ဆင်းရဲရခြင်းအကြောင်းများ-၂
ဘာကြောင်ံဆင်းရဲရသလဲပြောရင်းစိတ်ဆင်းရဲရတဲ့အကြောင်းပြောချင်သေးတယ်…ဒါကတော့ကြားဖူးချင်လည်းကြားဖူးကြ
မှာပါ…။နန်းမတော်မယ်နုနဲ့ဆရာတော်ဦးဗုဓ်စကားပြောခန်းလေး…..နန်းမတော်မယ်နုကတိုက်ကျောင်းကြီးဆောက်ပြီးဆရာတော်ကို
ကိုးကွယ်ပါသတဲ့…။ဒါပေမဲ့ဆရာတော်ကသူမကိုစကားတစ်ခွန်းမှမပြောပဲသူ့အလုပ်သူပဲလုပ်နေတာပဲ….ကြာလာတော့နန်းမတော်ကြီး
ကစားမရှိစကားရှာပြီးတင်လျှောက်ပါသတဲ့…။
“တပြည့်တော်ဒီကျောင်းကြီးကိုဆောက်လှူဒါန်းတာသုံးသိန်းကျော်ကုန်ပါတယ်ဘုရား…။နောင်လည်းဆောက်လုပ်လုပ်လှူဒါန်းဖို့
ကျန်ပါသေးတယ်….။ဒါနဲ့တင်အားမရသေးဘဲပစ္စည်းလေးပါးကိုလည်းမပြတ်ဆက်လက်လှူဒါန်းဦးမှာပါ..ဒီကောင်းမှုတွေအတွက်ကုသိုလ်
တွေဘယ်လောက်များရနိုင်ပါသလဲဘုရားလို့လျောက်သတဲ့”
ဆရာတော်ကဘာပြောတယ်ထင်သလဲ?ရေတစ်ခွက်အပြည့်သွားခပ်ချုင်းသတဲ့…။ပြီးတော့အဲဒိရေခွက်ကိုအကုန်သွန်ခိုင်းလိုက်သတဲ့
ပြီးမှဆရာတော်က
“မယ်နု…..နင်လှူလိုက်လို့ကုန်သွားတဲ့ပစ္စည်းဥစ္စာကသွန်ပစ်လိုက်တဲ့ရေပမာဏနဲ့တူတယ်..။ကုသိုလ်ကတော့ရေခွက်မှာကျန်တဲ့
ပမာဏလောက်ပဲ”
လို့ပြောလိုက်သတဲ့……။
အင်းမိဖုရားလှူတဲ့အလှူနော်….ဘယ်လောက်များကောင်းချီပေးဖို့ကောင်းလဲ?
ဒါပေမဲ့အမှန်တရားဘက်သာလိုက်တဲ့ဆရာတော်ကမှန်တာပဲပြောလိုက်တယ်……..ဟုတ်သလေ.။မိဖုရားလှူတာဆိုပေမဲ့ကုသိုလ်ရဖို့ရှေ့တန်း
တင်ပြီးလှူတာ…။ပါရမီမထိုက်ပါဘူးတဲ့ခင်ဗျား…..အလှူခံပုဂ္ဂုလ်ကောင်းကျိုးကိုသာရှေ့တန်းတင်ပြီးလှူမှပါရမီထိုက်ပါသတဲ့……………..။
ခုခောတ်အလှူများပြောပါတယ်……ဒီလိုဆရာတော်မျိုးနဲ့တွေ့လိုက်စမ်းစေချင်တယ်……အဲဘွာတေး..ရှိလိုက်သမှပေါမှပေါတစ်ပါးတောင်မဟုတ်
ဆရာတော်များဟောနေပြောနေလည်းဟောတုန်းခဏပါပဲ……ကျွန်တော်တို့တွေကကိုပကာသနတွေမက်မောပြီးတော့ဟိုလုပ်ဒီလုပ်ရှောက်လုပ်နေကြ
တာမဟုတ်လား…..။ဒီတော့လှူတယ်ဆိုတဲ့နေရာမှာဘာကိုပဲလှူလှူစိတ်ထားတတ်ဖို့အရေးကြီးပါတယ်…..။ပြောသာပြေရတယ်ကျွန်တော်ကောဘာ
ထူးလဲ..။ဒီပုတ်ထဲကဒီပဲ..ဒီနေ့ဆူးမတို့ရေလှူတယ်ပြောတယ်..ဘယ်လိုလှူလိုက်သလဲမသိဘူး..။ဒါပေမဲ့သူကဆရာလးပဲလှူတတ်မှာပါ…………..
နောက်ဆက်ပြောချင်တာကတော့ဦးပုညရေးခဲ့တဲ့သူအိုမကြီးဇာတ်ပါ….ကျွန်တော်ဒုတိယနှစ်မှာနှစ်ခါပြန်ကျက်ခဲ့ရပြီးရေရေလည်လည်ဖြေခဲ့ရတာ
မှတ်မိနေသေးတယ်…..။ဖတ်ရင်းနဲ့အိပ်ပျော်သွားမှာလဲစိုးရသေးတယ်………။အဲဒိဇာတ်က(၅၅၀)ဇာတ်တော်ထဲကပါ..။ဒါပေမဲ့တစကယ့်ဇာတ်တော်က
၅၅၀-မပြည့်လို့ထပ်ဖြည့်ထားတဲ့ဖြည့်စွက်ဇာတ်ပါ…..၃-ဇာတ်လားမသိဘူး…ဘရားရှင်လက်ထက်တော်ကထူးခြားတဲ့အကြောင်းတွေကိုဇာတ်ဖွဲ့ပြီး
ထပ်ဖြည့်ခဲ့လို့ပါ……
ပြောချင်တာကအဲဒိဇာတ်ထဲမှာပါတဲ့သူအိုမကြီးကဆင်းရဲသူပါ…။အိမ်တစ်ကာလှည့်လည်ပြီးခိုင်းသမျှလုပ်ပြီးပေးသမျှယူရသူပါ..။တစ်နေ့ကျ
တော့မြို့ထဲမှာဆူဆူ…ဆူဆူနဲ့မို့စုံစမ်းကြည့်လိုက်တော့ဘုရားရှင်သီတင်းသုံးရာကျောင်တော်ကနေစာရေးတံမဲနှိုက်ပြီးရဟန်ဒတွေပင့်ပြီးပြန်လာတာတွေ့
တာနဲ့သူလည်းဒီလိုလှူရရင်ကောင်းမှာပဲဆိုတဲ့စိတ်ကူးဝင်လားပြီး..အလုပ်တွေကိုပြီးအောင်မြန်မြန်လုပ်ပြီးအိမ်ပြန်လာတာပေါ့..။ရလာတဲ့ဆန်ရင်းကိုဆွမ်း
အတွက်ချက်….ဆန်ကွဲကိုရာဂုကြို..ဟင်းအတွက်တော့နီးစပ်ရာဟင်းသီးဟင်းနှံနဲ့ပေါ့..။သူလည်းသူတတ်နီုင်သလောက်ချက်ပြုတ်ပြင်ဆင်ပြီးအဲဒိမှာဇေတဝန်
ကျောင်းနဲ့တူရဲ့..။စာရေးတံမဲနှိုက်ဖို့အပြေးလာတာပေါ့…။ကျောင်းရောက်တော့ကျောင်မှာတွေ့တဲ့စာရေးတံမဲချတဲ့သူတွေကိုအကျိုးအကြောင်းပြောပြတော့
တာဝန်ရှိသူတွေကလည်းစိတ်မကောင်းဘူးပေါ့…။ရှင်သာရပုတ္တရာကိုယ်တော်ကြီးကလွဲပြီး..ရဟန်းတစ်ပါးမှမဲချဖို့မကျန်တော့တာကို..။အဲဒါနဲ့ပဲ
“စာရေးတံမဲချဖို့လက်ယာရံကိုယ်တော်ကြီးတစ်ပါးပဲထီးထီးကျန်တော်မူတယ်…။အဲဒါသွားပင့်ကြည့်ချေတော့.။သူသနားလို့ဆွမ်းပင့်လိုက်တော်မူလျှင်
ပင့်ချေတော့”
လို့ပြောလိုက်တယ်..။သူအိုမကြီးလည်းဝမ်းသာသွားတာပေါ့….။လက်ယာရံကိုယ်တော်ကြီးဆိုတော့…….။ဒါပေမဲ့စိုးရိမ်စိတ်ဝင်သွားတယ်…..
သူကသူဆင်းရဲမကြီး..။ပင့်ဖိတ်သားများဖြစ်နေလေမလား…ပေါ့။ခြေလှမ်းတွေလေးသွားတယ်.။ဒါပေမဲကမဖြစ်ချေဘူး.။ဒီနေ့ဆွမ်းလှူဖို့ရာကျိုးစားထားတဲ့
ဆွမ်းပွဲကိုအချည်းနှီးမဖြစ်စေရဘူးပေါ့….။ဒါပေမဲ့ကိုယ်တော်ကြီးကသိတော်မူတယ်……။ဒါကြောင့်သူအိုမကြီးကိုမြင်လျှင်ပဲသူ့သပိတ်ကိုကမ်းပေးတော်မူသတဲ့
သူအိုမကြီးလည်းဝမ်းသာအားရနဲ့သပိတ်လေးပိုက်ပြီးအိမ်ကိုပင့်ဆောင်လာတာပေါ့..။အချိန်ကမွန်းတည့်ချိန်နီးပြီ……ဒါကိုဘယ်ကဘယ်လိုမြို့ထဲကလူတွေ…
သိကုန်ရလဲမသပါဘူး..။ရှင်သာရပုတ္တရာကိုယ်တော်ကြီးကိုသူအိုမကြီးပင့်ဆောင်သွားတယ်ဆိုတာနဲ့နောက်ကနေလိုက်ပြီးသူံအိမ်ကိုပေးပင့်ပါ..ငါ့အိမ်ကိုပေးပင့်
ပါနဲ့လိုက်တောင်းကြတာပေါ့……အဲဒိအချိန်မှာမြို့ထဲမှာရှိတဲ့အနာတပိဏ်သူဌေးကြီးနဲ့ဝိသာခါကျောင်းအမကြီးတို့ကလည်းကြားသတဲ့….။လက်ယာရံကိုယ်
တော်ကြီးတော့ဆွမ်းဆင်ရဲရလေရဲကဆိုပြီးငယ်သားတွေကိုပင့်ခိုင်းချေပါတယ်….။
အဘွားကြီးကလည်းခပ်တည်တည်ပဲဗျ……။ဘယ်သူ့မှအဘက်လုပ်ပြီးစကားပြန်မပြောဘူး..။သပိတ်ကြီးပိုက်ပြီးသူပြုရမဲ့ကုသိုလ်ကိုပဲစဉ်းစားပြီး
ပြုံးပြုံးကြီးလျှောက်လှမ်းနေပါသတဲ့…။အနာတပိဏ်အိမ်ကပါ..ဝိသာခါအိမ်ကပါလို့ပြောပြီးကိုယ်တော်ကြီးကိုပင့်ဖိတ်ခိုင်းလို့ပါလို့ပြောပြီးတောင်းတာကိုတောင်
မမှုဘူး..။မရတော့ငယ်သားတွေလည်းပြန်ပေါ့…။ဒါနဲ့သူဌေးကြီးနဲ့ကျောင်းအမကြီးကိုယ်တိုင်လိုက်ပြီး..သူတို့ကိုပေးပင့်ရင်ဘာပေးမယ်ညာပေးမယ်လာဒ်ထိုးတာပေါ့
လက်ယာရံကိုယ်တော်ကြီးကိုပင့်ချင်တာက..ပကာသနကြောင့်မဟုတ်ပါဘူးတဲ့..။စောစောကမိမိကျတဲ့ရဟန်းတွေနဲ့ဆွမ်းကွမ်းကိစ္စတွေကြောင့်ကိုယ်တော်ကြီး….
အထီးတည်းကြွင်းကျန်တော်မူတာသတိမထားမိတာပါတဲ့..။ပြီးတော့ကိုယ်တော်ကြီးဆွမ်းကွမ်းဆင်းရဲမှာကိုစိုးရိမ်လို့ရလိုရငြားလာဒ်ထိုးကြည့်တာပါတဲ့(……….
ကဲ..ကစားဖြတ်အဲလေ…စကားဖြတ်ပြောလိုက်ဦးမယ်….လာဒ်ထိုးတယ်ဆိုတာဘုရားရှင်လက်ထက်မှာလည်းရှိခဲ့တာပါနော်……ဤကားစကားချပ်———)
အဲဒိတော့မှအဘွားကြီးကဘာပြန်ပြောလိုက်သလဲဆိုတော့……..
“အနာတပိဏ်သောမောင်ပိန်သော…….ဝိသာခါသောမယ်သာခါသော….နောဇာနာမိ..တို့မသိဘူး…တို့အကြောင်းကံနဲ့တို့ပင့်ခွင့်ရချေတာ……..
တို့ကိုယ်တော်တို့လုပ်ကြွေးမယ်”
ဆိုပြီးဆက်လက်ပင့်ဖိတ်ပြီးသွားလေရဲ့တဲ့......။တစ်ကယ့်အာဇာနည်အလှူ့ရှင်ပါ...။
တစ်ကယ်လို့ခင်ဗျားတို့ကျွန်တော်တို့ဆိုရင်သူလိုသတ္တိရှိပါ့မလား?သူဌေးကြီးနဲ့ကျောင်းအမကြီးကလာဒ်ထိုးတယ်ဆိုတာနဲနဲလေးတော့ဟုတ်ဟန်မတူ
ဘူးနော်.........။ဆင်းရဲသူမကြီးတစ်သက်စာမကလောက်ဖူး..။ထားပါ...ဒီခောတ်အလှူ......ဒီခောတ်စာရေးတံတွေနဲ့ယှဉ်ပြချင်လို့ပါ..........။
ဒီခောတ်မှာတော့မဟုတ်ပါဘူး..။ကျွန်တော်တို့ဆီမှာစာရေးတံမဲနှိုက်တဲ့အခါဘုရားမဲဆိုတာပါပါတယ်...။ဘုရားမဲပေါက်တဲ့အိမ်ကမတတ်နိုင်ရင်အဆင်ပြေအောင်
ဆိုပြီးစာရင်းပေးကတည်းကသံဃာတစ်ပါးကို-500/အလှူခံပေးပါတယ်....။သံဃာတစ်ထောင်လောက်ရှိတော့ငါးသိန်းလောက်ရတာပေါ့...။အထွေထွေကုန်ကျစရိတ်
တွေနှုတ်လိုက်ဦးလေးသိန်းကျန်တယ်ထား..။ဘုရားမဲနှိုက်တဲ့နေ့မှာမဲပေါက်တဲ့သူက(နှစ်စဉ်တော့မဟုတ်ပါ)ကားနဲ့ဘုရားပင့်ရင်းလှည့်လည်အလှူခံထွက်တတ်ပါ
တယ်.......။တစ်ချို့နှစ်တွေကျတော့လည်းလှူတတ်တဲ့သူပေါက်တော့ဘယ်သူပေါက်လိုက်မှန်းတောင်မသိလိုက်ရဘူးပေါ့......။
မကွာချေဘူးလား....ဇာတ်တော်လာသူအိုမကြီးနဲ့...။ကျွန်တော်ပြောတာထက်ဦးပုညရဲ့ဝတ္ထုကဖတ်လို့ပိုကောင်းပါတယ်.....ကျွန်တော်ပြောတာကောင်း
ရင်တောင်မှမူရင်းကကောင်းလွန်းလို့ပါ......။
9 comments
weiwei
November 22, 2010 at 4:13 pm
အဘနီရေ .. ဖတ်လို့လဲကောင်းပါတယ် … ခေါင်းစဉ်လေးတော့ စာလုံးပေါင်းမှန်အောင် ရိုက်ပါနော် ..
unclegyi1974
November 22, 2010 at 4:18 pm
မောင်နီရေ ဖတ်ရတာစာတွေကပျောက်နေတာဆိုတော့
ဆန့်ငင်ဆန့်ငင်ဖြစ်နေသကွဲ့
လောလောဆယ်စာဖတ်ရတာဆင်းရဲသကွဲ့
naywoonni
November 22, 2010 at 4:18 pm
ဟာ……..ဟုတ်ပါ့…
ပြင်လိုက်ပါ့မယ်ကျေးဇူးပဲ
ဆူး
November 23, 2010 at 3:09 am
အဘနီ အားပေးသွားတယ်။
ဆင်းရဲခြင်း ကင်းအောင် လမ်းပြဆောင်ပါမည်။ ရတနာ စီခြယ် ကုဋေကြွယ် စုံညီ တို့ အမျိုးသား တိုင်းပြည် မွဲတဲ့သူ လွတ်ကင်းနိုင်မည်။ ကျောင်းဆောက်ကာ ဘုရားတည်မည်။ ဘဘနီရဲ့ ဆင်းရဲခြင်း ပိုစ်မ မဲ့ကိန်းဆိုက်မည်။။ ဟေ့.. ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ.. ဘေးရန်ကာစီးမည်။..
My name is Yu Yu Thwel.I was born in Yangon since 1983.Now I live in Yangon as a Shwe Pyi Thar Township.
November 23, 2010 at 8:38 am
ရေးထားတာကောင်းပါတယ်၊ ဖတ်ရတာတစ်ဝက်တစ်ပျက်နဲ့ဖတ်လို့မကောင်းဘူး
naywoonni
November 23, 2010 at 3:33 pm
ဟုတ်ကျွန်တော်လည်းအားလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့သတိထားပြီးရေးနေလို့ပါ…………
မှားသွားတာ…..အယူတိမ်းသွားတာမျိုးမဖြစ်စေချင်ဘူးလေ………..
အယူတိမ်းရင်နတ်စိမ်းဖြစ်သတဲ့
တော်ကြာ37မင်းကနေ38မင်းဖြစ်နေမှ…………….:P
Tettoe Aung
November 24, 2010 at 1:39 am
Very good. We may be born as Buddhists but when we really ‘live as Buddhists’ we are still lacking in the real essence of Buddhism. Just think about donation. Not many thought about the purity of the material he or she is donating, “Did he or she got it from their hard earned living or through bribery, corruption and theft?” What is their main ‘motive or cetana’ in making that donation; is it to show-off or out of generosity? We should also bear in mind that the things we are donation are they appropriate for the monk? Isn’t the fewness of the wishes is required of them? Thanks for a good posting
bigcat
November 24, 2010 at 6:56 am
ဆြာတော်ဦးနီရေ အယုတ်အလတ် အမြတ်မရွေးလှူမယ်ဆိုရင် ကြောင်ကြီးကိုလည်း မမေ့ပါနဲ့လို့။ ချက်ချင်းလာမယူနိုင်သေးလို့ ဖယ်ထားပေးမယ်ဆိုရင် အဆင်ပြေတဲ့အခါ လာယူပါ့မယ်။
chityaaung
November 24, 2010 at 10:29 am
အလှူခံပုဂ္ဂိုလ်ကောင်းကျိုးလိုလားတဲ့အလှူတွေထက်…အလှူရှင်ပုဂ္ဂိုလ်ထင်ပေါ်ရေးအတွက်ပြုတဲ့အလှူတွေက
ပိုများနေသဗျ…..ဘာဘွဲ့ညာဘွဲ့တွေကလည်းချီးပနေတော့………ဟင်း…ပြောချင်တော့ဘူး