4. အရာအားလုံးမှာ သူ့အချိန်ဆိုတာ ရှိတယ်။
  5. ကိုယ့်အလုပ် ကိုယ်လုပ်ခြင်း။