Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကင်စားမှသည် ကင်ဆာဆီသို့

kaiNovember 17, 20101min3217

”ကင်စားမှသည် ကင်ဆာဆီသို့”
(အကြော်နှင့်အကင် အစားများလျှင် ကင်ဆာဖြစ်တတ်သည်)
(ဆရာဦးကျော်မြင့်၊ တိုင်းရင်းဆေးနှင့်နက္ခတ်ဗေဒင်ပညာရှင်)

ယနေ့လူသားထုကို ခြိမ်းခြောက်နေသော အနာရောဂါများတွင် ကင်ဆာရောဂါ ပါနေဆဲဖြစ်သည်။ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သွေးကင်ဆာ စသည်ဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း အများစုတွင် ဖြစ်ပွားနေကြသည်။
ကင်ဆာရောဂါကို အထိုက်အလျောက် သက်သာပျောက်ကင်းအောင် ကုသကယ်မနို်င်သောဆေးဝါးများ ထုတ်လုပ်နိုင်ကြပြီဖြစ်သော်လည်း ကင်ဆာရောဂါကာကွယ်ဆေးကိုမူ မထုတ်လုပ်နိုင်ကြသေးပါ။ အဘယ့်ကြောင့်ဆိုသော် ကင်ဆာရောဂါဖြစ်ကြောင်း (ရောဂါနိဒါန်း)ကို တိတိကျကျနှင့် ပြည့်ပြည့်စုံစုံ မသိသေးသောကြောင့် ဖြစ်ပါသည်။
ဆေးပညာရပ်တွင် ရောဂါနိဒါန်းနှင့် ဆေးနည်းကောင်းဟူ၍ အဓိကကျသော နယ်ပယ်နှစ်ခုရှိ်သည်။ ယနေ့ခေတ်တွင် ဆေးနည်းကောင်းကိုသာ ဦးစားပေးရှာဖွေ ဖေါ်စပ်နေကြသည်။ အစွမ်းထက်သည်ထက် ထက်အောင် ကြိုးစားနေကြသည်။ အစွမ်းထက်လာလျှင် အစွန်းထွက်ဆိုးကျိုး (ဘေးထွက်ဆိုးကျိုး၊ ဆင့်ပွားရောဂါ) တွဲပါနေလေ့ရှိသည်။ရောဂါနိဒါန်းနှင့်ပတ်သက်၍ကား အနည်းငယ်တိမ်မြုပ်နေသယောင်ရှိသည်။
သိပ္ပံဆေးပညာနယ်ပယ်တွင် ရောဂါနိဒါန်းနှင့် ပတ်သက်၍ ရောဂါဖြစ်စေတတ်သောပိုးကို ဦးစားပေး ရှာဖွေလေ့ရှိသည်။ ရောဂါပိုးတွေ့လျှင် ထိုရောဂါပိုးကို သတ်နိုင်စွမ်းရှ်ိသောဆေးဝါးများ ဆက်လက်ရှာဖွေရသည်။ ရောဂါပိုးကိုသတ်နိုင်သည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးများရှိမရှိ စောင့်ကြည့်ရသည်။ တဖြည်းဖြည်းနှင့် ရောဂါပိုးက ဆေးယဉ်သွားပြီး ဆေးဟောင်းမတိုးတော့၍ ဆေးသစ်ပြောင်းရှာရသည်လည်း ရှိတတ်သည်။ ရောဂါပိုးကိုသတ်ရာတွင် ကိုယ်ခံပိုးများပါ သေသွားပြီး  အခြားရောဂါများကို ခုခံနိုင်စွမ်း ကျဆင်းသွားခြင်းမျိုးလည်း ကြုံရတတ်သည်။
ကင်ဆာရောဂါကား ပိုးကြောင့်ဖြစ်သောရောဂါအမျိုးအစားများထဲတွင် မပါဝင်ပါ။ ခန္ဓာကိုယ်တွင်းရှိ ကလပ်စည်းအချို့ လိုနေသည်ထက် ပိုမိုပွားစီးလာခြင်းဖြစ်သည်။ ထိုသို့ပွားစီးလာရခြင်း၏ အကြောင်းအရင်းကို ပြည့်စုံစွာမသိရှိရသေးသောကြောင့် ကင်ဆာကာကွယ်ဆေး ဆေးနည်းကောင်း မပေါ်ပေါက်သေးခြင်းဖြစ်သည်။
ဒေသနာနယ တိုင်းရင်းဆေးပညာရပ်သည် ဆေးနည်းကောင်းထက် ရောဂါနိဒါန်း (ရောဂါဖြစ်ကြောင်း) ကို ပိုမို၍ ဦးစားပေးရှာဖွေ ဖော်ထုတ်လေ့ ရှိသည်။ ရောဂါနိဒါန်းကိုသေချာစွာသိပြီဆိုလျှင် ရောဂါဖြစ်စေတတ်သော အကြောင်းတရားများကို စောင့်စည်း ရှောင်ကြဉ်ရသော ဝါရိတ္တသီလ၊ ရောဂါပျောက်စေတတ်သောအကြောင်းတရားများကို စောင့်ရှောက်ဆောင်ပွားရသော စာရိတ္တသီလ၊ တစ်နည်းအားဖြင့် ဆောင်သီလနှင့်ရှောင်သီလ  နှစ်ပါးကို စောင့်ထိန်းခြင်း ဟူသော ကုထုံးဖြင့် အမြစ်ပြတ်ပျောက်ကင်းအောင် ကုသလေ့ရှိသည်။ ဤနေရာတွင် ရောဂါပျောက်စေတတ်သော အကြောင်းတရားများကို စောင့်ရှောက် ဆောင်ပွားခြင်းသည်ပင်လျှင် ဆေးနည်းကောင်းဖြစ်လာပါသည်။
ဒေသနာနည်းအရဆိုလျှင် ရုပ်ခန္ဓာ၌ကျရောက်လေ့ရှိသော ရောဂါအုပ်စုနှင့် နာမ်ခန္ဓာ (စိတ်)၌ ကျရောက်လေ့ ရှိသော ရောဂါအုပ်စုဟူ၍ နှစ်မျိုးနှစ်စား ခွဲခြား ပြဆိုထားသည်။ ကာယိကရောဂါနှင့် စေတသိကရောဂါ အုပ်စုတို့ ဖြစ်ကြသည်။ ရုပ်ခန္ဓာအပေါ်တွင် ပြုပြင်လွှမ်းမိုးနေသော အကြောင်းတရားလေးပါးရှိသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ဖြစ်သည်။ ထိုအကြောင်းတရားလေးပါးတွင် သက်ရှိသတ္တဝါတို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် အဓိကအကြောင်းမှာ အာဟာရဖြစ်သည်ဟု (သဗ္ဗေသတ္တာ အာဟာရဌိတိကာ၊ ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်၊ ကုမာရပဥှာ)  ရှင်တော်ဗုဒ္ဓက ဟောကြားခဲ့သည်။
အာဟာရနှင့်ပတ်သက်၍လည်း အလုပ်အလွေးပြု၍ဝါးမျိုစားသောက်အပ်သော ရုပ်အာဟာရ(ကဗဠီကာရာဟာရ)၊ အာရုံများနှင့်ထိတွေ့ပေါင်းဆုံရာမှရသော နာမ်အာဟာရ(ဖဿာဟာရ)၊ ယှဉ်ဖက်တရားများကို စေ့ဆော်တိုက်တွန်းလေ့ ရှိသော နာမ်အာဟာရ (မနောသေဉ္စတနာဟာရ)၊ အာရုံများအပေါ် အသိဝင်မှုမှရသော နာမ်အာဟာရ (ဝိညာဏာဟာရ) ဟူ၍ အာဟာရလေးမျိုး ခွဲခြားပြဆိုထားသည်။
ဒေသနာနယဆေးနည်းအလိုအရ လူ့ခန္ဓာကိုယ်ရှိ အာရုံခံအင်္ဂါ ခြောက်ခုအတွက် ဆောင်တတ် ထောက်ပံ့တတ်သော အာဟာရအာရုံခြောက်ပါးမှာ မျက်စိအတွက်အစာသည် အဆင်းဖြစ်သည်။ နားအတွက်အစာသည် အသံဖြစ်သည်။ နှာခေါင်းအတွက်အစာသည် အနံ့ဖြစ်သည်။  လျှာအတွက်အစာသည် အရသာဖြစ်သည်။ ကိုယ်အတွက်အစာသည် အတွေ့အထိဖြစ်သည်။ စိတ်အတွက်အစာသည် အတွေးအသိဖြစ်သည်။

ဤအာရုံခံအင်္ဂါ ဝင်ပေါက်ခြောက်ခုမှ ဝင်ရောက်လာသောအာရုံခြောက်ပါးသည်ပင်လျှင် ရောဂါနိဒါန်း ဖြစ်နိုင်သကဲ့သို့ ဆေးနည်းကောင်းလည်း ဖြစ်နိုင်ပါသည်။
မသင့်သောအဆင်းသည် ဘေးဖြစ်စေနိုင်ပြီး သင့်သောအဆင်းသည် ဆေးဖြစ်လာပေလိမ့်မည်။ ထို့နည်းအတူ မသင့်သောအသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးအသိတို့သည် ဘေးဖြစ်စေတတ်ပြီး သင့်သောအသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးအသိတို့သည် ဆေးဖြစ်လာပါလိမ့်မည်။
ဤနေရာတွင် အကြော်အကင်အရသာနှင့် ကင်ဆာရောဂါဆက်စပ်နေပုံကို အသားပေးပြီး တင်ပြမည်ဖြစ်ပါသည်။လူသားတို့သည် အစားအစာများကို အစိမ်းစားရာမှ မီးကိုရှာဖွေတွေ့ရှိလာချိန်တွင် အကြော်၊ အလှော်၊ မီးဖုတ်၊ မီးကင်၊ မီးအုန်း၊ ကြပ်တိုက် ချုက်ပြုတ်စားသောက်တတ်လာကြသည်။
မီးဖြင့်အပူပေးသည့်အခါ အစားအစာအတွင်းရှိရေဓါတ်တို့ အငွေ့ပျံပြီး ပြင်ပသို့ထွက်သွားရသည်။ အာဟာရ ဖြစ်စေနိုင်သော ကလာပ်စည်းများလည်း လောင်ကျွမ်းခံရမှုကြောင့် ပိုမိုမာကြောသွားကာ အစာချေဖျက်ရန် ပိုမိုခက်ခဲ သွားမည်ဖြစ်သည်။ ဆီ၊ ထောပတ်တို့ဖြင့် ကြော်စားမည်ဆိုလျှင်ကား ထွက်သွားသောရေ၏နေရာတွင် ဆီနှင့်ထောပတ်များ အစားထိုး စိမ့်ဝင်သွားမည်ဖြစ်သည်။ တစ်ဖက်တွင် အရသာထူးကို ပေးစွမ်းနိုင်သလို တစ်ဖက်တွင်လည်း ကလာပ်စည်း များကို ပို၍မာကြောစေမည် ဖြစ်ပါသည်။
ချက်စားခြင်း၊ ပြုတ်စားခြင်း၊ ပေါင်းစားခြင်း၊ သုတ်စားခြင်း ပြုလုပ်လျှင်ကား ရေဓါတ်ဆုံးရှုံးမှု နည်းပါးကာ အစားအစာများ ပျော့ပျောင်းနူးညံ့လာမှုကြောင့် အစာချေဖျက်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်ပါသည်။
သိပ္ပံဆေးပညာအရ ဆီများများပါသောအစာများ စားသုံးလျှင် သွေးပျစ်ခဲခြင်း၊ အဆီဓါတ်တိုးပွားလာခြင်း၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ကြောင်း သိရှိပြီးဖြစ်ကြသည်။ သို့အတွက် ဆီဖြင့်ကြော်စားခြင်းကို လျှော့ချပြီး ကင်စားသည့်အလေ့အကျင့်ဖက်သို့ ကူးပြောင်းလာကြပြန်သည်။ မြန်မာနိုင်ငံတွင်လည်း အကင်ဆိုင်များ သိသိသာသာ တိုးပွားလာသည်ကို တွေ့နေရသည်။ အကြော်ထက် အကင်က ဆီပါဝင်မှု များစွာလျော့နည်းသော်လည်း ရေဓာတ်ဆုံးရှုံးခြင်း၊ ကလာပ်စည်းများ ပိုမိုမာကြောခြင်း၊ အစာချေဖျက်ရန်ခက်ခဲခြင်းတို့မှာကား အတူတူပင်ဖြစ်ပေသည်။
လူ့ခန္ဓာကိုယ်တွင် ကလာပ်စည်းဟောင်းများ ချုပ်ပျက်သွားသောနေရာ၌ ကလာပ်စည်းအသစ်များ အစားထိုးပေးခြင်းဖြင့် အသက်ဆက်လက် ရှင်သန်နေထိုင်ရသည်။ အစားထိုးလာသော ကလာပ်စည်းသစ်များ မာကြောသင့်သည်ထက် ပိုမိုမာကြောနေခြင်းကြောင့် ခန္ဓာကိုယ်အတွင်း အဖုအကြိတ်များ တိုးပွားလာရခြင်းသည်ပင် ကင်ဆာရောဂါ၏နိဒါန်း ဖြစ်သည်။ အရသာရှုထောင့်မှကြည့်လျှင် ြွကပ်ရွနေအောင် ကြော်လှော်ဖုတ်ကင်ထားသော အစာများ (အာလူးကြော်၊ ငါးမုန့်ကြော်၊ ငါးကြော်၊ စမူဆာ၊ ပလာတာ၊ အီကြာကွေး၊ ကြက်ကြော်၊ အမဲကြော်၊ ပေါင်မုန့်ကြော်၊ ကြက်ဥကြော်၊ မြေပဲကြော်၊ ကြက်သွန်ကြော်၊ ဘယာကြော်၊ တို့ဟူးကြော်၊ တဲန်ပူရာ …… စသည်) အစားများသူတို့သည် ကင်ဆာဖြစ်နိုင်ခြေ အထူးများပြားမည် ဖြစ်ပါသည်။
အထက်ပါအစားအစာများကို အပူအားကြီးသော ငရုပ်သီး၊ ငရုပ်ကောင်း၊ ဂျင်းစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ မဆလာ … စသည်တို့နှင့် တွဲဖက်စားသုံးလျှင်ကား ပို၍ဆိုးဝါးသောရောဂါများ ဖြစ်လာနိုင်ပါသည်။ အရက်အလွန်အကျွံ သောက်လျှင်လည်း အပူလွန်ရောဂါဖြစ်ရန် ပိုမိုသေချာမည် ဖြစ်ပါသည်။
ကင်ဆာရောဂါကို ကြိုတင်ကာကွယ်လိုသူ၊ ကင်ဆာရောဂါဖြစ်နေ၍ ဓာတ်စာဖြင့် ကုသပျောက်ကင်းလိုသူများ အနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။
– အရည်ရွှမ်းသော အသီးအရွက်၊ အသီးအနှံများ ပိုမိုစားသုံးပါ။
– ဟင်းအရည်သောက်ပါအောင် ချက်စားပါ။
– အစားအစာများကို ချက်စား၊ ပြုတ်စား၊ ပေါင်းစား၊ သုတ်စားပါ။
– အအေးဓါတ်များသော ဆေးဝါးများ မှီဝဲပါ။
– သတိရတိုင်းရေသောက်ပါ။ ရေသောက်ရန်သတိရပါ။
– တောက်ပစူးရှသော အရောင်အဆင်းများ လျော့ကြည့်ပြီး အေးမြသောအဆင်းများ ပိုကြည့်ပါ။
– ဆူညံသောအသံများ လျော့နားထောင်ပြီး သာယာငြိမ့်ငြောင်းသောအသံများ ပိုနားထောင်ပါ။
– အပူညှော်များ လျော့ရှူပြီး သင်းပျံ့ အေးမြသောရနံ့များ ပိုရှူပါ။
– ပူသောအဝတ်အစား၊ ကိုယ်လိမ်းနံ့သာများ လျော့ဝတ်ဆင်လိမ်းကျံပြီး၊ အေးသော အဝတ်အစား၊               ကိုယ်လိမ်းနံ့သာများ ပိုမိုဝတ်ဆင် လိမ်းကျံပါ။
– ရေနွေးချိုးခြင်း လျှော့ပြီး ရေအေးဖြင့် ပိုချိုးပါ။ (ရာသီဥတုနှင့် ညှိချိုးပါ။)
– အတွေးပူများလျော့ချပြီး စိတ်အေးအေးနေတတ်အောင် လေ့ကျင့်ပွားများပါ။

”လူသားအားလုံး အစာဝ အနာကင်း ဘယာရှင်းကြပါစေ”

(ဆရာဦးကျော်မြင့်၊ တိုင်းရင်းဆေးနှင့်နက္ခတ်ဗေဒင်ပညာရှင်)

မှတ်ချက်  ။ မန္တလေးဂေဇက် အောက်တိုဘာ- ၂၀၁ဝ ထုတ်တွင်ပုံနှိပ်ဖေါ်ပြပြိးဖြစ်သည်။

7 comments

  • ဆူး

    November 17, 2010 at 10:40 am

    တိုင်းရင်း ဆေးဆရာကြီး ပြောချင်တဲ့ အပိုင်းကတော့ အပူရုပ်တွေ များလို့ ကင်ဆာဖြစ်စေတာ။
    အပူရုပ်တွေ မဖြစ်အောင် အပူများတာ ရှောင်ကျဉ်ပြီးခိုင်းတာပါ။ သူပြောတာ အတွင်းက ဝမ်းတွင်း အပူ ကိုပြောတာ ဖြစ်တဲ့ အပြင် ဥတု အဟာရ မျှတအောင် စားသုံးတတ်ဖို့ လမ်းညွန်ချက် ဖြစ်ပါသည်။ ပြောသာ ပြောတာပါ.. လက်တွေ့ ကင်ဆာ ဖြစ်တဲ့ လူတွေ အရမ်းပူကြတယ်။ သေခါနီးလေ ပူလေဘဲ… အပူတွေ စုပြီး အလုံးအကျိတ် အခဲ တွေ ဖြစ်တယ်လို့ တိုင်းရင်းဆေးက ဆိုပါတယ်။
    နောက် တခု လူတွေ သတိမထားမိဘဲ ကင်ဆာ ဆိုတာ ဖြစ်ပြီ သိတယ် ဆိုတာနဲ့ မကြာဘူး ၁လ ၂လ သေကြတာတွေ့တယ်.. အဲဒီလို လူမျိုးတွေက သူတို့စားသုံးမိတဲ့ အထဲမှာ ပြသနာ ရှိပုံရတယ် ထင်တယ်။ ဥပမာ အားဖြင့် ပလပ်စတစ် လောင်းထားတဲ့ အကြော်တွေ စားမိပြီး ဝမ်းတွင်းမှာ အပူတွေ စုခဲပြီး ကင်ဆာ ဖြစ်စေတယ်လို့ ယူဆပါသည်။ (ဆူး အတွေးသက်သက်ပါ)
    တိုင်းရင်းဆေး အဆို အရ.. အသီးအနှံတွေ အပူ အအေး ယေဘူယျ ခွဲနည်းရှိသေးတယ်။ ဒူးရင်းသီး ဩဇာသီး အရမ်းပူတယ် ထို အသီးများတွင်ပင် အပူရုပ်သဘော ဆောင်ပြီး အဖု အထစ်များ ရှိပြီး ဆင်းလုံးမချော.. ဖရဲသီးကဲ့သို့ သော အသီးများ ဆင်းလုံးချောသည်မှာ အအေးရုပ်သဘော မို့ ချောမွတ်သည်။ တိုင်းရင်း ဆေးကုခန်း တခုကို ဝင်လာတာနဲ့ ဆရာရေ.. နေမကောင်းဘူး ဆိုတဲ့ အသံကြားရင် ဒီလူ ဖြစ်တဲ့ ရောဂါ အပူကြောင့်လား အအေး ကြောင့်လား ခွဲခြားနိုင်ပါသတဲ့။ ဥပမာ ပြောရရင် ကြက်သည် အပူရုပ်ရှိပြီး ကြက်အော်သံသည် စူးစူးရှရှ ရှိ၏။ ဘဲသည် အအေးရုပ်ရှိပြီး ဘဲ အသံသည် ပြာနှမ်းနှမ်းရှိ၏။ ထို အသံများကို နမူနာ ယူပြီး ဆေးမကုခင် လူနာ အသံကြားတာနဲ့ ခွဲခြားနိုင်ပါသတဲ့။ အေးတဲ့ ဒေသတွေမှာ နေတဲ့ လူတွေ မနက် အိပ်ယာထလို့ အကြော အဆစ်တွေ ကိုက်ခဲ နေမယ်။ ခါးတွေ တောင့်နေမယ်ဆိုရင်.. ညာဘက် ဖြစ်ဖို့ များပြီး။ အပူပိုင်းဒေသမှာ ပူပူနဲ့ အတင်းစွပ်ပြီး အိပ်ပျော်အောင် အိပ်တဲ့လူတွေ သတိထားမိနိုင်ပါတယ်.. ထိုလူများ ခါးများ နာခဲ့ရင်တော့ ဘယ်ဘက် ဖြစ်တတ်ပါတယ်။ သာမန် ခါးနာ အကြော အဆစ်နာ အတွက် ပြောတာပါ။ ရောဂါ တခုခုကို ရည်ညွန်းတာမျိုးဆိုရင်တော့.. ဒီလိုနည်းနဲ့ ကြည့်လို့ မရတော့ဘူး အသေးစိတ် ကြည့်ပြီး ကုသရပါတယ်။ ဟီးဟီး.. တိုင်းရင်း ဆေးဆရာကို ကြုံတုန်း အင်ဒါဗျုးထားတာ သိတာလေး ဝင်မန်းလိုက်တယ်။

  • weiwei

    November 17, 2010 at 10:57 am

    အကင်စားရင် သံပုရည်နဲနဲညှစ်စားရင် ဓါတ်ပျယ်တယ်လို့ တရုတ်တိုင်းရင်းဆေးမှာ ကြားဖူးတယ် … ဒါပေမယ့် တစ်လမှာ တစ်ခါထက် ပိုမစားသင့်ဘူးလို့ပြောတယ် …
    ဖရဲသီးကို ဆောင်းရာသီမှာ မစားသင့်ဘူး … ရေခဲသေတ္တာထဲထည့်ပြီး မစားသင့်ဘူး ..
    အသီးအနှံတွေကို ကိုယ့်ဒေသနဲ့ ကိုယ့်ရာသီမှာထွက်တာကို များများစားသင့်တယ် … သိပ်ကောင်းပြီးဈေးကြီးတဲ့ နိုင်ငံခြားကအသီးတွေက အကျိုးမရှိဘူးလို့ ကြားဖူးတယ် ..

  • ဆူး

    November 17, 2010 at 11:04 am

    ပူပြင်းတဲ့ အပူပိုင်းဒေသမှာတော့ ဖရဲသီးဟာ အိုအေစစ်ကလေး အလား.. အပူချိန်လျော့ကျ စေဖို့ ကူညီပေးတယ်။ တန်ဆေး လွန်ဘေးပေါ့.. ညအိပ်ခါနီး အသက်ကြီးတဲ့ လူကြီးတွေ သပျစ်သီး ဖရဲသီး မစားသင့်ပါဘူး.. အအေးဓါတ် စိုးမိုးမှု ရှိတဲ့ အတွက်.. လေထိုးလေအောင့် ဖြစ်တတ်ပါတယ်။ လူကြီးတွေ အဲလို ဖြစ်ပြီး ကျောရင်အောင့်နေရင်တော့.. ကျောလေး နိပ်ပေးလိုက်.. လေတွေ ဝေါ ဝေါ ထွက်သွားရင် နေရတာ သက်သာ သွားပါလိမ့်မယ်။

  • alfred

    November 17, 2010 at 11:18 am

    တကယ်ကို ဗဟုသုတရပါတယ်။ အခုလိုပြောပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကြိုတင်ပြီး ရှောင်ရှားနိုင်တာပေါ့။ ကျွန်တော် သူငယ့်ချင်းများလည်းသိရအောင် ကူးသွားပြီနော်။

  • zawana

    November 17, 2010 at 11:35 am

    ကမ္ဘာဦးလူသားတွေ မီးကို စတင်တွေ့ရှိတော့ ကင်စား၊ ဖုတ်စား ကြရတယ်လို့ သိရပါတယ်။ သူတို့လည်း ကင်ဆာ ဖြစ်ကြမယ်ထင်တယ်။
    အခုခေတ်ကတော့ ကင်စာ စားမယ်ဆိုရင် ဘီယာလေးနဲ့၊ စီးကရက်လေးနဲ့ ဆိုတော့ …..
    အင်း … ကင်ဆာဖြစ်ရင်တောင် ဘာကြောင့် ဖြစ်ရတယ်လို့ ပြောနိုင်ဖို့ ခက်သားကလားဗျာ။

  • kopauk mandalay

    November 17, 2010 at 3:45 pm

    မန်းလေးမှာတော့ ရေပေါ်စင်တင်က စလိုက်တာ
    နောက်တော့ အကင်ဆိုင်တွေ ဘီယာစတေရှင်တွေဖြစ်ကုန်တာဘဲ။
    အရင် 35လမ်းနဲ့ လမ်း3073လမ်းရဲ့အရှေ့ဘက်ခြမ်းမှာ အကင်ဆိုင်ယဉ်ကျေးမူ့ထွန်းကားခဲ့ဘူးပါတယ်။
    အခုတော့ အရောင်နည်းနည်းမှိန်သွားပါပြီ.

  • ဘာဂျာစိန်

    November 17, 2010 at 4:43 pm

    ကမ္ဘာဦးလူသားတွေ တုန်းက အသားတေလက်ဆက်တယ်နော်
    အခုက အလေးမမန်ချိန်ဂွင်မမန်နဲ့ ရေထိူးတယ် ကင်စာဖြစ်တယ်

Leave a Reply