Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှစ်ရာတန်လေးရဲ့အတ္ထုပ္ပတ္တိ……….

naywoon niNovember 17, 20101min61513

ကျွန်တော်ဒီလောကထဲကိုရောက်တော့ဆေးနဲ့တွေနဲ့မူးဝေနေခဲ့တာ…။ပြီးတော့စက်သံတွေကလည်းတစ်ဂျုံးဂျုံးတစဂျုင်းဂျိုင်းနဲ့………
ကျွန်တော်တို့တွေကိုစုစည်းနှောင်ဖွဲ့ပြီးတစ်ထုပ်စီတစ်ထုပ်စီရေးတွက်ပြီးသေတ္တာတွေထဲထည့်ခံရပါတယ်…။အဲဒိအချိန်ထိကျွန်တော်ဟာဘာကောင်မှန်း
မသိခဲ့သေးပါဘူး..။နောက်တော့ရွှေ့လျားနေတဲ့စက်တွေပေါ်ပါလာခဲ့ပြီးစားပွဲတစ်လုံးပေါ်ကိုသွန်ချခံလိုက်ရပါတောတယ်..။
အဲ့ဒိနောက်တော့….
“ပါကင်တွေဖြည်ကွာ”
ဆိုတဲ့အသံနဲ့ကျွန်တော်တို့ကိုစုစည်းနှောင်ဖွဲ့ထားတဲ့ကြိုးတွေကိုဖြေပစ်လိုက်ပြီးတစ်ခုနဲ့တစ်ခုမကပ်အောင်ဆွဲပွတ်ပြီးရေတွက်ချင်းခံရပါတယ်..။
ကျွန်တော့အလှည့်မရောက်ခင်မှာပဲရေတွက်နေသူရဲ့လိုအပ်ချက်ပြည့်သွားပြီးတစ်စုံတစ်ယောက်ကိုပေးလိုက်ပါတယ်..။ကျွန်တော်လည်းလောကကကြီးကိုမျက်
ဝါးထင်ထင်ပထမဆုံးတွေ့လိုက်ရတဲ့အချိန်ပါ…။ကျွန်တော့ရှေ့ကကောင်တွေကတော့မုတ်ဆိတ်နှုတ်ခမ်းမွေးတွေပရပစ်နဲ့ကုလားကြီးဆီပါသွားပါပြီ။ကျွန်တော့ကို
လည်းပြုံးပြီးနှုတ်ဆက်သွားကြရဲ့..။အလယ်လောက်ကပါသွားတဲ့ကောင်ကမကြာခင်မှာပြန်ဆုံမယ်လို့အော်သွားတယ်..။ကျွန်တော်တို့တစ်တွေဟာအသက်ဝင်လာ
ကတည်းကအမှောင်ထဲမှာနေလာကြတာလေ….။ခုမှအလင်းရောင်ကိုရကြတာပျော်နေတာပေါ့..။ကျွန်တော်လည်းသိပ်မသန့်ပေမဲ့မွန်းကြပ်နေတဲ့အသက်ကိုဝ
အောင်ရှူပစ်လိုက်မိတယ်..။
ကောင်တာကလူကကျွန်တော့တို့ကိုမရေတွက်တော့ပြန်ဘူး..။ကျွန်တော့်ထက်ကြီးတဲ့ကောင်တွေဖက်လှည့်သွားပြန်တယ်..။ဘယ်ရောက်ရောက်ကွာငါက
အပေါ်ဆုံးရောက်နေတာမှိန်းလိုက်ဦးမယ်ဆိုပြီးဘာမှမတွေးမိအောင်နေပြီးငိုက်လိုက်ပါတော့တယ်..။
“ငါးသောင်းနဲ့သုံးရာနော်…တစ်ရာတန်ကတော့မရှိဘူးအမကြီးရေ…အမကတစ်ရာပေးကျွန်တော်လေးရာပေးလိုက်မယ်”
“နေနေမောင်လေး….နှစ်ရာပဲပေးတော့..မင်းကွမ်းဖိုး…”
“ရော့…အမ..ကျေးဇူးပဲ”
ငိုက်နေတဲ့ကျွန်တော်လက်နဲ့ကိုင်တွယ်ခြင်းခံရပြီးလန့်နိုးလာပါတော့တယ်…။ငိုက်ကောင်းခြင်းမငိုက်ရလို့နဲနဲတော့ကျွဲမြီးတိုလိုက်ပါသေးတယ်..။ဒါပေမဲ့
ကျွန်တော့ဘဝမှာအဲဒါနောက်ဆုံးငိုက်လိုက်ရခြင်းပါပဲ..။
ကျွန်တော်လည်းအမျိုးသမီးကြီးနောက်ပါသွားတာပေါ့…သူအိတ်ထဲကိုကျန်တဲ့အရွက်တွေထည့်လိုက်ပြီးတော့ကျွန်တော့ကိုလက်ထဲမှာကိုင်ပြီးကောင်တာ
ရှေ့ကထွက်သွားပါတော့တယ်..။ရှေ့ရောက်တော့ဆိုက္ကားစီးဦးမလားလို့မေးသံကြားလိုက်ရပြီး…..
“အေး……ရော့..အမကိုဈေးလိုက်ပို့”
ဆိုပြီးကျွန်တော့ကိုဆိုက္ကားသမားလက်ထဲထိုးထည့်လိုက်ပါတော့တယ်…။ဆိုက္ကားသမားကကျွန်တော့ကိုသေချာခေါက်ရိုးကျိုးသွားအောင်လက်နဲ့ဖိခေါက်
လိုက်တာဟာကျွန်တော့်ခါးရိုးတွေ ဖျိုး ဖျိုးဖြစ်ဖြစ်မည်သွားပါတော့တယ်..။နောက်ကျွန်တော့ကိုသူအကျီ င်္အိတ်ထဲထည့်လိုက်ပြီးဆိုက္ကားကိုနင်းပါတော့တယ်…….။
ကျွန်တော်ဘာလဲစဉ်းစားရပါပြီ..။ခုတင်ပဲလူသုံးယောက်လက်ထဲပြောင်းသွားရပြီ..။နောက်ဘယ်နှစ်ယောက်ပြောင်းဦးမှာလဲ?
ခါးလည်းကျိုးခဲ့ပြီ
အဲဒိနေ့ကကျွန်တော်ဟာကိုယ်ကိုကိုယ်နှစ်ရာတန်ကြောင်း…ကျွန်တော်ထက်တန်ဘိုးကြီးတဲ့ကောင်တွေကငါးရာတန်းနဲ့
တစ်ထောင်တန်တို့ရှိသေးကြောင်းသိလိုက်ရပါတယ်။အဲဒိအချိန်ကငါးထောင်တန်မပေါ်သေးပါ..။
ကျွန်တော်ဟာတစ်နေကုန်ဆိုက္ကားသမားအိတ်ထဲမှာနေရပါတယ်..။သူ့အိတ်ထဲမှာငါးရာတန်တစ်ရွက်နဲ့တစ်ရာတန်လေးရွက်လည်းရှိသေးတယ်..။
ငါးဆယ်တန်တစ်ရွက်ကတော့ညည်းညူနေတာပဲ..။သူ့ပုံကအဖိုးကြီးပုံပေါက်နေပြီ..။ဒဏ်ရာတွေဗလပွနဲ့ပလာစတာတွေလည်းကပ်ထားသေးတယ်..။ငါးရာတန်
ကတော့သိပ်အရောတစ်ဝင်မရှိလှဘူး..။ခပ်တည်တည်ပဲ..။အဲတစ်ရာတန်လေးရွက်ကတော့ဆူညံနေအောင်စကားတွေဖောင်ဖွဲနေကြတယ်..။သူတို့ရဲ့…………
အတွေ့အကြုံတွေကိုပြောနေလိုက်ကြတာယုံနိုင်စရာတောင်မရှိဘူး..။တော်တော်ဆိုးတဲ့လူတွေ..။ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နံပါတ်တွေပွတ်ကြည့်ပြီးဖဲရိုက်ကြသတဲ့..။
ပြီးတော့ငါးရောင်းတဲ့ငါးစိမ်းသည်ဆီရောက်တော့ငါးဘန်းအောက်ခြေကဖက်ရွက်အောက်ထဲထိုးထည့်တာခံရသတဲ့..။ငါးရေတွေထဲနစ်နေတာတစ်မနက်လုံးပဲတဲ့..။
ကွမ်းယာဆိုင်ရောက်ဖူးတဲ့တစ်ရာတန်ကလည်းအားကျမခံ”မင်းတို့ကဒီလောက်ပဲကြုံဖူးတာလား…ငါကမှကွမ်းယာဆိုင်ကထုံးအိုးထဲကျတာဆရာ…တစ်ကိုယ်လုံးက
ိုဖွေးလို့..။အဲဒါဆိုင်ရှင်ကရေဆေးပြီးတစ်နေကုန်နေလှမ်းထားတာ………ကိုယ်ပေါ်ကိုလည်းကျောက်ခဲနဲ့ဖိထားသေးတယ်..ပြီးတော့ဆောင်းတွင်းကြီးဗျာ…”အဲဒိမှာ..
တစ်ရာတန်တစ်ရွက်ကကျန်တဲ့တစ်ရွက်ကိုတိုးတိုးလေးပြောလိုက်တာသူတိုနှစ်ရွက်ကြိတ်ရယ်နေကြပါရော……ဘာလဲမေးတော့လည်းတော်တော်နဲ့မပြောကြဘူး..။
ပြောရတာလည်းမကောင်းပါဘူး..။ညကသူတို့ိုမိန်းမပေါ့နှစ်ယောက်ကသူတို့ရင်သားထဲထိုးတည့်ခံလိုက်ရတဲ့အကြောင်းပြောနေတာ…။ဒီကြားထဲငါးဆယ်တန်အဖိုးကြီး
ကလည်းတစ်မှောက်…။မင်းတို့အများသုံးအိမ်သာကရေကန်ထဲကျဖူးလို့လားတဲ့…။ကလေးတွေပိုက်ဆံထောာင်ပြီးဖိနပ်နဲ့ပစ်တာခံရဖူးလို့လားတဲ့..။မင်းတို့ကအနာ
အဆာမရှိသေးတော့ပျော်နေမှာပေါ့…။ငါ့လိုတိတ်ကပ်ထားတဲ့ငါးဆယ်တန်ကတော့မပျော်နိုင်ဘူးတဲ့…..။ဘယ်နေ့လူတွေဆွဲဖြဲပစ်ပြီးလွှင့်ပစ်ခံရမလဲဆိုတာပဲစောင့်နေရ
တော့တဲ့အချိန်ရောက်နေပြီ..တဲ့။။။အဲဒိနေ့ကကျွန်တော်ကလူလတ်တန်းစားအသစ်စက်စက်ဆိုတော့တော်တော်လေးပိုက်ဆံရာဝင်ပါတယ်..။ငါးထောင်တန်းတွေလည်း
မပေါ်သေးဘူးလေ…။။ကွမ်းယာမှနှစ်ကျပ်ဖိုးသုံးယာခောတ်ကိုး……..အဲဒိလိုဆိုတော့ကျွန်တော့်အသက်ဘယ်လောက်ရှိပြီ
လဲတွက်ကြည့်ပေါ့လေ…………လူတွေအနေနဲ့သာအသက်နှစ်ဆယ်ဆိုတာပြဿနာမရှိတာ…ကျွန်တော်တို့မြန်မာပြည်ကပိုက်ဆံအနေနဲ့ကတော့တော်တော်လေး
အိုစာနေပါပြီ..။
နေဦးဗျာ…ငယ်ငယ်ကအကြောင်းပြောရတာအာတွေ့တယ်…။ကိုယ်ကအတွေ့အကြုံမရှိ..။ဒုက္ခရောက်ရတာလည်းရှိတာပေါ့..။အဲ့ဒိညကကျွန်တော်တို့တစ်သိုက်ဘယ်..
ရောက်သွားလဲသိလား..?အသုဘအိမ်ကဖဲဝိုင်းဗျ..။ကျွန်တော်ရဲ့ပိုင်ရှင်ဆိုက္ကားသမားကောင်းမှုနဲ့ပေါ့ဗျာ…….။
အဲဒိမှာဘာဖြစ်လဲသိလား..။စောစောကပြောခဲပါတယ်..။ကျွန်တော့ကိုခါးချိုးပစ်တယ်လို့….လေ..။ခုတော့ခါးတင်မဟုတ်တော့ဘူးဗျ..။ဒေါင့်ချိုးထပ်ချိုးပစ်တယ်..။ဒါတင်
်မကသေးဘူးနောက်ထပ်သေးသေးလေးထပ်ချိုးပစ်ပြီးတော့..ရှေ့ကိုပစ်ချလိုက်တယ်..။ခုလိုဆောင်းတွင်းကြီးမှာဗျာ..နာကနာ..အော်လိုလဲမရ..နဲ့..။ပြီးတော့ကျွန်တော့
ကိုပစ်ချရင်းပြောလိုက်တဲ့စကားကတော်တော်ခံရခက်တယ်..။ငါးဆယ်တဲ့လေ…..ကိုယ့်ကိုလည်းအချိုးအခေါက်ခံရသေးတယ်..။
ငါးဆယ်လိုလဲအသတ်မှတ်ခံလိုက်ရသေးတယ်..။ကိုယ့်ပိုင်ရှင်ဆိုတော့လည်းရှူံးပါစေလို့ဆုမတောင်းကောင်းပါဘူး..။ကစားနေတာကတွမ်တီဝမ်းဗျ..။
ကျွန်တော့ပေါ်ကနေဖဲချပ်တွေကကျနေတာ..။ဘာဖဲလဲကျွန်တော်က
အရင်ဆုံးမြင်ရတာ…တစ်ဖဲရယ်ဂျက်ဖဲရယ်…။ကျွန်တော်ပျော်သွားတာပေါ့..။သခင်နိုင်ဖို့သေချာနေပြီ..ဟုတ်ပါတယ်..။နိုင်လိုက်တယ်..။နှစ်လှည့်သုံးလှည့်………………
ကျွန်တော့ကိုဝိုင်းထဲကမထုတ်သေးဘူး..။နောက်ကျွန်တော့ထက်အသက်ကြီးတဲ့နှစ်ရာတန်နှစ်ရွက်ရတော့မှ……လပ်ကီးလေးဆိုပြီးကကျွန်တော့ကိုနမ်းလိုက်သေးတယ်…..
ကျွန်တော့ကိုလည်းသူအိတ်ထဲပြန်သိမ်းလိုက်ပါတယ်..။စောစောကချိုးထားခေါက်ထားတာတွေပြန်မဖြေပါဘူး..။ဒါပေမဲ့အပြင်မှာအေးလွန်းလို့နွေးထွေးတဲ့သူ့အိတ်ထဲပြန်
ရောက်ရတာပဲကျေနပ်ပါပြီ..။ကျွန်တော်လည်းအချိုးအခေါက်ခုမှစခံရတာဆိုတော့နာကျင်နေပြီးမှိန်းနေမိတာပေါ့..။နောက်မကြာပါဘူး..။ဟာ..လာဒ်မရှိကိုးမရှိကောင်
သွားကွာဆိုတဲ့အသံကြားလိုက်ပြီးအိတ်ထဲသူ့လက်ကြီးရောက်လာပါတော့တယ်…။အိတ်ထဲကပိုက်ဆံတွေထုတ်ရေပြီးတော့သူရွေးလိုက်တဲ့ပိုက်ဆံကကျွန်တော့ကိုပါ….။
သူအတွက်လာဒ်ကောင်းတယ်လို့မှတ်ယူသွားတဲ့ဖဲသမားရဲ့အသုံးတော်ခံရပါဦးမယ်…။
ညကတော်တော်လေးညဉ့်နက်နေပါပြီ….။ကျွန်တော်လည်းချမ်းချမ်းစီးစီးနဲ့သခင်များများနိုင်ပြီးကျွန်တော့ကိုပြန်သိမ်းပါစေလိုပဲဆုတောင်းနေရတော့တယ်……
မကြာပါဘူးဝိုင်းပျက်သွားလို့သူလဲထပြန်ခဲ့ပါတယ်..။ဝိုင်းပျက်သွားတယ်ဆိုတာကကစားမဲ့သူမရှိတော့လို့ပါ…။ကျွန်တော်လည်းအဖေါ်တွေတိုးလာတာပေါ့………..
နေ့လည်ကငါးဆယ်တန်အဘိုးကြီးဘယ်ရောက်သွားပါလိမ့်……။အော်……..အိတ်ထောင့်မှာခွေနေတာကိုး…။သူ့ဖာသာခွေနေတာတော့မဖြစ်နိုင်ပါဘူး..။
အိတ်ထဲလက်သွင်းလိုက်နဲ့တွန့်ကျေပြီးအိတ်ဒေါင့်ရောက်သွားပုံပါ……..။
မနက်ကျတော့ကျွန်တော်တို့ကိုပိုင်ရှင်ကအိတ်ထဲကနေထုတ်လိုက်ပြန်ပါတယ်..။ရှေ့မှာကလေးနှစ်ယောက်ရောက်နေတယ်လေ……လက်ကလေးတွေဖြန့်လို့
မုန့်ဖိုးတောင်းတာနေမှာပေါ့…….။။ကလေးအကြီးကိုငါးကျပ်န်တစ်ရွက်ပေးလိုက်ပါတယ်..။နှစ်ယောက်ခွဲသုံးတဲ့..။ကျွန်တော်ကိုတော့ဘုရားစင်ပေါ်တင်လိုက်ပြီးဖယာင်း
တိုင်းတင်ထွန်းတဲ့တုံးလေးနဲ့ဖိလိုက်ပါသေးတယ်..။ပြီးတော့အိမ်ဖက်ကိုလှမ်းအော်လိုက်ပါသေးတယ်…….”ဟေ့ဒီပေါ်မှာတင်ထားတဲ့ပိုက်ဆံဘယ်သူမှယူမသုံးရဘူးနော်…..
ငါလာဒ်တင်ထားတာ….”တဲ့အဲဒိတစ်ရက်ပဲကျွန်တော်ကောင်းကောင်းနားလိုက်ရပါတယ်……. အဲဒိမှာသတ္တုပိုက်ဆံပြားတွေနဲ့စကားစမြည်ပြောရင်းအချိန်ကုန်ရတာပေါ့..
ကျပ်စေ့..။ငါးမူးစေ့..။မတ်စေ့တိုနဲ့စကားပြောရင်းသူတို့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေမှတ်သားရပါတယ်..။ သူတို့ကပြောသေးတယ်..
ခုအချိန်သာသူတို့ကိုအသုံးမပြုတော့လို့တစ်ချိန်ကအလွန်တင်ကျယ်ခဲ့ပါသတဲ့..။ ခုတော့ငါးမူးတန်ထုတ်လိုက်ပြီးသတ္တုစေ့အသုံးကမတွင်ကျယ်တော့ပါဘူးတဲ့..။
ရှိလည်းမရှိတော့ဘူးတဲ့လေ……..ဘယ်ရောက်ကုန်သလဲမေးကြည့်တော့……”လူတွေကခက်သားလားကွ..ငါတို့ဆိုတာက1966ကထဲကသုံးလာကြတာ..နှစ်နှစ်ဆယ်
ကိုဘယ်လောက်ကျော်သေးလို့လဲပျောက်ကွယ်ကုန်ပြီ…..လူတွေကဘာလုပ်ပစ်သလဲသိလား…ငါးမူးစေ့မတ်စေ့တွေကိုအရည်ကြိုပစ်ကြတယ်..သူတို့အသုံးဝင်မဲ့ဟာ
တွေပုံလောာင်းပစ်ကြတယ်…။ငါတိုနောက်ဆယ်နှစ်လောက် နောက်ကျပြီးပေါ်လာတဲ့ကြေးနီစေ့ေ တွကျတော့လည်းဒီလိုပဲမူလီတွေနပ်တွေဖြစ်ကုန်ပြီ………။
“ပြောရရင်ငရဲကြီးမလားမသိပါဘူးကွယ်..တန်ခိုးကြီးတယ်ဆိုတဲ့ဘုရားတွေမှာ..အကြွေတွေကော……..ကျပ်တန်း..ငါးကျပ်တန်တွေကော…..ဆယ်တန်တွေ
ကော…တောင်ပုံရာပုံပဲဟေ့……ငါတောင်အပြင်ကအလှူခံပုံးထဲရောက်လို့ဂေါပကတွေကဖွင့်ပြီးရေတွက်နေလို့အပြင်ပြန်ရောက်လာတာ……….ဘုရားလှူတာပဲကွယ်
ကိုယ်လဲလှယ်သုံးနေတဲ့…အရေအတွက်နဲ့ထုတ်ထားခဲ့တဲ့ပိုက်ဆံတွေလှူခဲ့တော့အပြင်ဘက်ပြန်ထွက်လာနိုင်တာကနဲနဲရယ်…………”
ငါးမူးစေ့ကြီးကအဲဒိလိုပြောတော့…….ချောင်ကပ်နေတဲ့နှစ်ဆယ်တန်လေးက
“အဘိုးကြီးကြည့်လည်းပြော…ပိုက်ဆံတွေကအရေအတွက်နဲ့ထုတ်တာဟုတ်လို့လားဗျ…..”
“အရင်ကဟုတ်ပါ့ဗျာ…ဒီအရေအတွက်ထက်ပိုမထုတ်ရလို့သတ်မှတ်ထားတာ…။ဒါကြောင့်ငါတို့ခောတ်ကဆန်တစ်ပြည်တစ်ကျပ်ကိုအကြာကြီး..။
နောက်မှတစ်ကျပ်ခွဲ…တစ်ကျပ်ရှစ်တယ်…….ခောတ်ပြောင်းတဲ့အထိပဲ”
“‘ဒါပဲပြောနေတာပဲ……ခင်ဗျားက…ဆိုရှယ်လစ်ကွန်ဆာဗေးတစ်အအိုကြီး……..”
“အေးပါ……ငါကအိုပါပြီ…ဒါပေမဲ့ငါတို့ကမင်းတို့လို…လိုတုန်းဘုရားစင်ပေါ်တင်မလိုရင်ဖနောင့်နဲ့ပေါက်ခံရမဲ့အထဲမပါတော့ဘူး…”
နှစ်ဆယ်တန်လေးကအားကျမခံ………
“အင်းပါ…..ကွမ်းတစ်ယာတန်ကြီးရဲ့….ထုံးအိုးထဲကျခဲ့တာမမှတ်မိဘူးနဲ့တူရဲ့”
“ငါကထုံးအိုးထဲရောက်တာဘာမှမဖြစ်ဘူးမောင်……မင်းတို့စက္ကူတွေသာဂရုစိုက်…..စက္ကူအရည်အသွေးတွေကခပ်ကောင်းကောင်းနဲ့
မင်းတို့လည်းနောက်မြင်ရရင်ဆယ်နှစ်ပေါ့ …ခုတောင်ငါးမူးစေ့အစားထုတ်လိုက်တဲ့ငါးမူးတန်ကပျောက်စပြုနေပြီမောင်…..
မယ်သီလကတောင်ငါးမူးတန်လောင်းရင်ပြန်ချသွားတာတဲ့နော်…….. အဲဒါကြောင့်ကျပ်တန်ကအသစ်ထွက်တော့ဘူး..ခုတောင်ငါးမူးတန်ကအသုံးမတည့်တော့ရင်နောက်ကျပ်တန်ပါအသုံးမရှိဖြစ်တော့မှာ…………
နောက်ငါးကျပ်တန်ပါအသစ်မထွက်တော့ဘူးဖြစ်မယ်……….တစ်ဖြေးဖြေးတန်ဘိုးကြီးတာတွေပဲထွက်လာတော့မှာ…….”
“ဘာဖြစ်လို့လဲဗျ”……ကျွန်တော်ကမေးလိုက်တော့
“‘ဒီလိုလေမောင်ရဲ့………မောင်ရင့်ကိုယ်နဲ့ကျပ်တန်ကိုယ်ထည်တိုင်းကြည့်ဘယ်လောက်ကွာလဲ…နှစ်ရွက်တစ်ရွက်ဖြစ်နေတာ
အဲဒိတော့ထုတ်တဲ့သူကကျပ်တန်နှစ်ရွက်လုပ်မလား….နှစ်ရာတန်တစ်ရွက်ထုတ်မလား?နှစ်ကျပ်နဲ့နှစ်ရာအဆတစ်ရာကွာနေပြီဘယ်ထုတ်တော့မလဲ
ကျပိတန်…..သူဖာသာခုသုံးမရာမရှိလို့ငိုချင်သလောက်ငိုနေကြပါစေထုတ်တော့ဘူး”

——–(၂)
အဲဒိနေ့ညကကျွန်တော်ကံဆိုးတယ်..။အရင်ညကလိုပဲ.ကျွန်တော့ကိုတည်ပြီးဖဲရိုက်တာမနိုင်ဘူး..။ကျွန်တော်လည်းအဖဲ့ခံလိုက်ရတယ်
လက်နဲ့လည်းလုံးခြေပြီးလွှင့်ပစ်ခံလိုက်ရတယ်……။မနက်ကျတော့လူပျိုပေါက်လေးတစ်ယောက်ကတွေ့ပြီးကျွန်တော့ကိုသေချာပြန်ဖြန့်ပေးတယ်…….
ပြီးတော့ပြဲနေတဲ့နေရာကိုတိပ်နဲ့ကပ်ပေးတယ်…..။ကျွန်တော့ကိုကိုင်ပြီးအိမ်အပြင်ထွက်သွားတော့တာပဲကျွန်တော်နောက်သခင်ပြောင်းရပြန်ပြီ…..
အိမ်ဝိုင်းကျဉ်းကျဉ်းလေးထဲရော ….”ရှိလား..လို့မေးတယ်” ကျွန်တော့ကိုပေးပြီးပျောက်သွားိုက်တာခုချိန်ထိမတွေ့ရတော့ပါဘူး..။
အဲဒိနေ့ကစပြီးကျွန်တော်လည်းဘဝမျိုးစုံလူမျိုးစုံလက်ထဲကျင်လည်ခဲ့ရတာ…….။တိတ်တစ်ခါဆက်တောင်မဟုတ်တော့ဘူး..။ဖာရာဗလပွနဲ့………
ပိုက်ဆံရုပ်မပေါ်တော့ပါဘူး..။
တစ်ချို့ဆိုရင်ကျွန်တော့ကိုလက်မခံချင်ကြတော့ဘူး..။မကြာခင်ကအဖြစ်လေးပြောပြချင်သေးတယ်……..ခင်ဗျားတို့လူတွေအကြောင်း
ခင်ဗျားတို့ဆက်ဆံရတယ်ဆိုတဲ့လူအရည်အတွက်ကကျွန်တော့လောက်မများပါဘူး..။ခင်ဗျားတိုလူတွေအကြောင်းသိတယ်ဆိုတာကျွန်တော်အိပ်နေသလောက်
ပဲရှိတာ……ဒီကြားထဲမှာပြောမကောင်းတဲ့…လူကြားထဲမှာကြားမကောင်းတဲ့အကြောင်းတွေအများကြီးကျော်ထားခဲ့သေးတာ………တစ်နေ့ကဗျ…..
ကျွန်တော်အိမ်တစ်အိမ်ကိုရောက်သွားတယ်သိလား?ပိုက်ဆံပဲအိမ်မရောက်လို့ကျောင်းတိုဇရပ်တို့ရောက်ရမလားမမေးနဲ့ရောက်ဖူးတယ်နော်…………….
နောက်နေ့ကျတော့ပြောချိန်ရရင်ပြောတာပေါ့……….။အဲဒိအိမ်ကတော်တော်ကိုဆင်းရဲတာဗျ…ကျွန်တော်စုတ်ပြတ်သတ်နေတဲ့ဘဝသာရောက်လာတာအဲဒိလောက်
ဆင်းရဲတဲ့လူဆီမရောက်ခဲ့ဖူးဘူး..။မိန်းမကြီးကကျွန်တော်တို့ပိုက်ဆံတွေစုပြီးချွေးခံအိတ်ထဲထည့်ထားသဗျ…….။အရွက်စုံပဲ..ဒါပေမဲ့ကျွန်တော်အဲဒိမှာတန်ကြေး
အမြင့်ဆုံး..။ကျွန်တော်ရောက်တဲ့နေရာတိုင်းကျွန်တော့်ထက်တန်ကြေးမြင့်တဲ့သူတစ်ရွက်လောက်တော့ရှိတာပဲ။သူကဈေးထဲကိုခေါ်လာတာဗျ..ဈေးဝယ်မယ်ပေါ့လေ
ပထမဆုံးဟင်ရွက်ဝယ်တယ်ဗျ…တစ်ရာဖိုးပေ့ါ…….”တစ်ရာတန်ပြန်အမ်းဖို့မရှိဘူးအမေကြီးဘာယူဦးမှာလဲ”
“မယူတော့ဘူးလေ…..ဆပ်ပြာမှုန့်ဝယ်ရဦးမှာ…….”
“တစ်ရာတန်မပါဘူးလား”
“အင်း….မပါတော့ဘူးလေ……”
ကျွန်တော်မျက်စေ့လည်သွားတယ်…။သူအိတ်ထဲမှာတစ်ရာတန်းငါးရွက်ပါပါရက်နဲ့ကျွန်တော့ကိုထုတ်ပေးပြီး တစ်ရာတန်ဘာလို့မပါဘူးလို့ပြောသလဲ
စဉ်းစားလို့မရဘူး..။ဟင်းရွက်စည်းကိုချခဲ့ပြီးကျွန်တော့ပြန်ခေါ်လာပါတယ်……။နောက်ကုန်စုံတန်းရောက်တော့ဆပ်ပြာမှုန့်တစ်ရာတန်ဝယ်ပါတယ်..။
ကျွန်တော့ကိုပဲထုတ်ပေးပါတယ်…။စောစောကလိုပဲတစ်ရတန်မရှိလို့ဘာယူဦးမလဲမေးတော့ဟိုဟိုဒီဒီကြည့်ပြီးအချိုမှုန့်တစ်ရာတန်ပေးလို့ပြောလိုက်ပါတယ်…။
ကျွန်တော့ကိုထားခဲ့ပြီးထွက်သွားတာပေါ့..။ဈေးသည်လက်ထဲကျန်ခဲ့တဲ့ကျွန်တော်စောစောကဘာလို့ကျွန်တော်ကိုအရင်အစွန်ထုတ်သလဲဆိုတာသိလာရပါတယ်..။
အဲဒိဈေးသည်ကလည်းစောစောကအဖွားကြီးလိုပဲ..။ကျွန်တော်ကိုအရင်ထုတ်အမ်းပါတယ်..။ဈေးဝယ်သူတွေကမကြိုက်လို့ပြန်လဲရင်တစ်တစ်ခုခုယူသွားပါဦးလား
နှစ်ရာတန်ကဒီတစ်ရွက်ပဲရှိလို့လို့ပြောတယ်ဗျ………ဘယ်ကျွန်တော်တစ်ရွက်ထဲဟုတ်ရမလဲ…..နှစ်ရာတန်တွေမှကျွန်တော့လောက်တောင်မစုတ်တာတွေတစ်ထပ်ကြီး
ကျွန်တော်ဟာပိုက်ဆံတွေထည့်ထားတဲ့တောင်းထဲကိုခဏခဏပစ်ချခံရပါတယ်…..။ကြာလာတော့မောင်ရင်လည်းပတ်တီးအကိုင်ခံရတော့မယ်တဲ့……….
ဟိုးအောက်ဆုံးကနှစ်ရာတန်ကြီးရဲ့အသံကြားလိုက်ရတယ်..။သူ့ကျောမှာလဲစက္ကူအပြည့်ကပ်လို့
“ဘယ်လိုဖြစ်တာလဲဗျာလို့”……ပြန်မေးလိုက်တော့…….
“ဘယ်လိုမှမဖြစ်ဘူးဟေ့…တို့ကိုအနားပေးမလို့…ဒီလိုပတ်တီးတစ်ခြမိးအကပ်ခံရတာကကံကောင်းတယ်မှတ်…..ငါတွေ့ဘူးတဲ့ကောင်တွေကတော့
ဆုတ်ဖြဲပြီးလမ်းပေါ်လွှင့်ပစ်ခံရတဲ့ကောင်တွေချည့်ပဲ…ခုတော့ဘဏမှာပြန်လဲခံရတော့မှာကွ……”
“ဆုတ်ဖြဲပြီးလမ်းပေါ်လွင့်ခံရတာကတော်သေးတာပေါ့ဗျ…ဟိုရောက်ရင်မီးနဲ့ရှီု့ပစ်မှာတော့မသိပဲနဲ့”
အောက်နားကတစ်ရာတန်လေးရဲ့စကားကြောင့်တောင်းထဲမှာရှိသမျှပိုက်ဆံတွေရဲ့ရယ်မောလှောင်ပြောင်တာခံလိုက်ရလို့ကျောပြည့်စက္ကူအပြည့်နဲ့နှစ်ရာ
တန်ကြီးလဲငြိမ်သွားပါတော့တယ်…….။သိပ်မကြာခင်မှာပဲဆိုင်ရှင်ကကျွန်တော့ကိုအမ်းဖို့ထုတ်ယူလိုက်ပါတယ်..။
“နှစ်ရာတန်ကနဲနဲတော့စုတိတယ်နော်”..တဲ့
ကျွန်တော့်ကိုလက်လှမ်းလိုက်တဲ့သူကကိုယ်တော်နဲ့ အသက်ချင်းမတိမ်းမယိမ်ကောင်မလေးဗျ……….အလွန်ဆုံးရှိလှနှစ်ဆယ်ပေါ့
“ရပါတယ်အမရယ်……စည်းကမ်းရှိတဲ့မြန်မာလူမျိုးတွေရဲ့ပိုက်ဆံပဲ..ဒီလောက်တော့စုတ်မှာပေါ့…….အသစ်ထုတ်မဲ့သူကလည်းနှစ်ရာတန်နဲ့ငါးထောင်တန်
နှစ်ရာာတန်မထုတ်တော့ဘူးလေ…….ငါးထောင်တန်ထုတ်တော့အဆနှစ်ရာ့ငါးဆယ်တောင်ကွာနေပြီကိုး…ငါးထောင်တန်ပဲထုတ်တော့တယ်…..”
ပြောပြောဆိုဆိုနဲ့သူ့ပိုက်ဆံအိတ်လေးထဲတစ်ရိုတစ်သေထည့်လို့ဈေးခြင်းလေးဆွဲပြီးကျွန်တော့ကိုခေါ်သွားတာပေါ့
စိတ်ကောင်းရှိလှတဲ့ကောင်မလေးရေ………မင်းအတွက်ငါဆုတောင်းပေးလိုက်ချင်ပါတယ်
မင်းလိုချင်တောင့်တနေတာတွေမှန်သမျှအကုန်ပြည့်စုံပါစေလို့နော်
ဘာပဲပြောပြောကျွန်တော်ကတော့ဆုတ်ဖြဲပစ်ပြီးအလွှင့်ခံရတဲ့အဖြစ်ကလွှတ်လာသလို…မီးရှို့ခံရမဲ့အဖြစ်ကလည်းလွှတ်မြောက်ခဲ့ပါပြီ..
ဘာလို့လဲဆိုကောင်မလေးကကျွန်တော့ကိုပလပ်စတစ်လေးလောင်းပြီးသိမ်းထားပြီလေ………………….

13 comments

  • ကြယ်လေး

    November 17, 2010 at 2:30 pm

    ဟင်း~~~~ ဖတ် ဖတ်ကိုမောသွားတာပဲ

    ဖတ်လို့တော့ကောင်းသား

    ဟို ဆူး ဆိုတဲ့ အ မ ပိုက်စံအဟောင်း ဘဏ်ကလက်မခံလို့ပေါက်ကွဲနေတာ
    ဒါလေး မြင်အောင် ထပ် တင်ခဲ့ အုံးမှ 😛

    “စိတ်ကောင်းရှိလှတဲ့ကောင်မလေးရေ………မင်းအတွက်ငါဆုတောင်းပေးလိုက်ချင်ပါတယ်
    မင်းလိုချင်တောင့်တနေတာတွေမှန်သမျှအကုန်ပြည့်စုံပါစေလို့နော်
    ဘာပဲပြောပြောကျွန်တော်ကတော့ဆုတ်ဖြဲပစ်ပြီးအလွှင့်ခံရတဲ့အဖြစ်ကလွှတ်လာသလို…မီးရှို့ခံရမဲ့အဖြစ်ကလည်းလွှတ်မြောက်ခဲ့ပါပြီ..
    ဘာလို့လဲဆိုကောင်မလေးကကျွန်တော့ကိုပလပ်စတစ်လေးလောင်းပြီးသိမ်းထားပြီလေ………………….”

  • naywoonni

    November 17, 2010 at 3:30 pm

    ဒီပို့စ်လေးကိုကျွန်တော့ရဲ့မှတ်တိုင်အမှတ်41အဖြစ်ရေးဖွဲ့ပါတယ်……..
    ကျွန်တော်ကပေးတဲ့ကျွန်တော့မွေးနေ့လက်ဆောင်လေးပါ………………
    ကြိုက်တာကိုကြိုက်သလို……..မကြိုက်တာကိုလည်းမကြိုက်သလိုအားမနားတမ်း
    ပြောကြပါ……..ရေးခဲ့တာဆယ်နှစ်ကျော်ပါပြီ…ဒီနေ့နဲ့ကိုက်ညီအောင်ပြုပြင်ပြီးတင်လိုက်တာပါ

    • kai

      November 17, 2010 at 11:43 pm

      မင်္ဂလာမွေးနေ့ဖြစ်စေပါ/ပါစေ
      မွေးနေ့အမှတ်တရပါဆိုမှ .. ကြိုက်ရမှာပေါ့..
      ကြိုက်ပါတယ်..။

      ပလပ်စတစ်လောင်းခံပြီးတော့ အမွန်းမခံနဲ့ဗျ..။
      လွတ်လွတ်လပ်လပ် .. နှလုံးသားနဲ့အနီးဆုံး အိပ်က်ထဲနေ..။
      ဒါမှမဟုတ်.. ဘောင်းဘီအိပ်ထဲနေ… 🙂

  • etone

    November 18, 2010 at 2:58 am

    စာအရေးသားအရမ်းကောင်းပါတယ် ။ တစ်ကယ့်ကို နှစ်ရာတန်လေးတစ်ရွက်နေရာက ခံစားပြီးရေးတာ အ ရမ်းပီပြင်ပါတယ် ။
    စာတွေအများကြီးရေးနိုင်ပါစေလို့ ဆုတောင်းပါတယ် ။

  • bigcat

    November 18, 2010 at 3:52 am

    နဝတ တက်ခါစ ထုတ်တဲ့ ၄၅ကျပ်တန် သခင်ဖိုးလှကြီး၊ ၉ဝတန် ဆရာစံပုံပါတဲ့ ငွေစက္ကူတွေ လုံးဝအပြင်မှာ မရှိတော့ဘူးနဲ့ တူတယ်နော်။

  • ဆူး

    November 18, 2010 at 5:04 am

    ၄၅ ကျပ်နဲ့ ၉ဝ တန်က မှ.. လူ ပုံပါသေးတယ်။ နောက်ပိုင်း ခေတ်ရောက်တော့ လူတွေ မရှိတော့ဘူး။

  • chityaaung

    November 18, 2010 at 10:47 am

    15ကျပ်တန်ကလည်းလူပုံနဲ့နော်ကြိုးကြားကြိုးကြားတွေ့နေရသေးတယ်..။
    မဆူးရေ….တွေ့ရင်တင်ပေးပါဦးဗျ…အမှတ်တစ်ရပေါ့

    • ဆူး

      November 19, 2010 at 4:53 am

      လူပုံပါတဲ့ ပိုက်ဆံ ပုံတွေ တော့ ရှိတယ်.. ဒီမှာလည်း သူများတွေ တင်ပြီးသား ရှိတယ် ထင်တယ်။ ဒီမှာ အရင် ရှာလိုက်အုန်းမယ် လင့် ရှာမတွေ့ရင်တော့ အသစ်တင်ပေးမယ်။

  • naywoonni

    November 18, 2010 at 1:03 pm

    နဝတ တက်ခါစ ထုတ်တဲ့ ၄၅ကျပ်တန် သခင်ဖိုးလှကြီး၊ ၉ဝတန် ဆရာစံပုံပါတဲ့ ငွေစက္ကူတွေ လုံးဝအပြင်မှာ မရှိတော့ဘူးနဲ့ တူတယ်နော်။
    တစ်ရက်ကတွေ့လိုက်သေးတယ်ဗျ…..သုံးလို့ရမရတောင်ငြင်းနေကြသေးတယ်…….
    မတွေ့တာကြာတော့လူတွေလည်းမေ့ကုန်ပြီနဲ့တူတယ်…………….

  • Zaw Tun

    November 19, 2010 at 6:38 am

    ဖတ်လို့တော့ အကောင်းသားပဲ

  • chityaaung

    November 20, 2010 at 6:59 am

    ကျန်နေတာလေးတွေရှိသေးဗျို့…..
    ပိုက်ဆံပေါ်မှာချဲဂဏန်းတွေရေးတာ
    ဘောလုံးပွဲအသင်းနာမယ်တွေရေးတာမပါသေးဘူးဗျ……….

  • naywoonni

    November 20, 2010 at 10:13 am

    ကျွန်တော့နှစ်ရာတန်လေးကကြာခဲ့ပြီဗျ…
    ချဲခောတ်လည်းအဖမ်းအဆီးများပြီးတော့လူတွေသိပ်မထိုးရဲသေးဘူး
    ဘောလုံးပွဲလောင်းတာလဲမရှိသေးဘူးကိုချစ်ရအောင်ရ………………တစ်ခုပဲကျန်ခဲ့တာ
    နတ်ကတော်ကနတ်ပွဲမှာကတော့ထိုးနတ်တင်ပြီးမှအဆင်မပြေလို့ပြန်ကြည့်လိုက်တော့နှစ်ရာတန်ကအသစ်ပေမဲ့
    တိတ်ကပ်လေးပါနေလို့သူနတ်တွေကိုတောင်းပန်ပြီးငါးရာတန်ထပ်ပြီးကတော့ထိုးတင်ခဲ့တယ်ဆိုတာလေး……..
    ကျန်သွားတယ်..ချဲဂဏန်းရေးတာတို့ဘောလုံးပွဲနာမယ်ရေးပြီးလောင်းတာတို့ကတော့…………………………..
    ဆူးမဘဏ်ကိုသွင်းမရတဲ့ငါးရာတန်းတောင်ပြီးမေးကြည့်ရမှာပဲ….အဲဒါကျတော့ငါးရာတန်လေးရဲ့ဖွင့်ဟဝန်ခံချက်
    ဖြစ်လိမ့်မယ်ဗျ………(ကျွန်တော်ပို့မှာလိုအပ်နေတာလေးကိုထောက်ပြပေးတဲ့ကိုချစ်ရအောင်ကိုကျေးဇူးတင်ပါတယ်)

Leave a Reply