သနား စရာ ဇတ်လမ်းလေး
ပြီးခဲ့တဲ့ အပတ် ပိတ်ရက်မှာ.. နယ်ဘက်ကို သွားပြီး ဆွေမျိုးတွေ ဆီ အလယ်သွားတယ်။ နယ်က အဒေါ်က သူအိမ်နားက မိသားစု အကြောင်း ကြားခဲ့ရတာ စိတ်မကောင်း ဖြစ်လို့ ဒီမှာ ရေးပေးလိုက်တာပါ။ အဒေါ်အိမ်နားက ဦးဖိုးစိန်တို့ မိသားစုက ဆင်းရဲတဲ့ အထဲမှာတော့ မပါဘူး နယ်အနေနဲ့ ဆိုရင်တော့ ပိုက်ဆံရှိတယ် ချမ်းသာကြတယ်လို့ ပြောလို့ရတယ်။ ဦးဖိုးစိန်ကို စောင့်ရှောက်တာကတော့ သူ့ ချွေးမပေါ့.. သားကတော့ ဂျပန်မှာ အလုပ်သွားလုပ်နေတာ မကြာသေးခင်ကမှ အလည်ပြန်လာပြီး မကြာခင် ပြန်လာမယ်လို့ စီစဉ်ထားပါတယ်။ ၁ဝနှစ်အရွယ် ကလေး တယောက်လည်း ရှိတယ်။ တနေ့ ဦးဖိုးစိန် အသည်းအသန် နေမကောင်းဖြစ်တယ်.. ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး.. နာတယ် နာတယ် နဲ့ ဆီးလည်း မသွားနိုင်ဖြစ်ပြီး အော်ဟစ်နေတာနဲ့ နီးစပ်ရာ ကားငှားပြီး ရန်ကုန်မြိုကြီးက ဆေးရုံကို တင်လိုက်ပါတယ်။ ဆေးရုံကို တင်လိုက်တော့ ဦးဖိုးစိန် ကျောက်ကပ်ဆေးဖို့ လိုမယ် အရေးပေါ် အခြေအနေ ဆေးရမှာ မို့.. ဆေးရုံတင်ထားပြီး.. ဆေးရုံကလည်း ပိုက်ဆံ မပေးရင် ဘာမှ လုပ်မပေးတာ ထုံစံ ဆိုတော့.. ပိုက်ဆံ ပါသလောက် စပေါတင်ပြီး လိုနေသေးတဲ့ ပိုက်ဆံက အိမ်ကနေ ရုတ်တရက် ထွက်လာတော့ အလုံအလောက်မပါသွားတာနဲ့ လှိုင်သာယာမှာ နေတဲ့ ဆွေနီးမျိုးစပ်တော်သူ တယောက်ထံ ကားငှားပြီး ပိုက်ဆံ ၁၅သိန်း ချေးယူပြီး ဆေးရုံကို အပြန်မှာ လမ်းမှာ အငှားကားကို ဒိုင်နာက ဝင်တိုက်တာနဲ့.. ပိုက်ဆံ သွားယူတဲ့ ဂျပန်ပြန် သားနဲ့ ချွှေးမ ပွဲခြင်းပြီး သေသွားပါတယ်။ ကားသမားကတော့ နယ်က ငှားလာတဲ့ ကားသမား ဖြစ်လေတော့ ပိုက်ဆံ ၁၅သိန်း ချေးထားတာ သိပါတယ်။ သူလည်း တိုက်မိတဲ့ အရှိန်နဲ့ သတိလစ်မေ့မျောနေတာ.. သတိရတော့ ခပ်ကြောင်ကြောင်ဖြစ်နေရှာတယ်။ နောက်တော့ မှ.. သူ့မိသားစုကို အကြောင်းကြားပါတယ်။ ဦးဖိုးစိန်ကတော့ သူ့ကို သားနဲ့ ချွှေးမ ဆေးရုံ တင်ပြီး ပစ်သွားပြီ ပြန်မလာတော့ဘူး ဆိုပြီး တငိုငိုနဲ့ ငါကို ပြစ်သွားပြီ ဆိုပြီး ငိုယိုနေခဲ့ပါတယ်။ မနေနိုင်တဲ့ ဦးဖိုးစိန် ဆွေနီးမျိုးစပ်တယောက် ငိုနေတော့ မကြည့်ရက်နိုင်တာနဲ့ မဖုံးကွယ်နိုင်ဘဲ.. သားနဲ့ ချွှေးမ ပိုက်ဆံ သွားယူရင်းနဲ့ လမ်းမှာ ပွဲချင်းပြီး သေသွားပြီ ဖြစ်ကြောင်းနဲ့ ပိုက်ဆံ ၁၅သိန်း အစ အန မတွေ့တော့ဘူး ဆိုတဲ့ အကြောင်း ပြောတာ ကြားကြားချင်း ဦးဖိုးစိန်လည်း မျက်လုံး အဝိုင်းသားနဲ့ ခေါင်းငိုက်စိုက်ကျ အသက်ထွက်သွားပါတယ်။ နောက်ဆုံးတော့ သနားစရာ ၁ဝနှစ် အရွယ်ကလေးငယ် မိဘလည်း မရှိ အဖိုးလည်း ဆုံး နောက်ဆုံး အခြေအနေကတော့ ချေးထားတဲ့ ပိုက်ဆံ အတွက် ဘယ်လို ဆပ်ကြမလဲ.. ဆွေမျိုးတွေ အုပ်ထိန်းပေးနေရပါတယ်။ လောကကြီးမှာ ဘယ်ဟာမှ ကြို မသိထားတော့ တော်တော် ကြောက်စရာ ကောင်းပြီး သံဝေဂ ရစရာ အဖြစ်အပျက်ကလေးပါဘဲ။
16 comments
weiwei
November 25, 2010 at 10:05 am
တရားကျစရာကောင်းတဲ့ဇာတ်လမ်းလေးပဲ …
etone
November 25, 2010 at 10:27 am
သနားပါတယ်နော် ။ ကိုယ်ချင်းစာမိပါတယ် ။
bouzour
November 25, 2010 at 10:49 am
အကုသိုလ် အလုံးလိုက်ဝင်တယ်လို.ဘဲပြောရမှာပေါ့ဗျာ ဘာသာရေးအရကြည့် ရင် အတိတ်ဘဝက ပြုခဲ့တဲ့ကံကြောင့် အခုလိုပြန်ခံစားရတယ်လို. တရားရမိတယ် …အကုသိုလ်မဖြစ်အောင် တတ်နိုင်သလောက် အခုကတည်းက ဆင်ခြင်ကြရမှာပေါ့ဗျာ..
kai
November 25, 2010 at 10:53 am
စံနစ်ရဲ့သားကောင်တွေလို့ ..မြင်မိတာပါပဲ..။
ကောင်းတဲ့ နိုင်ငံရေးစံနစ်မှာ..ဖြစ်မဲ့ပုံတွေ အဆင့်ဆင့်နဲ့ရေးပြကြည့်ပါမယ်..။
ရွတ်ပြီးရေးတာမဟုတ်..အတုယူအတတ်သင်နိုင်ဖို့ပါ..။
– ဥိးဖိုးစိန်ရုတ်တရက်အသည်းအသန်ဆို. ဆေးရုံကား ဖုံးဆက်ခေါ်လိုက်ရင်ရောက်လာပြီးသယ်ရမှာပါပဲ..။
အရေးပေါ်တင်.. ကုန်ကျစရိတ်တွေကို .. သူ့ကျမ်းမာရေးအာမခံကပေးမှာပေါ့..။ မပေးနိုင်ရင်တော့ .. အစိုးရက ဝင်စိုက်ပေးရပါတယ်..။
– ချွေးမနဲ့သားအိမ်ပြန်တယ်ဆိုပါတော့ ..။ ကားတိုက်မိရင်..ပွဲချင်းပြီးသေတာဖြစ်ခဲရမှာပါ။ နောက်ပိုင်းမိုဒယ်ကားတွေဟာ ရှေ ့နောက်ဘေး.။အဲဘက်(လေဘူပေါင်း)တို့ပါပြီး ကားစီးသူတွေက ထိုင်ခုံခါးပတ်မဖြစ်မနေပါတ်ရလို့ဖြစ်ပါတယ်..။ ဖရိးဝေးမှာ တနာရီ ၈၀-၁၀ဝ မိုင်နှုန်းမဖြစ်နေရင်..ကားမမှောက်ရင်.. မီးမလောင်ရင်.. အထဲကလူတွေသေဖို့ဆိုတာ ..မိုဒယ်မြင့်ကားတွေ..တက်ခ်စီတွေမှာ … တော်တော်ဖြစ်နိုင်ခဲသွားပါပြီ..။ ဒီဟာတွေအတွက် ..စည်းကမ်းဥပဒေတွေကို စည်ပင်၊ ရဲနဲ့.လမ်းပန်းလုံခြုံရေးက လုပ်ပေးထားတယ်ပေါ့..။
– တိုက်မိပြီး သေတယ်ဆိုဦး..။ ပါလာတဲ့ငွေတွေပျောက်ဖို့ ခက်ပါတယ်..။ ဘာလို့လည်းဆိုတော့ ရဲကချက်ချင်းရောက်လာပြိး အဝါရောင်စည်းတားလိုက်လို့ပါ။ အဲဒီအထဲ သတင်းထောက်နဲ့တာဝန်ရှိသူတွေပဲဝင်လို့ရတော့တာမို ့..အပျောက်အရှ အလွန်ဖြစ်ခဲပါတယ်..။ အနားကပ်တဲ့သူတွေ ပြသနာတက်ရင် သက်သေလိုက်ရမှာမို ့ ..လူတွေလည်း သိပ်မကပ်ရဲကြပါ..။
– တကယ်လို့ငွေလည်းပျောက်..အားလုံးလည်သေပြီဆိုပါတော့ ..။
ကျန်တဲ့ကလေးက ဘာမှဆပ်စရာမလိုပါ။ ကလေးနဲ့ပါတ်သက်တဲ့ ကိစ္စအဝဝကို လူမှုဖူလုံရေးက တာဝန်ယူပါလိမ့်မယ်..။ သူ့ကိုမွေးစားမဲ့သူကို ရှာပါတယ်.. မတွေ့ရင်တော့ အစိုးရကပဲ.. နာနီလုပ်ပေးစောင့်ရှောက်ပေးမဲ့ သူတွေကို လစာပေးပြီး ကြီးတဲ့အထိ အပ်ပါတယ်..။
ဒါတွေအားလုံး ..စံနစ်တွေအားလုံး.. လူတွေကလုပ်ထားတာပါပဲ..။
ဆိုတော့.. အဲဒီလိုနိုင်ငံဖြစ်အောင် ကြိုးစားကြဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးထင်မိပါတယ်..။
မြန်မာပြည်မှာ… စံနစ်ရဲ့သားကောင်တွေ ..လျှော့နည်းလာပါစေ..လို့..ဆန္ဒပြုရင်းးညအိပ်ပါတော့မယ်ခင်ဗျား..
မနက်.. ၃နာရီထိုးပါပြီ…။
ကြယ်လေး
November 25, 2010 at 11:03 am
ဟူး မြန်မာပြည်မှာလူဖြစ်ရတာ ငရဲကျသလိုတောင်ဖြစ်နေပြီ 🙁
ဦးခိုင်ရေ ဂွဒ်တမောနင်းဗျာ 🙂
ပြည်မြန်မာကြီးစည်သာအောင် အိမ်မက်ထဲကနေဆုတောင်းပေးအုံးနော်:P
bigcat
November 25, 2010 at 11:04 am
OMG
ဆူး
November 25, 2010 at 11:10 am
စနစ်လေးတွေ ရေးထားတာ ကောင်းပါတယ် ဗဟုသုတလည်း ရပါတယ်။ နောက်ထပ် ဇတ်လမ်း တခု သိလာတာ ရှိသေးတယ် အဲဒီမှာလည်း ဝင်ပြီး အကြံပေးဖို့ ဖိတ်ခေါ်ပါတယ်။
kopauk mandalay
November 25, 2010 at 12:00 pm
စံနစ်မကောင်းတော့ လူပျက်
လူပျက်တော့ ခေတ်ဆိုး
ခေတ်ဆိုးတော့ လူနာ
လူနာတော့ ပြည်ပျက်
ပြည်ပျက်တော့ ဒုက္ခရောက်တာ အခြေခံလူတန်းစား
ကျန်သောသူများက အပြုံးမပျက်
နေနိုင်ပါတယ်ယပ်တောင်လေးတောင် ခပ်လို့ အေးဆေး…………………..
chityaaung
November 25, 2010 at 1:44 pm
စနစ်မကောင်းတာကကျွန်တော်တို့မွေးကထဲမကောင်းတာပဲ…
ဒါပေမဲ့လူကအကျင့်လေးကောင်းနေမယ်..ကိုယ်ချင်းစာတတ်မယ်ဆိုရင်
ဒီလောက်ဒုက္ခရောက်ဖို့မရှိဘူး..။လူတိုင်းလူတိုင်းရဲ့အကျင့်စာရိတ္တမကောင်းပဲနဲ့
စနစ်ကကောင်းလွန်းနေရင်လည်းအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး………
ဒီကိစ္စမှာကားဒရိုင်ဘာရဲ့..ဝိသမလောဘကြောင့်10နှစ်အရွယ်ကလေးငယ်ဒုက္ခရောက်ရတာပဲ
I love Mandalay
November 25, 2010 at 4:07 pm
စိတ်ထဲမှာ မကောင်းလိုက်တာ။
unclegyi1974
November 25, 2010 at 4:35 pm
ကိုခိုင်ရဲ့စံနစ်တွေမြန်မာမှာ
မကြာမှီလာမည်မျှော်
Maung Dae`
November 26, 2010 at 4:59 am
အဲ့သည်စနစ်တွေကတော့ စစ်အစိုးအုပ်ချုပ်နေသမျှကာလပါတ်လုံး မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့… မမြင်ရေးချ မမြင်ပါ…
thidakywewa1
November 26, 2010 at 7:17 am
အဲလိုမျိုးဖြစ်ခဲ့ရင် ဆိုပြီးတော့ တွေးတော့တွေးဖူးပါတယ် ။ တွေးတယ်ပဲထင်တာ တကယ်ဖြစ်နေခဲ့တာကို ….သနားပါတယ်နော် .
MaMa
November 26, 2010 at 8:54 am
မမြင်နိုင်တဲ့ ကြောက်ဖို့ကောင်းလိုက်တဲ့ ကံတရားပါလား။
saund
November 27, 2010 at 6:25 am
စိတ်မကောင်းလိုက်တာ
အာဖျံ ကွီး
November 27, 2010 at 8:40 am
တော်တော်ဆန်းကြယ်တဲ့ကံပဲ။ တနေ.ကတောင် ရွှေတောင်ကြားလမ်းမှာနေတဲ့ မိသားစုတစ်စုလုံး ကားမှောက်ပီးဆုံးသွားသေးတရ်။ Naypyitaw High Way မှာကားမှောက်တရ်ဆိုပဲ။ ပိုင်ဆိုင်မှုတွေ အများကြီးကျန်ခဲ့တရ်။ ကံတရားက တစ်ကယ်ပဲ ဆန်းကြယ်ပါတရ်ဗျာ ….