“ စားကြဦးမလား ဒီဘက်က ငါးပိဖုတ်” သူငယ်ချင်းတို့အတွက် ဟာသလေးတစ်ခုပေါ့ ။
တောရွာမှာတုန်းက ဖြစ်ခဲ့တဲ့ ဟာသဖြစ်ရပ်မှန်လေးပါ………..။ ဘယ်ကနေစရမယ်မသိလို့ အဆင်
ပြေသလို စလိုက်ပါတယ်။။တောမှာက နွေဆိုရင် မီးရှို့ပြီးတော့ ထင်းခုတ်တဲ့ ဓလေ့ရှိတယ်။ထင်း
ခုတ်တယ်ဆိုတာက လူစုပြီး အစုလိုက်ခုတ်ကြတာများတယ်။တောဓလေ့ဆိုတော့ သိကြတဲ့အ
တိုင်းပဲလေဗျာ တောထဲမှာ ထင်းခွေပြီးဆိုတာနဲ့ အိမ်မှာကတည်းက ထမင်းကြမ်းအပြီးစား
နေ့လည်စာကိုတော့ ထမင်းထုပ် ထုပ်ပြီးယူသွားရတာထုံးစံတစ်ခုပေါ့ ။ထမင်းထုပ်ကိုလည်း တော
မှာက အင်ဖက်တို့ ငှက်ပျော ဖက်တို့ပေါတယ်ဆိုတော့ မီးကလေးကင်ပြီး ပျော့သွားတာနဲ့ ထမင်း
လေးထည့်လိုက်ရုံပဲ၊ဘာ ချိုင့် မှ မလိုဘူးလေ၊ထမင်းစားချိန်ရောက်ပြီဆိုတာနဲ့ ထင်းခွေလာတဲ့လူ
တွေအကုန်စုပြီး စားကြတာကလည်း တောဓလေ့ရဲ့ ပျော်စရာတစ်ခုပါပဲ။ တစ်နေ့…………………..
ထုံးစံအတိုင်းပဲ ထင်းခွေထွက်ကြတာပေါ့။ နေကလည်းပူလိုက်တာဗျာ၊ခြစ်ခြစ်တောက်ပဲ ။အေးပေါ့
မီးရှို့ ထားတာဆိုတော့လည်းအားလုံးပြောင် သလင်းခါနေပြီ အောက်ပိုင်းကိုရှင်းနေတာပဲ။
မီးလောင်ထားတာ ဘယ်လောက်ပြင်းသလဲဆိုရင်ဖြင့် စည်းမရှိ ကမ်းမရှိလူတွေ လျှောက် ပါ ထား
တဲ့ချီးပုံလေးတွေတောင် ခြောက်သယောင်ယောင်…..(တောမှာဆိုတော့လည်း ပြောလို့လည်းမရ
ဘူးလေ၊ဒါတွေက ဖြစ်ရိုး ဖြစ်စဉ်တွေပေါ့ ။တောသူ တောင်သားတွေဆိုရင်တော့ ပိုသိမှာပေါ့ )
ထားတော့ ဆက်ဖတ်လို်က်ပါဦး………..ထင်းခွေရင်းနဲ့ နေ့လည်မွန်းတက်ပြီဆိုတာနဲ့ အားလုံးထမင်းဆာနေကြပြီလေ။ဒါပေမဲ့ အဖေလေ အဖေ မနားဘူးဗျာ၊ ဇွဲနဲ့ခုတ်နေတာ ဒီမှာကလူဦးရေ များလာတာဆိုတော့ ထင်းတောင်လုခုတ်ရတာဆိုတော့ လောဘကြီးတာ
မမှားပါဘူး။သို့ပေမဲ့ လူငယ်ဖြစ်တဲ့ ကျွန်တော်တို့မှာ ထမင်းကဆာနေပြီလေ။အဲဒီအချိန်မှာ
ပဲ အဖေက သူ့ အသံ ဝါကြီးနဲ့……….။ “အားလုံးပဲ ထမင်းစားနားကြမယ်ဟေ့ ”ဆိုတဲ့အသံ
ကြားတာနဲ့ ပျော်လိုက်တာဗျာ၊ဗိုက်ကဆာနေပြီကိုး၊ပုံမှန်(၁၁း၃၀)ဆိုစားနေကြတာ ဒီနေ့ကျမှ
(၁)နာရီတောင်ထိုးတော့မယ်၊ဆာလိုက်တာဗျာ၊အူကိုလှိမ့်နေတာပဲ၊ဒါတောင် အဖေကပြော
သေးတယ်၊ဟင်းအကောင်းဆုံးအချိန်ကို စောင့်နေတာတဲ့။အစက ဘာမှန်းမသိဘူး၊နောက်ကျမှ
အဖေ က…..“ တကယ်တမ်းတော့ လူတွေက ဟိုဟင်းစားချင် ဒီဟင်းစားချင် ဟိုဟာမကြိုက်
ရတာနဲ့ ဒီဟာမကြိုက်ရတာနဲ့ “တဲ့” တကယ်တမ်းဗိုက် အရမ်းဆာလာပြီးဆိုတာနဲ့ ငပိ ဖုတ်
တောင်အရမ်းကောင်းတာ” ကို ပြောတာဆိုတော့မှသဘောပေါက်ပါတယ်။ လာတာက လူ(၅)ယောက် အားလုံးဝိုင်းထိုင်ပြီးထမင်းထုပ်ကိုဖြည်လိုက်တယ်။ဟင်းထုပ်လေးတွေကိုအ
လယ်မှာစု ထမင်းထုပ်ကို မြေကြီးပေါ်မှာချပြီး စားရတာပျော်စရာပေါ့ဗျာ၊ ကျွန်တော်တို့ အမေ
က ထမင်းကိုဆီလေးဆမ်းပြီး ငါးပိဖုတ်ကိုသေသေချာချာ ဖုတ်ပေးထားတာက မွှေးနေတာပဲဗျာ
ထင်းခုတ်ရင်းနဲ့ ချက်ထားတဲ့ဟင်းချိုပူပူလေးကို အလယ်မှာ ချပြီး ဟင်းထုပ်လေးတွေ ဝိုင်းထား
တာ မျက်စိထဲ မြင်ပါရဲ့လား သူငယ်ချင်းတို့။ထိုင်ပြီးဆိုတာနဲ့ ဟင်းထုပ်တွေကို တချက်ဝေ့ကြည့်
လိုက်တယ်။ဆီမပါတဲ့ငါးခြောက်ဖုတ်ကတစ်ထုပ်၊အရည်မပါတဲ့ကြက်သားကနှစ်တုံး၊ ငါးကြော်
က တိုင်းပြီးများပေးလိုက်သလားမသိဘူး အရွယ်တူ ဆိုဒ်တူ(၅)ကောင်၊သားအဖ နှစ်ယောက်က
ငါးပိဖုတ်။ ဒါပေမဲ့ ဗိုလ်စွဲတာက ငါးပိဖုတ်ဗျ၊ဘာလို့လဲဆိုတော့ ဟင်းချိုနဲ့ လိုက်တဲ့ ဟင်းဆိုလို့
ငါးပိဖုတ်ပဲရှိတာကိုး ဟဟဟား………ဒါကြောင့်ပြောတာ အမြင်နုပ်ပေမဲ့ရွှေထုပ်တယ်ဆိုတာ။
ထမင်းကလည်းဆာဆာနဲ့ စားလိုက်ကြတာဗျာ။ဒါတောင်ပြောသေးတယ်….“မင်း ငါးပိ က
မလတ် သလိုပဲ ” တဲ့။ “မဟုတ်တာဗျာ၊အမေကိုယ်တိုင် သေသေချာချာ ဖုတ်ပေးလိုက်တဲ့ဟာ
ကို ” အားလုံစားလိုက်ကြတာဗျာ သူငယ်ချင်းတို့ကို မြင်စေ့ချင်တယ် ပြိုက်ကနဲ ပြိုက်ကနဲပဲ၊
အဲဒီအချိန်နောက်တစ်ယောက်က ထပ်ပြောလာတယ်။ “ဟုတ်တယ်ကွ မင်းတို့ ငါးပိ ကမလတ်
သလိုပဲ ”ဆိုတော့ အဖေက ”လူတွေလူတွေ အဲဒါသာကြည့်တော့ သားရေ ဗိုက်ဆာတုန်းက
အရသာမခံနိုင်ဘူး၊ဗိုက်လေးပြည့်ပြီဆိုတာနဲ့ ဟိုဟာကချိုတယ် ဟိုဟာခါးတယ်နဲ့ ”အင်းပေါ့နော်
ဟိုလူက အမေလုပ်တာ မကောင်းဘူးပြောတာကိုး၊အဖေက ဘယ်ခံမလဲ ဟဟား….အဲဒီအချိန်
နောက်ဆုံးကျန်တဲ့တစ်ယောက်ကထပ်ပြောလာတော့တယ်၊ “ဟုတ်တယ် ဦးလေး ငါးပိ ကနည်း
နည်းနံတယ်၊မလတ်တာလား မီးဖုတ်တာ မကျက်တာလား မသိဘူး ” (၃)ယောက်လုံး ဒီလိုကြီး
ပဲပြောတော့ အဖေ နည်းနည်းတွေဝေသွားတယ်လေ၊ ထမင်းစားကြတာက (၅)ယောက်၊
သားအဖ နှစ်ယောက်ဖယ်လိုက်ရင် သူစိမ်း(၃)ယောက်မှာ (၃)ယောက်စလုံးကတစ်လေသံထဲဆို
တော့ အဖေ စဉ်းစားရတာပေါ့၊သို့ပေမဲ့ သူ့မိန်းမ ကျွန်တော့် အမေကို မကောင်းပြောတာလည်း
မခံနိုင်တော့ ကိုယ်တိုင်ထကြည့်ရတာပေါ့။ ငါးပိ က ကုန်တောင် ကုန်တော့မယ်။ ငါးပိထုပ်ကို
ကြည့်တယ်၊ သေသေချာချာ ကြည့်တယ်၊ပြီးတော့ ငါးပိထုပ်ကို မ ကြည့်တယ်၊ မ ကြည့်လို့လဲ
ပြီးရော………တစ်ခွန်းတည်းပဲ……“ဟာကွား ” ဆိုပြီး အန်ပါလေရော……စားနေတဲ့ ကျွန်တော်
တို့ ဘာလုပ်ရမှာလဲ ဟင်…..“ အဖေ ဘာဖြစ်လို့လဲ ” မေးတော့ဘာမှ မပြောနိုင်ဘူး၊ ငါးပိ ထုပ်
ကို လက်ညိုးထိုးပြတယ်။ လေး ယောက်သား ငါးပိ ထုပ်ကိုသေသေချာချာ ကြည့်ကြတယ်။
ပြီးလည်းပြီးရော လေးယောက်သား အန် လိုက်ကြတာ အပြိုင်အဆိုင်၊ အန် လို့ဝမှ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်ရမလို ငိုရမလို နဲ့ပေါ့၊ သူငယ်ချင်းတို့ရေ ဖြစ်ပုံက
ဒီလို…………….ငါးပိ ထုပ်ကို ကျွန်တော်က မီးလောင်ထားတဲ့ လူ ချီး ပုံခြောက်ပေါ် တင်မိရဲ့
သားဖြစ်နေတော့ ငါးပါ ကိုကော်တော့ လူတိုင်းက လက်ညိုး လေးနဲ့ ကော်လိုက် ထမင်းထဲ မြှုပ်
စားလိုက် မဟုတ်လား၊ ကော်ရင်း စားရင်းနဲ့…….ဘယ်သူ့ လက်ညိုးက ဖက် ကိုဖောက်မိသွားတယ်တော့ မသိဘူး၊ သေချာတာကတော့ အောက်က ချီး ပုံကတစ်ဝက်ကျိုး
နေပြီးလေ ၊ ဒီလိုဆိုတော့…………..“ ဒါကြောင့် ဟို ကောင်တွေကတော့ ပြောသား ငါးပိက
မလတ် သလိုပဲလို့…………။။။။။။
8 comments
သီဟ
November 25, 2010 at 10:50 am
ဒီနေ့ကစပြီးငပိလုံးဝမစားတော့ဘူးလို့ယောကျာင်္းကတိပေးတယ်ဗျာ 😛
သီဟ
November 25, 2010 at 10:55 am
ဒီနေ့ကစပြီး ငပိလုံးဝမစားတော့ဘူးလို့ ယောကျာင်္းကတိပေးတယ်ဗျာ 😛
ဆူး
November 25, 2010 at 11:38 am
@သီဟ
ငပိ လုံးဝ မစား + ငပိ လုံးဝ မစား = ငပိ အဝစား
🙂
Yin Nint
November 25, 2010 at 3:44 pm
ခွိခွိ ဒါဆို လူချီးက ငါးပိလိုအရသာပေါ့နော် မှတ်သားဦးမှပဲ ဟီးဟီး 😛
I love Mandalay
November 25, 2010 at 4:31 pm
ငပိဖုတ်တောင် စားချင်စိတ်မရှိတော့ဘူးတော်။
cherrywine
November 26, 2010 at 4:46 am
ကြိုက်ပါတယ်ဆိုမှ .. ထပ်မစားရဲအောင်လုပ်ပြန်ပြီ။
bouzour
November 26, 2010 at 6:27 am
အန်ဖို.ကောင်းလိုက်တယ်ဗျာ…
လင်းဝေကျော်
November 26, 2010 at 11:40 am
ထွတ်…. တော်တော် ဆိုးတဲ့ဟာသ
ထင်သားပဲ ချီးပုံခြောက်အကြောင်းပြောနေတော့ စားတော့မယ်လို့။