Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆင်းရဲရခြင်းအကြောင်းများ-၃

naywoon niNovember 24, 20101min3877

အလှူတစ်ခုကိုပေးလှူတာကုသိုလ်ရချင်လို့လား?ဂုဏ်ရှိချင်လို့လား?ငါလှူနိုင်တယ်ဆိုတာပြချင်လို့လား?
တစ်ဖက်သားရဲ့လိုအပ်ချက်တစ်စုံတစ်ရာအဆင်ပြေသွားအောင်လို့ပေးလှူတာလား?အလွန်ပဲဆင်ခြင်ဖို့ကောင်းပါ
တယ်..။ခုတော့သူများလှူလို့ဘာမသိညာမသိနဲ့အပြိုင်အဆိုင်လိုက်လှူ..။ဂုဏ်တုဂုဏ်ပြိုင်တွေလိုက်လုပ်………
မလိုအပ်တဲ့မအပ်မရာတွေလိုက်ထည့်..။ဆိုင်လားမဆိုင်လားမစဉ်းစားကြတော့ဘူး..။ရှေ့ကလူထက်သာဖို့ပဲစဉ်းစား
အဲဒိလိုနဲ့အလှူရဲ့ရည်ရါယ်ချက်တွေက..ကမောက်ကမတွေဖြစ်ကြ..။ဘယ်နေရာဘာလှူသင့်တယ်ဆိုတာမကြည့်..
(ရဟန်းသံဃာဆိုတာကဝိနည်းသက္ခာပုဒ်တွေနဲ့အညီနေကြရတာမတွက်ပဲလူတွေလိုပဲသဘောထားပြီးလောကီဇိမ်ခံ
ပစ္စည်းတွေလှူနေကြတာ…ကုသိုလ်ကနေအကုသလိုလ်ဖြစ်တတ်တယ်ဆိုတာကိုမတွေးကြဘူး..။)လှူတိုင်းကုသိုလ်ရ
တယ်အောက်မေ့ပြီးလုပ်ချင်တာတွေလုပ်နေကြတာ…ပြောမဲ့တားမဲ့သူမရှိ..။
ကျောင်းတစ်ကျောင်းမှာလျှပ်စစ်အားသွင်းခြင်သတ်တဲ့ဘက်တံလှူထားတာတွေ့ခဲ့ဖူးပါတယ်…။ဒါဟာဖြစ်သင့်ပါသလား?
စဉ်းစားကြည့်ဦးနော်….။အလှူခံပုဂ္ဂိုလ်ကဘာပြောရမလဲ…။သူများလှူသမျှလက်ခံေပေးရမယ့်ဝိနည်းရှိနေပြီသားကိုမအပ်စပ်တော့
လည်းပြန်စွန့်ပေါ့…ဒါပေမဲ့သတ္တဝါသတ်တဲ့လက်နက်ဖြစ်နေလို့မစွန့်ပဲဒီအတိုင်ပဲထားလိုက်ရပါသတဲ့..။ နောက်ရှိတာတွေပြောနေရရင်
မကုန်နိုင်တော့ဘူး..။
ဆရာတော်ညွှန်ပြခဲ့ပထမအချက်အတိုင်း ဘယ်နေရာမှာဘာလှူသင့်တယ်ဆိုတာမြင်သာပါပြီ…ဘယ်လိုစိတ်မျိုးနဲ့လှူရမယ်
ဆိုတာရောပေါ့……….။
ဒါဆိုကျွန်တော်တို့တစ်တွေကုသိုလ်လုပ်ရင်းနဲ့ဒါမဟုတ်အမှတ်တစ်မဲ့ပြုလုပ်လိုက်မိတဲ့အကုသိုလ်လေးတွေပြောကြည်ံကြရ
အောင်….။
ဒါကပိုအရေးကြီးပါတယ်……ဘာသာရေးအမြင်နဲ့တင်မဟုတ်ပဲကျွန်တော်တို့လည်းကမ္ဘာကြည့်ကြည့်မြင်ကြည့်ပြီးအကုသိုလ်
ဆိုတာကိုဆန်းကြည့်ရအောင်……။
ဘာလိုလဲဆိုတော့နေ့စဉ်လူနေမှုဘဝတွေထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေဟာကိုယ်ကောင်းစားရေးကိုသာကြည့်နေကြတာတွေ
များနေလို့ပါ..။အကုသိုလ်ဆိုတာ..ကုသိုလ်ရဲ့ဆန့်ကျင်ဘက်လိုပြောတဲ့သူများပါလိမ့်မယ်..။ကျွန်တော်ကတော့ဒီလိုမတွက်ချင်ပါဘူး..။
အကုသိုလ်ဆိုတဲ့ကိစ္စဟာအချိန်မရွေးနေရာမရွေးထိုးဖောက်နိုင်တဲ့အရာမျိုးပါ..။ဘယ်လိုလဲ?ကျွန်တော်တို့ရဲ့စိတ်ကူးတွေကအချိန်နဲ့
အမျှပြောင်းလဲနေကြတာပါ..။ခုချိန်စိတ်ကောင်းဝင်ပြီးခဏနေရင်ညစ်ချင်တာမျိုး..။ပြီးတော့ကျွန်တော်တို့ဟာအမြဲတမ်းအနိုင်လိုချင်တဲ့
ဘယ်သူကိုမဆိုအသာစီးရချင်တဲ့စိတ်အခံလေးကလည်းရှိနေတာပဲ..။ကိုယ်ပြေလည်ရင်ပြီးရောဆိုတဲ့သဘောနဲ့အဆင်ပြေရာလုပ်နေ
ကြတာကအများစုပါ..။
ဒီကနေ့ဘာတွေတွေ့လာရသလဲ?ဆီဈေးတက်လာတော့စားအုန်းဆီနဲ့နှမ်းဆီ..ပဲဆီရောလာတယ်..။ဒါကပြဿနာသိပ်မရှိသေး
ဘူး..။စားအုန်းဆီမှာအရောင်တင်ဆီလို့ခေါ်တဲ့ဆီတစ်မျိုးရောနေကြတာကြာတော့ကြာပါပြီ….။သစ်သားအရောင်တင်တဲ့ဆီမျိုးလို့ပြောပါတယ်..။

နားလည်သူများဆန်းစစ်ကြည့်ကြပါဦး..။ နောက်တစ်ခုကအလှူတွေမှာ…လာရောက်လုပ်ကိုင်ပေးတဲ့သူတွေအရက်တိုက်တဲ့ကိစ္စ…….။
အရက်ဆိုတာလှူရမဲ့အရာမဟုတ်သလိုလှူလို့လဲကုသိုလ်မရပါဘူး..။ကိုယ်ကတိုက်လိုက်လို့တစ်စုံတစ်ယောက်ပြဿနာဖြစ်သွားရင်
ကိုယ်ကသာအကုသိုလ်တိုးပါတယ်..။ဒီလိုပဲနေ့စဉ်လူနေမှုထဲမှာအရက်သမားတွေအရက်ဖိုးလိုက်တောင်းရင်လက်လွယ်လွယ်ပေးတတ်တဲ့
အကျင့်……ကိုယ်ကသူငယ်ချင်းမို့ပေးလိုက်တာမျိုး..။မပေးရင်ထွက်သွားမှာမဟုတ်လို့ပေးလိုက်တာမျိုးတွေရှိမှာပါ..။
နောက်မေတ္တာပို့နေရင်းကြွေးတောင်းနေတဲ့အဘွားကြီးတွေ့ဖူးသေးတယ်…။”အရှေ့အရပ်၌ ရှိသော…….မောင်တင်အေးကြွေးလာမပေးသေးဘူး”တဲ့လေ…….သူမေတ္တာပို့နေရင်းနဲ့ရစရာရှိတဲ့အကြောင်းတွေစဉ်းစားနေရင်းအဲဒိလို
အသံထွက်သွားတာလေ…….
အဲဒိလိုမေတ္တာပို့နေလို့ကော….ဘယ်သတ္တဝါတွေသူ့မေတ္တာရတယ်လို့မကြားမိပါဘူး..။မေတ္တာပို့တယ်ဆိုတာအဲဒိလောက်လွယ်ကူတဲ့
ကိစ္စမဟုတ်ပါဘူး..။တော်တော်လေးကိုစိတ်သန့်ရှင်းနေသူဖြစ်ပါမှထိရောက်ပါတယ်..။မဟုတ်ရင်အကုသိုလ်ပွားနေတာနဲ့မထူးပါဘူး..။
ဒါကိုအလွယ်တစ်ကူလုပ်လို့ရတယ်ထင်ရင်မှားပါလိမ်ံ့မယ်..။ ကျွန်တော်ပြောတာမဟုတ်ဘူးထင်ရင်အနားမှာရှိတဲ့စာတတ်ပေတတ်
ဘုန်းတော်ကြီးတစ်ပါးပါးကိုမေးလျှောက်ကြည့်ပါ….။။အသံထွက်ကောင်းရုံရွတ်ဖတ်နေလို့ကုသိုလ်မရပါဘူး..။ကျွန်တော့ကိုခရစ်ကနေ
ပြောင်းလာတဲ့ကိုယ်တော်တစ်ပါးမိန့်ကြားဖူးလို့ပါ..။သူကဘယ်လောက်ထိပြောခဲ့လဲဆိုအဲဒိလိုအသံထွက်ကောင်းရုံလူထင်ကြီးခံရရုံ.(ဘာသာရေးတွေလုပ်နေတယ်ဆိုတဲ့ဂုဏ်ပုဒ်ကလည်းလိုချင်သေးတာကိုး)
ရွတ်ဖတ်ပြနေလို့ကတော့ပါးစပ်ပဲသစ်ခေါင်းဖြစ်သွားမယ်..။ဘာမှတော့ရမှာမဟုတ်ချေဘူးတဲ့ခင်ဗျ….။
နောက်သရဏဂုံကိစ္စ
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ…ဘာသာကူးပြောင်းသွားတဲ့အခါမှာသရဏဂုံပျက်ပါတယ်..။အသိစိတ်ကုန်ပြီးအသက်ပျောက်
သွားတဲ့အခါမှာလဲသရဏဂုံပျက်ပါတယ်..။နတ်တွေကိုအယုံကြည်လွန်ရင်လည်းပျက်ပါတယ်..။ဒီတော့သုဿန်မှာ
သရဏဂုံတင်တဲ့ကိစ္စ…သေသူကလိုက်မဆိုနိုင်ရင်သရဏဂုံမတည်ပါဘူး..။အော်……..မောင်နေရယ်………
.သေသူကတော့ဘယ်လိုက်ဆိုတော့မလဲလို့မပြောပါနဲ့…အစဉ်အလာအတိုင်းပဲဆိုပြီး…….လှေနံဓားထစ်နေလို့ပြောနေရတာပါ..။
ဒီတော့အဲဒိအပိုအလုပ်ကိုဘယ်သူကမှစဖောက်ရဲကြဘူး..။ဒါဆိုဘုန်းတော်ကြီးတွေကဘာလို့မပြောလဲ…သွားရန်မရှာပါနဲ့..။
ဒါကလည်းအကြောင်းရှိပါတယ်..။သုဿန်ဆိုတဲ့နေရာမျိုးဟာမကျွတ်မလွတ်သူတွေရှိတတ်တဲ့နေရာမျိုးပါ……..အဲဒိလိုနေရာမျိုးမှာ..
အမျှဝေလို့သာဓုခေါ်လိုက်ရရင်..သူတို့အဖို့အကျိုးရှိနိုင်တယ်လို့ယူဆထားကြလို့ပါ..။အသုဘရှင်ကိုတော့တည့်တည့်ပြောမှာမဟုတ်ပါဘူး..။
ဘာလို့လဲဆိုတော့ပူဆွေးဝမ်းနဲနေတဲ့ကျန်ရစ်သူမိသားစုကိုဒီလိုသွားပြောကြည့်ပါလား…….ဘယ်လက်ခံမလဲ…ဒီလိုအကျိုးရှိနိုင်လို့
အလှူရှင်ကျေနပ်အောင်လိုက်လုပ်ပေးနေတဲ့ကိစ္စကို..အိမ်မှာတင်သရဏဂုံတင်လိုက်ကြသတဲ့ဗျာ…ကောင်းရော….အိမ်နားကျောင်းနား
ဆိုတာကအဆင့်မြင့်တဲ့ပြိတ္တာတွေပဲနေနိုင်တာမျိုး..။အမျှဝေတာနေ့တိုင်းရနေပြီးသားကိစ္စ..။
အင်းပြီးတော့အင်တာနက်စာမျက်နှာတွေပေါ်မှာ…..ခြင်ထောင်ခန်းတွေပွင့်ပွင့်လင်းလင်ရေးနေတဲ့ကိစ္စ ဒီကိစ္စဟိုကိစ္စတွေများနေလို့နေဝန်းနီကိုရွာပြင်ထုတ်လိုကလည်းထုတ်ပေတော့….မတတ်နိုင်ဘူး..။ပြောလက်စနဲ့ပြောရမှာပါ.ပဲ.
အကုသိုဆိုတာမျိုးကကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခုပေါ်မှာတွေ့ရ.မြင်ရ…ကြားရ..ပြီးကုသိုလ်စိတ်မဖြစ်ဘူး..။လောဘဒေါသမောဟ
စိတ်ဝင်လာတယ်ဆိုရင်ဖြစ်တတ်တဲ့အမျိုး..။အဲဒိစာမျက်နှာတွေမှာ..ပွင့်လင်းကြပါပေရဲ့..။ဇာတ်လမ်းတွေလည်းပါရဲ့..။ဓါတ်ပုံတွေကော…….
ဒါတွေဘာလုပ်ဖို့အကုန်အကျခံပြီးလုပ်နေရတယ်ဆိုတာမသိရဘူး..။
တစ်ယောက်ယောက်နဲ့တွေ့ပြီးဘာရလို့ဒီလိုလုပ်နေတာလဲဆိုတာမေးကြည့်ချင်လိုက်တာ…..
.ဒါတွေလုပ်ထားတာသူတို့အကုန်အကျခံပြီးလုပ်ထားကြတာ
နော်….ရှာကြည့်တဲ့သူတွေကလည်းသဲသဲမည်းမည်းလိုက်ရှာကြတာပဲ..။ပိတ်ထားရင်ကျော်တောင်ဝင်လိုက်ကြေသေး..။ပျော်ပျော်အုန်းအုန်းပဲ……..။
ဆိုင်တွေကလည်းဒါမျိုးတွေလာလို့ကတော့…ကြိုက်သလောက်လာ..ဂျီတော့မပွင့်ဘူးလို့လဲလာမပြောဘူး..။မေးင်္လမရမကလိုက်ဖွင့်ပေးစရာမလိုဘူး..။
သူဟာနဲ့သူအပြီး..။စက်ထဲမှာတောင်ထည့်သိမ်းပေးပြီးနောက်လူကြည့်ဖို့ထားပေးလိုက်သေးတယ်..။ဘာပြောချင်သေးလဲ..။စီးပွားရေးလို့ပြောဦးမလား..?
စောစောကပြောသလိုပဲတွေ့မြင်ရကြားရတဲ့သူ..ကိုလောဘဒေါသမောဟဖြစ်စေရင်အကုသိုလ်ဆိုတော့ဒီကနေ့ကောင်မလေးတွေဝတ်ပုံစားပုံကကော
ခင်ဗျားတို့မြင်နေတာပဲ…ဒါလည်းအကုသိုလ်လို့ပြောရင်…………..ဟင်း..ဟင်း…..ကိုအောင်ပုတို့ဘာပြောဦးမလဲမသိဘူး..။
နောက်စီးပွားရေးကိုမေတ္တာဖြင့်မရှာပဲဝိသမာလောဖြင့်ရှာဖွေတဲ့ကိစ္စကိုယ့်ဖာသာကိုယ့်စီးပွားကိုရျာတာဘယ်လိုရှာရှာပေါ့လို့ပြောချင်
တဲ့သူတွေလည်းရှိမှာပဲ..။ရှာပါ..ဘယ်လိုရှာရှာ…ကျွန်တော်နဲ့မှမဆိုင်တာ..။ကျွန်ေတော်ပြောမှာကအချိန်အတွယ်ပြညိ့အောင်မချိန်တာကစပြောရမှာပဲ..
ကိုယ့်အတွက်ကျန်ရင်ပြီးရော……ငါးသည်မှာတစ်ိပိဿာဝယ်ပြီးကြက်သွန်ဆိုင်မှာပြန်ချိန်ရင်90သားရှိရင်ကံကောင်း..။အဲဒါကိုပဲကုန်စုံဆိုင်မှာထပ်ချိန်
80သားပဲရှိတော့မယ်..။ဈေးခေါင်းရုံးသွားချိန်လိုက်ရင်75ကျပ်သားရှိကံကောင်း………။။
ရှေးလူကြီးတွေလုပ်တတ်တဲ့အလုပ်ရှိသေးတယ်..။ဟိုးငယ်ငယ်တုန်းကထဲကတွေ့ဖူးနေတာ..။မကြိုက်တာလည်းကြာပြီ..။
ဒါကတော့ငယ်ငယ်တုံးကကြုံဖူးတာပါ..ခုေတော့သူတို့လည်းမလုပ်ရဲကြတော့ဘူး..။တစ်ချို့ကတော့လုပ်နေကြတုံးပဲ…။ဒါကတော့
ရွှေပေါင်ခံပြီးအတိုးပေးစားတဲ့အလုပ်ပါပဲ..လူကြီးတွေဆိုတော့သားသမီးအထောက်အပံ့မဲ့တဲ့လူကြီးတွေလုပ်ကြတာပါ…………
အဲဒိတုန်းကလူတွေကရိုးသားကြတယ်ထင်တာပဲ..အတိုးနှုန်းကလည်းသိပ်မယူကြပါဘူး..အစိုးရအပေါင်ဆိုင်ကတစ်ကျပ်လားမသိဘူး
သူတို့နှစ်ကျပ်နဲ့တူတယ်..။လူကြီးတွေအထောက်အပံ့မရှိလို့လုပ်စားကြတာဘာမှမပြောလိုပေမဲ့……လူရွယ်တွေကပါလိုက်လုပ်ကြတယ်
အရင်ကတိုးတိုးကြိတ်ကြိတ်လုပ်ရတဲ့အလုပ်ဟာ..စားဝတ်နေမှုဖူလုံယုံလောက်လုပ်ကြတဲ့နေရာကနေပွင့်ပွင့်လင်းလင်းနဲ့ကြေငြာပြီး
စီားပွားဖြစ်လုပ်ကိုင်လာကြတယ်..။သက်ဆိုင်ရာကလည်းဥပဒေရှိပါလျှက်နဲ့အရေးမယူကြဘူးမသိချင်ယောင်ဆောင်ပြီးပြဿနာဖြစ်
လာမှဖြေရှင်းပေးတာမျိုးပဲရှိပါတယ်…….။နောက်ပိုင်းကျတော့ရပ်ကွက်ထဲမှာ…ဈေးထဲမှာတရားဝင်အလုပ်တစ်ခုလိုလု်လာကြတော့တာပါပဲ။
စောစောပိုင်းကဒီလောက်လည်းသုံးစရာမများသေး..ကုန်ဈေးနှုန်းကလည်းမမြင့်မားသေးတော့လူတွေငွေသိပ်မလိုကြပါဘူး…………..
ခုခောတ်လိုလည်းမညစ်ပတ်တတ်သေးတော်သိပ်အလုပ်မဖြစ်ကြဘူး..။ဒါပေမဲ့ဈေးထဲမှာတော့နေ့ပြန်တိုးဆိုတာပေါ်နေပြီ..နေ့ပြန်တိုး
ဆိုတာကတစ်ရာချေးယူရင်အတိုးနှစ်ဆယ်နှုတ်ထားပြီးရှစ်ဆယ်ပဲထုတ်ပေးလိုက်တာပါ။အဲဒါကိုတစ်ရက်လေးကျပ်နှုန်းနဲ့25ရက်ပြန်ပေး
ရပါတယ်..။အဲဒီလိုချေးတာကအပေါင်ပေးစရာမလိုပါဘူး..။နှစ်ဆယ်တိုးသာပြောတယ်တစ်ကယ်ကျတာက25%ဖြစ်နေတယ်..။ဘယ်
လောက်အတိုးကြီးသလဲ?ဒီလိုချေးယူပြီးပြန်ဆပ်နေရမယ်ဆိုရင်ချမ်းသာဖို့မပြောနဲ့ကြွေးကင်ဖို့တောင်မနဲ……..ကြွေကင်းချင်တဲ့ကြွေး
ကြွေးယူရမှာကြောက်တဲ့စိတ်ဓါတ်မရှိသ၍ဆင်းရဲနေတာမဆန်းပါဘူး..။ဒီဘက်နောက်ပိုင်းနှစ်တွေမှာငွေနဲ့မဟုတ်ပဲအဝတ်အစားတွေ
ကြွေးလည်ရောင်းတာမျိုးတွေကနေ့ပြန်တိုးနဲ့တွက်ပေးတာပါ..။ပေးသူကစီးပွားဖြစ်နေသလောက်ယူသူကတော့လူစဉ်မမီတော့ပါဘူး.။
ဒါတွေခင်ဗျားတို့စဉ်းစားမိရဲကလား?ဒီဘက်ခေတ်မှာအဝတ်အစာတွေ..အသုံးအဆောင်တွေ..စက်ပစ္စည်းတွေဟာအသစ်အဆန်းတွေ
တစ်နေ့တစ်မျိုးပေါ်လာတော့..အလွယ်တစ်ကူအကြွေးဝယ်လို့ရနေတာတွေရှိနေတော့…ပြန်ဆပ်ရတာလည်းနေ့စဉ်နဲနဲလေးခွဲဆပ်နေရ
တော့ဘယ်လောက်အမြတ်တင်ထားတယ်ဆိုတာမတွက်တော့ဘဲအလွယ်တစ်ကူဝယ်ဝတ်လိုက်ကြ..ဝယ်သုံးလိုက်ကြတာ…………..
ဆင်းရဲတွင်းထဲကိုယ့်စရိတ်ကိုယ်စားပြီးတူးဆင်းနေကြတာနဲ့ဘာမှမခြားပါဘူး..။

7 comments

  • ဆူး

    November 24, 2010 at 2:17 pm

    အဘနီ ပြောတဲ့ ခြင်ရိုက်ဘတ်တံ ကတော့ ဟုတ်တယ်.. ဘုန်းကြီး အတွက် ဘီး လှူသလို မျိုးပေါ့။

  • ဆူး

    November 24, 2010 at 2:19 pm

    သတိမပေါ့ မမေ့လျော့ခြင်းသည် သေခြင်းကင်းပ နိဗ္ဗာန်ရခြင်း၏ အကြောင်းတည်း။ သတိလွတ်ကင်း မေ့လျော့ခြင်းသည် အဖန်တလဲလဲ သေရခြင်း၏ အကြောင်းတည်း။ မမေ့မလျော့ကုန်သောသူတို့သည် သေသည်မမည်ကုန်။ မေ့လျော့သောသူတို့သည် သေသောသူတို့ကဲ့သို့တည်း။ ။ (ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ သာမာဝတီ ဝတ္ထု)
    အကျဉ်းမှတ်ပါ…….မမေ့ရင် နိဗ္ဗာန် ၊ မေ့ရင် သုဿာန်
    (ရွှေဥမင် ဆရာတော်)

  • ဆူး

    November 24, 2010 at 2:33 pm

    သရဏဂုံ လူသေတင်လို့ အကျိုး မရှိ။ ကျန်ရစ်သူတွေသာ အကျိုးခံစားရတာပါ။ သေသူက ဒီမှာသေပြီး ဟိုဘက်မှာ ဘဝ တခု ထပ်ဖြစ်နေပြီ။

  • weiwei

    November 24, 2010 at 3:31 pm

    ဆင်းရဲခြင်းအကြောင်းရင်းတွေကို ဆက်လက်စောင့်မျှော်အားပေးနေပါတယ် …

  • chityaaung

    November 25, 2010 at 12:21 pm

    အင်း…..ကိုနေပြောနေတာကအကြွေးမတင်ဖို့ထားနေတာ
    နေပြန်တိုးပေးဖို့သင်ပြနေသလိုဖြစ်နေရငိဖြင့်……………….

  • naywoonni

    November 25, 2010 at 4:30 pm

    kai……..ရေ..ကျေးဇူးပဲဗျို့
    http://naywoonn.wordpress.com/
    ဆိုပြီးဆိုင်းအပ်လုပ်လို့ပြီဗျ……..
    ဟဲဟဲ….ဘာမှမဆိုင်ဘူး..လာကြွားတာ……..
    ဘာလုပ်လုပ်ရမှန်းမသိသေးဘူး……ဟိုနှိပ်ဒီနှိပ်နဲ့အချိန်ကုန်သွားပြီ
    နောက်နေ့မှပဲ-၄ကိုတင်တော့မယ်………….

  • မေတ္တာပို့ရင်းအကြွေတောင်းတဲ့ အဘွားကြီးက တကယ်လား၊ တော်တော်ရယ်ရတယ်နော်၊ ယုတို့လည်းဒီလိုပါပဲ၊ ဘုရားရှိခိုးရင်းနဲ့ စိတ်ကဟိုရောက်ဒီရောက်မနည်းပြန်ပြန်ဖမ်းရတယ်။ အတိုးကိစ္စကတော့ အမှန်ပဲ၊ အခြေခံလူတန်းစားတွေ မွဲပြီးရင်းမွဲပဲ၊ ဒါပေမယ့်သူတို့လဲ သူများဆီက မတရားယူကြတော့ များသောအားဖြင့် အတိုးပေးတဲ့သူတွေလဲ ပိုက်ဆံဆုံးတာတွေ အများကြီး ယုတွေ့ဖူးတယ်၊ “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ်ထံပြန်လိမ့်မည်” အဲ့ဒီစကားကိုတော့ အရမ်းယုံကြည်တယ်၊

Leave a Reply