ကြုံရပါတယ် ဒီလိုလေး
သူငယ်ချင်းပြောပြတဲ့ သူအိမ်မှာ အိမ်ဖော်ကိစ္စနဲ့ ပတ်သတ်လို့.. ကြားမိတာလေး မျှဝေလိုက်တယ်။
အိမ်အလုပ်တွေ မနိင်နင်း ဖြစ်လို့ ခေါ်ဖို့ လိုအပ်တာနဲ့.. ပွဲစားကနေ တဆင့်ခေါ်လိုက်တယ် ဆိုပါတော့.. ခေါ်လိုက်တဲ့ ခလေးမလေးက အသက်ကတော့ ၁၂ နှစ် ၁၄ နှစ် ဝန်းကျင်ပေါ့ သူကိုယ်တိုင်လည်း အသက် သေချာ မသိ မရေမရာ နဲ့ ပြောတာ မို့.. ခန့်မှန်းချေပေါ့။ ရန်ကုန်မြို့ကဘဲ နေရာ ကတော့ မေ့သလိုလို တောင် ဖြစ်နေပြီ.. ရန်ကုန် မြို့ အစွန်အဖျား တနေရာရာ ဆိုပါတော့။ အိမ်ဖော် ကောင်မလေးကို ရှာပေးတဲ့ ပွဲစားက နေတဆင့် ခလေးမလေး မိခင်နဲ့ တွေ့ပေးလိုက်တယ်။ ခလေးမလေး မိခင် က ၃လစာ လခ အရင်တောင်းပါတယ်.. ဒီတော့ ထုံစံ အတိုင်း ပေးလိုက်ပြီး ခလေးမလေး ကို အိမ်ခေါ်လာခဲ့တယ်။ အိမ်ရောက်တော့ သိပ်မကြာဘူး။ နာရီပိုင်း အတွင်း ဆိုပါတော့.. ပြသနာက စတော့တာဘဲ.. မိခင်နဲ့ ပြောဆို ပိုက်ဆံ ပေးပြီး.. အိမ်ရောက်တဲ့ အချိန် နေ့လည် ၂နာရီလောက် ရှိမယ်။ ခလေးမလေးကို အထုတ် အပိုးတွေ နေရာချဖို့ပြ..အထုတ်အပိုးဆိုတာ ဘာမှတော့ မပါဘူး.. အဝတ်၂ထည်လောက်နဲ့.. လာတာပါ။ အိပ်ယာရမဲ့ နေရာနဲ့ နေစရာနေရာပြတာ ဆိုပါတော့.. ပြီးတော့.. ဘယ်ဟာက ဘာဖြစ်တယ်.. ဘယ်လို လုပ်ရတယ်။ မှားပြီး လုပ်မိလို့.. မပျက်ရအောင် သေချာ ပြောပြ.. အိုးဆေး ခွက်ဆေး လုပ်နိုင်ဖို့ သင်ပေးတယ် ပြောပြတယ်ပေါ့.. ခလေးမလေး ဆိုတော့.. ဘာမှ မလုပ်တတ်တဲ့ ပုံစံ ဖြစ်နေတော့ သေချာ သင်ပေးပြောဆိုပြီး ညနေ ၅နာရီ လောက်မှာ ဇတ်လမ်းက စလာပြီ.. ခလေးမလေးက အိမ်ရှင်ကို ပြောတယ်.. ကျမမှာ ရောဂါ တခု ရှိတယ်.. ကျမ ဆေးသွားဝယ်မှ ဖြစ်မယ် ကျမ ဆေးဝယ် သွားချင်လို့ အပြင်ထွက်ချင်တယ်။ အိမ်ရှင်က ဟဲ့.. နင်ဝယ်ချင်တာ ဘာ ဆေးလဲ ငါတို့ကို ပြော.. နင် ဒီကို အခုမှ ရောက်တာ လမ်း မကျွှမ်းကျင်လို့ လမ်းပျောက်သွားမယ်။ ငါတို့ ဝယ်တိုက်မယ်။ ခလေးမလေးက.. မရဘူး.. ကျမ ဆေးက ကျမ ကိုယ်တိုင်ဝယ်မှ ရမှာ.. ဝယ်နေကျ ဆိုင် ရှီတယ် ဘာဆေးလဲ ဘယ်မှာ သွားဝယ်မှာလဲ ဘာရောဂါလဲ အတင်းမေးတော့.. တီဘီ ဆေးတဲ့.. နောက်ထပ် ပြောပုံကတော့.. ကျမ ချောင်းဆိုးလိုက်ရင် အားလုံး ရောဂါတွေ ကူးကုန်မယ်နော်.. တမိသားစုလုံး ရောဂါတွေ မကူး စေချင်ဘူး။ ကျမ ဆေးသွားဝယ်ဖို့ ပေးသွားပါ။ အိမ်ရှင်က တီဘီဆေးများ ဘယ်မှာ ဝယ်ဝယ်ရတယ်လေ နင်တီဘီ အတွက် မဟုတ်လား ငါဝယ်ပေးမယ်။ ကောင်မလေးက မရဘူး.. ကိုယ်တိုင်သွားဝယ်မှ ရမယ် ဘယ်မှာ သွားဝယ်မလဲ လုံဝ မပြောဘူး အိမ်ရှင်ကတော့ ပထမတော့ ရိုးရိုးသားသားဘဲ ဆေးလိုလည်း ဝယ်တိုက်ဖို့ စဉ်းစားပြီး ပြောပေမဲ့ သူ စကား အသွားအလာ မှာ.. သိပ်မသင်္ကာတာနဲ့.. ပေးမလွတ်ဘူး။ လူကြီးတွေစိတ်တို လာကြပြီ.. ဘာလို့လဲ ဆိုတော့ ခလေးမလေး အော်ဟစ်ပြီး အခု လွတ်ပေး လုပ်နေပြီ။ မကျေမနပ် လေသံနဲ့ ရှင်တို့ ပေးမလွတ်ဘူးလား.. ကျမ ရဲတိုင်မှာနော်။ အိမ်ရှင်တွေက နင် ဒီမှာ အော်နေလည်း မထူးဘူး.. တိတ်တိတ်နေ.. နင် အိမ်ပြန်ချင်လား.. ဒီနေ့တော့ မရဘူး.. နောက်နေ့ အိမ်ပြန်ပို့ပေးမယ်။ ခလေးမလေးက ဘာလဲ မကျေနပ်ဘူးလား.. ရိုက်ချင် ရိုက်လေ.. ဒီလို အနိုင်ကျင့်နေရင်တော့ ပြောရမှာဘဲ.. ရိုက်ချင် ရိုက်လေ.. ပြောပြီး စကားနဲ့ စပြီး ခြိမ်းခြောက်တယ်။ အိမ်ရှင် တမိသားစုလုံး.. မျက်လုံးပြူး ပြီး သူကို ကြည့်တဲ့ သူက ကြည့် ဒေါသ ဖြစ်လို့ လက်ရွယ်သူက ရွယ်နေပြီ။ ထို အချိန်မှာ.. အိမ်ကို ဧည့်သည် တယောက် ရောက်လာတယ်။ ဧည့်သည် ရောက်လာတော့ သူတို့ စကားလက်စ ဖြတ်ပြီး တံခါးဖွင့်ပေးပြီး.. ထို ကိစ္စပြောပြလိုက်တယ်။ ကံကောင်းချင်တော့.. ထိုဧည့်သည်က အိ်မ်ရှင် အမျိုးလည်းဖြစ် ထိုခလေးမလေး ရပ်ကွက်မှာ လူကြီး လုပ်တဲ့ လူနဲ့ သိတဲ့ လူ ဖြစ်နေတယ်။ ကယ်တင်ရှင် ပြောရလေ မလားဘဲ။ ဧည့်သည် က မေးတယ် ခလေးမလေးကို နင် ဘယ်နားမှာ နေလဲ.. နင် ဘာရောဂါလဲပေါ့.. အိမ်ရှင်တွေက ဒေါသတွေ ဖြစ်ပြီ လက်တရွယ်ရွယ် ဖြစ်နေပြီ.. မလုပ်ဖို့တားပြီး ဒါအကြောင်း ရှိရမယ် ခဏနေအုန်း သူ ပြောတဲ့ ရပ်ကွက်မှာ ငါ့ အသိ ရှိတယ် ဖုန်းဆက်မေးကြည့်မယ် ဆိုပြီး ဖုန်းဆက်မေးလိုက်တော့.. ခလေးမလေး အကြောင်း နဲ့ ပတ်သတ်ပြီး ရာဇဝင် သိလိုက်ရတယ်။ ဒါနဲ့ အိမ်ရှင်မိသားစုတွေ.. ချက်ချင်း ခလေးမလေး ကို ကားပေါ်ခေါ်တင်ပြီး အမြန်ဆုံး သူနေတဲ့ ရပ်ကွက်က လူကြီး တယောက်ဆီကို ခေါ်သွားခဲ့ကြတယ်။ ရပ်ကွက်လူကြီးနဲ့ တွေ့တော့.. သူ့ရာဇဝင် ထုတ်ပြောတယ် သူဆီမှာ အဲဒီ ခလေးမလေးနဲ့ ပတ်သတ်ပြီး ပြသနာ ၃ခု လောက်ရှိနေပြီ။ ထပ်တူ ထပ်မျှ တွေ ဖြစ်နေပါတယ်။ ရပ်ကွက် ရုံးကလည်း သိပ်မသင်္ကာလို့ စောင့်ကြည့်နေတဲ့ အပြင် ငယ်သူ ဖြစ်နေလို့.. ကလေး စောင့်ရှောက်ရေး စခန်း ပို့ဖို့ သနားလို့ ကြည့်ထားတယ် ဆိုလား ဘာလား စုံနေတာဘဲ။ ခလေးမလေး ကို အုပ်ထိန်းတဲ့ လူ သွားခေါ်ခိုင်းတော့.. ခလေးမလေး အဖေ ရောက်လာတယ် ခပ်နံနံ ခပ်ထုံထုံ ပုံစံနဲ့.. သူ့ သမီးနဲ့ မိန်းမ ပြုသမျှ နုရတဲ့ ပုံစုံနဲ့.. သူမသိပါဘူး.. သူ့သမီးနဲ့ မိန်းမ လုပ်တာပါ.. သမီးလေး သူများ အိမ်မှာ အိမ်ဖော် အလုပ်နဲ့ သွားလုပ်တယ် ဆိုတာတောင် မသိပါဘူး.. မိန်းမက အဲဒီ ငွေကို လိမ်ယူသွားတာ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ခဏခဏ လုပ်လို့ ခဏခဏ လိုက်ရှင်းရပေါင်း များနေပြီ။ ကျနော်လည်း မပြောတတ်တော့ဘူး။ ကျနော်မှာ ပေးစရာ ပိုက်ဆံ မရှိပါဘူး ကျနော် မယူထားတဲ့ အတွက် ကျတော် မပေးနိုင်တာပါ။ အခုလည်း မိန်းမ အပြင်သွားနေပါတယ် သူပြန်လာတဲ့ အထိ စောင့် နေနိုင်မလား.. မစောင့်နိုင်ရင် တော့ နောက်နေ့မှ လာခဲ့ပါ။ ကျတော် မသိတဲ့ အတွက် ကျတော် မပြောတတ်ပါဘူး။ ရပ်ကွက်ရုံးမှာ ငိုချင်းချပြီး ပြောနေလို့.. မြင်တဲ့ လူတွေ သနား စရာ အဖြစ်ပေါ့လေ.. ကောင်မလေးကို တော့.. ရပ်ကွက်လူကြီးက နင်ဒီ လို ဖြစ်တာ များပြီ.. ကာယကံ ရှင်တွေ ခွင့်မလွတ်ရင်တော့ အမှု ဖွင့်မယ် ဘာညာ ဆူတယ်။ အရင်တုန်းက ဖြစ်တဲ့ ကိစ္စတွေမှာလည်း အိမ်ရှင်တွေကို စိတ်အနှောက်အယှက်ပေးပြီး အိမ်ရှင်တွေက ကိုယ်ထိ လက်ရောက် စော်ကားမှုနဲ့ တိုင်ကြားပြီး လျော်ကြေးတောင်းနေကြပါ။ အိမ်ရှင်တွေလည်း အောင့်သက်သက်နဲ့ လစာ ယူထားတာ ပြန်မတောင်းဘဲ အမှု ဆက်မဖွင့်ဘူး လှည့်ပြန်ကြတာ ဖြစ်နေလို့.. ကံကောင်းနေတာပါ။ ဒီတကြိမ်လည်း ကြိုတင် ၃လစာ ပြန်တောင်းတာ မရ.. သူလည်း ခါတိုင်းလို အရိုက်ခံရအောင် ပြောတာ မအောင်မြင်.. အိမ်ရှင်တွေကတော့ စိတ်ပျက်ပျက်နဲ့ အိမ်ပြန်လာခဲ့ကြတယ်။ ရပ်ကွက်လူကြီးနဲ့ သိတယ် ဆိုတော့.. ရပ်ကွက်လူကြီးကို ပြောထားခဲ့တယ် ဘာဆက်ဖြစ်လဲ မသိဘူး။ သူငယ်ချင်း ပြောပြတဲ့ သူ့ အိမ်မှာ ဖြစ်တဲ့ ကိစ္စကတော့ ဒါ အကုန်ဘဲ။
17 comments
weiwei
November 28, 2010 at 5:17 am
အဲဒီလိုလုပ်စားနေတာတွေ ကြုံတွေ့နေရတာ ၂၀၀ဝ ပြည့်နှစ်နောက်ပိုင်းများ များလာတယ် … ယခင်ခောတ်ကနဲ့ပြောင်းပြန်ပေါ့ … အဲဒီပြသနာတွေကြုံလွန်းလို့ ပိုက်ဆံရှိတဲ့သူတွေက ကလေးထိန်းဖို့ကို နာစ်ပေါက်စတွေကို လစာအများကြီးပေးပြီး ခေါ်ထားရတယ် … ချက်ဖို့ပြုတ်ဖို့က တစ်ယောက်သက်သက် … သန့်ရှင်းရေးလျှော်ဖွတ်ကသတ်သတ် … အခု အိမ်ဖော်လုပ်တဲ့သူတွေက တော်တော်လည်တယ် … စလာကထဲက တစ်ခုပဲလုပ်နိုင်မယ်လို့ ခပ်တင်းတင်းပြောပြီးလာတာ …
ဆူး
November 28, 2010 at 5:25 am
ဟုတ်တယ်.. စလာ ကတည်းက ကျမ ချဉ်ရေဟင်း မစားဘူး ငပိရေ မစားဘူး။ ခပ်တည်တည်ဘဲ.. ပြောတယ်။ အိမ်ရှင်က စကား မာမာ ပြောလိုက်မိရင် ငိုယိုပြီး နိပ်စက်တဲ့ ပုံစံ အချိုးနဲ့ ကြိုယူထားတဲ့ လစာ မပေးဘဲ အထုတ်ဆွဲ ပြန်သွားလေသတည်း.. ဒါမျိုးတွေလည်း ရှိတတ်တယ်။
bigcat
November 28, 2010 at 5:55 am
ဖြစ်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်ဖော်တွေဖက်ကပဲ စာနာစေချင်ပတယ်။ ဘယ်ဖက်ကမှ လုံဝဥသုံ ကောင်းတယ်ဆိုတာမရှိပါ။ ဟိုဖက်ဒီဖက်ချကြည့်လျင် အိမ်ရှင်နဲ့အိမ်ဖော် နှစ်ဖက်မှာ အိမ်ရှင်ဖက်က ခံရတာ အနည်းစုဖြစ်ပြီး အိမ်ဖော်ဖက်က ခံရတာ အများစုပါ။ ဘာသာတရားထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်ရဲ့ တိုးတိုးတိတ်တိတ် အိမ်ဖော်ဇာတ်လမ်းတွေဟာလည်း အိမ်နီးနားချင်း နိုင်ငံတွေထက် ညံ့မယ်မထင်ပါ။ ဘာပဲဖြစ်ဖြစ် ပိတ်ရက်မရှိ၊ အလုပ်ချိန်ကြာရှည် (တနေ့၁၂နာရီထက်တောင် ပိုတယ်ထင်ပါတယ်) ဘာအာမခံချက်မှမရှိဘဲ နေရတာ အများစုမိုလို့ အထူးသဖြင့် အိမ်ဖော်တွေ တောင်းဆိုတာကို ထောက်ခံပါသည်။
ဆူး
November 28, 2010 at 6:18 am
လက်ချောင်းမှာတောင် အတို အရှည် ရှိသမို့.. ဘယ်သူမှ ပကတိ ဆင်းလုံးချော မကောင်းနိုင်ပေမဲ့.. ကြားမိတာလေး သတိချပ်နိင်အောင် ရေးပေးတာပါ။
ဆူး
November 28, 2010 at 6:43 am
ကလေးထိန်းဖို့ သူနာပြု ပေါက်စ တွေ ခေါ်တာလည်း မပြောနဲ့.. ဆူး အသိ တယောက် နဲ့ အိမ်မှာ ကလေးထိန်း ခေါ်ထားတာ.. အိမ်ရှင် ရှိတော့ အရမ်း ဂရုစိုက်တော့ အလုပ်ကိစ္စနဲ့ အပြင်ထွက် ရင် အိမ်မှာ ကလေးနဲ့ ကလေးထိန်း တူတူ ထားခဲ့တယ်။ ထားနေကျဆိုပါတော့.. တနေ့ အိမ်ရှင်က ပစ္စည်းတခု ကျန်ခဲ့လို့ အိမ်စောစော ပြန်သွားတယ် အိမ်တံခါးမခေါက်ဘဲ သော့နဲ့ အထဲကို ရုတ်တရက် ဝင်သွားတော့ အိမ်မှာ ကလေးထိန်းက ခြေမကို နို့ဆီသုတ်ပြီး လေးဘက်ထောက် အရွယ် ကလေးအတွက် ခြေထောက် ချိတ်ထိုင်ပြီး သတင်းစာ ထိုင်ဖတ်နေတာ မြင်လိုက်ရတယ်။ ကလေးကလည်း ဘာမှန်းတော့ မသိဘူး အချိုပါတဲ့ ခြေမကို လေးဘက်ထောက်ပြီး လိုက်စုပ်နေသတဲ့.. ခြေထောက် ချိတ်ထိုင်ထားတော့ ခြေထောက်လေး ဟိုရမ်း ဒီရမ်း လုပ်တော့ ကလေးလည်း အလုပ်ရပြီး ပျော်နေတာပေါ့။ ကလေး မိခင်ကတော့ အံဩတုန်လှုပ်လွန်းလို့.. ဘာမှ မပြောနိုင်ဘဲ.. ကလေးထိန်း ကို အလုပ်ဖြုတ်လိုက်ရတဲ့ အထိဘဲ။ မိခင် အတွက်တော့ တော်တော် စိတ်မကောင်းစရာဘဲ။
weiwei
November 28, 2010 at 6:49 am
ကလေးထိန်း နာစ်က ကလေးကို ဘာမီတွန်ဖျော်တိုက်ပြီး နေ့လည်ဆို အတူအိပ်ကြတာပေါ့ … ကလေးမိဘတွေကအလုပ်သွားနေချိန်မှာ ကလေးနဲ့ သူနဲ့က မွေ့ယာပေါ်ဇိမ်ကျနေတာပေါ့ .. ညဘက်တိုင်း ကလေးကမအိပ်ပဲ ဂျီကျနေတာ .. ကြာလာတော့မှ တရားခံပေါ်တယ်လေ … အဲဒီလိုတွေလဲ ရှိတယ် …
kopauk mandalay
November 28, 2010 at 3:24 pm
အခုလိုဖြစ်ရတဲ့အကြောင်းတွေကို သေသေချာချာပြန်စဥ်းစားကြည့်ရင် လူတန်းစားတရပ်လုံးနဲ့မဆိုင်ဘူး
လူတစ်ယောက်ခြင်းရဲ့ခံစားချက်နဲ့ ပြုမူဆောင်ရွက်ချက်နဲ့ဘဲဆိုင်တယ်လို့ ယုံကြည်ပါတယ်။
ဆင်းရဲလို့ သူများအိမ်မှာအလုပ်အကြွေးပြုကြရတဲ့အိမ်ဖော်တိုင်းက လည်းအကုန်မဆိုးသလို အကုန်မကောင်းပါဘူး။
အိမ်ဖော်ငှားကြတဲ့ အိမ်ရှင်အားလုံးကလည်း ပိုက်ဆံရှိရှိ မရှိရှိ ပညာတတ် တတ် မတတ် တတ် အကုန်မဆိုးသလို အကုန်လဲ မကောင်းနိုင်ပါဘူး ။
ဒီပြဿနာကတော့ကုန်လွန်လေပြီးသော ဆိုရှယ်လစ်ခေတ်ကြီးမှာ ဆင်းရဲတဲ့လူတန်းစားဆိုရင် အလကားနေရင်းသနားအောင် ပိုက်ဆံရှိတဲ့ လူတန်းစားဆိုရင်ကိုအလကားနေရင်းဖောက်ပြန်တဲ့ လူတွေ မသမာတဲ့လူတွေဖြစ်နေအောင် လို့ ရေခဲစိမ်ဘဝသရုပ်ဖော် ဝတ္တုတွေကိုရေးခဲ့တဲ့ စာရေးဆရာတွေကြောင့် ဖြစ်လာတဲ့ဇာတ်လမ်းတွေပါ။
အရင်တုန်းကတော့ ဒီလိုပြဿနာတက်လိုက်ရင်အိမ်ရှင်တွေက ခံလိုက်ရတာများပါတယ်။ဓနရှင်လူတန်းစားဆိုတဲ့ တံဆိပ်ကပ်ပြီး အဆော်ခံလိုက်ရပါတယ်။အိမ်ရှင်တစ်ချို့ကလည်း အနိုင်ကျင့်တာ စော်ကားတာတွေလည်းရှိခဲ့တယ်ဆိုတာတော့ အမှန်ပါဘဲ။
ခက်တာက မြန်မာပြည်မှာ အခုရော အရင် ကရော ပြဿနာတစ်ခုဖြစ်တယ်ဆိုရင် မှန်တာမှားတာထက် အားနည်းတဲ့သူဘက်က ဝင်ရပ်လိုက်ကြတာပါဘဲ။
ကားနဲ့ဆိုင်ကယ်တို်က်ရင် ဆိုင်ကယ်ဘက်က
ဆိုင်ကယ်နဲ့စက်ဘီးတိုက်ရင် စက်ဘီးဘက်က
မှန်မှန် မှားမှား ဒီအတိုင်းဖြစ်နေပြန်ပါတယ်။
အဲလိုဖြစ်တာများတော့ငွေတတ်နိုင်သူကလဲ ငွေနဲ့ပေါက်ကြတော့တာပါဘဲ။
အဲဒီမှာ အမှန်တရားဆိုတာ ပျောက်ကွယ်သွားတော့တာပါဘဲ။
ဒီလိုကိစ္စတွေက လူတစ်ယောက်ခြင်းရဲ့စာရိတ္တက အဓိကကျပါတယ်။
လူတန်းစားပြဿနာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
ဆူး
November 29, 2010 at 2:10 am
အဓိကတော့ လူတိုင်း တဦးအပေါ် တစ်ဦး စာနာ စိတ်ရှိရင် အကောင်းဆုံးဘဲ..
ပြောရင်းနဲ့ တရားဘက် လှည့်သလို ဖြစ်နေပြီ..
တရားနည်းလမ်းကျကျ.. အိမ်ရှင်ကလည်း စိတ်ကောင်းထား စေတနာ အပြည့်အဝ ထား .. အိမ်ဖော်ကလည်း ငါ ဒီလို လုပ်နေရတာ ငါ့ဘဝ အတိတ်က အကြွေးပါလို့. အကြွေးရှိလို့ လုပ်နေတာ ထပ်ပြီး အကြွေးမယူသင့်ဘူး။ ဒီလို ဘဝကို နောက်များ ထပ်ခါထပ်ခါ မရောက်ရအောင် စေတနာ အပြည့်ထား လုပ်နေရင် တယောက်နဲ့ တယောက် တစ်ဦး မေတ္တာ တစ်ဦးမှာ ဆိုသလို အိမ်ရှင်ကလည်း ကောင်း အိမ်ဖော်က လည်းကောင်း ဆိုရင်.. တယောက်နဲ့ တယောက် လက်တွဲ တောင် ဖြုတ်မှာ မဟုတ်ဘူး။
ဝိသာခါတို့ မိသားစု.. အလှူလုပ်ပြီး ဆုပန်ကြတာ.. အိမ်ဖော်တောင် နောက်ဘဝတွေမှာလည်း ဒီအိမ်ရှင်ရဲ့ အလုပ်အကြွေးဘဝ နဲ့ နေပါရစေလို့ ဆုတောင် ပန်ခဲ့သေးတယ်။
အဓိက အနှစ်ချုပ်တော့ စိတ်ကောင်းလေးတွေ အပြန်အလှန်ထားလိုက်ရင် ပြီးတာပါဘဲ။ အားလုံးက တန်ပြန်မေတ္တာ လာတတ်ပါတယ်။
MaMa
November 29, 2010 at 4:08 am
နောက်အိမ်ဖော်ဇာတ်လမ်း တစ်မျိုးရှိသေးတယ်။ အိမ်ဖော်ကအလုပ်ကောင်းကောင်းလုပ်တော့ အိမ်ရှင်က သဘောကျစိတ်ချ။ ကြာလာတော့ အိမ်ရှင်ကယုံကြည်ပြီး အိမ်မှာတစ်ယောက်ထည်း ထားခဲ့တော့မှ အိမ်ရှိပစ်စည်း အကုန်မပြီး ထွက်ပြေးတော့တာဘဲ။ နောက်တစ်မျိုးက အိမ်ရှင်ကလဲကောင်း အိမ်ဖော်ကလဲကောင်း အားလုံးအဆင်ပြေနေပေမယ့် အနီးမှာ ရည်းစားတွေ့ပြီး မနေနိုင်ဘဲ ထွက်သွား။ သူ့အိမ်လဲပြန်မရောက်၊ ကိုယ့်အိမ်ကလဲပျောက်။
etone
November 29, 2010 at 8:25 am
အိမ်ဖော်တွေအကြောင်းကတော့မပြောချင်တော့ပါဘူး ။ အ ဖွားအိမ်မှာခေါ်ထားတဲ့ အိမ်ဖော်နှစ်ယောက်ပေါ့ ။ နေ့ခင်းပိုင်း လူကြီးတွေက ဝန်ထမ်းဆိုတော့အလုပ်သွားတာ အိမ်ဖော်တွေကို အောက်ထပ်က အဒေါ်ကြီးနဲ့ အပ်ထားခဲ့ရတယ် ။ အိမ်ဖော်တွေက အိမ်ရှင်တွေအလုပ်သွားပြီးရင် သူတို့လည်း အသီးသီးအလည်ပတ်ထွက်တာပဲ ။ အောက်ထပ်က အိမ်လာစောင့်ပေးတဲ့မိန်းမကလည်း မုန့်တွေသာဘေးမှာလာချထားကြည့်စာအုပ်ဖတ်လိုက် ၊ အခွေကြည့်လိုက်နဲ့ အိမ်ဖော်တွေသွားချင်တဲ့ဆီသွားလွှတ်ထားတာပဲ ။ နောက်တော့ အိမ်ဖုန်းတွေ အရမ်းတက်လာမှချောင်းဖမ်းလို့သိသွားတာ ။ ကလေးထိန်းနာစ့်အကြောင်းလည်းကြားဖူးတယ် ….လူကြီးတွေက ကလေးထိန်းဖို့ထားခဲ့တာ သူက ဝထ္ထုဖတ်ပြီးကလေးငိုမှာစိုးလို့ ခြေမပေးစုပ်ခိုင်းထားတာလည်း ရှိခဲ့ဖူးတယ် ။ ကလေးမိဘတွေပြန်လာချောင်းမှ သိရလို့ ပြသနာတွေတက်သွားသေးတယ်ဆိုပဲ ။ အိမ်ဖော်မို့လို့ နာစ့်မို့လို့ စိတ်ဓါတ်နိမ့်ကျတာမဟုတ်ပါဘူး ။ ပင်ကို မွေးရာပါဗီဇကြောင့် စိတ်ဓါတ်ယုတ်ညံ့တာပါ ။ လူတိုင်း ကိုယ်အလုပ့်ကိုယ် တန်ဖိုးထားတတ်ရင် သူ့နေရာနဲ့သူ အဆင်ပြေပါတယ် ။
kopauk mandalay
November 29, 2010 at 8:27 am
အကောင်းဆုံး ကဇာတ်မရှုပ်အောင် ကို်ယ့်အိမ်အလုပ်ကိုယ်လုပ် ။
မနိုင်နိုင်အောင်လုပ်။
ဒါဆိုရင်လဲ ပြီးရော…………………………………………
ဆူး
November 29, 2010 at 9:01 am
လေးပေါက်ရယ်.. လူချင်း တူပေမဲ့ ကံချင်းမတူတော့.. ကိုယ့်အလုပ် ကိုယ်လုပ်ချင်ပေမဲ့ မလုပ်နိုင်ဘဲ မိသားစု စားဖို့ ဝမ်းရေးအတွက် အလုပ်လုပ်နေရင် အိမ်အလုပ် လှည့်မကြည့်နိုင်ဘူးလေ။ အိမ်မှာ ကျန်းမာရေး မကောင်းတဲ့ လူတွေ သက်ကြီးရွယ်အိုတွေများ ရှိနေခဲ့ရင် တယောက် အလုပ်ကို နောက်တယောက်က လုပ်ပေးရတာနဲ့ ဝမ်းရေးအတွက် စားဖို့ အလုပ်ကလည်း ရှိသေးတယ်။ အငတ်ခံ ပြီး အိမ်အလုပ်လုပ်မလား.. စားဖို့အတွက် အလုပ်လုပ်ပြီး အမှိုုက်ပုံထဲ နေမလား လူကြီးတွေ ကလေးတွေ ကျန်းမာရေး မကောင်းတဲ့ သူတွေ ရှိခဲ့ရင် လစ်လျှူရှုပြီး ဖြစ်ချင်သလို ဖြစ်ဆိုပြီး ပစ်ထားမလား.. နောက်ဆုံးတော့ ပိုက်ဆံ ရှာပြီး လိုအပ်ချက် ဖြည့်ဆည်းရတာပေါ့။
kai
November 29, 2010 at 10:21 am
ယူအက်စ်မှာတော့ .. အိမ်ဖော်လည်း ..လူဖြစ်ပြီး ဝန်ထမ်းဖြစ်တာမို ့..
တနေ့အလုပ်ချိန် ၈နာရီထက်ပို မလုပ်ရ..ပိုလုပ်လျှင် ..နာရီတိုင်းအတွက်အချိန်ပိုကြေးထပ်ဆောင်းပေးရမည်။ ငြင်းပိုင်ခွင့်ရှိသည်။
ကစလို့ ..တခြားအလုပ်သမားတွေနဲ့အခြေခံအခွင့်အရေးအကုန်တူတူပေးရတာပါပဲ..။
အိမ်ဖေါ်တွေဖက်ကလည်း အိမ်ဖော်သမဂ္ဂဖွဲ ့ထားပြီး ..သမဂ္ဂကနေ အကုန်လုပ်ပေး။အာမခံပေးပါတယ်..။
တကယ်လို့အိမ်ရှင်နဲ့အိမ်ဖေါ်ပြသနာဖြစ်ရင် ..သမဂ္ဂနာမယ်ပျက်မှာမို ့.. သမဂ္ဂက အိမ်ဖေါ်ဖက်ကနေပြသနာမတက်အောင် သေသေချာချာစီစဉ်ပါတယ်။ သင်တန်းလည်းပေးပါတယ်..။
(ကယ်လီဖိုးနီးယားဆို)..တခြားနိုင်ငံကလာတဲ့အိမ်ဖေါ်တွေအတွက်. အဲဒီမူရင်းနိူင်ငံအထိ လိုက်လံချုပ်ကိုင်ပေးထားပါတယ်.။ ငွေအဝင်အထွက်လည်း ထိမ်းချုပ်ဝင်ကိုင်ပါတယ်..။
ဟောလိဝုဒ်နဲ့ နိုင်ငံရေးသမားတွေရဲ့ အိမ်ဖော်တွေဆို ..အင်္ဂလိပ်စကားတောင်မတတ်သူကို ဦးစားပေးရွေးပေးကြပါတယ်.။
ဆိုတော့..
မြန်မာပြည်မှာ..
၁) စာချုပ်စာတန်းနဲ့ အလုပ်လုပ်ရင်
၂) အိမ်ဖေါ်သမဂ္ဂဖွဲ ့ထားရင်..
၃) အိမ်ဖေါ်များကိုသာမန်ကုမဏီဝန်ထမ်းကဲ့သို ့ဆက်ဆံရင်..။ (နာရီနဲ့လုပ်ခပေးရင်)
၄) ကလေးမိဘများက .. အိမ်မှာကင်မရာ တပ်ထားပြီး အိမ်ဖေါ်ကိုပါ စောင့်ကြည့်နေကြောင်းအသိပေးထားရင်
ကိစ္စတော်တော်များများ ပြေလည်သွားမယ်ထင်ပါတယ်.။
မေတ္တာတွေ သစ္စာတွေကိုတော့ ..ဒီခေတ်မှာ အလုပ်သဘော(စီးပွားရေးလုပ်နေတာ)လို့ သဘောထားလိုက်ပြိး လျှော့ချသင့်ပါတယ်..။
တန်ရာကြေးတွေချိန်ဆပြီး … ငွေနဲ့စက်လိုက်တာအကောင်းဆုံးထင်တာပါပဲ..။
ကောင်းကောင်းလုပ်ရင်..လစာ(နာရီစာ)ကောင်းကောင်းပေးမယ်..။ ဆိုးဆိုးလုပ်ရင်… ဒဏ်ပေးမယ်ဆိုတာမျိုးသွားသင့်တယ်ဆိုချင်တာပါ..။
zawana
November 29, 2010 at 10:45 am
မြန်မာနိုင်ငံမှာ သန့်ရှင်းရေး၊ ကလေးထိန်း၊ ထမင်းချက်၊ အဝတ်လျှော် စတဲ့ ကိစ္စတွေအတွက် အချိန်ပိုင်း တာဝန်ယူနိုင်မယ့် သူတွေ၊ ဒါမှမဟုတ် ကုမ္ပဏီမျိုးတွေ လိုအပ်နေတယ်လို့ ထင်ပါတယ်။
ဆူး
November 30, 2010 at 2:46 am
ဘာဥပဒေ ညာဥပဒေတော့ မသိဘူးကွယ်.. အလကားရပြီး ပိုက်ဆံ မပေးရတဲ့ စေတနာ ပေါပေါသုံးရင် အရာရာ အဆင်ပြေမယ် ထင်တာဘဲ။
တန်သလောက်ဘဲ လုပ်မယ် တန်သလောက်ဘဲ ရမယ် ဆိုတာတွေနဲ့.. လူတွေ ရုပ်ဝါဒီ ဆန်ကြတာ ဖြစ်မှာ..
yuyu
November 30, 2010 at 4:23 am
၃) အိမ်ဖေါ်များကိုသာမန်ကုမဏီဝန်ထမ်းကဲ့သို ့ဆက်ဆံရင်..။ ဟုတ်တယ်အဲဒါကို လက်ခံတယ်၊ မောက်မာတဲ့ ရင့်သီးတဲ့ ဆက်ဆံမှုမျိုးတွေ မြင်ဖူးတယ်၊ မဖြစ်သင့်ဘူးပေါ့နော်၊ ကိုုယ့်အတွေ့အကြုံအရတော့ ချမ်းသာတဲ့သူတော်တော်များများဟာ အိမ်မှာစည်းကမ်းမရှိကြဘူး၊ စီးပွားရေးကို အဓိကထားနေရလို့ အိမ်မှာလစ်ဟင်းနေတာပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ချင်တိုင်းလုပ်ထားကြတဲ့ အပေါ်မှာ maid တွေက အောက်ခြေသိမ်းလိုက်လုပ်နေရတာ သူတို့တာဝန်ဆိုပေမယ့် တရားလွန်တဲ့အရာတွေလည်း ကိုယ်တွေ့ဖူးပါတယ်။
ဒါတွေဟာ အစဉ်အဆက်ဖြစ်နေတော့ ……………
Cuper
November 30, 2010 at 6:21 am
ဒီလိုကိစ္စမျိုးက မဖြစ်သင့်ပါဘူး။ မိခင်ကလဲ သူ့ကလေးကိုမှ မစာမနာ လုပ်ရက်တယ်နော် …