လူဆိုသည်မှာ
အမေ မွေးစဉ်က
ကလေးသာသာမို့
လူ့ပြည်မှာ ပထမ
သုညက စခဲ့ရာ
လူသားမှန် အရွယ်ရင့်ကာမှ
ကြာမြင့်ချိန် တာရှည်ခဲ့ပေါ့
ကြီးခဲ့ရပြန်
လူဟူသည် လူသားအတွက်ပေပေါ့
လူဟူသည် လူအများအတွက်ပေမို့
ကိုယ့်တွက်သာ ဘယ်မဟုတ်လေဟု
လူ့သရုပ်ပီပြင်စွာ
ထင်လာခဲ့ စိတ်အတွေး
လှုပ်ရှားရုန်းကန်
ဘဝလှိုင်းဒဏ်အကြား
ချော်လဲတစ်ခါ
ပြန်ထ တစ်လှည့်
ဖြတ်သန်းခဲ့ရ
ဒီလူ့ဘောင်တွင်
ရှုံးတစ်ခါ နိုင်တစ်လှည့်
သံသရာကို ရှည်စေခဲ့
ဆိုးကောင်း အတူမြဲပါလို့
ဒွန်တွဲလာ သင်္ခါရပေမို့
လူ့ရွာမှာ လူပီသအောင်
အားတင်းကာ ကြိုးစားနေဆဲ…..
2 comments
unclegyi1974
November 21, 2010 at 3:36 pm
ငို့ဘသမားများနေတဲ့ဒီခေတ်ကြီးမှာ
မဖြူ ရဲ့ဒီလိုစိတ်မျိုးထားတဲ့လူတော့နဲမယ်နော်
ဘာဘဲပြောပြောဒီလိုကဗျာကလေးရေးနိုင်တဲ့စိတ်
ရှိတဲ့သူကိုတော့လေးစားပါတယ်ဗျာ
manawphyulay
September 16, 2011 at 10:44 am
အန်ကယ်ဘဘကြီးက ခုလိုအားပေးတော့လည်း ခုလိုစိတ်ကလေး ထားရတာပေါ့ရှင်…..